ပညာရေးကို ထိပါးလာတဲ့ အရိုင်းအစိုင်းတွေနဲ့ ကာကွယ်ပေးနိုင်စွမ်း ကင်းမဲ့လွန်းတဲ့ အစိုးရ (ဆေင်းပါး)

 9230

မျိုးမင်း (မကျည်းလဟာ) (NP News) - မတ် ၂

၇၂ နာရီသာ ကြာမြင့်တဲ့အချိန်အတွင်း မြန်မာ့ပညာရေးလောကကို ဗြောင်းဆန်သွားစေတဲ့ ဖြစ်စဉ်နှစ်ခု ဖြစ်ခဲ့ပါတယ်။ ကလေးတက္ကသိုလ်က ဆရာ/မတွေနဲ့ ထားဝယ်နည်းပညာတက္ကသိုလ်က ဒုပါမောက္ခချုပ်အပါအဝင် သုံးဦးကို NUG လက် အောက်ခံ PDF အဖွဲ့တွေက လွယ်လင့်တကူပြန် ပေးဆွဲဖမ်းဆီးသွားတဲ့ ဖြစ်စဉ်ပါပဲ။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် တည်ဆဲနစက အစိုးရကို ကာကွယ်မှု ပေးနိုင်စွမ်း ကင်းမဲ့လွန်းသော အစိုးရတစ်ရပ်လို့ တိုက်ရိုက်ဝေဖန်ချင်သလို ပြန်ပေးဆွဲ ဖမ်းဆီးမှုတွေ လုပ်နေတဲ့ NUG လက်အောက်ခံ PDF တွေကိုလည်း လူ့အရိုင်းအစိုင်း ရာဇဝတ်ကောင်တွေလို့သတင်းစာဆရာတစ်ဦးအနေနဲ့ ပြတ်ပြတ်သားသား စွပ် စွဲပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက် နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အ ပြင်ဘက်မှာရှိတဲ့ ကလေးတက္ကသိုလ်ကို NUG လက်အောက်ခံ PDF တွေနဲ့ ချင်း PDF တွေကဝင် ရောက်စီးနင်းတိုက်ခိုက်ပြီး ပါမောက္ခချုပ်နဲ့ပညာ ရေးဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ တက္ကသိုလ်နားမှာ ရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ တက္ကသိုလ်နောက်ဘက် တောတွင်းဝင်ပေါက်ကနေ ချဉ်းနင်းဝင် ရောက်ပြီး ဇလပ်နီအဆောင်ထဲက ကျောင်းဆရာ /ဆရာမ တွေကို ပြန်ပေးဆွဲခဲ့ကြတာပါ။ “ကျွန်မမတ်(ခင်ပွန်းသည်၏ ညီ) ကထိကလေးကတိုးတိုး ကျိတ်ကျိတ် လေးနဲ့ သူ့အစ်ကိုဆီကိုဖုန်းဆက်ပါတယ်။ သူတို့ကို PDF တွေက ဖမ်းထားပြီးတော့ ဖုန်းတွေ သိမ်းတယ်တဲ့။ သူ့မှာ ဖုန်းနှစ်လုံးထဲကတစ် လုံးကို ခိုးဝှက်ထားလို့ အဲဒီတစ်လုံး နောက်ဆုံးအခြေ အနေကို သူ့အစ်ကိုဆီ လှမ်းပြောခဲ့ သေးတယ်။ သူ့ ဖုန်းကို လုံးဝပြန်မခေါ်ပါနဲ့လို့ပြောတယ်။ အဲဒီ နောက်ပိုင်း အဆက်အသွယ်မရတော့ဘူး”လို့ ဖေ ဖော်ဝါရီ ၂၅ ရက်က ဖြစ်စဉ်အကြောင်း လူသိထင်ရှား နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

ကလေးတက္ကသိုလ်ဖြစ်စဉ်နဲ့ ပတ်သက်ရင် နစကရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်း ထွန်းကတော့ PDF ၁၃၀ လောက်က တက္က သိုလ်ရဲ့တောင်ဘက်ပေါက်ကနေ ဝင်ရောက်ပြီး ဆရာ/မတွေနဲ့ ကျောင်းသား/သူတွေကို ဖမ်းဆီး ထားကြောင်း သတင်းရလို့ ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ သွားရောက်ကယ်ဆယ်ခဲ့ကြတယ်လို့ပြော ထားပါတယ်။ ကယ်တင်နိုင်ခဲ့တဲဦးရေကတော့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသေူတွေနဲ့ ရုံးဝန် ထမ်းစုစုပေါင်း(၂၈၅)ဦးလို့ ဆိုပါတယ်။ ကျန်ရှိတဲ့ပြန် ပေးဆွဲ ဖမ်းဆီးခံသွားရသူတွေကို ကယ်တင်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ထုတ်ပြန်ပြောဆိုနေ ကျပုံစံအတိုင်း ထူးမခြားနား ပြောပါတယ်။ တစ်ဖက်မှာတော့ PDF အဖွဲ့တွေဘက်က ဖေဖော်ဝါရီ (၂၆) ရက်မှာ သတင်းတစ်ခု ထုတ်ပြန်ခဲ့သလို ဖမ်းဆီးထား သူ အစားကယ်ထုတ်ထားသူလို့ သုံးနှုန်းခဲ့ပြီးစုစု ပေါင်း(၁၄၀)ကျော်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ (၂၁)ရက်လောက်ကတည်းက ကလေးမြို့နယ်ထဲမှာ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့သလို တက္ကသိုလ်ထဲက ပညာရေးလောကသားတွေအကုန် လုံးဟာ သေနတ်သံတွေကြောင့် အပြင်ကို သေချာမ ထွက်ရဲခဲ့ကြဘူးလို့ ကြားသိခဲ့ရပါတယ်။

လက်ရှိအချိန်အထိတော့ ကလေးတက္ကသိုလ်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ပညာရေးလော ကသား တွေကို ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်းရဲ့ ရုပ်သံဖိုင်တစ်ခု သာ ဖေဖော် ဝါရီ (၂၉)ရက်ညပိုင်းမှာ ထွက်ပေါ်လာခဲ့တာပါ။ စိုးရိမ်စိတ်တွေပြည့်နေတဲ့ အမူအရာနဲ့ ရုပ်သံဖိုင်ကနေတစ်ဆင့် လူထုကို သတင်းစကားပါး ရာမှာတော့ ကျန်းမာစွာ ရှိနေကြောင်း၊ PDF တွေက တိုက်ပွဲထဲကနေ ကယ်ထုတ် ပေးတာ ဖြစ်ကြောင်း အသိပေးခဲ့သလို ပညာရေးလောကသားတွေကို ပြန် လွှတ်ပေးမှာဖြစ်ကြောင်း အသိ ပေးခဲ့ပါတယ်။ ကလေးတက္ကသိုလ်ဖြစ်စဉ်နဲ့ ပတ်သက်ရင် အရပ် ဘက်လူမှုအဖွဲ့အစည်း(၂၁)ခုက ကန့်ကွက် ကြောင်း စာထုတ်ခဲ့ပေမယ့် ထုတ်ပြန်တဲ့စာတိုင်းမှာ ယုံကြည် ချက်ခံယူချက်တွေ စိတ်စေတနာတွေ ပါဝင်မနေ တာကို စာဖတ်နေရင်းနဲ့ သတိထားမိပါတယ်။ ဆိုလိုချင်တာက အဖြစ်သဘောထုတ်ပြန်ကြတဲ့ စာအဆင့်မှာ သာရှိပြီး ပညာရေးလောကကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ရဲရဲဝံ့ဝံ့ လူပီသစွာ မဝေဖန်ရဲကြတာကို ခံစားရပါတယ်။ ရင်နာစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းကြီးပါပဲ။

