TNLA လက်အောက်တွင် စီးပွားရေးကျပ်တည်းသည့်အတွက် မိုးကုတ်မြို့ခံအများအပြားနေရပ်စွန့်ခွာမှု ပိုမိုများပြားလာ

 1858

သန့်ဇင် (NP News) - စက်တင်ဘာ ၃

TNLA လက်အောက်တွင် စီးပွားရေးကျပ်တည်းလာသည့်အတွက် မိုးကုတ်မြို့ခံအများအပြား နေရပ်စွန့်ခွာမှု ပိုမိုများပြားလာကြောင်း NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

TNLA နှင့်ပူးပေါင်းအဖွဲ့က ဇွန်လ(၂၅)ရက်မှစတင်ကာ မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ(၂၄)ရက်တွင် အလုံးစုံထိန်းချုပ်နိုင်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် မိုးကုတ်မြို့ကို TNLA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားပြီး မြို့ခံပြည်သူများသည် လည်း စီးပွားရေးအကျပ်အတည်းများအောက်ကျရောက်နေသဖြင့် ဒေသခံအများအပြားမှာ မြို့ကိုစွန့်ခွာနေပြီဖြစ်ကြောင်း သိရသည်။

“အခုက မိုးကုတ်မြို့ကို စွန့်ခွာတဲ့လူများလာတယ်။ ဘာလို့စွန့်ခွာကြတာလည်းဆိုတော့ စီးပွားရေး လုပ်လို့မဖြစ်တော့လို့ စွန့်ခွာကြတာပါ။ လူလည်းမရှိ တော့ဘူးလေ။ ပြီးတော့ အခွန်တွေ ကောက်တယ်လေ။ တချို့ကလည်းဝန်ထမ်းတွေ ကျောင်းဆရာမတွေလည်း ခေါ်ပြောတာတွေရှိတယ်။ ကျောင်းပြန်ဖွင့်မယ်။ ပြန်လုပ်ချင်လည်းရတယ်ပေါ့။ ဒါပေမဲ့ သူ့တို့က CDM သမားတွေကိုပဲ ဦးစားပေးမှာ လိုမှခေါ်မယ်။ အဲဒီလိုလုပ်တာပေါ့”ဟု မိုးကုတ်မြို့ကို စွန့်ခွာလာသူတစ်ဦးက ဆိုသည်။

ထို့ပြင် ပတ္တမြား၊ နီလာအစရှိသော ကျောက်မျက် ရတနာထွက်ရှိရာ မိုးကုတ်မြို့တွင် TNLA က တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်ခွင့် ပြန် လည်ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဒေသခံများအနေ ဖြင့် အခွန်အခကြီးမြင့်ခြင်းနှင့်ကြုံတွေ့နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားသည်။ “အခွန်က ဆိုင်တွေ၊ ဆေးခန်းတွေ ဖွင့်မယ် ဆိုရင် တစ်နှစ်စာ သိန်း(၁၀ဝ)တဲ့။ ဆိုင်ကယ်လေး တွေနဲ့ဈေးလိုက်ရောင်းတယ်ပေါ့နော်။ သူတို့ ဆိုရင် (၃)သိန်းတဲ့။ တစ်နှစ်စာပေးရတာပေါ့။ ကျောက်တူး တာတွေလည်း အခုတော့မလုပ်သေးပေမယ့် ခွင့်ပြု မယ်လို့တော့ပြောတယ်။ အဲဒါတွေကလည်း ဘယ် လောက်တောင်ပေးရမလဲမသိဘူး။ အစိုးရဆိုရင် တော့ ခွင့်မပြုဘူး ပိတ်ထားတာလေ။ အခုကတော့ တစ်နိုင်တစ်ပိုင် ကျောက်တူးတာကို ခွင့်ပြုမှာတဲ့။ ပိုက်ဆံတော့ ဘယ် လောက်တောင်ပေးရမလဲတောင် မသိဘူးပေါ့။ အဲဒါတွေကြောင့် မြို့ကခွာတဲ့ လူများနေတယ်။ တော်တော်များများလည်း မြို့ကထွက် လာပါပြီ။ အဲဒီ တော့ မြို့ကနေထွက်မယ့် လူများလေဟိုမှာက စီးပွားရေးလုပ်လို့ မရလေဖြစ်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် အခြေအနေအမျိုးမျိုးကြောင့် မိုးကုတ်မြို့မှ တိမ်းရှောင်လာသူများကို TNLA ပူးပေါင်းအဖွဲ့က တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြု လုပ်နေပြီး လက်ကိုင်ဖုန်းအတွင်း ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသော (သို့မဟုတ်) တပ်မတော်ကိုထောက်ခံသည့်အသွင်ရှိသော ဓာတ်ပုံ၊ ဖုန်းအဆက်အသွယ်များကိုတွေ့ပါက ဖမ်းဆီးခြင်းများလည်း လက်ရှိအချိန်ထိရှိနေကြောင်း သိရသည်။

လက်ရှိတွင် မိုးကုတ်မြို့သည် TNLA လက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

zawgyi version
TNLA လက္ေအာက္တြင္ စီးပြားေရးက်ပ္တည္းသည့္အတြက္ မိုးကုတ္ၿမိဳ႕ခံအမ်ားအျပားေနရပ္စြန႔္ခြာမႈ ပိုမိုမ်ားျပားလာ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၃

TNLA လက္ေအာက္တြင္ စီးပြားေရးက်ပ္တည္းလာသည့္အတြက္ မိုးကုတ္ၿမိဳ႕ခံအမ်ားအျပား ေနရပ္စြန႔္ခြာမႈ ပိုမိုမ်ားျပားလာေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

