မြန်မာနယ်စပ်တစ်လျှောက် သံဆူးကြိုးကာရံမည့် နယူးဒေလီ၏ စီမံကိန်းအပေါ် နာဂရွာများ စိုးရိမ်နေ (ဘာသာပြန်ဆောင်းပါး)
1739
Htay Oung (NP News) - မတ် ၇
မြန်မာနိုင်ငံနဲ့ထိစပ်နေပြီး မိုင် ၁၀၂၀ ခန့် ရှည်လျားတဲ့ နယ်စပ်တစ်လျှောက် ဆူးကြိုးစည်းရိုး ကာရံမယ့် အိန္ဒိယဗဟိုအစိုးရရဲ့အစီအစဉ်ဟာ နာဂလူမျိုးတို့အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ စည်းရိုး ခတ်ခြင်းအားဖြင့် အလွယ်တကူ လွတ်လပ်စွာသွား လာခွင့်ကို ရပ်ဆိုင်းစေမှာဖြစ်ပြီး မြန်မာနယ်စပ် အိန္ဒိယ နာဂလန်းပြည်နယ် လန်ဝါရွာနေခန္ဓာ ကိုယ် အနှံ့ တက်တူအပြည့်ထိုးသူ နာဂလူမျိုးများအတွက် ရတက်မအေးစရာ ဖြစ်နေရပါတယ်။ နယ်ခြားသံဆူး ကြိုးခတ်ခြင်းက အရေးကြီးသလိုပဲ လွတ်လပ်စွာ သွားလာခြင်းကလည်း မရှိမဖြစ်လိုအပ်တယ်လို့ သူတို့အနေနဲ့ ခံယူပါတယ်။ အဲဒီနှစ်ခုဟာ ထိပ်တိုက် တွေ့နိုင်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေရတယ်လို့ အိန္ဒိယတူဒေးသတင်းစာက ရေးသားထားတယ်။
စုစုပေါင်း ၃ သန်းခန့်ရှိမယ့် နာဂတို့ဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအတွင်း နာဂတောင်တန်းတွေမှာ နေထိုင်သူ တွေဖြစ်ကြပြီး အုပ်စုငယ်လေးများအသွင် သီးခြားနေထိုင်လေ့ရှိပါတယ်။ လူမျိုးတစ်မျိုးတည်း ဖြစ်ပေမယ့် နေထိုင်ရာ ရေမြေပထဝီအနေအထား အရ စကားနဲ့ယဉ်ကျေးမှုဓလေ့ထုံးစံ ၁၂-မျိုးထက် မနည်း အနည်းငယ်စီ ကွဲပြားခြားနားနေကြပါတယ်။ မြန်မာတို့နဲ့ ရုပ်ရည်ချင်းအလွန်တူပြီး သင်္ချိုင်းဂူများကို ရွာအတွင်း ဒါမှမဟုတ် ရွာရဲ့နံဘေးမှာ တည်ထားလေ့ရှိပါတယ်။ ဂူပေါ်မှာတင်ထားတဲ့ကျောက်တုံးတွေဟာ အသက်ရှင်စဉ် သူ ဖြတ်ခဲ့သမျှ ဦးခေါင်းအရေအတွက် ပဲဖြစ်ပါတယ်။ ပြိုင်ဘက်အုပ်စုဝင်ရဲ့ဦးခေါင်းကို ဖြတ်ခြင်းဖြင့် မှော်အတတ်ကိုရရှိနိုင်တယ်လို့ မှတ်ယူ ကြပါတယ်။ အတိတ်ကာလဇာတ်လမ်းတွေအရ အခု အိန္ဒိယဘက်ခြမ်းမှ ကော့န်ညက် နာဂစစ်သည်တော် တို့ဟာ အခုမြန်မာနိုင်ငံဖြစ်နေတဲ့ဘက်ကို စွန့်စား သွားလာပြီး ပြိုင်ဘကရွာနေတို့ရဲ့ဦးခေါင်းတွေကို ပြန်လည်ယူဆောင်လာလေ့ရှိတဲ့ အချိန်ကာလတစ်ခု ရှိခဲ့တယ်။
