ပုသိမ်ကြီးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ချောင်းအတွင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား

689
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးထံမှ သိရသည်။
ရေနစ်သေဆုံးမှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၇ ရက်)၊ ညနေ ၅နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ မှန်ပင်ကျေးရွာအနီး စွယ်တော်မြောင်း အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ရေဆင်းချိုးတာ။ ဆည်မြောင်းကနေ ဆွယ်တော်ရေလွှတ်မြောင်းရှိတယ်။ ရေချိုးရင်းနဲ့ ရေနစ်တာ။ ဒီနေ့တစ်နာရီခွဲဝန်းကျင်မှ ပြန်တွေ့တာပါ။ ပုံမှန်ရေချိုးတဲ့နေရာကနေ ခပ်လှမ်းလှမ်းမှာပြန်တွေ့တာပေါ့” ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-မန္တလေးတိုင်း ဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် အသက်(၇၄)နှစ်အရွယ် မှန်ပင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်) နေ့လည်ပိုင်းအချိန်တွင် ချောင်းအတွင်း၌ ၎င်း၏ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရေနစ်သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-မန္တလေးတိုင်းဒေသကြီးမှ မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ သက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ေခ်ာင္းအတြင္းေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆုံးမႈ ျဖစ္ပြား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၈
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ သက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ေခ်ာင္းအတြင္း ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ မႏၲေလးတိုင္းေဒသႀကီးထံမွ သိရသည္။
ေရနစ္ေသဆုံးမႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၇ ရက္)၊ ညေန ၅နာရီအခ်ိန္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မွန္ပင္ေက်း႐ြာအနီး စြယ္ေတာ္ေျမာင္း အတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူက ေရဆင္းခ်ိဳးတာ။ ဆည္ေျမာင္းကေန ဆြယ္ေတာ္ေရလႊတ္ေျမာင္းရွိတယ္။ ေရခ်ိဳးရင္းနဲ႔ ေရနစ္တာ။ ဒီေန႔တစ္နာရီခြဲဝန္းက်င္မွ ျပန္ေတြ႕တာပါ။ ပုံမွန္ေရခ်ိဳးတဲ့ေနရာကေန ခပ္လွမ္းလွမ္းမွာျပန္ေတြ႕တာေပါ့” ဟု ျမန္မာ ႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္း-မႏၲေလးတိုင္း ေဒသႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူအမ်ိဳးသားသည္ အသက္(၇၄)ႏွစ္အ႐ြယ္ မွန္ပင္ေက်း႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ယေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္) ေန႔လည္ပိုင္းအခ်ိန္တြင္ ေခ်ာင္းအတြင္း၌ ၎၏႐ုပ္အေလာင္းကိုျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေရနစ္ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္း-မႏၲေလးတိုင္းေဒသႀကီးမွ မႏၲေလးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။