“နစကအစိုးရ ဒီနှစ်အတွင်း ဖြုတ်ချခံရမယ်ဆိုတဲ့အချက်ကဖြစ်နိုင်ခြေနည်းပါးလွန်းတယ်” ဘင်္ဂလားဒေ့ရှ်ဗိုလ်ချုပ်ကြီး (ဘာသာပြန်ဆောင်းပါး)
12614
ဂျန်ဇက် (NP News) - မတ် ၃
မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့် တက်လာခဲ့သလို လက်ရှိအချိန်မှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခအခြေနေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ Jh Muniruzzaman နဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothom Alo သတင်းဌာနတို့ တွေ့ဆုံမေးမြန်းထားသည်များကို NP News ပရိသတ်များ အတွက် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဗိုလ်ချုပ်ကြီးဟောင်းဟာ လက်ရှိအချိန်မှာလည်း ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအင်စတီကျူ့ မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေပြီး ဒေသအတွင်းလုံခြုံရေးကိစ္စတွေကို လေ့လာနေသူအဖြစ် ဆောင်ရွက်နေပါတယ်။
မေး - ချင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က မြန်မာစစ်အစိုးရကို ဒီနှစ်အတွင်းဖြုတ်ချနိုင်မယ်လို့ ပြောဆိုခဲ့တယ်။ အဲဒီပြောဆိုချက်တွေအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။
ဖြေ - မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာရယူ မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နောက်ပိုင်းမှာ နေရာအသစ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းထားတဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့ဟာ မြန်မာတပ်မတော်ကို ၁၀၂၇ အမည်ရှိ စစ်ဆင်ရေးတစ်ခုစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ အောင်မြင်မှုတွေရရှိခဲ့တယ်။ အစိုးရကိုလည်း ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ညီနောင်မဟာမိတ်အဖွဲ့ တွေဟာ မြန်မာအစိုးရထိန်းချုပ်ထားတဲ့မြို့တွေနဲ့ တပ်မတော်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်။ ညီနောင် မဟာမိတ်အဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်။ PDF အဖွဲ့တွေမှာ ဗမာလူမျိုး အများဆုံး ပါဝင်နေတယ်။ ဒါကြောင့် မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ပူးပေါင်းတိုက်ခိုက်မှုတွေဟာ ပုံစံအသစ်နဲ့ အချိုးအစားအသစ်တွေဖြစ်လာစေခဲ့တယ်။ အနောက်အုပ်စုမီဒီယာတွေကလည်း မြန်မာအစိုးရဟာ ဒီနှစ်အတွင်း ဖြုတ်ချခံရမယ်လို့ ဝေဖန်ရေးသားကြတယ်။ လက်နက်ကိုင်အဖွဲ့တွေကလည်း အနောက်အုပ်စုမီဒီယာတွေ ဖော်ပြသလိုမျိုးပြောဆိုတာတွေလည်း ရှိနေတယ်။ ဒါပေမဲ့ လက်တွေမှာတော့ ဖြစ်နိုင်ခြေက ခက်ခဲလွန်းပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် PDF အဖွဲ့တွေဟာ မြန်မာအစိုးရကို အများကြီးဖိအားပေးနိုင်တာမျိုး မရှိသေးပါ ဘူး။ မြန်မာအစိုးရရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ နယ်စပ်ဒေသတစ်လျှောက်နဲ့ တိုင်းရင်းသား နယ်မြေတွေဖြစ်ပါ တယ်။ ဒါကြောင့် မြန်မာတပ်မတော်ဟာ အလုံးစုံရှုံးနိမ့်သွားမယ်ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။
မေး - မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတစ်လျှောက် ကို သက်ရောက်မှုရှိတယ်လို့ ခံစားမိတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့် တယ်လို့ ထင်ပါသလဲ။
ဖြေ - မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့အတွက် အကျိုးသက်ရောက်မှုတွေခံစားနေရတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နယ်စပ် ဒေသကိုကျော်ပြီး မော်တာကျည်ဆန်တွေ ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ၊ အသက် အိုးအိမ်စည်းစိမ်ထိခိုက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ့ လုံခြုံရေးအဖွဲ့ဝင်တချို့ဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ဆုတ်ခွာခိုလှုံရတာမျိုးတွေရှိလာခဲ့တယ်။ အဲဒီကိစ္စတွေ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုတွေဖြစ်လာစေတယ်။ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ အဲဒီကိစ္စတွေကို သတိထားဆက်ဆံရမှာဖြစ်တယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးရေးရှုထောင့်ကနေ သတိထားဆောင်ရွက်ရမယ်။ ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကို ဆုတ်ခွာလာတဲ့ မြန်မာ့ လုံခြုံရေးအဖွဲ့တွေကို ဆေးဝါးကုသပေးတာ၊ နေစရာနဲ့ ခိုလှုံခွင့်ပေးပြီး မိခင်နိုင်ငံကို ပြန်လွှတ်တာမျိုးတွေရှိခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ရမယ့်အကြောင်းအရင်းတွေကလည်း ရှိနေတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာသူတိုးလာမှာ စိုးရိမ်ရတယ်။ အဲဒီလိုမျိုးတိုးလာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကို ထိခိုက်လာဖွယ်ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ် လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်။ မြန်မာတပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့တွေကို လိုက်လံ တိုက်ခိုက်ချိန်မှာ လက်နက်ကိုင်အုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း ထွက်ပြေးလာတာမျိုးတွေ ရှိလာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နယ်စပ်ဒေသလုံခြုံရေးအတွက် ပိုမိုအားကောင်းတောင့်တင်းအောင် လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်တာတွေကို ပြင်ဆင်ထားရမယ်။