ကလေးတက္ကသိုလ် ဖြစ်စဉ်အတွက် စိတ်မကောင်း ဖြစ်နေရချိန် သုံးရက်တောင် မပြည့်ခင် ဖေဖော်ဝါရီ (၂၈)ရက်မှာလည်း ထားဝယ်နည်းပညာ တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေကို NUG လက်အောက်ခံ PDF တွေက ဖမ်းဆီးခဲ့ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အပြင်ဘက်မှာ ရှိတဲ့ ထားဝယ်နည်းပညာ တက္ကသိုလ်က ဒုပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ မြို့ပြအင်ဂျင်နီယာ ဌာနမှူး ပါမောက္ခ ဒေါ်နန္ဒာလွင်နဲ့ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်တို့ကို ဖေဖော်ဝါရီ(၂၈)ရက် နံနက်ပိုင်းမှာ PDF (၇၀)ဦးလောက်က လွယ်လင့်တကူ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာပါ။ ဒီလိုဖမ်းဆီးမှုကိုလည်း ထားဝယ်အခြေစိုက် ဗထူး PDF က စစ်ကျွန်ပညာရေးကို သင်ကြားတဲ့ စစ်တပ် ထောက်တိုင်တွေဖြစ်လို့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကြေညာထားပါတယ်။ ကလေးတက္ကသိုလ်ဖြစ်စဉ်နဲ့ ထားဝယ်နည်းပညာတက္ကသိုလ်ဖြစ်စဉ်တွေဟာ စုစုပေါင်း(၇၂)နာရီတောင် မကြာခဲ့ပါဘူး။ နိုင်ငံဟာ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ ကင်းမဲ့စွာနဲ့ လူ ရမ်းကားတွေရဲ့အဓမ္မပြုကျင့်ခြင်းကို ခံနေရပြီလားလို့ မေးခွန်းထုတ်ရတော့မှာပါ။ ထားဝယ်နည်းပညာတ က္ကသိုလ်ဖြစ်စဉ်ကိုလည်း တပ်မတော်နဲ့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေဟာ ခြေမဲ့လက်မဲ့ဖြစ်သလားလို့ မေးရ လောက်အောင် ဘယ်လိုမှ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ နစကရဲ့သတင်းထုတ်ပြန်ရေးမှာတော့ ထုတ်ပြန် နေကျ စကားလုံးတွေအတိုင်း ပြန်လည်ကယ်ဆယ်ရရှိ ရေးအတွက် ကြိုးစားနေပါတယ်လို့သာ ပြောနိုင်တော့ တာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေရဲ့အစောပိုင်းမှာလည်း နမူနာတွေအဖြစ် လွိုင်ကော်တက္ကသိုလ်တိုက်ပွဲနဲ့ ပညာရေးဝန်ထမ်းတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ဟာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၁)ရက်က (၁)လေးလုံး အမည်ရှိတဲ့ ခေါင်းစဉ်နဲ့ KNDF အဖွဲ့က လွိုင်ကော်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သလို တက္ကသိုလ်ဘက်ခြမ်းမှာ အသာစီးရခဲ့ ပြီးတော့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူ တွေ စုစုပေါင်း(၁၉၄)ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ ကြပါတယ်။ KNDF ရဲ့ထုတ်ပြန်ချက်မှာတော့ လွိုင်ကော်ပညာရေးလောကသားတွေက လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့ချင်လို့ KNDF က ကူညီခေါ် ဆောင်သွားပေးခဲ့သယောင် ဝါဒဖြန့်ခဲ့ပါတယ်။ တက္ကသိုလ်ပါချုပ် ဒေါက်တာအောင်ခင်မြင့်နဲ့ အမျိုး သမီးတစ်ဦးက ဝါဒဖြန့်ရုပ်သံအတွက် ထွက်ဆို ပေးခဲ့ရသလို ကျန်းမာဘေးကင်းလျက်ရှိကြောင်း၊ မကြာခင်မှာ မိသားစုတွေဆီ ပြန်ပို့ပေးမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း လွိုင်ကော်-တောင်ကြီး လမ်းပိုင်းတစ်နေရာက ရွာ တစ်ခုဆီ ပညာရေးဝန်ထမ်းတွေကို KNDF ရဲ့ ကိုယ်စားလှယ်တွေက သွားရောက် ပို့ဆောင်ခဲ့ကြပြီးတော့ တပ်မတော်သားတွေနဲ့ အစိုးရဝန်ထမ်းတွေက တောင်ကြီးကနေ သွားရောက်ခေါ်ဆောင် ပေးခဲ့ကြရတယ်လို့ ပြန်လည်ကြားသိရပါတယ်။ (၃)လ ကျော်လာသည့်တိုင်အောင် အချို့သော ပညာရေး ဝန်ထမ်းတွေ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရသလို တပ်မတော်ဘက်ကလည်း ကယ်တင်ပေး နိုင်ခြင်းမရှိခဲ့တာကို အထင်းသား မြင်ခဲ့ရပြန်ပါတယ်။

ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ထဲမှာတော့ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော ပညာရေးဆိုင်ရာ အဆောက် အအုံများနှင့် ဆရာ/ ဆရာမများကို အကာအကွယ် ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းတွေဟာ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက် တယ်လို့ ဖော်ပြထားပါတယ်။ သို့သော်လည်း ဒီဥပဒေဟာ NUG ဘက်တော်သား PDF တွေအတွက်တော့ မစိုသောမိုး ရွာချခြင်းမျိုးတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန် အထိ နိုင်ငံတစ်ဝန်းမှာ ရဟန်းသံဃာ၊ ပညာရေးဝန်ထမ်းအပါအဝင် နိုင်ငံ့ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူ ၆၉၀ဝ နီးပါး သတ်ဖြတ်ခံထားရပါတယ်။ ဒီသတ်ဖြတ်မှုတွေဟာ NUG လက်အောက်ခံ အဖွဲ့အစည်းအသီးသီးရဲ့ ကျူးလွန်မှုတွေဖြစ်ပြီး ပညာရေးဝန်ထမ်းပေါင်း(၁၀ဝ)နီးပါး လည်း သတ်ဖြတ်ခံထားရတာပါ။ ဆက်သွယ်ရေး နဲ့ လျှပ်စစ်တာဝါတိုင်ပေါင်း(၅၆၀)ထက်မနည်း၊ ကျန်းမာရေးအဆောက်အအုံ(၅၀)ကျော်၊ ဘာသာရေး အဆောက်အအုံ(၇၀)နီးပါး၊ လမ်း/တံတားနဲ့ တိုးဂိတ် အဆောက်အအုံပေါင်း(၁၅၀ဝ)နီးပါး၊ စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အအုံပေါင်း (၇၀ဝ)နီးပါးဟာNUG-PDF တို့ရဲ့လက်ချက်နဲ့ ဆုံးရှုံးနစ်နာခဲ့ရပြီးပါပြီ။ ပညာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့မှု အကြိမ်ရေဟာ(၄၀ဝ) ကျော်ရှိခဲ့သလို နိုင်ငံတစ်ဝန်းက ပညာသင်ယူရမယ့်အရွယ် ကျောင်းသားဦးရေရဲ့(၅၀)ရာခိုင်နှုန်းနီးပါးကို ပညာသင်ကြားခွင့် ကင်းမဲ့သွားစေခဲ့ရပါတယ်။ စစ်ပွဲတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ကျောင်းမတက်လိုက်ရတဲ့ ကလေးငယ်ပေါင်း သန်းနဲ့ချီ ရှိလာပါတယ်။ ဥပမာ အားဖြင့် လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ၂၀၂၄ ခုနှစ်အတွင်း ပညာသင် ကြားကြမယ့် ကလေးငယ် ၅၇၀ဝဝဝ ကျော်ထဲက ၂၈၀ဝဝဝ နီးပါး (၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော်)ဟာ AA လက်နက်ကိုင်အဖွဲ့ကြောင့် ထွက်ပြေးတိမ်း ရှောင်ရင်း ကျောင်း တက်ခွင့် ဆုံးရှုံးသွားကြရပါတယ်။ နိုင်ငံတစ်ဝန်းမှာ မဖွင့်လှစ်နိုင်တော့တဲ့ စာသင်ကျောင်းပေါင်း သောင်းချီ ရှိလာနေသလို တက္ကသိုလ်လည်း ဟားခါး(ချင်းပြည်နယ်) အပါအဝင် ဆယ်ခုမက ရှိလာပါတယ်။ ဒါပေမဲ့ တည်ဆဲခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ “ပညာရေး ဟာ နိုင်ငံ့အနာဂတ်”လို့ တဖွဖွ ပြောနေဆဲပါပဲ။

ကလေးတက္ကသိုလ်ဖြစ်စဉ်၊ ထားဝယ်နည်း ပညာတက္ကသိုလ်ဖြစ်စဉ်နဲ့ လွိုင်ကော်တက္ကသိုလ် ဖြစ်စဉ်တွေကို ခြုံငုံကြည့်ပြီးရင် တည်ဆဲအာဏာပိုင် အဖွဲ့ကိုရော အတိုက်အခံ ပုန်ကန်ရေးသမား အုပ်စု ကိုပါ ပြတ်သားစွာ ဝေဖန်စရာတွေ ရှိလာပါတယ်။ NUG-PDF အဖွဲ့တွေဟာ နိုင်ငံရေးကျင့်ဝတ် စည်းကမ်းတွေ၊ နိုင်ငံတကာစံတန်ဖိုးတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းတွေ၊ စစ်အာဏာရှင် ဆိုတဲ့ စကားလုံးတွေကို ထည်လဲသုံးနေပေမယ့် သူတို့လုပ် ဆောင်နေသမျှတွေဟာ သူတို့ကြွေးကြော် ထားတဲ့ စကားလုံးတွေရဲ့ ပြောင်းပြန်အရပ်မှာသာရှိနေတာကို အထင်သားမြင်လာရပါတယ်။ ကျင့်ဝတ်စည်းကမ်းနဲ့ လူ့တန်ဖိုးကို နားမလည်တဲ့ စာမဖတ်ပေမဖတ်ကောင်တွေ အဆင့်ကနေ နိုင်ငံကို အုပ်ချုပ်ချင်တဲ့ အဆင့်အထိ ပြင်ဆင်လျှောက်လှမ်းရမယ့် ခရီးမှာ အချောင်ရဖို့ လက်နက်ကိုင်နေတာကလွဲပြီးရင် တခြားဘာတစ်ခုမှ လူထုအပေါ် ကောင်းကျိုးပြုခဲ့တာ မရှိပါဘူး။ ပညာရေးဆိုတဲ့ကဏ္ဍဟာ ထိပါးရမယ့်အရာ မဟုတ်ဘူးဆိုတဲ့ နိုင်ငံတကာပညာရေးစံတန်ဖိုး၊ အခြားတစ်ပါးသူရဲ့ကြိုက်နှစ်သက်ရာ အားပေးပိုင်ခွင့် ကို လက်ခံပေးရမယ့်ဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အ ရေး စံတန်ဖိုးတွေကို သွေဖည်ခဲ့သလို လူထုအပေါ် ခြိမ်းခြောက်ဖိနှိပ်မှုတွေလုပ်တဲ့ စစ်အာဏာရှင် ဓလေ့စရိုက်ကို ဆန့်ကျင်ရမယ့်အစား ဘက်တော်သား မဟုတ်ရင် သတ်ဖြတ်ဖို့ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ် အနိုင်ကျင့်ခြင်းတွေကို ကျုးလွန်ခဲ့ကြတာတွေဟာ NUG ဘက်တော်သားတွေအတွက် အရှက်ရစရာ ယုတ်ကမ်းမှုတွေ ဖြစ်လာပါတယ်။ လူ့အရိုင်းအစိုင်း ရာဇဝတ်ကောင်တွေလို့ သတ်မှတ်ရမယ့် လုပ်ရပ် ပေါင်းများစွာကို NUG-PDF တို့က ခြေနုတ်မရ အောင် ကျုးလွန်ခဲ့ကြပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးလောကအပေါ် ယုတ်ကမ်းခဲ့တဲ့ NUG ရဲ့လုပ်ရပ်ကို သတင်းစာဆရာတစ်ဦးအနေနဲ့ ပြတ် ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။

အလားတူ တည်ဆဲနစက အစိုးရဟာလည်း ညံ့ဖျင်းတဲ့အစိုးရတစ်ရပ်အဖြစ် ပေါ်လွင်လာတယ်လို့ ထောက်ပြချင်ပါတယ်။ လွိုင်ကော်တက္ကသိုလ် စီးနင်းခံရတဲ့ဖြစ်စဉ်အပြီးကတည်းက နောက်ထပ် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကာကွယ်ပေးဖို့အတွက် အစီအမံတွေ ရေးဆွဲခဲ့သင့်တာပါ။ အကယ်၍ လုံခြုံမှုပေးဖို့ ခက်ခဲတဲ့ နယ်မြေတွေမှာ ရှိနေတယ်ဆိုရင်လည်း နေရာတစ်ခုကို ဆုံချက်သတ်မှတ်ပြီး စုပေါင်း ပညာသင်တဲ့စနစ်နဲ့ ပညာရေးအစီအမံတွေ ရေးဆွဲသင့်ပါတယ်။ အထူးသဖြင့် ပညာရေး ဝန်ကြီးဌာနနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး လုံခြုံရေးအစီအမံတွေ ရေးဆွဲတင်ပြခဲ့သင့်တာပါ။ ဒါတွေလစ်ဟင်းခဲ့လို့ ပညာရေး ကဏ္ဍဟာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ရှိခဲ့ရသလို လူငယ်သန်းပေါင်း များစွာရဲ့အနာဂတ်ဟာလည်း မှေးမှိန်သွား ခဲ့ရပါပြီ။ နယ်မြေဒေသအသီးသီးကို ကာကွယ်မှုပေးဖို့ ခက်ခဲတယ်ဆိုရင်တောင် ပညာရေးကဏ္ဍအတွက် ဒေသန္တရ အစီအစဉ်တွေ ရေးဆွဲသင့်တာကို သာမန်လူပြိန်း တောင် နားလည်ပါတယ်။ သို့သော်လည်း သက်ဆိုင် ရာ ပညာရေးကဏ္ဍ အသီးသီးက စိတ်ဝင်စားမှုရှိခဲ့ပုံ မရပါဘူး။ ဒါကြောင့် ကာကွယ်မှု ပေးနိုင်ခြင်းမရှိသော အစိုးရ လို့ ခေါင်းစဉ်တပ်ခံရမှာ ဖြစ်သလို ကာကွယ်မှုမပေးနိုင်သော မိဘဆီမှာ ကြီးပြင်းလာမယ့် သားသမီးတွေ ရိုင်းစိုင်း ခဲ့ရင် မိဘကသာ တာဝန်ရှိလာပါတော့တယ်။