ကော့န်ညက်လူမျိုးစုတို့အကြား ဦးခေါင်း ဖြတ်ဖို့စစ်တိုက်တာဟာ အတိတ်ကာလက သိသာ ထင်ရှားတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ရွာ အချင်းချင်းပဋိပက္ခတွေမှာ စိုက်ပျိုးသီးနှံအောင်မြင်ဖို့နဲ့ အသက်အတွက် မရှိမဖြစ်လိုအပ်တဲ့ဝိညာဉ်ရုပ် ဟာ လူ့ဦးခေါင်းမှာတည်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ကော့န်ညက်စစ်သည်တော်တို့ရဲ့နေအိမ်တွေ မှာ ရန်သူတွေရဲ့ဦးခေါင်းခွံတွေကို ဂုဏ်ယူစွာပြသခဲ့ ဖူးကြပါတယ်။ နှစ်နိုင်ငံစလုံးကို လွတ်လပ်ရေးမပေးမီ ၁၉၃၅ ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ အဲဒီဓလေ့ကို အဆုံးသတ်စေခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာ သက်ဆိုင်ရာ အစိုးရအသီးသီးတို့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ တား မြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကာလ ခေါင်းဖြတ် စစ်ပွဲတွေမှာပါဝင်ခဲ့ဖူးတဲ့ သက်ကြီးရွယ်အို ကောန့် ညက်စစ်သည်တော်တို့ဟာ ယနေ့တိုင် အသက်ရှင် လျက်ရှိနေပါတယ်။ ဦးခေါင်းခွံတွေကတော့ ရိုးရာဓ လေ့ပွဲတော်တွေမှာ ဒဏ္ဍာရီအဖြစ်သာ မြင်ရပါတော့တယ်။
ရွာနှစ်ခုအကြား တစ်ခုတည်းသော ဘိလပ် မြေလမ်းကလေးဟာ အိန္ဒိယနဲ့မြန်မာနယ်ခြား ဖြစ် တယ်လို့ပြောဆိုကြပေမယ့် ကော့န်ညက်လူမျိုးစု အကြီးအကဲရဲ့အိမ်တော်ဟာ နယ်စပ်မျဉ်းကိုခွလျက် သားတည်ရှိနေပါတယ်။ ဒီလို လန်ဝါရွာရဲ့ ထူးခြားတဲ့ အခြေအနေဟာ နယ်စပ်ပြဿနာ ဘယ်လောက် ရှုပ်ထွေးကြောင်း မီးမောင်းထိုးပြနေပါတယ်။ ရွာသားတွေဟာ ကမ္ဘာနှစ်ခုအကြားမှာပိတ်မိနေပြီး သူတို့ ကိုယ်တိုင်နဲ့ သူတို့အသိုင်းအဝိုင်းအတွက် အနာဂတ်မှာ ဘယ်ပုံဘယ်နည်းဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ လန်ဝါရွာနေတို့ဟာ သူတို့ရဲ့ ရိုးရာလူနေမှု ပုံစံအပေါ် သစ္စာစောင့်သိမှုနဲ့ ခေတ်ပေါ် နယ်စပ်လုံ ခြုံရေး အစီအမံဖိအားတွေကြား မဝေခွဲနိုင်ဘဲဖြစ်နေပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကို သံဆူးကြိုး ကာရံမယ့်ကိစ္စဟာ သူတို့ရဲ့ ရာစုနှစ်များစွာထိန်းသိမ်းခဲ့တဲ့ဓလေ့ထုံးတမ်းနဲ့ လူနေမှုပုံစံအပေါ် အနှောင့် အယှက်ဖြစ်စေပါတယ်။ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေဆုံးရှုံးမယ့်အရေး စိုးရိမ်တာဟာ သူတို့ရဲ့ စိတ်သန္တာန်မှာ အကြီးအကျယ်ဖိစီးနေပါတယ်။