မေး - ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နားလည်မှုအများကြီးမရှိဘူးလို့ ထင်မြင်ယူဆတာတွေလည်း ရှိနေတယ်။ အဲဒီလိုမျိုးမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သိရှိနားလည်မှုများများစားစားမရှိတာက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မူဝါဒတွေ၊ မဟာဗျူဟာတွေ ချမှတ်ရာမှာ အခက်ခဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဗိုလ်ချုပ်ကြီးအနေနဲ့ အဲဒီလိုမျိုး ယုံကြည်ရဲ့လား။
ဖြေ - ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယအပြင် မြန်မာနိုင်ငံနဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေရှ့်ဟာ မြန်မာနိုင်ငံနဲ့ ခိုင်မာကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ခြင်း ဒါမှမဟုတ် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဘယ်တော့မှလုပ်ဆောင်ခဲ့တာမျိုးမရှိဘူးလို့ လူတိုင်းသဘောတူမှာပါ။ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှာ နိုင်ငံအဖြစ် အသိမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်း၊ ဆက်ဆံရေး ကောင်းမွန်အောင် ပိုမို ကြိုးပမ်းအားထုတ်ခြင်းမျိုးမရှိခဲ့ဘူး။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အလုံးစုံသိမြင်နားလည်မှုမရှိဘူး။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ခိုင်မာအားကောင်းတဲ့ သံတမန်ဆက်ဆံရေး၊ အပြန်အလှန်လုံခြုံရေးနဲ့ ပြည်သူအချင်းချင်းထိတွေ့ရင်းနှီးကျွမ်းဝင် တာမျိုးတွေကိုကြိုးပမ်းပေးတာမျိုးမလုပ်ခဲ့ဘူး၊ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မူဝါဒချမှတ်နိုင်တဲ့ လုံလောက်တဲ့အသိပညာမျိုးမရှိဘူး၊ သံတမန်ရေးကဏ္ဍကိုကြည့်မယ်ဆိုရင်လည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဆက်ဆံရေးမှာ ဘင်္ဂါလီပြဿနာက ထိပ်ဆုံးမှာ ရှိနေတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဘင်္ဂါလီအရေးအတွက် အဓိကထား ဆောင်ရွက်နေရတယ်။ အရင်တုန်းကဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံနဲ့ သံတမန်ရေးလှုပ်ရှားဆောင်ရွက်မှုတွေ သီးခြားလုပ်ဆောင်ဖို့ အစီအစဉ်မရှိခဲ့ဘူး၊ အဲဒီရလဒ်တွေ ကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဟာ မူဝါဒအမျိုးမျိုး ရေးဆွဲခဲ့တယ်။ အဲဒီမူဝါဒတွေဟာ ယာယီသဘောမျိုးသာဖြစ်ခဲ့ပြီး လုံလောက်မှုမရှိခဲ့ဘူး၊ ဒီရလဒ်တွေကို ကျွန်တော့်အနေနဲ့ အကြိမ် ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီးပြီ။
မေး - အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သက်ရောက်မှုတွေကို ရင်ဆိုင်နေရတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းဆိုင်ရာ လက်ထောက်အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံရဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ မြင့်တက်လာနေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံအပေါ် သက်ရောက်လာနိုင်တယ်လို့ သတိပေးထားတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ ဘာလုပ်ဖို့လိုမလဲ။
ဖြေ - အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေဟာ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေတွေဟာ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုတွေရှိလာနေတယ်။ ဒါပေမဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးကြောင့် အိန္ဒိယဟာ ပိုမိုထိခိုက် လွယ်ပါတယ်။ အိန္ဒိယဟာ မြန်မာလက်နက်ကိုင်အဖွဲ့တွေရဲ့ခြိမ်းခြောက်မှုတွေ ကိုခံနေရတယ်။ အိန္ဒိယဟာ ရခိုင်ပြည်နယ်မှာ ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရှိနေတယ်။ အဲဒီစီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို ရေလမ်း၊ ကုန်းလမ်းတွေနဲ့ချိတ် ဆက်ပေးနိုင်မယ့်စီမံ ကိန်း မျိုးဖြစ်ပါတယ်။ အဲဒီစီမံကိန်းအတွက် အိန္ဒိယဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ နီးပါး အကုန်ကျခံထားတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက် ကိုင်အဖွဲ့ရဲ့လှုပ်ရှားမှုတွေကြောင့် အဲဒီစီမံကိန်းဟာ ရပ်ဆိုင်းလုနီးပါးဖြစ်ပွားခဲ့ရတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီး တိုးတက်မှုတွေမဖြစ်သေးဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဒေသအတွင်းမှာ အိန္ဒိယရဲ့လှုပ်ရှားမှုတွေကို တိုက်ရိုက်သက်ရောက်မှုတွေဖြစ်လာစေခဲ့တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်နယ်လုဟာ မြန်မာနိုင်ငံရဲ့အခြေနေတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံကို သတိထားဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လိုအပ်မှုရှိတဲ့ နယ်စပ်ဒေသတွေမှာ အင်အားတောင့်တင်း အောင်ပိုမိုလုပ်ဆောင်ရမယ်။ ဒါ့ပြင် နယ်စပ်ဒေသမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ပုံမှန် စောင့်ကြည့်ဖို့ လိုအပ်တယ်။
မေး - မြန်မာနိုင်ငံ ပြိုကွဲနိုင်တယ်လို့ လူအများစုက ထင်မြင်ယူဆနေတယ်။ ဗိုလ်ချုပ်ကြီးကော ဘယ်လို တွေးထင် ပါသလဲ။
