ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲသတင်းကြောင့် ရန်ကုန်တွင်စက်သုံးဆီအချို့ ပြတ်လပ်နေ

 1745

NP News - ဖေဖော်ဝါရီ ၂၉

ပို့ကုန်/သွင်းကုန်မူဝါဒအပြောင်းအလဲကို မတ်လ(၁)ရက်တွင် ပြုလုပ်မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး စက်သုံးဆီတင်သွင်းမှုတချို့လျှော့ချလုပ်ကိုင်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဗဟိုဘဏ်ပြောင်းလဲလိုက်သည့် ငွေကြေးမူဝါဒသည် ၇၀/၃၀ ရာခိုင်နှုန်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်းသည် ဗဟိုဘဏ်သတ်မှတ်ပေးထားသည့်ဈေးနှုန်းဖြင့်လဲလှယ်ပေးရမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းသည် Exchange Rate ဖြင့်လဲလှယ်ခွင့်ပြုထားကြောင်း ၊ အဆိုပါမူဝါဒသည် မတ်လ(၁)ရက် မှ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

"MOU တွေနဲ့ဆန်တင်ပို့မှုကို ပိတ်တယ်ဆိုတာက တရားဝင်စာမထွက်သေးဘူး။ ဒီနေ့အထိကတော့ ပုံမှန်အတိုင်းပဲလုပ်ဆောင်ပေးနေတယ်။ မတ်လ ၁ ရက်ကစပြီး ပြောင်းရင်တော့မပြောတတ်ဘူးပေါ့။ ငွေကြေးမူဝါဒပဲပြောင်းထားတာပါ"ဟု ဆန်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တွင် စက်သုံးဆီဆိုင်တချို့၌ 92 ဓါတ်ဆီရောင်းချမှု ရပ်နားထားပြီး အများစုမှာဆီလက်ကျန်ကားမလာခြင်း နှင့် လက်ကားကုန်သည်များထံမှ ဝယ်ယူရန်ခက်ခဲနေခြင်းကြောင့် ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှသိရသည်။

“ပို့ကုန်ရငွေတွေကို အပြောင်းအလဲလုပ်မယ်။ စက်သုံးဆီတစ်ခုဘဲတင်သွင်းခွင့်ပေးမယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ အခုရက်ပိုင်းမှာ 92 ဓါတ်ဆီတွေဆိုင်တိုင်းမရတော့ဘူး၊ ဘာဆက်ဖြစ်မလဲ ဆိုတာတော့စောင့်ကြည်ရမယ်”ဟု ဘုရင့်နောင်ပွဲရုံတန်းမှ ပဲနှမ်းကုန်သည်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပို့ကုန်/သွင်းကုန်လုပ် ငန်းအများစုက လုပ်ငန်းများဆက်လက်လုပ်ကိုင်ရန် အခြေအနေစောင့်ကြည့်နေဆဲဖြစ်သည့်အပြင် ငွေလဲနှုန်းမြင့်တက်နေခြင်းကြောင့်လည်း သွင်းကုန်သမားများက လုပ်ငန်းလုပ်ကိုင်မှုလျှော့ချနေကြောင်းသိရသည်။ သက်ဆိုင်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိသော်လည်း ဈေးကွက်အတွင်း အတည်မပြုနိုင်သော သတင်းများကြောင့် လုပ်ငန်းရှင်များမှာ စောင့်ကြည့်နေကြောင်းသိရသည်။

zawgyi version
ကုန္သြယ္ေရးမူဝါဒအေျပာင္းအလဲသတင္းေၾကာင့္ ရန္ကုန္တြင္စက္သုံးဆီအခ်ိဳ႕ ျပတ္လပ္ေန
NP News - ေဖေဖာ္ဝါရီ ၂၉

ပို႔ကုန္/သြင္းကုန္မူဝါဒအေျပာင္းအလဲကို မတ္လ(၁)ရက္တြင္ ျပဳလုပ္မည္ဆိုသည့္ သတင္းမ်ားထြက္ေပၚေနၿပီး စက္သုံးဆီတင္သြင္းမႈတခ်ိဳ႕ေလွ်ာ့ခ်လုပ္ကိုင္ေနေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