လွိုင်ကော်ဖြစ်စဉ်မှာ နစကရဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က သက်စွန့်ဆံဖျား ကယ်ဆယ် ပေးခဲ့လို့ ပညာ ရေးဝန်ထမ်းအချို့ ပြန်လွတ်လာတာ လားလို့ မေးရင် No လို့ ပြန်ဖြေရမှာပါ။ ဒါဖြင့်ရင် ကလေးတက္ကသိုလ် ဖြစ်စဉ်မှာကောလို့ မေးရင် ကယ်တင်ခဲ့တယ်ဆိုတဲ့ (၂၈၅)ဦးလုံးဟာ တစ်ဖက်က အကုန်လုံးကား ပေါ်တင်ခေါ်သွားဖို့ အချိန်မလောက်၊ မဖြစ်နိုင်လို့ ထားခဲ့တာသာ ဖြစ်တယ်လို့ နားလည် ရမှာပါ။ ထားဝယ်နည်းပညာတက္ကသိုလ်ဖြစ်စဉ်မှာ တော့ သုံးဦး ပါသွားခဲ့တာဖြစ်သလို တပ်မတော်ဘက် က ကျားကုတ်ကျားခဲ ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ လိမ့်မယ်လို့ ယုံကြည်ချင်စရာအချက် လုံးဝရှိမနေပြန်ပါဘူး။ ဒီပုံစံအတိုင်းသွားရင် လွိုင်ကော်တက္ကသိုလ် အပြီးမှာ ကလေးတက္ကသိုလ်၊ အဲဒီနောက် ထားဝယ် နည်းပညာတက္ကသိုလ်အထိ PDF တွေက ခရီးပေါက် ခဲ့လေတော့ ပခုက္ကူတက္ကသိုလ် အပါအဝင်စစ်မက် ဖြစ်ပွားရာဒေသ အသီးသီးက တက္ကသိုလ်တွေဟာ NUG – PDF တွေအတွက် ဖျက်ဆီးဖို့ အကောင်းဆုံး နေရာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

နစက အစိုးရကို ပြောပါရစေ။ ပြည်သူလူထုကို ကာကွယ်ပေးနိုင်စွမ်းမရှိရင် အစိုးရမလုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ့်နေရာတစ်ကွက်လေး မိုးလုံရုံနဲ့ တစ်နိုင်ငံလုံး အေးချမ်းစွာ အိပ်စက်ရပြီလို့ အထင်ရှိတဲ့ ခေါင်းဆောင်တွေဟာ ခေါင်းဆောင်ကောင်းတွေ မဟုတ်ပါဘူး။ လူမိုက် လူရမ်းကားတွေ လူ့အရိုင်းအစိုင်း ရာဇဝတ်ကောင်တွေကို နိုင်ငံရဲ့ မြေကြီးပေါ်ကနေ ဖယ်ရှားပစ်ဖို့ တာဝန်မယူနိုင်ဘူး ဆိုရင် အဲဒီခေါင်းဆောင် ရဲ့သမိုင်းဟာ လှပလေ့ မရှိပါဘူး။ သမိုင်းဆိုတာက နိုင်တဲ့သူဟာ ရေးထိုးနိုင် ကြတာပါ။ “ Dead men tell no Tales” ပါ။

zawgyi version
ပညာေရးကို ထိပါးလာတဲ့ အ႐ိုင္းအစိုင္းေတြနဲ႔ ကာကြယ္ေပးႏိုင္စြမ္း ကင္းမဲ့လြန္းတဲ့ အစိုးရ (ဆောင်းပါး)
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - မတ္ ၂

၇၂ နာရီသာ ၾကာျမင့္တဲ့အခ်ိန္အတြင္း ျမန္မာ့ပညာေရးေလာကကို ေျဗာင္းဆန္သြားေစတဲ့ ျဖစ္စဥ္ႏွစ္ခု ျဖစ္ခဲ့ပါတယ္။ ကေလးတကၠသိုလ္က ဆရာ/မေတြနဲ႔ ထားဝယ္နည္းပညာတကၠသိုလ္က ဒုပါေမာကၡခ်ဳပ္အပါအဝင္ သုံးဦးကို NUG လက္ ေအာက္ခံ PDF အဖြဲ႕ေတြက လြယ္လင့္တကူျပန္ ေပးဆြဲဖမ္းဆီးသြားတဲ့ ျဖစ္စဥ္ပါပဲ။ ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္ရင္ တည္ဆဲနစက အစိုးရကို ကာကြယ္မႈ ေပးႏိုင္စြမ္း ကင္းမဲ့လြန္းေသာ အစိုးရတစ္ရပ္လို႔ တိုက္႐ိုက္ေဝဖန္ခ်င္သလို ျပန္ေပးဆြဲ ဖမ္းဆီးမႈေတြ လုပ္ေနတဲ့ NUG လက္ေအာက္ခံ PDF ေတြကိုလည္း လူ႔အ႐ိုင္းအစိုင္း ရာဇဝတ္ေကာင္ေတြလို႔သတင္းစာဆရာတစ္ဦးအေနနဲ႔ ျပတ္ျပတ္သားသား စြပ္ စြဲပါတယ္။

၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ(၂၅)ရက္ နံနက္ပိုင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ အ ျပင္ဘက္မွာရွိတဲ့ ကေလးတကၠသိုလ္ကို NUG လက္ေအာက္ခံ PDF ေတြနဲ႔ ခ်င္း PDF ေတြကဝင္ ေရာက္စီးနင္းတိုက္ခိုက္ၿပီး ပါေမာကၡခ်ဳပ္နဲ႔ပညာ ေရးဝန္ထမ္းေတြ၊ ေက်ာင္းသား/သူေတြကိုဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ တကၠသိုလ္နားမွာ ရွိတဲ့ လုံၿခဳံေရးကင္းစခန္းေတြကို ဝင္ေရာက္တိုက္ခိုက္တဲ့ PDF ပူးေပါင္းအဖြဲ႕ေတြဟာ တကၠသိုလ္ေနာက္ဘက္ ေတာတြင္းဝင္ေပါက္ကေန ခ်ဥ္းနင္းဝင္ ေရာက္ၿပီး ဇလပ္နီအေဆာင္ထဲက ေက်ာင္းဆရာ /ဆရာမ ေတြကို ျပန္ေပးဆြဲခဲ့ၾကတာပါ။ “ကြၽန္မမတ္(ခင္ပြန္းသည္၏ ညီ) ကထိကေလးကတိုးတိုး က်ိတ္က်ိတ္ ေလးနဲ႔ သူ႔အစ္ကိုဆီကိုဖုန္းဆက္ပါတယ္။ သူတို႔ကို PDF ေတြက ဖမ္းထားၿပီးေတာ့ ဖုန္းေတြ သိမ္းတယ္တဲ့။ သူ႔မွာ ဖုန္းႏွစ္လုံးထဲကတစ္ လုံးကို ခိုးဝွက္ထားလို႔ အဲဒီတစ္လုံး ေနာက္ဆုံးအေျခ အေနကို သူ႔အစ္ကိုဆီ လွမ္းေျပာခဲ့ ေသးတယ္။ သူ႔ ဖုန္းကို လုံးဝျပန္မေခၚပါနဲ႔လို႔ေျပာတယ္။ အဲဒီ ေနာက္ပိုင္း အဆက္အသြယ္မရေတာ့ဘူး”လို႔ ေဖ ေဖာ္ဝါရီ ၂၅ ရက္က ျဖစ္စဥ္အေၾကာင္း လူသိထင္ရွား ႏိုင္ငံေရးသမားတစ္ဦးက ေျပာပါတယ္။
ကေလးတကၠသိုလ္ျဖစ္စဥ္နဲ႔ ပတ္သက္ရင္ နစကရဲ႕ သတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္း ထြန္းကေတာ့ PDF ၁၃၀ ေလာက္က တကၠ သိုလ္ရဲ႕ေတာင္ဘက္ေပါက္ကေန ဝင္ေရာက္ၿပီး ဆရာ/မေတြနဲ႔ ေက်ာင္းသား/သူေတြကို ဖမ္းဆီး ထားေၾကာင္း သတင္းရလို႔ ကယ္ဆယ္ေရးအဖြဲ႕က အခ်ိန္မီ သြားေရာက္ကယ္ဆယ္ခဲ့ၾကတယ္လို႔ေျပာ ထားပါတယ္။ ကယ္တင္ႏိုင္ခဲ့တဲဦးေရကေတာ့ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းေသူေတြနဲ႔ ႐ုံးဝန္ ထမ္းစုစုေပါင္း(၂၈၅)ဦးလို႔ ဆိုပါတယ္။ က်န္ရွိတဲ့ျပန္ ေပးဆြဲ ဖမ္းဆီးခံသြားရသူေတြကို ကယ္တင္ႏိုင္ဖို႔ ဆက္လက္ႀကိဳးစားေနတယ္လို႔ ထုတ္ျပန္ေျပာဆိုေန က်ပုံစံအတိုင္း ထူးမျခားနား ေျပာပါတယ္။ တစ္ဖက္မွာေတာ့ PDF အဖြဲ႕ေတြဘက္က ေဖေဖာ္ဝါရီ (၂၆) ရက္မွာ သတင္းတစ္ခု ထုတ္ျပန္ခဲ့သလို ဖမ္းဆီးထား သူ အစားကယ္ထုတ္ထားသူလို႔ သုံးႏႈန္းခဲ့ၿပီးစုစု ေပါင္း(၁၄၀)ေက်ာ္တယ္လို႔ ဆိုပါတယ္။ ေဖေဖာ္ဝါရီ (၂၁)ရက္ေလာက္ကတည္းက ကေလးၿမိဳ႕နယ္ထဲမွာ ထိေတြ႕ပစ္ခတ္မႈေတြ ဆက္တိုက္ျဖစ္ေပၚခဲ့သလို တကၠသိုလ္ထဲက ပညာေရးေလာကသားေတြအကုန္ လုံးဟာ ေသနတ္သံေတြေၾကာင့္ အျပင္ကို ေသခ်ာမ ထြက္ရဲခဲ့ၾကဘူးလို႔ ၾကားသိခဲ့ရပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ကေလးတကၠသိုလ္ကေန ျပန္ေပးဆြဲခံလိုက္ရတဲ့ ပညာေရးေလာ ကသား ေတြကို ျပန္လႊတ္ေပးျခင္းမရွိေသးဘဲ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေယာဟန္ထြန္းရဲ႕ ႐ုပ္သံဖိုင္တစ္ခု သာ ေဖေဖာ္ ဝါရီ (၂၉)ရက္ညပိုင္းမွာ ထြက္ေပၚလာခဲ့တာပါ။ စိုးရိမ္စိတ္ေတြျပည့္ေနတဲ့ အမူအရာနဲ႔ ႐ုပ္သံဖိုင္ကေနတစ္ဆင့္ လူထုကို သတင္းစကားပါး ရာမွာေတာ့ က်န္းမာစြာ ရွိေနေၾကာင္း၊ PDF ေတြက တိုက္ပြဲထဲကေန ကယ္ထုတ္ ေပးတာ ျဖစ္ေၾကာင္း အသိေပးခဲ့သလို ပညာေရးေလာကသားေတြကို ျပန္ လႊတ္ေပးမွာျဖစ္ေၾကာင္း အသိ ေပးခဲ့ပါတယ္။ ကေလးတကၠသိုလ္ျဖစ္စဥ္နဲ႔ ပတ္သက္ရင္ အရပ္ ဘက္လူမႈအဖြဲ႕အစည္း(၂၁)ခုက ကန႔္ကြက္ ေၾကာင္း စာထုတ္ခဲ့ေပမယ့္ ထုတ္ျပန္တဲ့စာတိုင္းမွာ ယုံၾကည္ ခ်က္ခံယူခ်က္ေတြ စိတ္ေစတနာေတြ ပါဝင္မေန တာကို စာဖတ္ေနရင္းနဲ႔ သတိထားမိပါတယ္။ ဆိုလိုခ်င္တာက အျဖစ္သေဘာထုတ္ျပန္ၾကတဲ့ စာအဆင့္မွာ သာရွိၿပီး ပညာေရးေလာကကို တိုက္ခိုက္ဖ်က္ဆီးေနတဲ့ အၾကမ္းဖက္လုပ္ရပ္အေပၚ ရဲရဲဝံ့ဝံ့ လူပီသစြာ မေဝဖန္ရဲၾကတာကို ခံစားရပါတယ္။ ရင္နာစရာေကာင္းတဲ့ လူ႔အသိုင္းအဝိုင္းႀကီးပါပဲ။