ဖြေ - မြန်မာအစိုးရကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ခက်ခဲရုန်းကန်နေရတာတွေရှိ နေပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာ တိကျမှုနဲ့ကန့်သတ်တွေပါဝင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့စည်းအားလုံးဟာ ဗဟိုအစိုးရထံကနေ အာဏာရယူဖို့ မလိုလားဘူး၊ မြန်မာအစိုးရကို လက်နက်ကိုင်ဆန့်ကျင့်နေတဲ့ အုပ်စုတွေဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် သီးခြားတည်ထောင်ဖို့ မလိုလားဘူး၊ ဒါပေမဲ့ အဲဒီ မြန်မာ လက်နက်ကိုင်အုပ်စုတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့ ဒေသကို ထိန်းချုပ်လိုပြီး အဲဒီဒေသရဲ့အရင်းမြစ် တွေကို ရယူထိန်းချုပ်လိုကြတယ်။ လက်ရှိအချိန်အထိ မြန်မာလက်နက်ကိုင်အဖွဲ့တွေဟာ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့၊ ရွေးကောက်ပွဲကျင်းပပေးဖို့ စတဲ့ Agenda မျိုးမရှိသေးပါဘူး၊ ဒေသကိုအခြေပြုလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဗဟိုအစိုးရက ဖိအားပေးခံရတာမျိုးမလိုလားဘူး၊ ဒါကြောင့် မြန်မာနိုင်ငံပြိုကွဲနိုင် တယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေဟာ လက်တွေ့မဆန်ပါဘူး။
မေး - မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ ဒေသအတွင်း ပထဝီနိုင်ငံရေးတွေအပေါ် သက်ရောက်မှုရှိလာနိုင်သလား။
ဖြေ - မြန်မာနိုင်ငံရေးအခြေနေနဲ့ ပဋိပက္ခတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံအများအပြားရှိနေပြီး သူတို့ရဲ့ဩဇာလွမ်းမိုးနိုင်မှုနယ်ပယ် ပိုမိုချဲ့ထွင် နိုင်ဖို့ ဖန်တီးခဲ့တယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဒီကိစ္စမှာ အထူးပါဝင်နေတယ်။ တရုတ်နိုင်ငံဟာ မြန်မာအစိုးရကို တိုက်ရိုက်ထောက်ခံသလို တခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကိုလည်း ထိန်းသိမ်းထားတယ်။ တရုတ်နိုင်ငံဟာ မြန်မာအစိုးရ အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်။ အိန္ဒိယနိုင်ငံကတော့ မြန်နမာအစိုးရ နဲ့ပုံမှန်ဆက်ဆံရေးကို ကာလအတန်ကြာ ထိန်းသိမ်းနေတယ်။ ဒါပေမဲ့ အိန္ဒိယဟာ လက်နက်ကိုင်အုပ်စုတွေနဲ့ ထိတွေ့ဆက်သွယ်တာမျိုးမရှိဘူး၊ ဒေသအတွင်း ပြင်ပနိုင်ငံတွေထဲမှာ အမေရိကန်ဟာ မြန်မာနိုင်ငံရေး ပြဿနာတွေနဲ့ပတ်သက်ပြီး ဩဇာလွှမ်းမိုးမှုတိုးချဲ့ဖို့ကြိုးပမ်းနေတယ်။ ရုရှားနိုင်ငံဟာလည်း မြန်မာနိုင်ငံရေး ပြဿနာနဲ့ဆက်နွယ်ပြီး ပြိုင်ဆိုင်မှုတွေမှာ ပါဝင်ဆက်နွှယ်နေတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံတို့ဟာ လည်း နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးအရ မြန်မာအစိုးရနဲ့ ဆက်ဆံရေးထိန်းသိမ်းထား ဆဲဖြစ်ပါတယ်။ တရုတ်နဲ့ရုရှားနိုင်ငံကြား မဟာဗျူဟာ ပြိုင်ဆိုင်မှု trategic competition တွေဟာ မြန်မာနိုင် ငံအပေါ် သက်ရောက် မှုများစွာဖြစ်လာစေတယ်။ အမေရိကန်နိုင်ငံကလည်း မြန်မာတိုင်းရင်သားအုပ်စု တွေကို ကူညီထောက်ပံ့ပေးမှုတွေ ကိုတိုးချဲ့နိုင်ဖို့ Burma Act ဥပဒေကို ရေးဆွဲထားတယ်။ အမေရိကန်ဟာ Burma Act ဥပဒေကို အကောင်ထည်ဖော် နိုင်ဖို့ ဒေသအတွင်းမှာ တက်ကြွစွာ ပိုမိုဆောင်ရွက်လာနိုင်တယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မဟာဗျူဟာ မြောက် ပြိုင်ဆိုင်မှုတွေဟာ ဒေသအတွင်း နိုင်ငံတွေအပေါ် သက်ရောက်မှုပိုမိုရှိလာဖွယ်ရှိနေပါတယ်။
မေး - အမေရိကန်နိုင်ငံကလုပ်ဆောင်တဲ့ဥပဒေအပြင် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဘယ်နေရာဒေသတွေကို သက်ရောက်မှု ပိုမိုဖြစ်လာနိုင်သလဲ၊ ဗိုလ်ချုပ်ကြီး ဘယ်လိုထင်မြင်ယူဆသလဲ၊ အားလုံးကိုခြုံကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ တိုင်းရင်းသားနယ်မြေတချို့မှာ ဩဇာလွှမ်းမိုးမှုတွေ ရှိနေပြီး၊ အမေရိကန်နိုင်ငံကတော့ တခြားအရပ်ဒေသတွေမှာ ဩဇာလွှမ်းမိုးမှုတွေ ရှိနေပါ တယ်။
ဖြေ - တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ရဲ့အမျိုးသားအကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံမှာ ပါဝင်ဆက်နွယ် ပြီးရှိနေပါ တယ်။ နှစ်နိုင်ငံစလုံးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကို စောင့်ကြည့်နေတယ်။ အဓိက အကြောင်းအရင်းကတော့ ရခိုင်ပြည်နယ်မှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မယ့် စီမံကိန်းအစီစဉ်တွေကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာဖြစ်ပါ တယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အဓိကအရေးပါတဲ့ စီမံကိန်းဖြစ်နေတယ်။ ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းပြုလုပ်မယ့်မြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခု ဖြတ်သန်းပြီး ဓာတ်ငွေ့ပို့ဆောင်တာတွေရှိနေတယ်။ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတစ်ခုဟာ ကူမင်းမြို့နဲ့ ရေနံနဲ့ တခြားဓာတ်ငွေ့တွေ ပို့ဆောင်ပေးနေတယ်။ မလက္ကာရေလက်ကြားဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အဓိကအရေးပါတဲ့ လမ်းကြောင်းလည်းဖြစ်ပါတယ်။ မလက္ကာရေလက်ကြား ပိတ်ဆို့ခံရမယ်ဆိုရင် တရုတ်နိုင်ငံ အတွက် ခြိမ်းခြောက်မှုတွေဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ ရခိုင်ပြည်နယ် ရှိရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မလက္ကာ ရေလက်ကြားကိုရှောင်ရှားပြီး တရုတ်နိုင်ငံကို စွမ်းအင်တွေယူ ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အဓိကရေးပါတဲ့စီမံကိန်းဖြစ်နေတယ်။ ဒါ့ပြင် ဘင်္ဂလားပင်လယ်အော် နဲ့ အိန္ဒိယ သမုဒ္ဒရာဟာ အမေရိကန်နဲ့ မဟာမိတ်တွေ ကြေညာထားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာအတွက် အလွန်အမင်း အဓိကအရေးပါတယ်။ ရခိုင်ပြည်နယ်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အဓိက ဝင်ပေါက်ဖြစ်နေတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ အဓိကအရေးပါတဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တတိယ အချက်ကတော့ ရခိုင်ပြည်နယ်မှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်မှာဖြစ်ပြီး ရုရှားနဲ့ တရုတ်နိုင်ငံတို့က အများဆုံးပိုင်ဆိုင် ကြမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံကပြုလုပ်မယ့် ပိုးလမ်းမစီမံကိန်းအစိတ်အပိုင်းအနေနဲ့ စီးပွားရေးစင်္ကြံလမ်း ခြောက်ခုတည်ဆောက်မှာဖြစ်ပါတယ်။ အဲဒီစင်္ကြံလမ်းတွေထဲမှာ မြစ်လမ်းကြောင်းဖြတ်သန်း မယ့်အစီအစဉ်တွေပါဝင်နေပြီး တစ်ခုက တရုတ်-မြန်မာ စင်္ကြံလမ်းအဖြစ် လူသိများပါတယ်။ ဒါကြောင့် ရခိုင် ပြည်နယ်ဟာ တရုတ်နိုင်ငံအတွက် ဘက်ပေါင်းစုံက အရေးကြီးတဲ့ ပြည်နယ်ဖြစ်နေတယ်။ လက်ရှိအချိန် မှာတော့ အမေရိကန်ဟာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်မှာ ဩဇာလွှမ်းမိုးမှုတိုးချဲ့တည်ဆောက်တာမျိုး မလိုလားဘူး၊ ဒါကြောင့် အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ဩဇာလွှမ်းမိုးတည်ဆောက်ရေးကိုတုံ့ပြန်ဖို့ လိုလားနေ တယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့နီးစပ်နေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ဖြစ်သမျှ အရာအားလုံး က ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုရှိလာနိုင်တယ်။
မေး - ဘင်္ဂလားဒေ့ရှ်ဟာ ဘင်္ဂါလီတွေကို ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး အကြီးမားဆုံးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက် ထားသင့်တယ်လို့ ထင်မြင်ယူဆချက်တွေလည်းရှိနေတယ်။ အဲဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရဲ့ ထင်မြင်ယူဆချက်ကို ပြောပြပေးပါဦး။
ဖြေ - ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ လုံခြုံရေးအစီအမံတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ထားရမယ်။ အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နိုင်စွမ်းရှိမယ့် စွမ်းဆောင်ရည်မျိုးဖြစ်စေဖို့ ဖန်တီး လုပ်ဆောင်ထားရ မယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒေသအတွင်းနိုင်ငံတွေနဲ့ ပုံမှန်ဆက်သွယ်နေဖို့ လိုအပ်တယ်။ အဲဒီဒေသအတွင်း နိုင်ငံတွေထဲမှာ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေလည်းပါဝင်ရမှာဖြစ်တယ်။ စူပါပါဝါ အင်အားကြီးနိုင်ငံအားလုံး ဟာ သူတို့ ရဲ့ဩဇာလွှမ်းမိုးမှုတွေ တိုးချဲ့တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတယ်။ ကျွန်တော်တို့ဟာ အဲဒီစူပါပါဝါ အင်အားကြီးနိုင်ငံအားလုံးရဲ့လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက်တွေကို လေ့လာသုံးသပ်နေရမှာဖြစ်တယ်။ လက်ရှိအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းပြီး တခြားတစ်ဖက်မှာ လည်း နယ်စပ်ဒေသ အပါအဝင် ပိုင်နက်နယ်မြေတွေကို ထိန်းချုပ်ထား နိုင်တဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးတဲ့ပုံစံမျိုးတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်။ အခြေအနေတွေရှုပ်ထွေးနေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အဲဒီလိုမျိုးမူဝါဒ ချမှတ်အကောင်ထည်ဖော်တာမျိုးမရှိသေးဘူးလို့ ထင်မြင်မိ တယ်။ မူဝါဒတွေ သတ်မှတ်အကောင်ထည်ဖော်မယ် ဆိုရင်လည်း ဝန်ကြီးအဆင့် ပါဝင်ဆက်နွယ်တာမျိုးမဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းအဖွဲ့ဖွဲ့စည်းတည်ထောင်ပြီး ထိတွေ့တာမျိုးဖြစ်သင့်တယ်။ နိုင်ငံရေးဆုံးဖြတ် ချက်တွေနဲ့ အကြံပြုချက်တွေတော့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေနေတွေကြောင့် ဘင်္ဂါလီတွေ ပြန်ပို့ရေးဟာ အလားအလာနည်းသွားတယ်လို့ ထင်မြင်မိတယ်။ ဘင်္ဂါလီအရေးဟာ လက်ရှိအချိန်မှာ မြန်မာအစိုးရ အတွက် အရေးကြီးတဲ့ကိစ္စရပ်တစ်ခုအဖြစ် ရှိမနေတော့ဘူး။ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး အခြားလက်နက်ကိုင် အုပ်စုတွေနဲ့ ဆက်သွယ်ဆောင်ရွက်မယ်ဆိုရင်တော့ အနာဂတ်မှာ အား သာချက်တွေရှိလာနိုင်တယ်။
(Ref: Prothom Alo)
Zawgyi Version;
“နစကအစိုးရ ဒီႏွစ္အတြင္း ျဖဳတ္ခ်ခံရမယ္ဆိုတဲ့အခ်က္ကျဖစ္ႏိုင္ေျခနည္းပါးလြန္းတယ္” ဘဂၤလားေဒ့ရွ္ ဗိုလ္ခ်ဳပ္ႀကီး (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - မတ္ ၃
ျမန္မာႏိုင္ငံမွာ တပ္မေတာ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡျဖစ္ပြားမႈအရွိန္ျမင့္ တက္လာခဲ့သလို လက္ရွိအခ်ိန္မွာလည္း ဘဂၤလားေဒ့ရွ္နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့လက္နက္ကိုင္ပဋိပကၡအေျခေနအျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေပၚ သက္ေရာက္မႈေတြနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ Jh Muniruzzaman နဲ႔ ဘဂၤလားေဒ့ရွ္အေျခစိုက္ Prothom Alo သတင္းဌာနတို႔ ေတြ႕ဆုံေမးျမန္းထားသည္မ်ားကို NP News ပရိသတ္မ်ား အတြက္ ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္။