ဗဟိုဘဏ္ေျပာင္းလဲလိုက္သည့္ ေငြေၾကးမူဝါဒသည္ ၇၀/၃၀ ရာခိုင္ႏႈန္းျဖစ္ၿပီး ၇၀ ရာခိုင္ႏႈန္းသည္ ဗဟိုဘဏ္သတ္မွတ္ေပးထားသည့္ေဈးႏႈန္းျဖင့္လဲလွယ္ေပးရမည္ျဖစ္ၿပီး က်န္ ၃၀ ရာခိုင္ႏႈန္းသည္ Exchange Rate ျဖင့္လဲလွယ္ခြင့္ျပဳထားေၾကာင္း ၊ အဆိုပါမူဝါဒသည္ မတ္လ(၁)ရက္ မွ ၃၁ ရက္အထိ အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရသည္။

"MOU ေတြနဲ႔ဆန္တင္ပို႔မႈကို ပိတ္တယ္ဆိုတာက တရားဝင္စာမထြက္ေသးဘူး။ ဒီေန႔အထိကေတာ့ ပုံမွန္အတိုင္းပဲလုပ္ေဆာင္ေပးေနတယ္။ မတ္လ ၁ ရက္ကစၿပီး ေျပာင္းရင္ေတာ့မေျပာတတ္ဘူးေပါ့။ ေငြေၾကးမူဝါဒပဲေျပာင္းထားတာပါ"ဟု ဆန္လုပ္ ငန္းရွင္တစ္ဦးက ေျပာသည္။

ရန္ကုန္တြင္ စက္သုံးဆီဆိုင္တခ်ိဳ႕၌ 92 ဓါတ္ဆီေရာင္းခ်မႈ ရပ္နားထားၿပီး အမ်ားစုမွာဆီလက္က်န္ကားမလာျခင္း ႏွင့္ လက္ကားကုန္သည္မ်ားထံမွ ဝယ္ယူရန္ခက္ခဲေနျခင္းေၾကာင့္ ျဖစ္ေၾကာင္း စက္သုံးဆီအေရာင္းဆိုင္မ်ားထံမွသိရသည္။

“ပို႔ကုန္ရေငြေတြကို အေျပာင္းအလဲလုပ္မယ္။ စက္သုံးဆီတစ္ခုဘဲတင္သြင္းခြင့္ေပးမယ္ဆိုၿပီး သတင္းေတြထြက္လာတယ္။ အခုရက္ပိုင္းမွာ 92 ဓါတ္ဆီေတြဆိုင္တိုင္းမရေတာ့ဘူး၊ ဘာဆက္ျဖစ္မလဲ ဆိုတာေတာ့ေစာင့္ၾကည္ရမယ္”ဟု ဘုရင့္ေနာင္ပြဲ႐ုံတန္းမွ ပဲႏွမ္းကုန္သည္တစ္ဦးက ေျပာသည္။

ေဖေဖာ္ဝါရီလကုန္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ပို႔ကုန္/သြင္းကုန္လုပ္ ငန္းအမ်ားစုက လုပ္ငန္းမ်ားဆက္လက္လုပ္ကိုင္ရန္ အေျခအေနေစာင့္ၾကည့္ေနဆဲျဖစ္သည့္အျပင္ ေငြလဲႏႈန္းျမင့္တက္ေနျခင္းေၾကာင့္လည္း သြင္းကုန္သမားမ်ားက လုပ္ငန္းလုပ္ကိုင္မႈေလွ်ာ့ခ်ေနေၾကာင္းသိရသည္။ သက္ဆိုင္ရာ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ တရားဝင္သတင္း ထုတ္ျပန္ျခင္းမရွိေသာ္လည္း ေဈးကြက္အတြင္း အတည္မျပဳႏိုင္ေသာ သတင္းမ်ားေၾကာင့္ လုပ္ငန္းရွင္မ်ားမွာ ေစာင့္ၾကည့္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.