ကေလးတကၠသိုလ္ ျဖစ္စဥ္အတြက္ စိတ္မေကာင္း ျဖစ္ေနရခ်ိန္ သုံးရက္ေတာင္ မျပည့္ခင္ ေဖေဖာ္ဝါရီ (၂၈)ရက္မွာလည္း ထားဝယ္နည္းပညာ တကၠသိုလ္က ပညာေရးဝန္ထမ္းေတြကို NUG လက္ေအာက္ခံ PDF ေတြက ဖမ္းဆီးခဲ့ျပန္ပါတယ္။ တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕အျပင္ဘက္မွာ ရွိတဲ့ ထားဝယ္နည္းပညာ တကၠသိုလ္က ဒုပါေမာကၡခ်ဳပ္ ေဒါက္တာေက်ာ္ေအာင္၊ ၿမိဳ႕ျပအင္ဂ်င္နီယာ ဌာနမႉး ပါေမာကၡ ေဒၚနႏၵာလြင္နဲ႔ အဂၤလိပ္စာဌာနမႉး ပါေမာကၡ ေဒၚစုစုလတ္တို႔ကို ေဖေဖာ္ဝါရီ(၂၈)ရက္ နံနက္ပိုင္းမွာ PDF (၇၀)ဦးေလာက္က လြယ္လင့္တကူ ဝင္ေရာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကတာပါ။ ဒီလိုဖမ္းဆီးမႈကိုလည္း ထားဝယ္အေျခစိုက္ ဗထူး PDF က စစ္ကြၽန္ပညာေရးကို သင္ၾကားတဲ့ စစ္တပ္ ေထာက္တိုင္ေတြျဖစ္လို႔ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။ ကေလးတကၠသိုလ္ျဖစ္စဥ္နဲ႔ ထားဝယ္နည္းပညာတကၠသိုလ္ျဖစ္စဥ္ေတြဟာ စုစုေပါင္း(၇၂)နာရီေတာင္ မၾကာခဲ့ပါဘူး။ ႏိုင္ငံဟာ ကာကြယ္ေစာင့္ေရွာက္ေပးမယ့္သူ ကင္းမဲ့စြာနဲ႔ လူ ရမ္းကားေတြရဲ႕အဓမၼျပဳက်င့္ျခင္းကို ခံေနရၿပီလားလို႔ ေမးခြန္းထုတ္ရေတာ့မွာပါ။ ထားဝယ္နည္းပညာတ ကၠသိုလ္ျဖစ္စဥ္ကိုလည္း တပ္မေတာ္နဲ႔ လုံၿခဳံေရးတပ္ ဖြဲ႕ဝင္ေတြဟာ ေျခမဲ့လက္မဲ့ျဖစ္သလားလို႔ ေမးရ ေလာက္ေအာင္ ဘယ္လိုမွ တုံ႔ျပန္ႏိုင္ျခင္း မရွိခဲ့ၾကပါဘူး။ နစကရဲ႕သတင္းထုတ္ျပန္ေရးမွာေတာ့ ထုတ္ျပန္ ေနက် စကားလုံးေတြအတိုင္း ျပန္လည္ကယ္ဆယ္ရရွိ ေရးအတြက္ ႀကိဳးစားေနပါတယ္လို႔သာ ေျပာႏိုင္ေတာ့ တာကို ေတြ႕ရပါတယ္။

ဒီျဖစ္စဥ္ေတြရဲ႕အေစာပိုင္းမွာလည္း နမူနာေတြအျဖစ္ လြိဳင္ေကာ္တကၠသိုလ္တိုက္ပြဲနဲ႔ ပညာေရးဝန္ထမ္းေတြ ဖမ္းဆီးခံရတဲ့ ျဖစ္စဥ္ဟာ ပူပူေႏြးေႏြးပဲ ရွိပါေသးတယ္။ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ (၁၁)ရက္က (၁)ေလးလုံး အမည္ရွိတဲ့ ေခါင္းစဥ္နဲ႔ KNDF အဖြဲ႕က လြိဳင္ေကာ္ကို ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့သလို တကၠသိုလ္ဘက္ျခမ္းမွာ အသာစီးရခဲ့ ၿပီးေတာ့ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသား ေက်ာင္းသူ ေတြ စုစုေပါင္း(၁၉၄)ဦးထက္မနည္းကို ဖမ္းဆီးသြားခဲ့ ၾကပါတယ္။ KNDF ရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ လြိဳင္ေကာ္ပညာေရးေလာကသားေတြက လုံၿခဳံတဲ့ ေနရာကို ေျပာင္းေ႐ႊ႕ခ်င္လို႔ KNDF က ကူညီေခၚ ေဆာင္သြားေပးခဲ့သေယာင္ ဝါဒျဖန႔္ခဲ့ပါတယ္။ တကၠသိုလ္ပါခ်ဳပ္ ေဒါက္တာေအာင္ခင္ျမင့္နဲ႔ အမ်ိဳး သမီးတစ္ဦးက ဝါဒျဖန႔္႐ုပ္သံအတြက္ ထြက္ဆို ေပးခဲ့ရသလို က်န္းမာေဘးကင္းလ်က္ရွိေၾကာင္း၊ မၾကာခင္မွာ မိသားစုေတြဆီ ျပန္ပို႔ေပးမွာျဖစ္ေၾကာင္း အသိေပးခဲ့ပါတယ္။ အဲဒီျဖစ္စဥ္မွာလည္း လြိဳင္ေကာ္-ေတာင္ႀကီး လမ္းပိုင္းတစ္ေနရာက ႐ြာ တစ္ခုဆီ ပညာေရးဝန္ထမ္းေတြကို KNDF ရဲ႕ ကိုယ္စားလွယ္ေတြက သြားေရာက္ ပို႔ေဆာင္ခဲ့ၾကၿပီးေတာ့ တပ္မေတာ္သားေတြနဲ႔ အစိုးရဝန္ထမ္းေတြက ေတာင္ႀကီးကေန သြားေရာက္ေခၚေဆာင္ ေပးခဲ့ၾကရတယ္လို႔ ျပန္လည္ၾကားသိရပါတယ္။ (၃)လ ေက်ာ္လာသည့္တိုင္ေအာင္ အခ်ိဳ႕ေသာ ပညာေရး ဝန္ထမ္းေတြ လြတ္ေျမာက္လာျခင္းမရွိေသးဘူးလို႔ သိရသလို တပ္မေတာ္ဘက္ကလည္း ကယ္တင္ေပး ႏိုင္ျခင္းမရွိခဲ့တာကို အထင္းသား ျမင္ခဲ့ရျပန္ပါတယ္။

