ဦးအောင်ကြည်ညွန့်၏ သမီးနှင့် သားမက်က ယင်းမာပင် PDF ၏ အလှူငွေများကို လိမ်လည်

 12344

သုတကျော် (NP News) - စက်တင်ဘာ ၁ဝ

လက်နက်ဝယ်ပေးမည်ဆိုပြီး စင်ကာပူ ဒေါ်လာငါးသောင်းကျော်ကို CRPH ဦးအောင်ကြည် ညွန့်၏သမီးနှင့် သားမက်က လိမ်လည်ယူဆောင် သွားခဲ့သောကြောင့် အဆိုပါငွေနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ဂျပန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်သူကို လွှဲအပ်ထားကြောင်း ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိက ထုတ်ပြန်ထားသည်။ ဗိုလ်သံမဏိ၏ လက်ထောက်အဖြစ် ယခင်က ပြောခဲ့ကြသော ဦးအောင်မြတ်သူနှင့် ဒေါ်ရည်မွန်သန့်တို့က စင်ကာ ပူဒေါ်လာ (၅၀၇၆၆.၂၈)ကို လိမ်လည် သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်သံမဏိသည်ပင် ၎င်း၏အဖွဲ့က ကျူးလွန်ခဲ့သော လူသတ်မှုများအတွက် စွပ်စွဲခံရဖူးသူ ဖြစ်ပြီး စစ်ကိုင်း ဒေသကြီး၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် ၎င်း၏အဖွဲ့ဝင်များက လူ(၂၀)ကျော်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ ကြောင်း သတင်းထွက်ခဲ့သည်။

ထုတ်ပြန်ချက်၌ (၂၀၂၁) ခုနှစ် ဩဂုတ်လတွင် ယင်းမာပင် PDF အတွက် လက်နက်ဝယ်ယူရန် ဦးအောင် ကြည်ညွန့်၏ သမီးနှင့် သားမက်တို့ကို တာဝန်ပေးဆောင်ရွက်စေခဲ့ ကြောင်း၊ သို့သော် (၂၀၂၄)ခုနှစ် ဩဂုတ်လကုန် အထိ (၃)နှစ်တာကာလအတွင်း မည်သည့် လက်နက်မျှ ရောက်လာခြင်းမရှိဟု ဖော်ပြထားသည်။

လိမ်လည်သွားသူများနှင့် ဆက်စပ်သူများကို ဖော်ထုတ်အရေးယူရန်အတွက် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ တွင် နေထိုင်သော မြန်မာ့အရေးကူညီသူ ဦးအောင်မြတ်ဝင်းအား အမှုမှန်ပေါ်ပေါက်ရေးအတွက် စိစစ်အရေးယူဆောင် ရွက်နိုင်ရန် တာဝန်ပေး လွှဲအပ်သည်ဟုလည်း စာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ကာလများက တော်လှန်ရေးအတွက် ဆောင်ရွက်သည်ဟုဆိုသော ပြည်ပရောက် NUG ထိပ်ပိုင်း ပုဂ္ဂိုလ်အများအပြားသည် အမေရိကန်တွင် အိမ်ဝယ်ယူ နေထိုင်ကြကြောင်း သတင်းများ ဆက်တိုက်ထွက်ခဲ့ရာ ထိုသို့ နာမည်ထွက်သူများထဲတွင် ဦးအောင်ကြည်ညွန့်၊ ဦးကျော်ထွေး၊ ဦးရည်မွန်၏သမီးတို့လည်းရှေ့ဆုံးက ပါဝင်ခဲ့သော် လည်း ကာယကံရှင်များက ငြင်းဆိုခြင်း မပြုခဲ့ကြပေ။

ဦးအောင်ကြည်ညွန့်က အမေရိကန်၌ အိမ်ဝယ်ရာတွင် ၎င်း၏နာမည်ကို မသုံးကြောင်း သိရကာ မြန်မာနိုင်ငံတွင် နေစဉ်က ငွေကြေးစုမိဆောင်း မိရှိသည်ဆိုရုံဖြင့်ပင် အမေရိကန်တွင် အိမ်မဝယ်နိုင်ကြောင်း ထောက်ပြဝေဖန်မှုများ လည်း ရှိနေသည်။