ဘဂၤလားေဒ့ရွ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းဟာ လက္ရွိအခ်ိန္မွာလည္း ဘဂၤလားေဒ့ရွ္ ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးအင္စတီက်ဴ႕ မွာ ဥကၠ႒အျဖစ္တာဝန္ယူေနၿပီး ေဒသအတြင္းလုံၿခဳံေရးကိစၥေတြကို ေလ့လာေနသူအျဖစ္ ေဆာင္႐ြက္ေနပါတယ္။
ေမး - ခ်င္းလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္က ျမန္မာစစ္အစိုးရကို ဒီႏွစ္အတြင္းျဖဳတ္ခ်ႏိုင္မယ္လို႔ ေျပာဆိုခဲ့တယ္။ အဲဒီေျပာဆိုခ်က္ေတြအေပၚ ဘယ္လိုထင္ျမင္ယူဆပါသလဲ။
ေျဖ - ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က အာဏာရယူ မႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျပည္တြင္းစစ္ျဖစ္လာခဲ့တယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ ေနာက္ပိုင္းမွာ ေနရာအသစ္ေတြမွာလည္း တိုက္ပြဲေတြ ျဖစ္လာခဲ့တယ္။ ရခိုင္လက္နက္ကိုင္အဖြဲ႕၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕နဲ႔ တအာင္းလက္နက္ကိုင္အဖြဲ႕ေတြ ပူးေပါင္းထားတဲ့ ညီေနာင္ မဟာမိတ္သုံးဖြဲ႕ဟာ ျမန္မာတပ္မေတာ္ကို ၁၀၂၇ အမည္ရွိ စစ္ဆင္ေရးတစ္ခုစတင္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာမွာ ေအာင္ျမင္မႈေတြရရွိခဲ့တယ္။ အစိုးရကိုလည္း ၿခိမ္းေျခာက္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့တယ္။ ညီေနာင္မဟာမိတ္အဖြဲ႕ ေတြဟာ ျမန္မာအစိုးရထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕ေတြနဲ႔ တပ္မေတာ္စခန္းေတြကို သိမ္းပိုက္ႏိုင္ခဲ့တယ္။ ညီေနာင္ မဟာမိတ္အဖြဲ႕ေတြနဲ႔အတူ PDF အဖြဲ႕ေတြလည္း ပူးေပါင္းတိုက္ခိုက္ခဲ့တယ္။ PDF အဖြဲ႕ေတြမွာ ဗမာလူမ်ိဳး အမ်ားဆုံး ပါဝင္ေနတယ္။ ဒါေၾကာင့္ ျမန္မာအစိုးရကို တိုက္ခိုက္ေနတဲ့ပူးေပါင္းတိုက္ခိုက္မႈေတြဟာ ပုံစံအသစ္နဲ႔ အခ်ိဳးအစားအသစ္ေတြျဖစ္လာေစခဲ့တယ္။ အေနာက္အုပ္စုမီဒီယာေတြကလည္း ျမန္မာအစိုးရဟာ ဒီႏွစ္အတြင္း ျဖဳတ္ခ်ခံရမယ္လို႔ ေဝဖန္ေရးသားၾကတယ္။ လက္နက္ကိုင္အဖြဲ႕ေတြကလည္း အေနာက္အုပ္စုမီဒီယာေတြ ေဖာ္ျပသလိုမ်ိဳးေျပာဆိုတာေတြလည္း ရွိေနတယ္။ ဒါေပမဲ့ လက္ေတြမွာေတာ့ ျဖစ္ႏိုင္ေျခက ခက္ခဲလြန္းပါတယ္။ တကယ္တမ္းေျပာရမယ္ဆိုရင္ PDF အဖြဲ႕ေတြဟာ ျမန္မာအစိုးရကို အမ်ားႀကီးဖိအားေပးႏိုင္တာမ်ိဳး မရွိေသးပါ ဘူး။ ျမန္မာအစိုးရရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြဟာ နယ္စပ္ေဒသတစ္ေလွ်ာက္နဲ႔ တိုင္းရင္းသား နယ္ေျမေတြျဖစ္ပါ တယ္။ ဒါေၾကာင့္ ျမန္မာတပ္မေတာ္ဟာ အလုံးစုံရႈံးနိမ့္သြားမယ္ဆိုတာ အတိအက် မေျပာႏိုင္ပါဘူး။
ေမး - ျမန္မာႏိုင္ငံအတြင္းျဖစ္ပြားေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြဟာ ဘဂၤလားေဒ့ရွ္နယ္စပ္ေဒသတစ္ေလွ်ာက္ ကို သက္ေရာက္မႈရွိတယ္လို႔ ခံစားမိတယ္။ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ဒီကိစၥကို ဘယ္လိုကိုင္တြယ္ေျဖရွင္းသင့္ တယ္လို႔ ထင္ပါသလဲ။
ေျဖ - ျမန္မာႏိုင္ငံရဲ႕ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္တို႔ဟာ ဘဂၤလားေဒ့ရွ္နဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့အတြက္ အက်ိဳးသက္ေရာက္မႈေတြခံစားေနရတယ္။ ျမန္မာႏိုင္ငံဘက္ျခမ္းမွာျဖစ္ပြားေနတဲ့တိုက္ပြဲေတြေၾကာင့္ နယ္စပ္ ေဒသကိုေက်ာ္ၿပီး ေမာ္တာက်ည္ဆန္ေတြ က်ေရာက္ေပါက္ကြဲမႈေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ျပည္သူေတြ၊ အသက္ အိုးအိမ္စည္းစိမ္ထိခိုက္ခဲ့တာမ်ိဳးေတြ ရွိပါတယ္။ ဒါ့ျပင္ ရခိုင္ျပည္နယ္မွာျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ျမန္မာ့ လုံၿခဳံေရးအဖြဲ႕ဝင္တခ်ိဳ႕ဟာ ဘဂၤလားေဒ့ရွ္ပိုင္နက္ထဲကို ဆုတ္ခြာခိုလႈံရတာမ်ိဳးေတြရွိလာခဲ့တယ္။ အဲဒီကိစၥေတြ ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈနဲ႔ စိန္ေခၚမႈေတြျဖစ္လာေစတယ္။ လက္ရွိအခ်ိန္မွာ ဘဂၤလားေဒ့ရွ္ဟာ အဲဒီကိစၥေတြကို သတိထားဆက္ဆံရမွာျဖစ္တယ္။ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီ ေပးေရးရႈေထာင့္ကေန သတိထားေဆာင္႐ြက္ရမယ္။ ဘဂၤလားေဒရွ႕္ပိုင္နက္အတြင္းကို ဆုတ္ခြာလာတဲ့ ျမန္မာ့ လုံၿခဳံေရးအဖြဲ႕ေတြကို ေဆးဝါးကုသေပးတာ၊ ေနစရာနဲ႔ ခိုလႈံခြင့္ေပးၿပီး မိခင္ႏိုင္ငံကို ျပန္လႊတ္တာမ်ိဳးေတြရွိခဲ့တယ္။ ဒါေပမဲ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္ရမယ့္အေၾကာင္းအရင္းေတြကလည္း ရွိေနတယ္။ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနတဲ့တိုက္ပြဲေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ျခမ္းကို ထြက္ေျပးလာသူတိုးလာမွာ စိုးရိမ္ရတယ္။ အဲဒီလိုမ်ိဳးတိုးလာမယ္ဆိုရင္ ဘဂၤလားေဒ့ရွ္ကို ထိခိုက္လာဖြယ္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕နယ္စပ္ လုံၿခဳံေရးအတြက္ စိုးရိမ္စရာျဖစ္လာႏိုင္တယ္။ ျမန္မာတပ္မေတာ္ဟာ လက္နက္ကိုင္အဖြဲ႕ေတြကို လိုက္လံ တိုက္ခိုက္ခ်ိန္မွာ လက္နက္ကိုင္အုပ္စုေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္နက္အတြင္း ထြက္ေျပးလာတာမ်ိဳးေတြ ရွိလာႏိုင္တယ္။ ဘဂၤလားေဒ့ရွ္အစိုးရဟာ နယ္စပ္ေဒသလုံၿခဳံေရးအတြက္ ပိုမိုအားေကာင္းေတာင့္တင္းေအာင္ လုပ္ေဆာင္ရမွာျဖစ္ၿပီး လိုအပ္တာေတြကို ျပင္ဆင္ထားရမယ္။