ကုလသမဂၢရဲ႕ထုတ္ျပန္ခ်က္ထဲမွာေတာ့ စစ္ေရးႏွင့္ သက္ဆိုင္ျခင္းမရွိေသာ ပညာေရးဆိုင္ရာ အေဆာက္ အအုံမ်ားႏွင့္ ဆရာ/ ဆရာမမ်ားကို အကာအကြယ္ ရယူပစ္ခတ္တိုက္ခိုက္ျခင္း၊ ဖမ္းဆီးျခင္းေတြဟာ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒတို႔အရ စစ္ရာဇဝတ္မႈက်ဴးလြန္ရာေရာက္ တယ္လို႔ ေဖာ္ျပထားပါတယ္။ သို႔ေသာ္လည္း ဒီဥပေဒဟာ NUG ဘက္ေတာ္သား PDF ေတြအတြက္ေတာ့ မစိုေသာမိုး ႐ြာခ်ျခင္းမ်ိဳးေတြသာ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ကေန ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလကုန္ အထိ ႏိုင္ငံတစ္ဝန္းမွာ ရဟန္းသံဃာ၊ ပညာေရးဝန္ထမ္းအပါအဝင္ ႏိုင္ငံ့ဝန္ထမ္းႏွင့္ အျပစ္မဲ့ျပည္သူ ၆၉၀ဝ နီးပါး သတ္ျဖတ္ခံထားရပါတယ္။ ဒီသတ္ျဖတ္မႈေတြဟာ NUG လက္ေအာက္ခံ အဖြဲ႕အစည္းအသီးသီးရဲ႕ က်ဴးလြန္မႈေတြျဖစ္ၿပီး ပညာေရးဝန္ထမ္းေပါင္း(၁၀ဝ)နီးပါး လည္း သတ္ျဖတ္ခံထားရတာပါ။ ဆက္သြယ္ေရး နဲ႔ လွ်ပ္စစ္တာဝါတိုင္ေပါင္း(၅၆၀)ထက္မနည္း၊ က်န္းမာေရးအေဆာက္အအုံ(၅၀)ေက်ာ္၊ ဘာသာေရး အေဆာက္အအုံ(၇၀)နီးပါး၊ လမ္း/တံတားနဲ႔ တိုးဂိတ္ အေဆာက္အအုံေပါင္း(၁၅၀ဝ)နီးပါး၊ စာသင္ေက်ာင္းနဲ႔ ပညာေရးအေဆာက္အအုံေပါင္း (၇၀ဝ)နီးပါးဟာNUG-PDF တို႔ရဲ႕လက္ခ်က္နဲ႔ ဆုံးရႈံးနစ္နာခဲ့ရၿပီးပါၿပီ။ ပညာေရးဝန္ထမ္းေတြကို ၿခိမ္းေျခာက္ခဲ့မႈ အႀကိမ္ေရဟာ(၄၀ဝ) ေက်ာ္ရွိခဲ့သလို ႏိုင္ငံတစ္ဝန္းက ပညာသင္ယူရမယ့္အ႐ြယ္ ေက်ာင္းသားဦးေရရဲ႕(၅၀)ရာခိုင္ႏႈန္းနီးပါးကို ပညာသင္ၾကားခြင့္ ကင္းမဲ့သြားေစခဲ့ရပါတယ္။ စစ္ပြဲေတြ ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ရင္း ေက်ာင္းမတက္လိုက္ရတဲ့ ကေလးငယ္ေပါင္း သန္းနဲ႔ခ်ီ ရွိလာပါတယ္။ ဥပမာ အားျဖင့္ လတ္တေလာ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ထဲမွာ ၂၀၂၄ ခုႏွစ္အတြင္း ပညာသင္ ၾကားၾကမယ့္ ကေလးငယ္ ၅၇၀ဝဝဝ ေက်ာ္ထဲက ၂၈၀ဝဝဝ နီးပါး (၄၈ ဒသမ ၇၆ ရာခိုင္ႏႈန္းေက်ာ္)ဟာ AA လက္နက္ကိုင္အဖြဲ႕ေၾကာင့္ ထြက္ေျပးတိမ္း ေရွာင္ရင္း ေက်ာင္း တက္ခြင့္ ဆုံးရႈံးသြားၾကရပါတယ္။ ႏိုင္ငံတစ္ဝန္းမွာ မဖြင့္လွစ္ႏိုင္ေတာ့တဲ့ စာသင္ေက်ာင္းေပါင္း ေသာင္းခ်ီ ရွိလာေနသလို တကၠသိုလ္လည္း ဟားခါး(ခ်င္းျပည္နယ္) အပါအဝင္ ဆယ္ခုမက ရွိလာပါတယ္။ ဒါေပမဲ့ တည္ဆဲေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ “ပညာေရး ဟာ ႏိုင္ငံ့အနာဂတ္”လို႔ တဖြဖြ ေျပာေနဆဲပါပဲ။

ကေလးတကၠသိုလ္ျဖစ္စဥ္၊ ထားဝယ္နည္း ပညာတကၠသိုလ္ျဖစ္စဥ္နဲ႔ လြိဳင္ေကာ္တကၠသိုလ္ ျဖစ္စဥ္ေတြကို ၿခဳံငုံၾကည့္ၿပီးရင္ တည္ဆဲအာဏာပိုင္ အဖြဲ႕ကိုေရာ အတိုက္အခံ ပုန္ကန္ေရးသမား အုပ္စု ကိုပါ ျပတ္သားစြာ ေဝဖန္စရာေတြ ရွိလာပါတယ္။ NUG-PDF အဖြဲ႕ေတြဟာ ႏိုင္ငံေရးက်င့္ဝတ္ စည္းကမ္းေတြ၊ ႏိုင္ငံတကာစံတန္ဖိုးေတြ၊ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအေၾကာင္းေတြ၊ စစ္အာဏာရွင္ ဆိုတဲ့ စကားလုံးေတြကို ထည္လဲသုံးေနေပမယ့္ သူတို႔လုပ္ ေဆာင္ေနသမွ်ေတြဟာ သူတို႔ေႂကြးေၾကာ္ ထားတဲ့ စကားလုံးေတြရဲ႕ ေျပာင္းျပန္အရပ္မွာသာရွိေနတာကို အထင္သားျမင္လာရပါတယ္။ က်င့္ဝတ္စည္းကမ္းနဲ႔ လူ႔တန္ဖိုးကို နားမလည္တဲ့ စာမဖတ္ေပမဖတ္ေကာင္ေတြ အဆင့္ကေန ႏိုင္ငံကို အုပ္ခ်ဳပ္ခ်င္တဲ့ အဆင့္အထိ ျပင္ဆင္ေလွ်ာက္လွမ္းရမယ့္ ခရီးမွာ အေခ်ာင္ရဖို႔ လက္နက္ကိုင္ေနတာကလြဲၿပီးရင္ တျခားဘာတစ္ခုမွ လူထုအေပၚ ေကာင္းက်ိဳးျပဳခဲ့တာ မရွိပါဘူး။ ပညာေရးဆိုတဲ့က႑ဟာ ထိပါးရမယ့္အရာ မဟုတ္ဘူးဆိုတဲ့ ႏိုင္ငံတကာပညာေရးစံတန္ဖိုး၊ အျခားတစ္ပါးသူရဲ႕ႀကိဳက္ႏွစ္သက္ရာ အားေပးပိုင္ခြင့္ ကို လက္ခံေပးရမယ့္ဆိုတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အ ေရး စံတန္ဖိုးေတြကို ေသြဖည္ခဲ့သလို လူထုအေပၚ ၿခိမ္းေျခာက္ဖိႏွိပ္မႈေတြလုပ္တဲ့ စစ္အာဏာရွင္ ဓေလ့စ႐ိုက္ကို ဆန႔္က်င္ရမယ့္အစား ဘက္ေတာ္သား မဟုတ္ရင္ သတ္ျဖတ္ဖို႔ ၿခိမ္းေျခာက္ျခင္း၊ ဖိႏွိပ္ အႏိုင္က်င့္ျခင္းေတြကို က်ဳးလြန္ခဲ့ၾကတာေတြဟာ NUG ဘက္ေတာ္သားေတြအတြက္ အရွက္ရစရာ ယုတ္ကမ္းမႈေတြ ျဖစ္လာပါတယ္။ လူ႔အ႐ိုင္းအစိုင္း ရာဇဝတ္ေကာင္ေတြလို႔ သတ္မွတ္ရမယ့္ လုပ္ရပ္ ေပါင္းမ်ားစြာကို NUG-PDF တို႔က ေျခႏုတ္မရ ေအာင္ က်ဳးလြန္ခဲ့ၾကၿပီးၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပညာေရးေလာကအေပၚ ယုတ္ကမ္းခဲ့တဲ့ NUG ရဲ႕လုပ္ရပ္ကို သတင္းစာဆရာတစ္ဦးအေနနဲ႔ ျပတ္ ျပတ္သားသား ဆန႔္က်င္ကန႔္ကြက္ပါတယ္။