‘ပြည်သူတွေကို ညာနေကြတာ။ အတွေ့အကြုံမရှိတဲ့ ပြည်သူကို ထွက်ပြေးသွားတဲ့ ကိုယ်စားလှယ်တွေ အကုန်လုံးက ညာနေကြတာ။ ညာလည်းညာတယ်။ ဟိုဘက်ရောက်ရင် ကိုယ့်ရဲ့နေထိုင်မှုအတွက် ရရင်ရသလိုရတဲ့ ဟာကို ယူကြတာပဲ။ ကိုယ့်ရဲ့နေထိုင်မှုအတွက်က ကိုယ့်ကိုဘယ်သူမှ ကျွေးထားတာမဟုတ်တဲ့အတွက် အဲဒါကို အရင်လုပ်တာ။ ပြည်သူအတွက်တို့ တော်လှန်ရေးအတွက် တို့ဆိုတာ လိမ်တာပါ’ဟု NUG ခေါင်းဆောင်များ၏ အကြောင်းကို အတွင်းကျကျသိသူတစ်ဦးက NP News ကို ပြောသည်။

PDF များထံ ထောက်ခံသူတို့က လှူဒါန်းခဲ့သော ငွေကြေးများကို ခိုးယူလိမ်လည်ခဲ့မှုနှင့်ပတ်သက်၍ သုံးနှစ်ကျော်လာခဲ့ သည့်တိုင် ဦးအောင်ကြည်ညွန့်ဘက်က မည်သည့် တာဝန်ခံမှုမှမရှိဘဲ မျက်နှာပြောင်တိုက်နေဆဲ ဖြစ်သည်။ အလားတူပင် CRPH မှ ဒေါ်ဖြူဖြူသင်းကလည်း ဒေါ်လာ(၉) သိန်းကို လိမ်လည်သွားခဲ့ဖူးသည်။

zawgyi version
ဦးေအာင္ၾကည္ၫြန႔္၏ သမီးႏွင့္ သားမက္က ယင္းမာပင္ PDF ၏ အလႉေငြမ်ားကို လိမ္လည္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁ဝ

လက္နက္ဝယ္ေပးမည္ဆိုၿပီး စင္ကာပူ ေဒၚလာငါးေသာင္းေက်ာ္ကို CRPH ဦးေအာင္ၾကည္ ၫြန႔္၏သမီးႏွင့္ သားမက္က လိမ္လည္ယူေဆာင္ သြားခဲ့ေသာေၾကာင့္ အဆိုပါေငြႏွင့္ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရး ဂ်ပန္ႏိုင္ငံက ျမန္မာ့အေရး ေဆာင္႐ြက္သူကို လႊဲအပ္ထားေၾကာင္း ယင္းမာပင္ PDF ေခါင္းေဆာင္ ဗိုလ္သံမဏိက ထုတ္ျပန္ထားသည္။ ဗိုလ္သံမဏိ၏ လက္ေထာက္အျဖစ္ ယခင္က ေျပာခဲ့ၾကေသာ ဦးေအာင္ျမတ္သူႏွင့္ ေဒၚရည္မြန္သန႔္တို႔က စင္ကာ ပူေဒၚလာ (၅၀၇၆၆.၂၈)ကို လိမ္လည္ သြားခဲ့ျခင္းျဖစ္သည္။

ဗိုလ္သံမဏိသည္ပင္ ၎၏အဖြဲ႕က က်ဴးလြန္ခဲ့ေသာ လူသတ္မႈမ်ားအတြက္ စြပ္စြဲခံရဖူးသူ ျဖစ္ၿပီး စစ္ကိုင္း ေဒသႀကီး၊ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္းတြင္ ၎၏အဖြဲ႕ဝင္မ်ားက လူ(၂၀)ေက်ာ္ကို အေၾကာင္းမဲ့ သတ္ျဖတ္ခဲ့ ေၾကာင္း သတင္းထြက္ခဲ့သည္။

ထုတ္ျပန္ခ်က္၌ (၂၀၂၁) ခုႏွစ္ ဩဂုတ္လတြင္ ယင္းမာပင္ PDF အတြက္ လက္နက္ဝယ္ယူရန္ ဦးေအာင္ ၾကည္ၫြန႔္၏ သမီးႏွင့္ သားမက္တို႔ကို တာဝန္ေပးေဆာင္႐ြက္ေစခဲ့ ေၾကာင္း၊ သို႔ေသာ္ (၂၀၂၄)ခုႏွစ္ ဩဂုတ္လကုန္ အထိ (၃)ႏွစ္တာကာလအတြင္း မည္သည့္ လက္နက္မွ် ေရာက္လာျခင္းမရွိဟု ေဖာ္ျပထားသည္။

