အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်ရာချီ ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များပြော

 492

Pika (NP News) - ဖေဖော်ဝါရီ ၂၂

အီရန်နိုင်ငံသည် ရုရှားနိုင်ငံကို အင်အားပြင်း မြေပြင်မှ‌မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်အများအပြား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရင်းမြစ်ခြောက်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါပဲ့ထိန်းဒုံးကျည် အများအပြားပေးပို့မှုသည် ရုရှားနှင့်အီရန်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကြောင်း ၎င်းတို့ကထပ်မံ ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံသို့ အီရန်က ထောက်ပံ့ပေးခဲ့သော ဒုံးကျည်အစင်းရေ(၄၀၀)ဝန်းကျင်တွင် Fateh-110 အမျိုးအစား တာတိုပစ်ပဲ့ထိန်းဒုံးကျည်မျိုးဆက်များဖြစ်သော Zolfaghar ဒုံးကျည်ကဲ့သို့ ဒုံးကျည်အများအပြားပါဝင်ကြောင်း အီရန်သတင်းရင်းမြစ်သုံးခုက ပြောကြားခဲ့သည်။ အဆိုပါတာတိုပစ်ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ (၃၀၀)မှ (၇၀၀)ကြားရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အီရန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့သည် အဆိုပါသတင်းများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။

ထို့ပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ အီရန်နိုင်ငံက ရုရှားကို ပဲ့ထိန်းဒုံးကျည်ရာချီထောက်ပံ့ပေးမှုနှင့်ပတ်သက်ပြီး တရားဝင်သတင်းအချက်အလက်များမရှိသေးကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်က "လက်ရှိအချိန်အထိတော့ ကျွန်တော်တို့ရဲ့ တရားဝင်သတင်းရင်းမြစ်တွေဟာ အီရန်က ရုရှားကို ဒုံးကျည်အများအပြားထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို မရရှိသေးပါဘူး"ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသို့ ဒုံးကျည်ပေးပို့မှု အနည်းဆုံးလေးကြိမ်ထိရှိခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း နောက်ထပ်တင်ပို့မှုများ ရှိလာဦးမည်ဖြစ်ကြောင်း အီရန်စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းက နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။ ဒုံးကျည်အချို့ကို ကတ်စပီယန်ပင်လယ်မှတစ်ဆင့် သင်္ဘောဖြင့် ရုရှားနိုင်ငံသို့ပေးပို့ခဲ့ပြီး အချို့ကို လေယာဉ်ဖြင့် ပို့ ဆောင်ခဲ့ကြောင်း အခြားအီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက"နောက်ထပ် ပေးပို့မှုတွေ ရှိလာဦးမှာပါ။ ဒီလိုပေးပို့တာတွေကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ဆန္ဒရှိတဲ့ ဘယ်နိုင်ငံကိုမဆို လက်နက်တင်ပို့ခွင့်ရှိပါတယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
အီရန္က ႐ုရွားကို ပဲ့ထိန္းဒုံးက်ည္ရာခ်ီ ေပးပို႔ခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

အီရန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို အင္အားျပင္း ေျမျပင္မွမြေပြင်ပစ္ ပဲ့ထိန္းဒုံးက်ည္အမ်ားအျပား ေထာက္ပံ့ေပးခဲ့ေၾကာင္း သတင္းရင္းျမစ္ေျခာက္ခုက ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

အဆိုပါပဲ့ထိန္းဒုံးက်ည္ အမ်ားအျပားေပးပို႔မႈသည္ ႐ုရွားႏွင့္အီရန္ႏိုင္ငံၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုနက္ရႈိင္းေစေၾကာင္း ၎တို႔ကထပ္မံ ေျပာဆိုခဲ့သည္။ ႐ုရွားႏိုင္ငံသို႔ အီရန္က ေထာက္ပံ့ေပးခဲ့ေသာ ဒုံးက်ည္အစင္းေရ(၄၀၀)ဝန္းက်င္တြင္ Fateh-110 အမ်ိဳးအစား တာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ိဳးဆက္မ်ားျဖစ္ေသာ Zolfaghar ဒုံးက်ည္ကဲ့သို႔ ဒုံးက်ည္အမ်ားအျပားပါဝင္ေၾကာင္း အီရန္သတင္းရင္းျမစ္သုံးခုက ေျပာၾကားခဲ့သည္။ အဆိုပါတာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ားသည္ အကြာအေဝး ကီလိုမီတာ (၃၀၀)မွ (၇၀၀)ၾကားရွိ ပစ္မွတ္မ်ားကို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။ အီရန္ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ စစ္တပ္တို႔သည္ အဆိုပါသတင္းမ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ျငင္းဆိုခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကလည္း မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ အီရန္ႏိုင္ငံက ႐ုရွားကို ပဲ့ထိန္းဒုံးက်ည္ရာခ်ီေထာက္ပံ့ေပးမႈႏွင့္ပတ္သက္ၿပီး တရားဝင္သတင္းအခ်က္အလက္မ်ားမရွိေသးေၾကာင္း ယူကရိန္းေလတပ္ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့သည္။ ယူကရိန္းေလတပ္ေျပာေရးဆိုခြင့္ရွိသူ ယူရီအစ္ဂ္နက္က "လက္ရွိအခ်ိန္အထိေတာ့ ကြၽန္ေတာ္တို႔ရဲ႕ တရားဝင္သတင္းရင္းျမစ္ေတြဟာ အီရန္က ႐ုရွားကို ဒုံးက်ည္အမ်ားအျပားေထာက္ပံ့ေပးခဲ့တယ္ဆိုတဲ့ အခ်က္အလက္ေတြကို မရရွိေသးပါဘူး"ဟု ေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံသို႔ ဒုံးက်ည္ေပးပို႔မႈ အနည္းဆုံးေလးႀကိမ္ထိရွိခဲ့ၿပီး လာမည့္သီတင္းပတ္မ်ားအတြင္း ေနာက္ထပ္တင္ပို႔မႈမ်ား ရွိလာဦးမည္ျဖစ္ေၾကာင္း အီရန္စစ္ဘက္ဆိုင္ရာ အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ၎က ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားရန္ ျငင္းဆိုခဲ့ေၾကာင္းသိရသည္။ ဒုံးက်ည္အခ်ိဳ႕ကို ကတ္စပီယန္ပင္လယ္မွတစ္ဆင့္ သေဘၤာျဖင့္ ႐ုရွားႏိုင္ငံသို႔ေပးပို႔ခဲ့ၿပီး အခ်ိဳ႕ကို ေလယာဥ္ျဖင့္ ပို႔ ေဆာင္ခဲ့ေၾကာင္း အျခားအီရန္အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။ ၎က"ေနာက္ထပ္ ေပးပို႔မႈေတြ ရွိလာဦးမွာပါ။ ဒီလိုေပးပို႔တာေတြကို ဖုံးကြယ္ထားစရာ အေၾကာင္းမရွိပါဘူး။ ကြၽန္ေတာ္တို႔ ဆႏၵရွိတဲ့ ဘယ္ႏိုင္ငံကိုမဆို လက္နက္တင္ပို႔ခြင့္ရွိပါတယ္"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.