ထိုင်းရောက် မြန်မာလုပ်သားများအတွက် သက်သေခံလက်မှတ်ထုတ်ပေးရေး (CI) စခန်း စတင်ဖွင့်လှစ်

573

သုတကျော် (NP News) - ဖေဖော်ဝါရီလ ၂၄
ထိုင်းရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးရေးစခန်း ၅ ခုနှင့် Mobile Unit ၃ ခု ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ရာ လာရောက်သူ အလွန်များပြားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူက NP News သို့ ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေးစခန်း (Certificate of Identity - CI ) (၅) ခုကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီ တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကာ Mobile Unit များကို ဆုန်ခလာ၊ ချင်းမိုင်နှင့် နခွန်စဝမ်တို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“လူတော်တော်များတယ်။ စမုပရာကန် စခန်းမှာတင်ကို လူ (၈၀ဝ)လောက် ရှိမယ်ထင်တယ်။ အထောက်အထားမဲ့ လူတွေက အများကြီးပဲလေ။ တရားမဝင်လာတဲ့ လူတွေကော သက်တမ်းရှိပြီး ကုန်သွားသူတွေကလည်း အများကြီးရှိတယ်”ဟု ၎င်းက ပြောသည်။
အချို့မြန်မာနိုင်ငံသား အလုပ်သမားများသည် တရားဝင် အထောက်အထားစာရွက်များကို အလုပ်ရှင်များက သိမ်းထားလိုက်သည့်အတွက် တရားမဝင် နေထိုင်သူများ ဖြစ်သွားကြခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “လာစောင့်တဲ့သူတွေလည်း အများကြီးပဲ။ တစ်နေ့ကို တစ်ထောင်နှုန်း လုပ်ပေးမယ်လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။
CI ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ကနဦး ရက်ချိန်းရယူရ မည်ဖြစ်ကာ လက်ရှိတွင် သတ်မှတ်ထားသော လူအရေအတွက် ပြည့်နေပြီဖြစ်ခြင်းကြောင့် ရက်ချိန်းရယူရမည့်ရက်ကို ယာယီရပ်ထားကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံအတွင်း၌ စစ်မှုမထမ်းမနေရဥပဒေကျင့်သုံးတော့ မည်ဖြစ်သည့်အတွက် စိုးရိမ်လွန်ကြသောပြည်သူအချို့က ထိုင်းဘက်ခြမ်းသို့တိမ်းရှောင်မှုများ ယခုရက်ပိုင်း အတွင်း မြင့်တက်လျက်ရှိနေသည်။

Zawgyi Version;
ထိုင္းေရာက္ ျမန္မာလုပ္သားမ်ားအတြက္ သက္ေသခံလက္မွတ္ထုတ္ေပးေရး (CI) စခန္း စတင္ဖြင့္လွစ္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီလ ၂၄
ထိုင္းေရာက္ အေထာက္အထားမဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္ထုတ္ေပးေရးစခန္း ၅ ခုႏွင့္ Mobile Unit ၃ ခု ကို ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ စတင္ဖြင့္လွစ္ရာ လာေရာက္သူ အလြန္မ်ားျပားခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားအေရးေဆာင္႐ြက္သူက NP News သို႔ ေျပာသည္။
ထိုင္းႏိုင္ငံအတြင္းရွိ အေထာက္အထားမဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ထုတ္ေပးေရးစခန္း (Certificate of Identity - CI ) (၅) ခုကို စမုစခြန္၊ စမုပရာကန္၊ ဆူရတ္ဌာနီ၊ ခြၽန္ဘူရီ၊ ပထုန္ဌာနီ တို႔တြင္ ဖြင့္လွစ္ထားျခင္းျဖစ္ကာ Mobile Unit မ်ားကို ဆုန္ခလာ၊ ခ်င္းမိုင္ႏွင့္ နခြန္စဝမ္တို႔တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။
“လူေတာ္ေတာ္မ်ားတယ္။ စမုပရာကန္ စခန္းမွာတင္ကို လူ (၈၀ဝ)ေလာက္ ရွိမယ္ထင္တယ္။ အေထာက္အထားမဲ့ လူေတြက အမ်ားႀကီးပဲေလ။ တရားမဝင္လာတဲ့ လူေတြေကာ သက္တမ္းရွိၿပီး ကုန္သြားသူေတြကလည္း အမ်ားႀကီးရွိတယ္”ဟု ၎က ေျပာသည္။
အခ်ိဳ႕ျမန္မာႏိုင္ငံသား အလုပ္သမားမ်ားသည္ တရားဝင္ အေထာက္အထားစာ႐ြက္မ်ားကို အလုပ္ရွင္မ်ားက သိမ္းထားလိုက္သည့္အတြက္ တရားမဝင္ ေနထိုင္သူမ်ား ျဖစ္သြားၾကျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။ “လာေစာင့္တဲ့သူေတြလည္း အမ်ားႀကီးပဲ။ တစ္ေန႔ကို တစ္ေထာင္ႏႈန္း လုပ္ေပးမယ္လို႔ေတာ့ သိရတယ္” ဟု ၎က ေျပာသည္။
CI ျပဳလုပ္ရန္အတြက္ ထိုင္းႏိုင္ငံတစ္ဝန္းရွိ 7-Eleven စတိုးဆိုင္မ်ားတြင္ ကနဦး ရက္ခ်ိန္းရယူရ မည္ျဖစ္ကာ လက္ရွိတြင္ သတ္မွတ္ထားေသာ လူအေရအတြက္ ျပည့္ေနၿပီျဖစ္ျခင္းေၾကာင့္ ရက္ခ်ိန္းရယူရမည့္ရက္ကို ယာယီရပ္ထားေၾကာင္း စုံစမ္းသိရွိရသည္။ ျမန္မာႏိုင္ငံအတြင္း၌ စစ္မႈမထမ္းမေနရဥပေဒက်င့္သုံးေတာ့ မည္ျဖစ္သည့္အတြက္ စိုးရိမ္လြန္ၾကေသာျပည္သူအခ်ိဳ႕က ထိုင္းဘက္ျခမ္းသို႔တိမ္းေရွာင္မႈမ်ား ယခုရက္ပိုင္းအတြင္း ျမင့္တက္လ်က္ရွိေနသည္။