လိမ္လည္သြားသူမ်ားႏွင့္ ဆက္စပ္သူမ်ားကို ေဖာ္ထုတ္အေရးယူရန္အတြက္ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕ တြင္ ေနထိုင္ေသာ ျမန္မာ့အေရးကူညီသူ ဦးေအာင္ျမတ္ဝင္းအား အမႈမွန္ေပၚေပါက္ေရးအတြက္ စိစစ္အေရးယူေဆာင္ ႐ြက္ႏိုင္ရန္ တာဝန္ေပး လႊဲအပ္သည္ဟုလည္း စာတြင္ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ ကာလမ်ားက ေတာ္လွန္ေရးအတြက္ ေဆာင္႐ြက္သည္ဟုဆိုေသာ ျပည္ပေရာက္ NUG ထိပ္ပိုင္း ပုဂၢိဳလ္အမ်ားအျပားသည္ အေမရိကန္တြင္ အိမ္ဝယ္ယူ ေနထိုင္ၾကေၾကာင္း သတင္းမ်ား ဆက္တိုက္ထြက္ခဲ့ရာ ထိုသို႔ နာမည္ထြက္သူမ်ားထဲတြင္ ဦးေအာင္ၾကည္ၫြန႔္၊ ဦးေက်ာ္ေထြး၊ ဦးရည္မြန္၏သမီးတို႔လည္းေရွ႕ဆုံးက ပါဝင္ခဲ့ေသာ္ လည္း ကာယကံရွင္မ်ားက ျငင္းဆိုျခင္း မျပဳခဲ့ၾကေပ။

ဦးေအာင္ၾကည္ၫြန႔္က အေမရိကန္၌ အိမ္ဝယ္ရာတြင္ ၎၏နာမည္ကို မသုံးေၾကာင္း သိရကာ ျမန္မာႏိုင္ငံတြင္ ေနစဥ္က ေငြေၾကးစုမိေဆာင္း မိရွိသည္ဆို႐ုံျဖင့္ပင္ အေမရိကန္တြင္ အိမ္မဝယ္ႏိုင္ေၾကာင္း ေထာက္ျပေဝဖန္မႈမ်ား လည္း ရွိေနသည္။

‘ျပည္သူေတြကို ညာေနၾကတာ။ အေတြ႕အႀကဳံမရွိတဲ့ ျပည္သူကို ထြက္ေျပးသြားတဲ့ ကိုယ္စားလွယ္ေတြ အကုန္လုံးက ညာေနၾကတာ။ ညာလည္းညာတယ္။ ဟိုဘက္ေရာက္ရင္ ကိုယ့္ရဲ႕ေနထိုင္မႈအတြက္ ရရင္ရသလိုရတဲ့ ဟာကို ယူၾကတာပဲ။ ကိုယ့္ရဲ႕ေနထိုင္မႈအတြက္က ကိုယ့္ကိုဘယ္သူမွ ေကြၽးထားတာမဟုတ္တဲ့အတြက္ အဲဒါကို အရင္လုပ္တာ။ ျပည္သူအတြက္တို႔ ေတာ္လွန္ေရးအတြက္ တို႔ဆိုတာ လိမ္တာပါ’ဟု NUG ေခါင္းေဆာင္မ်ား၏ အေၾကာင္းကို အတြင္းက်က်သိသူတစ္ဦးက NP News ကို ေျပာသည္။

PDF မ်ားထံ ေထာက္ခံသူတို႔က လႉဒါန္းခဲ့ေသာ ေငြေၾကးမ်ားကို ခိုးယူလိမ္လည္ခဲ့မႈႏွင့္ပတ္သက္၍ သုံးႏွစ္ေက်ာ္လာခဲ့ သည့္တိုင္ ဦးေအာင္ၾကည္ၫြန႔္ဘက္က မည္သည့္ တာဝန္ခံမႈမွမရွိဘဲ မ်က္ႏွာေျပာင္တိုက္ေနဆဲ ျဖစ္သည္။ အလားတူပင္ CRPH မွ ေဒၚျဖဴျဖဴသင္းကလည္း ေဒၚလာ(၉) သိန္းကို လိမ္လည္သြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.