ဟွန်ဂိုဝမ်ရှုရဲ့တက်တူထိုးထားတဲ့မျက်နှာဟာ ကြမ်းတမ်းတဲ့အတိတ်ပုံပြင်ကို ပြောပြသလိုရှိပေမယ့် သူရဲ့လက်ရှိအခြေနေအပေါ် စိုးရိမ်မှုတွေ တွေကလည်း အခိုင်အမာအမြစ်တွယ်နေပါတယ်။ ကျေးရွာ ဘုရားကျောင်းရဲ့ ဘဏ္ဍာရေးတွေနဲ့ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သူသူ့အနေနဲ့ မသေချာ မရေရာမှု တွေကိုရင်ဆိုင်နေရခိုက် စည်းလုံးမှုနဲ့ ငြိမ်းချမ်းရေးရဲ့အရေးကြီးပုံကိုလည်း နားလည်ပါတယ်။
လန်ဝါရွာနဲ့ သူတို့ရဲ့ကံကြမ္မာဟာ နယ်စပ်လုံခြုံရေးအစီအမံတွေက ဘဝနေထိုင်မှုပုံစံအပေါ် သက်ရောက်မှုတွေနဲ့ ဟန်ချက်ညီလုံးထွေးနေပါတယ်။ ဖြတ်သန်းသွားလာလို့မရနိုင်တဲ့ နယ်ခြားဆူးကြိုးတံတိုင်းတည်ဆောက်မယ့် အစိုးရရဲ့ ကတိက ဝတ်ဟာ ကော့န်ညက်မျိုးနွယ်စုနဲ့ အိန္ဒိယ နာဂလန်း ပြည်နယ်ရှိ တခြား အိုးအိမ်ထူ ထောင် နေသူများအကြား ဧရာမ ကုန်ကျစရိတ်နဲ့အတူ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
နယ်ခြားသံဆူးကြိုးခတ်မယ့် အစီအစဉ်ဟာ လန်ဝါရွာနဲ့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ရှိ တခြားကျေးရွာနေ ဒေသခံများအတွက် စိုးရိမ်မှုဖြစ် လာပါတယ်။ လက်ရှိ နိုင်ငံရေး၊ လူမှုရေးပြဿနာ တွေနဲ့အတူ နယ်ခြားပိုင်နက်တို့ ရဲ့ သမိုင်းနောက်ခံဟာ အခြေအနေများကို ရှုပ်ထွေးစေပါတယ်။ အိန္ဒိယပြည်တွင်းမှာပဲ နာဂလန်းနဲ့ကပ် လျက်တည်ရှိတဲ့ မဏိပူရပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခဂ ယက်ရိုက်ခတ်မှုကြောင့် တရားမဝင် နယ်ခြားဖြတ်သန်းသွားလာခြင်းနဲ့ လူမှောင်ခို လုပ်ငန်းတွေကိုစိစစ်နိုင်ဖို့ နယ်ခြားတစ်လျှောက် သံဆူးကြိုးကာရံရေးကို နယူးဒေလီက ဆုံးဖြတ်ခဲ့ခြင်းဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာရယူပြီး နောက် ယခင်တည်ရှိခဲ့တဲ့ လွတ်လပ်စွာကူးသန်းသွား လာခွင့် (FMR) ကို အိန္ဒိယဘက်က ရပ်ဆိုင်းလိုက် ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးဟာ ပိုမိုတင်းမာ သွားခဲ့ရပါတယ်။
လန်ဝါနဲ့ တခြားကျေးရွာနေဒေသခံတွေ ဟာ နယ်ခြားစည်းရိုးခတ်ခြင်းကြောင့် သူတို့ရဲ့အသက် မွေးဝမ်း ကျောင်းလုပ်ငန်းများအပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ သူတို့အများစုဟာ နယ်စပ်နှစ် ဖက်စလုံးမှာ လယ်ယာမြေတွေကိုပိုင်ဆိုင်ထားကြပြီး နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကူးလူးသွားလာနေခဲ့ကြ တာကလည်း မျိုးဆက်ပေါင်းများစွာ ရှိခဲ့ပါတယ်။