အလားတူ တည္ဆဲနစက အစိုးရဟာလည္း ညံ့ဖ်င္းတဲ့အစိုးရတစ္ရပ္အျဖစ္ ေပၚလြင္လာတယ္လို႔ ေထာက္ျပခ်င္ပါတယ္။ လြိဳင္ေကာ္တကၠသိုလ္ စီးနင္းခံရတဲ့ျဖစ္စဥ္အၿပီးကတည္းက ေနာက္ထပ္ စာသင္ေက်ာင္းေတြ၊ တကၠသိုလ္ေတြကို ကာကြယ္ေပးဖို႔အတြက္ အစီအမံေတြ ေရးဆြဲခဲ့သင့္တာပါ။ အကယ္၍ လုံၿခဳံမႈေပးဖို႔ ခက္ခဲတဲ့ နယ္ေျမေတြမွာ ရွိေနတယ္ဆိုရင္လည္း ေနရာတစ္ခုကို ဆုံခ်က္သတ္မွတ္ၿပီး စုေပါင္း ပညာသင္တဲ့စနစ္နဲ႔ ပညာေရးအစီအမံေတြ ေရးဆြဲသင့္ပါတယ္။ အထူးသျဖင့္ ပညာေရး ဝန္ႀကီးဌာနနဲ႔ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြ စုေပါင္းၿပီး လုံၿခဳံေရးအစီအမံေတြ ေရးဆြဲတင္ျပခဲ့သင့္တာပါ။ ဒါေတြလစ္ဟင္းခဲ့လို႔ ပညာေရး က႑ဟာ ထိခိုက္နစ္နာ ဆုံးရႈံးမႈေတြ ရွိခဲ့ရသလို လူငယ္သန္းေပါင္း မ်ားစြာရဲ႕အနာဂတ္ဟာလည္း ေမွးမွိန္သြား ခဲ့ရပါၿပီ။ နယ္ေျမေဒသအသီးသီးကို ကာကြယ္မႈေပးဖို႔ ခက္ခဲတယ္ဆိုရင္ေတာင္ ပညာေရးက႑အတြက္ ေဒသႏၲရ အစီအစဥ္ေတြ ေရးဆြဲသင့္တာကို သာမန္လူၿပိန္း ေတာင္ နားလည္ပါတယ္။ သို႔ေသာ္လည္း သက္ဆိုင္ ရာ ပညာေရးက႑ အသီးသီးက စိတ္ဝင္စားမႈရွိခဲ့ပုံ မရပါဘူး။ ဒါေၾကာင့္ ကာကြယ္မႈ ေပးႏိုင္ျခင္းမရွိေသာ အစိုးရ လို႔ ေခါင္းစဥ္တပ္ခံရမွာ ျဖစ္သလို ကာကြယ္မႈမေပးႏိုင္ေသာ မိဘဆီမွာ ႀကီးျပင္းလာမယ့္ သားသမီးေတြ ႐ိုင္းစိုင္း ခဲ့ရင္ မိဘကသာ တာဝန္ရွိလာပါေတာ့တယ္။

လြိဳင္ေကာ္ျဖစ္စဥ္မွာ နစကရဲ႕လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြဘက္က သက္စြန႔္ဆံဖ်ား ကယ္ဆယ္ ေပးခဲ့လို႔ ပညာ ေရးဝန္ထမ္းအခ်ိဳ႕ ျပန္လြတ္လာတာ လားလို႔ ေမးရင္ No လို႔ ျပန္ေျဖရမွာပါ။ ဒါျဖင့္ရင္ ကေလးတကၠသိုလ္ ျဖစ္စဥ္မွာေကာလို႔ ေမးရင္ ကယ္တင္ခဲ့တယ္ဆိုတဲ့ (၂၈၅)ဦးလုံးဟာ တစ္ဖက္က အကုန္လုံးကား ေပၚတင္ေခၚသြားဖို႔ အခ်ိန္မေလာက္၊ မျဖစ္ႏိုင္လို႔ ထားခဲ့တာသာ ျဖစ္တယ္လို႔ နားလည္ ရမွာပါ။ ထားဝယ္နည္းပညာတကၠသိုလ္ျဖစ္စဥ္မွာ ေတာ့ သုံးဦး ပါသြားခဲ့တာျဖစ္သလို တပ္မေတာ္ဘက္ က က်ားကုတ္က်ားခဲ ျပန္လည္ကယ္တင္ေပးႏိုင္ခဲ့ လိမ့္မယ္လို႔ ယုံၾကည္ခ်င္စရာအခ်က္ လုံးဝရွိမေနျပန္ပါဘူး။ ဒီပုံစံအတိုင္းသြားရင္ လြိဳင္ေကာ္တကၠသိုလ္ အၿပီးမွာ ကေလးတကၠသိုလ္၊ အဲဒီေနာက္ ထားဝယ္ နည္းပညာတကၠသိုလ္အထိ PDF ေတြက ခရီးေပါက္ ခဲ့ေလေတာ့ ပခုကၠဴတကၠသိုလ္ အပါအဝင္စစ္မက္ ျဖစ္ပြားရာေဒသ အသီးသီးက တကၠသိုလ္ေတြဟာ NUG – PDF ေတြအတြက္ ဖ်က္ဆီးဖို႔ အေကာင္းဆုံး ေနရာေတြ တစ္ခုၿပီးတစ္ခု ျဖစ္လာႏိုင္ပါတယ္။

နစက အစိုးရကို ေျပာပါရေစ။ ျပည္သူလူထုကို ကာကြယ္ေပးႏိုင္စြမ္းမရွိရင္ အစိုးရမလုပ္တာ အေကာင္းဆုံးပါပဲ။ ကိုယ့္ေနရာတစ္ကြက္ေလး မိုးလုံ႐ုံနဲ႔ တစ္ႏိုင္ငံလုံး ေအးခ်မ္းစြာ အိပ္စက္ရၿပီလို႔ အထင္ရွိတဲ့ ေခါင္းေဆာင္ေတြဟာ ေခါင္းေဆာင္ေကာင္းေတြ မဟုတ္ပါဘူး။ လူမိုက္ လူရမ္းကားေတြ လူ႔အ႐ိုင္းအစိုင္း ရာဇဝတ္ေကာင္ေတြကို ႏိုင္ငံရဲ႕ ေျမႀကီးေပၚကေန ဖယ္ရွားပစ္ဖို႔ တာဝန္မယူႏိုင္ဘူး ဆိုရင္ အဲဒီေခါင္းေဆာင္ ရဲ႕သမိုင္းဟာ လွပေလ့ မရွိပါဘူး။ သမိုင္းဆိုတာက ႏိုင္တဲ့သူဟာ ေရးထိုးႏိုင္ ၾကတာပါ။ “ Dead men tell no Tales” ပါ။

Related news

© 2021. All rights reserved.