TNLA ႏွင့္ပူးေပါင္းအဖြဲ႕က ဇြန္လ(၂၅)ရက္မွစတင္ကာ မႏၲေလး တိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕ကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ(၂၄)ရက္တြင္ အလုံးစုံထိန္းခ်ဳပ္ႏိုင္ေၾကာင္း ေၾကညာခဲ့သည္။ ထို႔ေနာက္ မိုးကုတ္ၿမိဳ႕ကို TNLA လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားၿပီး ၿမိဳ႕ခံျပည္သူမ်ားသည္ လည္း စီးပြားေရးအက်ပ္အတည္းမ်ားေအာက္က်ေရာက္ေနသျဖင့္ ေဒသခံအမ်ားအျပားမွာ ၿမိဳ႕ကိုစြန႔္ခြာေနၿပီျဖစ္ေၾကာင္း သိရသည္။

“အခုက မိုးကုတ္ၿမိဳ႕ကို စြန႔္ခြာတဲ့လူမ်ားလာတယ္။ ဘာလို႔စြန႔္ခြာၾကတာလည္းဆိုေတာ့ စီးပြားေရး လုပ္လို႔မျဖစ္ေတာ့လို႔ စြန႔္ခြာၾကတာပါ။ လူလည္းမရွိ ေတာ့ဘူးေလ။ ၿပီးေတာ့ အခြန္ေတြ ေကာက္တယ္ေလ။ တခ်ိဳ႕ကလည္းဝန္ထမ္းေတြ ေက်ာင္းဆရာမေတြလည္း ေခၚေျပာတာေတြရွိတယ္။ ေက်ာင္းျပန္ဖြင့္မယ္။ ျပန္လုပ္ခ်င္လည္းရတယ္ေပါ့။ ဒါေပမဲ့ သူ႔တို႔က CDM သမားေတြကိုပဲ ဦးစားေပးမွာ လိုမွေခၚမယ္။ အဲဒီလိုလုပ္တာေပါ့”ဟု မိုးကုတ္ၿမိဳ႕ကို စြန႔္ခြာလာသူတစ္ဦးက ဆိုသည္။

ထို႔ျပင္ ပတၱျမား၊ နီလာအစရွိေသာ ေက်ာက္မ်က္ ရတနာထြက္ရွိရာ မိုးကုတ္ၿမိဳ႕တြင္ TNLA က တစ္ႏိုင္တစ္ပိုင္ ေက်ာက္တူးေဖာ္ခြင့္ ျပန္ လည္ခြင့္ျပဳမည္ဟု သတင္းမ်ားထြက္ေပၚေနေသာ္လည္း ေဒသခံမ်ားအေန ျဖင့္ အခြန္အခႀကီးျမင့္ျခင္းႏွင့္ႀကဳံေတြ႕ႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က သုံးသပ္ေျပာဆိုထားသည္။ “အခြန္က ဆိုင္ေတြ၊ ေဆးခန္းေတြ ဖြင့္မယ္ ဆိုရင္ တစ္ႏွစ္စာ သိန္း(၁၀ဝ)တဲ့။ ဆိုင္ကယ္ေလး ေတြနဲ႔ေဈးလိုက္ေရာင္းတယ္ေပါ့ေနာ္။ သူတို႔ ဆိုရင္ (၃)သိန္းတဲ့။ တစ္ႏွစ္စာေပးရတာေပါ့။ ေက်ာက္တူး တာေတြလည္း အခုေတာ့မလုပ္ေသးေပမယ့္ ခြင့္ျပဳ မယ္လို႔ေတာ့ေျပာတယ္။ အဲဒါေတြကလည္း ဘယ္ ေလာက္ေတာင္ေပးရမလဲမသိဘူး။ အစိုးရဆိုရင္ ေတာ့ ခြင့္မျပဳဘူး ပိတ္ထားတာေလ။ အခုကေတာ့ တစ္ႏိုင္တစ္ပိုင္ ေက်ာက္တူးတာကို ခြင့္ျပဳမွာတဲ့။ ပိုက္ဆံေတာ့ ဘယ္ ေလာက္ေတာင္ေပးရမလဲေတာင္ မသိဘူးေပါ့။ အဲဒါေတြေၾကာင့္ ၿမိဳ႕ကခြာတဲ့ လူမ်ားေနတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ၿမိဳ႕ကထြက္ လာပါၿပီ။ အဲဒီ ေတာ့ ၿမိဳ႕ကေနထြက္မယ့္ လူမ်ားေလဟိုမွာက စီးပြားေရးလုပ္လို႔ မရေလျဖစ္တာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ မိုးကုတ္ၿမိဳ႕မွ တိမ္းေရွာင္လာသူမ်ားကို TNLA ပူးေပါင္းအဖြဲ႕က တင္းတင္းၾကပ္ၾကပ္ စစ္ေဆးမႈမ်ား ျပဳ လုပ္ေနၿပီး လက္ကိုင္ဖုန္းအတြင္း ၎တို႔ကို ဆန႔္က်င္သည္ဟု ယူဆရေသာ (သို႔မဟုတ္) တပ္မေတာ္ကိုေထာက္ခံသည့္အသြင္ရွိေသာ ဓာတ္ပုံ၊ ဖုန္းအဆက္အသြယ္မ်ားကိုေတြ႕ပါက ဖမ္းဆီးျခင္းမ်ားလည္း လက္ရွိအခ်ိန္ထိရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ မိုးကုတ္ၿမိဳ႕သည္ TNLA လက္နက္ကိုင္အဖြဲ႕၏ ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေနၿပီး ဖုန္းလိုင္းႏွင့္အင္တာနက္လိုင္းမ်ား ျပတ္ေတာက္ေနဆဲျဖစ္ကာ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းမ်ားႏွင့္လည္း ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.