KNU၊ PDF မိုင်းခွဲဖျက်ဆီးခဲ့သော ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ တံတားကို ပြည်သူများ ပြန်လည်အသုံးနိုင်ရေး (၂)ရက်အတွင်း အပြီးပြင်ရန် နစက စီစဉ်နေ

 12477

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၈

KNU၊ PDF ပူးပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့သော ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိတံတားကို ပြည်သူများ ပြန်လည်အသုံးနိုင်ရေး (၂)ရက်အတွင်း အပြီးပြင်ရန် နစက၏ မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမ မိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ ကြားရှိ တံတားအမှတ် ၄/၁၃၆ ကို KNU၊ PDF ပူးပေါင်းအဖွဲ့သည် ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်) ၊ နံနက် ၃ နာရီခွဲအချိန်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားသည် ပျက်စီးသွားခဲ့သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်တစ်ချို့သည်လည်း မိုင်းစထိမှန်ကာ ပျက်စီးခဲ့မှုနှင့်အတူ အရပ်သားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရသည်။

“အခုမိုင်းခွဲခံရတဲ့ တံတားက အဓိကလမ်းမကြီးပေါ်မှာ ရှိတာလေ။ အရေးပါတာပေါ့။ ရန်ကုန်-ပဲခူး- မော်လမြိုင်၊ နောက်ပြီးတော့ ရန်ကုန်-ပဲခူး-ဘားအံပေါ့ အဲဒီတံတားကျော်သွားမှ သထုံရောက်မှ ဘားအံလမ်းခွဲရှိတာကို။ မော်လမြိုင်၊ ဘားအံ၊ မြဝတီကို သွားတဲ့လမ်းကြောင်း၊ နောက် မော်လမြိုင်၊ တနင်္သာရီလမ်းကြောင်းတစ်လျှောက်လုံးက ဒီဘက်နဲ့ အဆက်ပြတ်သွား မယ့်သဘောရှိတာပေါ့။ ကုန်စည်စီးဆင်းမှုအတွက် အရေးပါတာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

ယင်းကဲ့သို့ တံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းအသုံးပြုကာ သွားလာနေသည့်ယာဉ်များအနေဖြင့် ရပ်တန့်နေရလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါတံတားကို နစက၏ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့များ ပြန်လည်အသုံးပြုနိုင်ရေးအတွက် (၂)ရက်အတွင်း အပြီးပြုပြင်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

“ဒီတံတားက ချောင်းလည်းမဟုတ်တော့၊ နည်းနည်းလည်းတိမ်တော့ မြေကြီးဖို့လိုက်မယ်။ (၂)ရက်လျာထားတယ်။ နောက် အကျဆုံး (၃)ရက်ပေါ့။ ဘေလီတံတားမထိုးတော့ဘူးပေါ့။ အဲဒါကို မော်လမြိုင်ဆောက်လုပ်ရေးအဖွဲ့က သွားလုပ်မှာပေါ့။ ပြီးရင်တော့ ကားတွေ ပြန်သွားနိုင်မှာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ထပ်မံပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း၌ ဖျက်ဆီးခံခဲ့ရသော လမ်းတံတားနှင့် တိုးဂိတ်အဆောက်အဦးပေါင်း (၁၄၈၇)ခုရှိကြောင်း နစကဘက်က ထုတ်ဖော်ပြောကြားထားသည်။

zawgyi version
KNU၊ PDF မိုင္းခြဲဖ်က္ဆီးခဲ့ေသာ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ တံတားကို ျပည္သူမ်ား ျပန္လည္အသုံးႏိုင္ေရး (၂)ရက္အတြင္း အၿပီးျပင္ရန္ နစက စီစဥ္ေန

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၈

KNU၊ PDF ပူးေပါင္းအဖြဲ႕ မိုင္းခြဲဖ်က္ဆီးခဲ့ေသာ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိတံတားကို ျပည္သူမ်ား ျပန္လည္အသုံးႏိုင္ေရး (၂)ရက္အတြင္း အၿပီးျပင္ရန္ နစက၏ မြန္ျပည္နယ္အစိုးရအဖြဲ႕က စီစဥ္ေနလ်က္ရွိေၾကာင္း သိရသည္။