ေမး - ဘဂၤလားေဒ့ရွ္ဟာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး နားလည္မႈအမ်ားႀကီးမရွိဘူးလို႔ ထင္ျမင္ယူဆတာေတြလည္း ရွိေနတယ္။ အဲဒီလိုမ်ိဳးျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး သိရွိနားလည္မႈမ်ားမ်ားစားစားမရွိတာက ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး မူဝါဒေတြ၊ မဟာဗ်ဴဟာေတြ ခ်မွတ္ရာမွာ အခက္ခဲျဖစ္လာႏိုင္ဖြယ္ရွိပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးအေနနဲ႔ အဲဒီလိုမ်ိဳး ယုံၾကည္ရဲ႕လား။
ေျဖ - ဘဂၤလားေဒ့ရွ္ဟာ အိႏၵိယအျပင္ ျမန္မာႏိုင္ငံနဲ႔လည္း အိမ္နီးခ်င္းႏိုင္ငံျဖစ္ပါတယ္။ ဒါေပမဲ့ ဘဂၤလားေဒရွ႕္ဟာ ျမန္မာႏိုင္ငံနဲ႔ ခိုင္မာေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ျခင္း ဒါမွမဟုတ္ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္ ဘယ္ေတာ့မွလုပ္ေဆာင္ခဲ့တာမ်ိဳးမရွိဘူးလို႔ လူတိုင္းသေဘာတူမွာပါ။ ျမန္မာႏိုင္ငံဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ လြတ္လပ္ေရးရၿပီးခ်ိန္မွာ ႏိုင္ငံအျဖစ္ အသိမွတ္ျပဳခဲ့တယ္။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ဟာ ျမန္မာႏိုင္ငံနဲ႔ အျပန္အလွန္ နားလည္မႈ တည္ေဆာက္ျခင္း၊ ဆက္ဆံေရး ေကာင္းမြန္ေအာင္ ပိုမို ႀကိဳးပမ္းအားထုတ္ျခင္းမ်ိဳးမရွိခဲ့ဘူး။ ဒါေၾကာင့္ ဘဂၤလားေဒ့ရွ္ဟာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အလုံးစုံသိျမင္နားလည္မႈမရွိဘူး။ ဘဂၤလားေဒ့ရွ္ဟာ ျမန္မာႏိုင္ငံနဲ႔ ခိုင္မာအားေကာင္းတဲ့ သံတမန္ဆက္ဆံေရး၊ အျပန္အလွန္လုံၿခဳံေရးနဲ႔ ျပည္သူအခ်င္းခ်င္းထိေတြ႕ရင္းႏွီးကြၽမ္းဝင္ တာမ်ိဳးေတြကိုႀကိဳးပမ္းေပးတာမ်ိဳးမလုပ္ခဲ့ဘူး၊ ဘဂၤလားေဒ့ရွ္ဟာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး မူဝါဒခ်မွတ္ႏိုင္တဲ့ လုံေလာက္တဲ့အသိပညာမ်ိဳးမရွိဘူး၊ သံတမန္ေရးက႑ကိုၾကည့္မယ္ဆိုရင္လည္း ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၾကားဆက္ဆံေရးမွာ ဘဂၤါလီျပႆနာက ထိပ္ဆုံးမွာ ရွိေနတယ္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ဘဂၤါလီအေရးအတြက္ အဓိကထား ေဆာင္႐ြက္ေနရတယ္။ အရင္တုန္းကဆိုရင္ ဘဂၤလားေဒ့ရွ္အစိုးရဟာ ျမန္မာႏိုင္ငံနဲ႔ သံတမန္ေရးလႈပ္ရွားေဆာင္႐ြက္မႈေတြ သီးျခားလုပ္ေဆာင္ဖို႔ အစီအစဥ္မရွိခဲ့ဘူး၊ အဲဒီရလဒ္ေတြ ေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ အစိုးရဟာ မူဝါဒအမ်ိဳးမ်ိဳး ေရးဆြဲခဲ့တယ္။ အဲဒီမူဝါဒေတြဟာ ယာယီသေဘာမ်ိဳးသာျဖစ္ခဲ့ၿပီး လုံေလာက္မႈမရွိခဲ့ဘူး၊ ဒီရလဒ္ေတြကို ကြၽန္ေတာ့္အေနနဲ႔ အႀကိမ္ ေပါင္းမ်ားစြာ ျမင္ေတြ႕ခဲ့ရၿပီးၿပီ။
ေမး - အိႏၵိယႏိုင္ငံဟာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး သက္ေရာက္မႈေတြကို ရင္ဆိုင္ေနရတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အာရွတိုက္ အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းဆိုင္ရာ လက္ေထာက္အၿမဲတမ္းအတြင္းဝန္က ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းလက္နက္ကိုင္ပဋိပကၡေတြဟာ ျမင့္တက္လာေနၿပီး ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏိုင္ငံအေပၚ သက္ေရာက္လာႏိုင္တယ္လို႔ သတိေပးထားတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏိုင္ငံတို႔ ဘာလုပ္ဖို႔လိုမလဲ။
ေျဖ - အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းေဒသေတြဟာ ျမန္မာႏိုင္ငံနဲ႔နယ္စပ္ခ်င္းထိစပ္ေနတယ္။ ျမန္မာႏိုင္ငံရဲ႕လက္ရွိ အေျခအေနေတြဟာ အိႏၵိယႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေပၚ သက္ေရာက္မႈေတြရွိလာေနတယ္။ ဒါေပမဲ့ အိႏၵိယ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ေတြမွာရွိေနတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းအမ်ိဳးမ်ိဳးေၾကာင့္ အိႏၵိယဟာ ပိုမိုထိခိုက္ လြယ္ပါတယ္။ အိႏၵိယဟာ ျမန္မာလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ၿခိမ္းေျခာက္မႈေတြ ကိုခံေနရတယ္။ အိႏၵိယဟာ ရခိုင္ျပည္နယ္မွာ ကုလားတန္ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းရွိေနတယ္။ အဲဒီစီမံကိန္းဟာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံကို ေရလမ္း၊ ကုန္းလမ္းေတြနဲ႔ခ်ိတ္ ဆက္ေပးႏိုင္မယ့္စီမံ ကိန္း မ်ိဳးျဖစ္ပါတယ္။ အဲဒီစီမံကိန္းအတြက္ အိႏၵိယဟာ အေမရိကန္ေဒၚလာ သန္း ၅၀ဝ နီးပါး အကုန္က်ခံထားတယ္။ ဒါေပမဲ့ ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ ကိုင္အဖြဲ႕ရဲ႕လႈပ္ရွားမႈေတြေၾကာင့္ အဲဒီစီမံကိန္းဟာ ရပ္ဆိုင္းလုနီးပါးျဖစ္ပြားခဲ့ရတယ္။ စီမံကိန္းနဲ႔ပတ္သက္ၿပီး တိုးတက္မႈေတြမျဖစ္ေသးဘူး။ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြဟာ ေဒသအတြင္းမွာ အိႏၵိယရဲ႕လႈပ္ရွားမႈေတြကို တိုက္႐ိုက္သက္ေရာက္မႈေတြျဖစ္လာေစခဲ့တယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚနယ္လုဟာ ျမန္မာႏိုင္ငံရဲ႕အေျခေနေတြနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏိုင္ငံကို သတိထားဖို႔ အႀကံေပးခဲ့တာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ လိုအပ္မႈရွိတဲ့ နယ္စပ္ေဒသေတြမွာ အင္အားေတာင့္တင္း ေအာင္ပိုမိုလုပ္ေဆာင္ရမယ္။ ဒါ့ျပင္ နယ္စပ္ေဒသမွာ ျဖစ္ပ်က္ေနတဲ့အရာေတြကို ပုံမွန္ ေစာင့္ၾကည့္ဖို႔ လိုအပ္တယ္။