နာဂကျောင်းသားများအဖွဲ့ချုပ်နဲ့ တခြား အဖွဲ့အစည်းတွေကတော့ (FMR) ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့နဲ့နယ်ခြား စည်း ရိုးခတ်ခြင်းအစီအစဉ်ကို အကောင် အထည်မဖော်မီ နယ်စပ်နေထိုင် သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကို ထည့် သွင်းစဉ်းစားဖို့ အိန္ဒိယဗဟိုထံတိုက်တွန်းထားပါတယ်။ဒေသတွင်းရဲ့ နိုင်ငံရေး လူမှုရေးဆိုင်ရာ အရွေ့တွေ ဆက်လက် တိုးတက်ပြောင်းလဲလာတာ နဲ့အမျှ အိန္ဒိယနဲ့ မြန်မာနိုင်ငံအစိုးရ အသီးသီးတို့က လည်း ဒေသတွင်းလူမှုအသိုင်းအဝိုင်းတွေနဲ့ ထိတွေ့ ဆက်ဆံပြီး သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ပွင့်လင်းမြင် သာမှုပါဝင်တဲ့နည်းလမ်းမျိုးနဲ့ ဖြေရှင်းရန် အရေးကြီး လှပါတယ်။ နှစ်ဖက်စလုံးမှာရှိနေတဲ့ ပြည်သူအချင်း ချင်းတို့အကြား နီးကပ်တဲ့ဆက်ဆံရေးဟာ မကြာ ခဏထိတွေ့ဆက်ဆံမှုနဲ့ လိုအပ်ချက်အမျိုးမျိုးအတွက် အချင်းချင်းအပေါ် မှီခိုအားထားမှုအပေါ် မူ တည်နေကြောင်းထင်ရှားပါတယ်။ လန်ဝါရွာနေသူဟာ သူတို့ရဲ့ “ဆွာ့ချ်-ဘာရတ်-လှုပ်ရှားမှု}ကို မြန်မာ နိုင်ငံအတွင်း ဖြန့်ကြက်ရန်အထိ စိတ်ဝင်စားနေကြပါ တယ်။ ၂၀၁၄ ခုနှစ် အောက်တို ဘာ ၂ ရက်နေ့ကစ တင်ခဲ့တဲ့” “အိန္ဒိယနိုင်ငံအနှံ့ သန့်ရှင်းရေး" လှုပ်ရှားမှု ဟာ နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ခြင်းဖြင့် ရပ်ရွာအ ချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပြသလိုကြပါတယ်။
အားလုံးကို ခြုံငုံကြည့်လိုက်ရင်တော့ အိန္ဒိယ-မြန်မာနယ်စပ်ရဲ့အခြေအနေဟာ ရှုပ်ထွေးနေပြီး တရားမဝင် လူ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် လူဦး ရေအချိုးအစားပြောင်းလဲမှုတွေဟာ နှစ်ဖက်လုံးအ ပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ပါတယ်။ သို့သော် လည်း နယ်စပ်တစ်လျှောက် ဟိုဘက်ဒီဘက်နေသူ အချင်းချင်းတို့အကြား ယဉ်ကျေးမှုနဲ့ ဘိုးစဉ်ဘောင် ဆက်ချိတ်ဆက်မှုဟာ အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်း ရာမှာ သိမ်မွေ့တဲ့ချဉ်းကပ်မှုလိုအပ်ကြောင်း မီးမောင်း ထိုးပြနေပါတယ်။ အစိုးရတို့အနေနဲ့ နယ်စပ်ဒေသနေထိုင်ကြသူတွေအပေါ် မိမိတို့မူဝါဒတွေရဲ့ အကျိုးသက် ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့နဲ့ လူမှုအသိုင်း အဝိုင်းအားလုံးရဲ့ ဘေးကင်းရေး၊ သုခချမ်းသာရေးကို ဦးစားပေးတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေဖို့အရေး ကြီးပါတယ်။ မတူကွဲပြားတဲ့လူမျိုးစုတွေနဲ့ အစိုးရတွေ အကြား ပူးပေါင်းဆောင်ရွက်တာနဲ့ ဆွေးနွေးပွဲတွေ ဟာ နယ်ခြားနှစ်ဖက်လုံးမှာရှိနေတဲ့ မျိုးနွယ်စုတွေရင် ဆိုင်နေရတဲ့ ပြဿနာတွေအတွက်ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကိုရှာဖွေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတားဆီးဖို့အတွက် နယ်ခြားစည်းရိုးခတ်ခြင်းဟာ ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်ပေမယ့် နယ်စပ်တစ်လျှောက် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းတွေ အပေါ်သက်ရောက်မှုကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ နာဂအသိုက်အဝန်းဟာ နိုင်ငံ့နယ် နိမိတ်တွေကိုကျော်လွန်တဲ့ ကာလကြာရှည်စွာ ဆက်ဆံရေးတည်ရှိခဲ့ပြီး သူတို့ရဲ့သွားလာလှုပ်ရှားမှုအပေါ် ဂယက်ရိုက်ခတ်နိုင်တဲ့ ဘယ်လိုမူဝါဒကိုမဆို သူတို့ရဲ့ အခွင့်အရေးနဲ့ သမိုင်းကြောင်းအရ ကာကွယ်ရန် ဂရု တစိုက်ထည့်သွင်း စဉ်းစားသင့်ပါတယ်။
ဆွေးနွေးမှုနဲ့နားလည်မှုတို့ဟာ ပြဿနာ ကိုဖြေရှင်းရာမှာ အဓိကသော့ချက်ဖြစ်ပြီး အစိုးရ နှစ်ရပ်လုံးအနေနဲ့ ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်း တွေရဲ့စိုးရိမ်ပူပန်မှုတွေကို ထည့်သွင်းစဉ်းစားသင့် ပါတယ်။ (FMR) ကိုဆိုင်းငံ့ လိုက်တာဟာ စိန်ခေါ်မှုအ သစ်တွေကို ဖန်တီးရာရောက်နိုင်ပါတယ်။ အများပြည် သူတို့ရဲ့အခွင့်အ ရေးတွေကို လေးစားလိုက်နာပြီး လုံခြုံရေးကို သေချာစေမယ့် တခြားနည်းလမ်းတွေကို ဖော်ထုတ်ဖို့လည်း လိုအပ်ပါတယ်။
(FMR) ကို ဆိုင်းငံ့ထားဖို့နဲ့ နယ်ခြားစည်း ရိုးတွေကိုစိုက်ထူဖို့ဆုံးဖြတ်ချက်ဟာ မြန်မာနဲ့ ထိစပ် နေတဲ့ လိုင်ဝါနဲ့တခြားကျေးရွာတွေအတွက် စိုးရိမ်မှု တွေရှိနေပါတယ်။ ရွာသူကြီးဟောင်း ဟွန်ဂိုဝမ်ရှူရဲ့ အသနားခံချက်ဟာ သူ့ရပ်ရွာနဲ့မျိုးနွယ်စု ပျံ့နှံ့တည် ရှိနေသူတွေရဲ့ ကြောက်ရွံ့နေတဲ့ စိတ်အခြေအနေကို