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းမ မိုင္အမွတ္ ၁၃၅/၇ ႏွင့္ ၁၃၆/၀ ၾကားရွိ တံတားအမွတ္ ၄/၁၃၆ ကို KNU၊ PDF ပူးေပါင္းအဖြဲ႕သည္ ယေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္) ၊ နံနက္ ၃ နာရီခြဲအခ်ိန္တြင္ မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ တံတားသည္ ပ်က္စီးသြားခဲ့သည့္အျပင္ အနီးပတ္ဝန္းက်င္ရွိ လူေနအိမ္တစ္ခ်ိဳ႕သည္လည္း မိုင္းစထိမွန္ကာ ပ်က္စီးခဲ့မႈႏွင့္အတူ အရပ္သားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာအခ်ိဳ႕ ရရွိခဲ့ေၾကာင္း သိရသည္။

“အခုမိုင္းခြဲခံရတဲ့ တံတားက အဓိကလမ္းမႀကီးေပၚမွာ ရွိတာေလ။ အေရးပါတာေပါ့။ ရန္ကုန္-ပဲခူး- ေမာ္လၿမိဳင္၊ ေနာက္ၿပီးေတာ့ ရန္ကုန္-ပဲခူး-ဘားအံေပါ့ အဲဒီတံတားေက်ာ္သြားမွ သထုံေရာက္မွ ဘားအံလမ္းခြဲရွိတာကို။ ေမာ္လၿမိဳင္၊ ဘားအံ၊ ျမဝတီကို သြားတဲ့လမ္းေၾကာင္း၊ ေနာက္ ေမာ္လၿမိဳင္၊ တနသၤာရီလမ္းေၾကာင္းတစ္ေလွ်ာက္လုံးက ဒီဘက္နဲ႔ အဆက္ျပတ္သြား မယ့္သေဘာရွိတာေပါ့။ ကုန္စည္စီးဆင္းမႈအတြက္ အေရးပါတာေပါ့” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

ယင္းကဲ့သို႔ တံတားမိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းအသုံးျပဳကာ သြားလာေနသည့္ယာဥ္မ်ားအေနျဖင့္ ရပ္တန႔္ေနရလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါတံတားကို နစက၏ မြန္ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ျပည္သူ႔မ်ား ျပန္လည္အသုံးျပဳႏိုင္ေရးအတြက္ (၂)ရက္အတြင္း အၿပီးျပဳျပင္သြားရန္ စီစဥ္ေနေၾကာင္းလည္း သိရသည္။

“ဒီတံတားက ေခ်ာင္းလည္းမဟုတ္ေတာ့၊ နည္းနည္းလည္းတိမ္ေတာ့ ေျမႀကီးဖို႔လိုက္မယ္။ (၂)ရက္လ်ာထားတယ္။ ေနာက္ အက်ဆုံး (၃)ရက္ေပါ့။ ေဘလီတံတားမထိုးေတာ့ဘူးေပါ့။ အဲဒါကို ေမာ္လၿမိဳင္ေဆာက္လုပ္ေရးအဖြဲ႕က သြားလုပ္မွာေပါ့။ ၿပီးရင္ေတာ့ ကားေတြ ျပန္သြားႏိုင္မွာေပါ့” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ထပ္မံေျပာသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္အထိ ႏိုင္ငံတစ္ဝန္း၌ ဖ်က္ဆီးခံခဲ့ရေသာ လမ္းတံတားႏွင့္ တိုးဂိတ္အေဆာက္အဦးေပါင္း (၁၄၈၇)ခုရွိေၾကာင္း နစကဘက္က ထုတ္ေဖာ္ေျပာၾကားထားသည္။

Picture

kyaw zin tun

28/02/2024 12:45

Thanks for Information

Related news

© 2021. All rights reserved.