ေမး - ျမန္မာႏိုင္ငံ ၿပိဳကြဲႏိုင္တယ္လို႔ လူအမ်ားစုက ထင္ျမင္ယူဆေနတယ္။ ဗိုလ္ခ်ဳပ္ႀကီးေကာ ဘယ္လို ေတြးထင္ ပါသလဲ။
ေျဖ - ျမန္မာအစိုးရကိုတိုက္ခိုက္ေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြလည္း ခက္ခဲ႐ုန္းကန္ေနရတာေတြရွိ ေနပါတယ္။ အဲဒီလက္နက္ကိုင္အဖြဲ႕ေတြဟာ တိက်မႈနဲ႔ကန႔္သတ္ေတြပါဝင္တဲ့ ရည္႐ြယ္ခ်က္ေတြ ရွိေနပါတယ္။ အဲဒီ လက္နက္ကိုင္အဖြဲ႕စည္းအားလုံးဟာ ဗဟိုအစိုးရထံကေန အာဏာရယူဖို႔ မလိုလားဘူး၊ ျမန္မာအစိုးရကို လက္နက္ကိုင္ဆန႔္က်င့္ေနတဲ့ အုပ္စုေတြဟာ လြတ္လပ္တဲ့ႏိုင္ငံအျဖစ္ သီးျခားတည္ေထာင္ဖို႔ မလိုလားဘူး၊ ဒါေပမဲ့ အဲဒီ ျမန္မာ လက္နက္ကိုင္အုပ္စုေတြဟာ သူတို႔နဲ႔သက္ဆိုင္တဲ့ ေဒသကို ထိန္းခ်ဳပ္လိုၿပီး အဲဒီေဒသရဲ႕အရင္းျမစ္ ေတြကို ရယူထိန္းခ်ဳပ္လိုၾကတယ္။ လက္ရွိအခ်ိန္အထိ ျမန္မာလက္နက္ကိုင္အဖြဲ႕ေတြဟာ ဒီမိုကေရစီႏိုင္ငံ တည္ေထာင္ဖို႔၊ ေ႐ြးေကာက္ပြဲက်င္းပေပးဖို႔ စတဲ့ Agenda မ်ိဳးမရွိေသးပါဘူး၊ ေဒသကိုအေျချပဳလႈပ္ရွားေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြဟာ ဗဟိုအစိုးရက ဖိအားေပးခံရတာမ်ိဳးမလိုလားဘူး၊ ဒါေၾကာင့္ ျမန္မာႏိုင္ငံၿပိဳကြဲႏိုင္ တယ္ဆိုတဲ့ စိတ္ကူးယဥ္မႈေတြဟာ လက္ေတြ႕မဆန္ပါဘူး။
ေမး - ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြဟာ ေဒသအတြင္း ပထဝီႏိုင္ငံေရးေတြအေပၚ သက္ေရာက္မႈရွိလာႏိုင္သလား။
ေျဖ - ျမန္မာႏိုင္ငံေရးအေျခေနနဲ႔ ပဋိပကၡေတြမွာ တိုက္႐ိုက္ပါဝင္ပတ္သက္ေနတဲ့ ႏိုင္ငံအမ်ားအျပားရွိေနၿပီး သူတို႔ရဲ႕ဩဇာလြမ္းမိုးႏိုင္မႈနယ္ပယ္ ပိုမိုခ်ဲ႕ထြင္ ႏိုင္ဖို႔ ဖန္တီးခဲ့တယ္။ တ႐ုတ္ႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ ဒီကိစၥမွာ အထူးပါဝင္ေနတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာအစိုးရကို တိုက္႐ိုက္ေထာက္ခံသလို တျခားတိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕အစည္းေတြနဲ႔ ထိေတြ႕ဆက္ဆံမႈေတြကိုလည္း ထိန္းသိမ္းထားတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာအစိုးရ အျပင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ဆက္ဆံေရးကို ထိန္းသိမ္းထားတယ္။ အိႏၵိယႏိုင္ငံကေတာ့ ျမန္နမာအစိုးရ နဲ႔ပုံမွန္ဆက္ဆံေရးကို ကာလအတန္ၾကာ ထိန္းသိမ္းေနတယ္။ ဒါေပမဲ့ အိႏၵိယဟာ လက္နက္ကိုင္အုပ္စုေတြနဲ႔ ထိေတြ႕ဆက္သြယ္တာမ်ိဳးမရွိဘူး၊ ေဒသအတြင္း ျပင္ပႏိုင္ငံေတြထဲမွာ အေမရိကန္ဟာ ျမန္မာႏိုင္ငံေရး ျပႆနာေတြနဲ႔ပတ္သက္ၿပီး ဩဇာလႊမ္းမိုးမႈတိုးခ်ဲ႕ဖို႔ႀကိဳးပမ္းေနတယ္။ ႐ုရွားႏိုင္ငံဟာလည္း ျမန္မာႏိုင္ငံေရး ျပႆနာနဲ႔ဆက္ႏြယ္ၿပီး ၿပိဳင္ဆိုင္မႈေတြမွာ ပါဝင္ဆက္ႏႊယ္ေနတယ္။ ဂ်ပန္၊ ေတာင္ကိုရီးယား၊ စင္ကာပူႏိုင္ငံတို႔ဟာ လည္း ႏိုင္ငံအက်ိဳးစီးပြားအတြက္ စီးပြားေရးအရ ျမန္မာအစိုးရနဲ႔ ဆက္ဆံေရးထိန္းသိမ္းထား ဆဲျဖစ္ပါတယ္။ တ႐ုတ္နဲ႔႐ုရွားႏိုင္ငံၾကား မဟာဗ်ဴဟာ ၿပိဳင္ဆိုင္မႈ trategic competition ေတြဟာ ျမန္မာႏိုင္ ငံအေပၚ သက္ေရာက္ မႈမ်ားစြာျဖစ္လာေစတယ္။ အေမရိကန္ႏိုင္ငံကလည္း ျမန္မာတိုင္းရင္သားအုပ္စု ေတြကို ကူညီေထာက္ပံ့ေပးမႈေတြ ကိုတိုးခ်ဲ႕ႏိုင္ဖို႔ Burma Act ဥပေဒကို ေရးဆြဲထားတယ္။ အေမရိကန္ဟာ Burma Act ဥပေဒကို အေကာင္ထည္ေဖာ္ ႏိုင္ဖို႔ ေဒသအတြင္းမွာ တက္ႂကြစြာ ပိုမိုေဆာင္႐ြက္လာႏိုင္တယ္။ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား မဟာဗ်ဴဟာ ေျမာက္ ၿပိဳင္ဆိုင္မႈေတြဟာ ေဒသအတြင္း ႏိုင္ငံေတြအေပၚ သက္ေရာက္မႈပိုမိုရွိလာဖြယ္ရွိေနပါတယ္။
ေမး - အေမရိကန္ႏိုင္ငံကလုပ္ေဆာင္တဲ့ဥပေဒအျပင္ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ဘယ္ေနရာေဒသေတြကို သက္ေရာက္မႈ ပိုမိုျဖစ္လာႏိုင္သလဲ၊ ဗိုလ္ခ်ဳပ္ႀကီး ဘယ္လိုထင္ျမင္ယူဆသလဲ၊ အားလုံးကိုၿခဳံၾကည့္မယ္ဆိုရင္ တ႐ုတ္ႏိုင္ငံဟာ တိုင္းရင္းသားနယ္ေျမတခ်ိဳ႕မွာ ဩဇာလႊမ္းမိုးမႈေတြ ရွိေနၿပီး၊ အေမရိကန္ႏိုင္ငံကေတာ့ တျခားအရပ္ေဒသေတြမွာ ဩဇာလႊမ္းမိုးမႈေတြ ရွိေနပါ တယ္။
ေျဖ - တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံတို႔ရဲ႕အမ်ိဳးသားအက်ိဳးစီးပြားေတြဟာ ျမန္မာႏိုင္ငံမွာ ပါဝင္ဆက္ႏြယ္ ၿပီးရွိေနပါ တယ္။ ႏွစ္ႏိုင္ငံစလုံးဟာ ဘဂၤလားေဒ့ရွ္နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ရခိုင္ျပည္နယ္ကို ေစာင့္ၾကည့္ေနတယ္။ အဓိက အေၾကာင္းအရင္းကေတာ့ ရခိုင္ျပည္နယ္မွာ ေရနက္ဆိပ္ကမ္းတည္ေဆာက္မယ့္ စီမံကိန္းအစီစဥ္ေတြေၾကာင့္ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အဲဒီေရနက္ဆိပ္ကမ္းတည္ေဆာက္ေရးစီမံကိန္းရဲ႕ ၈၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္မွာျဖစ္ပါ တယ္။ ေရနက္ဆိပ္ကမ္းစီမံကိန္းဟာ တ႐ုတ္ႏိုင္ငံအတြက္ အဓိကအေရးပါတဲ့ စီမံကိန္းျဖစ္ေနတယ္။ ေရနက္ ဆိပ္ကမ္းတည္ေဆာက္ေရးစီမံကိန္းျပဳလုပ္မယ့္ၿမိဳ႕ကေန တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕ကို ဓာတ္ေငြ႕ပိုက္လိုင္း ႏွစ္ခု ျဖတ္သန္းၿပီး ဓာတ္ေငြ႕ပို႔ေဆာင္တာေတြရွိေနတယ္။ ဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းတစ္ခုဟာ ကူမင္းၿမိဳ႕နဲ႔ ေရနံနဲ႔ တျခားဓာတ္ေငြ႕ေတြ ပို႔ေဆာင္ေပးေနတယ္။ မလကၠာေရလက္ၾကားဟာ တ႐ုတ္ႏိုင္ငံရဲ႕ စြမ္းအင္လုံၿခဳံေရးအတြက္ အဓိကအေရးပါတဲ့ လမ္းေၾကာင္းလည္းျဖစ္ပါတယ္။ မလကၠာေရလက္ၾကား ပိတ္ဆို႔ခံရမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံ အတြက္ ၿခိမ္းေျခာက္မႈေတြျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။ ရခိုင္ျပည္နယ္ ရွိေရနက္ဆိပ္ကမ္းစီမံကိန္းဟာ မလကၠာ ေရလက္ၾကားကိုေရွာင္ရွားၿပီး တ႐ုတ္ႏိုင္ငံကို စြမ္းအင္ေတြယူ ေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္။ ေရနက္ဆိပ္ကမ္း စီမံကိန္းဟာ တ႐ုတ္ႏိုင္ငံအတြက္ အဓိကေရးပါတဲ့စီမံကိန္းျဖစ္ေနတယ္။ ဒါ့ျပင္ ဘဂၤလားပင္လယ္ေအာ္ နဲ႔ အိႏၵိယ သမုဒၵရာဟာ အေမရိကန္နဲ႔ မဟာမိတ္ေတြ ေၾကညာထားတဲ့ အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာအတြက္ အလြန္အမင္း အဓိကအေရးပါတယ္။ ရခိုင္ျပည္နယ္ဟာ အင္ဒို-ပစိဖိတ္ေဒသမွာ အဓိက ဝင္ေပါက္ျဖစ္ေနတယ္။ ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံဟာ ရခိုင္ျပည္နယ္မွာ အဓိကအေရးပါတဲ့ ေရနက္ဆိပ္ကမ္းတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ တတိယ အခ်က္ကေတာ့ ရခိုင္ျပည္နယ္မွာ အထူးစီးပြားေရးဇုန္ေတြ တည္ေဆာက္မွာျဖစ္ၿပီး ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔က အမ်ားဆုံးပိုင္ဆိုင္ ၾကမွာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံကျပဳလုပ္မယ့္ ပိုးလမ္းမစီမံကိန္းအစိတ္အပိုင္းအေနနဲ႔ စီးပြားေရးစႀကႍလမ္း ေျခာက္ခုတည္ေဆာက္မွာျဖစ္ပါတယ္။ အဲဒီစႀကႍလမ္းေတြထဲမွာ ျမစ္လမ္းေၾကာင္းျဖတ္သန္း မယ့္အစီအစဥ္ေတြပါဝင္ေနၿပီး တစ္ခုက တ႐ုတ္-ျမန္မာ စႀကႍလမ္းအျဖစ္ လူသိမ်ားပါတယ္။ ဒါေၾကာင့္ ရခိုင္ ျပည္နယ္ဟာ တ႐ုတ္ႏိုင္ငံအတြက္ ဘက္ေပါင္းစုံက အေရးႀကီးတဲ့ ျပည္နယ္ျဖစ္ေနတယ္။ လက္ရွိအခ်ိန္ မွာေတာ့ အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံကို ျမန္မာႏိုင္ငံနဲ႔ရခိုင္ျပည္နယ္မွာ ဩဇာလႊမ္းမိုးမႈတိုးခ်ဲ႕တည္ေဆာက္တာမ်ိဳး မလိုလားဘူး၊ ဒါေၾကာင့္ အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ဩဇာလႊမ္းမိုးတည္ေဆာက္ေရးကိုတုံ႔ျပန္ဖို႔ လိုလားေန တယ္။ ရခိုင္ျပည္နယ္ဟာ ဘဂၤလားေဒ့ရွ္နဲ႔နီးစပ္ေနတဲ့အတြက္ ရခိုင္ျပည္နယ္နဲ႔ပတ္သက္ၿပီး ျဖစ္သမွ် အရာအားလုံး က ဘဂၤလားေဒ့ရွ္ႏိုင္ငံအေပၚ သက္ေရာက္မႈရွိလာႏိုင္တယ္။
ေမး - ဘဂၤလားေဒ့ရွ္ဟာ ဘဂၤါလီေတြကို ျပန္ပို႔ေရးနဲ႔ ပတ္သက္ၿပီး အႀကီးမားဆုံးစိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ေနရတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဟာ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အုပ္စုေတြနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း တည္ေဆာက္ ထားသင့္တယ္လို႔ ထင္ျမင္ယူဆခ်က္ေတြလည္းရွိေနတယ္။ အဲဒီအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ႀကီးရဲ႕ ထင္ျမင္ယူဆခ်က္ကို ေျပာျပေပးပါဦး။
ေျဖ - ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔ဟာ လုံၿခဳံေရးအစီအမံေတြ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ထားရမယ္။ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ ႏိုင္စြမ္းရွိမယ့္ စြမ္းေဆာင္ရည္မ်ိဳးျဖစ္ေစဖို႔ ဖန္တီး လုပ္ေဆာင္ထားရ မယ္။ ဘဂၤလားေဒ့ရွ္အစိုးရဟာ ေဒသအတြင္းႏိုင္ငံေတြနဲ႔ ပုံမွန္ဆက္သြယ္ေနဖို႔ လိုအပ္တယ္။ အဲဒီေဒသအတြင္း ႏိုင္ငံေတြထဲမွာ အိႏၵိယ၊ တ႐ုတ္နဲ႔ အာဆီယံႏိုင္ငံေတြလည္းပါဝင္ရမွာျဖစ္တယ္။ စူပါပါဝါ အင္အားႀကီးႏိုင္ငံအားလုံး ဟာ သူတို႔ ရဲ႕ဩဇာလႊမ္းမိုးမႈေတြ တိုးခ်ဲ႕တည္ေဆာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္။ ကြၽန္ေတာ္တို႔ဟာ အဲဒီစူပါပါဝါ အင္အားႀကီးႏိုင္ငံအားလုံးရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ ရည္႐ြယ္ခ်က္ေတြကို ေလ့လာသုံးသပ္ေနရမွာျဖစ္တယ္။ လက္ရွိအခ်ိန္မွာေတာ့ ဘဂၤလားေဒ့ရွ္အစိုးရဟာ ျမန္မာအစိုးရနဲ႔ ဆက္ဆံေရးကိုထိန္းသိမ္းၿပီး တျခားတစ္ဖက္မွာ လည္း နယ္စပ္ေဒသ အပါအဝင္ ပိုင္နက္နယ္ေျမေတြကို ထိန္းခ်ဳပ္ထား ႏိုင္တဲ့ လက္နက္ကိုင္အုပ္စုေတြနဲ႔ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးတဲ့ပုံစံမ်ိဳးေတြကို လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္။ အေျခအေနေတြရႈပ္ေထြးေနတဲ့ အတြက္ ဘဂၤလားေဒ့ရွ္အစိုးရဟာ အဲဒီလိုမ်ိဳးမူဝါဒ ခ်မွတ္အေကာင္ထည္ေဖာ္တာမ်ိဳးမရွိေသးဘူးလို႔ ထင္ျမင္မိ တယ္။ မူဝါဒေတြ သတ္မွတ္အေကာင္ထည္ေဖာ္မယ္ ဆိုရင္လည္း ဝန္ႀကီးအဆင့္ ပါဝင္ဆက္ႏြယ္တာမ်ိဳးမဟုတ္ဘဲ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ လုပ္ငန္းအဖြဲ႕ဖြဲ႕စည္းတည္ေထာင္ၿပီး ထိေတြ႕တာမ်ိဳးျဖစ္သင့္တယ္။ ႏိုင္ငံေရးဆုံးျဖတ္ ခ်က္ေတြနဲ႔ အႀကံျပဳခ်က္ေတြေတာ့ လိုအပ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕လက္ရွိအေျခေနေတြေၾကာင့္ ဘဂၤါလီေတြ ျပန္ပို႔ေရးဟာ အလားအလာနည္းသြားတယ္လို႔ ထင္ျမင္မိတယ္။ ဘဂၤါလီအေရးဟာ လက္ရွိအခ်ိန္မွာ ျမန္မာအစိုးရ အတြက္ အေရးႀကီးတဲ့ကိစၥရပ္တစ္ခုအျဖစ္ ရွိမေနေတာ့ဘူး။ ဘဂၤါလီအေရးနဲ႔ပတ္သက္ၿပီး အျခားလက္နက္ကိုင္ အုပ္စုေတြနဲ႔ ဆက္သြယ္ေဆာင္႐ြက္မယ္ဆိုရင္ေတာ့ အနာဂတ္မွာ အား သာခ်က္ေတြရွိလာႏိုင္တယ္။
(Ref: Prothom Alo)