ထင်ဟပ်စေပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်ဆက် ဆံမှုတွေရဲ့ရှုပ်ထွေးမှုတွေကိုထိန်းကျောင်းရာမှာ အစိုးရတို့ဟာ ဌာနေလူ့အဖွဲ့အစည်းတို့ရဲ့ လိုအပ်ချက်၊ အခွင့်အရေးတွေနဲ့ အမျိုးသားလုံခြုံရေးကို ဟန်ချက်ညီညီမျှတစေမယ့် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ နည်းလမ်းကိုရှာဖွေဖို့ အရေးကြီးပါတယ်။ လူမျိုးတွေအကြား ယဉ်ကျေးမှုဖလှယ်တာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ပြုလုပ်နိုင်စေမယ့် လုံခြုံတဲ့နယ်စပ် တွေဖန်တီးရေးဟာ အဆုံး စွန်သော ရည်မှန်းချက် ဖြစ်ပါလိမ့်မယ်။
zawgyi version
ျမန္မာနယ္စပ္တစ္ေလွ်ာက္ သံဆူးႀကိဳးကာရံမည့္ နယူးေဒလီ၏ စီမံကိန္းအေပၚ နာဂ႐ြာမ်ား စိုးရိမ္ေန (ေဘာသာပြန်ဆာင္းပါး)
Htay Oung (NP News) - မတ္ ၇
ျမန္မာႏိုင္ငံနဲ႔ထိစပ္ေနၿပီး မိုင္ ၁၀၂၀ ခန႔္ ရွည္လ်ားတဲ့ နယ္စပ္တစ္ေလွ်ာက္ ဆူးႀကိဳးစည္း႐ိုး ကာရံမယ့္ အိႏၵိယဗဟိုအစိုးရရဲ႕အစီအစဥ္ဟာ နာဂလူမ်ိဳးတို႔အတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။ စည္း႐ိုး ခတ္ျခင္းအားျဖင့္ အလြယ္တကူ လြတ္လပ္စြာသြား လာခြင့္ကို ရပ္ဆိုင္းေစမွာျဖစ္ၿပီး ျမန္မာနယ္စပ္ အိႏၵိယ နာဂလန္းျပည္နယ္ လန္ဝါ႐ြာေန ခႏၶာကိုယ္ အႏွံ႔ တက္တူအျပည့္ထိုးသူ နာဂလူမ်ိဳးမ်ားအတြက္ ရတက္မေအးစရာ ျဖစ္ေနရပါတယ္။ နယ္ျခားသံဆူး ႀကိဳးခတ္ျခင္းက အေရးႀကီးသလိုပဲ လြတ္လပ္စြာ သြားလာျခင္းကလည္း မရွိမျဖစ္လိုအပ္တယ္လို႔ သူတို႔အေနနဲ႔ ခံယူပါတယ္။ အဲဒီႏွစ္ခုဟာ ထိပ္တိုက္ ေတြ႕ႏိုင္သလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနရတယ္လို႔ အိႏၵိယတူေဒးသတင္းစာက ေရးသားထား တယ္။
စုစုေပါင္း ၃ သန္းခန႔္ရွိမယ့္ နာဂတို႔ဟာ အိႏၵိယနဲ႔ ျမန္မာႏိုင္ငံအတြင္း နာဂေတာင္တန္းေတြမွာ ေနထိုင္သူ ေတြျဖစ္ၾကၿပီး အုပ္စုငယ္ေလးမ်ားအသြင္ သီးျခားေနထိုင္ေလ့ရွိပါတယ္။ လူမ်ိဳးတစ္မ်ိဳးတည္း ျဖစ္ေပမယ့္ ေနထိုင္ရာ ေရေျမပထဝီအေနအထား အရ စကားနဲ႔ယဥ္ေက်းမႈဓေလ့ထုံးစံ ၁၂-မ်ိဳးထက္ မနည္း အနည္းငယ္စီ ကြဲျပားျခားနားေနၾကပါတယ္။ ျမန္မာတို႔နဲ႔ ႐ုပ္ရည္ခ်င္းအလြန္တူၿပီး သခ်ႋဳင္းဂူမ်ားကို ႐ြာအတြင္း ဒါမွမဟုတ္ ႐ြာရဲ႕နံေဘးမွာ တည္ထားေလ့ရွိပါတယ္။ ဂူေပၚမွာတင္ထားတဲ့ေက်ာက္တုံးေတြဟာ အသက္ရွင္စဥ္ သူ ျဖတ္ခဲ့သမွ် ဦးေခါင္းအေရအတြက္ ပဲျဖစ္ပါတယ္။ ၿပိဳင္ဘက္အုပ္စုဝင္ရဲ႕ဦးေခါင္းကို ျဖတ္ျခင္းျဖင့္ ေမွာ္အတတ္ကိုရရွိႏိုင္တယ္လို႔ မွတ္ယူ ၾကပါတယ္။ အတိတ္ကာလဇာတ္လမ္းေတြအရ အခု အိႏၵိယဘက္ျခမ္းမွ ေကာ့န္ညက္ နာဂစစ္သည္ေတာ္ တို႔ဟာ အခုျမန္မာႏိုင္ငံျဖစ္ေနတဲ့ဘက္ကို စြန႔္စား သြားလာၿပီး ၿပိဳင္ဘက႐ြာေနတို႔ရဲ႕ဦးေခါင္းေတြကို ျပန္လည္ယူေဆာင္လာေလ့ရွိတဲ့ အခ်ိန္ကာလတစ္ခု ရွိခဲ့တယ္။
ေကာ့န္ညက္လူမ်ိဳးစုတို႔အၾကား ဦးေခါင္း ျဖတ္ဖို႔စစ္တိုက္တာဟာ အတိတ္ကာလက သိသာ ထင္ရွားတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ ႐ြာ အခ်င္းခ်င္းပဋိပကၡေတြမွာ စိုက္ပ်ိဳးသီးႏွံေအာင္ျမင္ဖို႔နဲ႔ အသက္အတြက္ မရွိမျဖစ္လိုအပ္တဲ့ဝိညာဥ္႐ုပ္ ဟာ လူ႔ဦးေခါင္းမွာတည္ရွိတယ္လို႔ ယုံၾကည္ၾကပါ တယ္။
ေကာ့န္ညက္စစ္သည္ေတာ္တို႔ရဲ႕ေနအိမ္ေတြ မွာ ရန္သူေတြရဲ႕ဦးေခါင္းခြံေတြကို ဂုဏ္ယူစြာျပသခဲ့ ဖူးၾကပါတယ္။ ႏွစ္ႏိုင္ငံစလုံးကို လြတ္လပ္ေရးမေပးမီ ၁၉၃၅ ခုႏွစ္မွာ ၿဗိတိသွ်အစိုးရဟာ အဲဒီဓေလ့ကို အဆုံးသတ္ေစခဲ့ၿပီး ၁၉၆၀ ျပည့္ႏွစ္မွာ သက္ဆိုင္ရာ အစိုးရအသီးသီးတို႔ ဥပေဒျပ႒ာန္းခ်က္ေတြနဲ႔ တား ျမစ္ခဲ့ပါတယ္။ ဒါေပမဲ့ အတိတ္ကာလ ေခါင္းျဖတ္ စစ္ပြဲေတြမွာပါဝင္ခဲ့ဖူးတဲ့ သက္ႀကီး႐ြယ္အို ေကာန႔္ ညက္စစ္သည္ေတာ္တို႔ဟာ ယေန႔တိုင္ အသက္ရွင္ လ်က္ရွိေနပါတယ္။ ဦးေခါင္းခြံေတြကေတာ့ ႐ိုးရာဓ ေလ့ပြဲေတာ္ေတြမွာ ဒ႑ာရီအျဖစ္သာ ျမင္ရပါေတာ့တယ္။
႐ြာႏွစ္ခုအၾကား တစ္ခုတည္းေသာ ဘိလပ္ ေျမလမ္းကေလးဟာ အိႏၵိယနဲ႔ျမန္မာနယ္ျခား ျဖစ္ တယ္လို႔ေျပာဆိုၾကေပမယ့္ ေကာ့န္ညက္လူမ်ိဳးစု အႀကီးအကဲရဲ႕အိမ္ေတာ္ဟာ နယ္စပ္မ်ဥ္းကိုခြလ်က္ သားတည္ရွိေနပါတယ္။ ဒီလို လန္ဝါ႐ြာရဲ႕ ထူးျခားတဲ့ အေျခအေနဟာ နယ္စပ္ျပႆနာ ဘယ္ေလာက္ ရႈပ္ေထြးေၾကာင္း မီးေမာင္းထိုးျပေနပါတယ္။ ႐ြာသားေတြဟာ ကမာၻႏွစ္ခုအၾကားမွာပိတ္မိေနၿပီး သူတို႔ ကိုယ္တိုင္နဲ႔ သူတို႔အသိုင္းအဝိုင္းအတြက္ အနာဂတ္မွာ ဘယ္ပုံဘယ္နည္းျဖစ္လာမယ္ဆိုတာ ဘယ္သူမွ မသိႏိုင္ၾကပါဘူး။
လန္ဝါ႐ြာေနတို႔ဟာ သူတို႔ရဲ႕ ႐ိုးရာလူေနမႈ ပုံစံအေပၚ သစၥာေစာင့္သိမႈနဲ႔ ေခတ္ေပၚ နယ္စပ္လုံ ၿခဳံေရး အစီအမံဖိအားေတြၾကား မေဝခြဲႏိုင္ဘဲျဖစ္ေန ပါတယ္။ အိႏၵိယ-ျမန္မာနယ္စပ္ကို သံဆူးႀကိဳး ကာရံမယ့္ကိစၥဟာ သူတို႔ရဲ႕ ရာစုႏွစ္မ်ားစြာထိန္းသိမ္းခဲ့တဲ့ဓေလ့ထုံးတမ္းနဲ႔ လူေနမႈပုံစံအေပၚ အေႏွာင့္ အယွက္ျဖစ္ေစပါတယ္။ သူတို႔ရဲ႕ ဘိုးဘြားပိုင္ေျမေတြ၊ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ ေတြဆုံးရႈံးမယ့္အေရး စိုးရိမ္တာဟာ သူတို႔ရဲ႕ စိတ္သႏၲာန္မွာ အႀကီးအက်ယ္ဖိစီးေနပါတယ္။
ဟြန္ဂိုဝမ္ရႈရဲ႕တက္တူထိုးထားတဲ့မ်က္ႏွာဟာ ၾကမ္းတမ္းတဲ့အတိတ္ပုံျပင္ကို ေျပာျပသလိုရွိေပမယ့္ သူရဲ႕လက္ရွိအေျခေနအေပၚ စိုးရိမ္မႈေတြ ေတြကလည္း အခိုင္အမာအျမစ္တြယ္ေနပါတယ္။ ေက်း႐ြာ ဘုရားေက်ာင္းရဲ႕ ဘ႑ာေရးေတြနဲ႔ခရစ္ယာန္ဘာသာဝင္တစ္ဦးျဖစ္သူသူ႔အေနနဲ႔ မေသခ်ာ မေရရာမႈ ေတြကိုရင္ဆိုင္ေနရခိုက္ စည္းလုံးမႈနဲ႔ ၿငိမ္းခ်မ္းေရးရဲ႕အေရးႀကီးပုံကိုလည္း နားလည္ပါတယ္။
လန္ဝါ႐ြာနဲ႔ သူတို႔ရဲ႕ကံၾကမၼာဟာ နယ္စပ္လုံၿခဳံေရးအစီအမံေတြက ဘဝေနထိုင္မႈပုံစံအေပၚ သက္ေရာက္မႈေတြနဲ႔ ဟန္ခ်က္ညီလုံးေထြးေနပါတယ္။ ျဖတ္သန္းသြားလာလို႔မရႏိုင္တဲ့ နယ္ျခားဆူးႀကိဳးတံတိုင္းတည္ေဆာက္မယ့္ အစိုးရရဲ႕ ကတိက ဝတ္ဟာ ေကာ့န္ညက္မ်ိဳးႏြယ္စုနဲ႔ အိႏၵိယ နာဂလန္း ျပည္နယ္ရွိ တျခား အိုးအိမ္ထူ ေထာင္ ေနသူမ်ားအၾကား ဧရာမ ကုန္က်စရိတ္နဲ႔အတူ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။
နယ္ျခားသံဆူးႀကိဳးခတ္မယ့္ အစီအစဥ္ဟာ လန္ဝါ႐ြာနဲ႔ အိႏၵိယ-ျမန္မာနယ္စပ္တစ္ေလွ်ာက္ရွိ တျခားေက်း႐ြာေန ေဒသခံမ်ားအတြက္ စိုးရိမ္မႈျဖစ္ လာပါတယ္။ လက္ရွိ ႏိုင္ငံေရး၊ လူမႈေရးျပႆနာ ေတြနဲ႔အတူ နယ္ျခားပိုင္နက္တို႔ ရဲ႕ သမိုင္းေနာက္ခံဟာ အေျခအေနမ်ားကို ရႈပ္ေထြးေစပါတယ္။ အိႏၵိယျပည္တြင္းမွာပဲ နာဂလန္းနဲ႔ကပ္ လ်က္တည္ရွိတဲ့ မဏိပူရျပည္နယ္မွာျဖစ္ပြားေနတဲ့ လူမ်ိဳးေရးပဋိပကၡဂ ယက္႐ိုက္ခတ္မႈေၾကာင့္ တရားမဝင္ နယ္ျခားျဖတ္သန္းသြားလာျခင္းနဲ႔ လူေမွာင္ခို လုပ္ငန္းေတြကိုစိစစ္ႏိုင္ဖို႔ နယ္ျခားတစ္ေလွ်ာက္ သံဆူးႀကိဳးကာရံေရးကို နယူးေဒလီက ဆုံးျဖတ္ခဲ့ျခင္းျဖစ္ ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာရယူၿပီး ေနာက္ ယခင္တည္ရွိခဲ့တဲ့ လြတ္လပ္စြာကူးသန္းသြား လာခြင့္ (FMR) ကို အိႏၵိယဘက္က ရပ္ဆိုင္းလိုက္ ျခင္းျဖင့္ ႏွစ္ႏိုင္ငံအၾကားဆက္ဆံေရးဟာ ပိုမိုတင္းမာ သြားခဲ့ရပါတယ္။
လန္ဝါနဲ႔ တျခားေက်း႐ြာေနေဒသခံေတြ ဟာ နယ္ျခားစည္း႐ိုးခတ္ျခင္းေၾကာင့္ သူတို႔ရဲ႕အသက္ ေမြးဝမ္း ေက်ာင္းလုပ္ငန္းမ်ားအေပၚ ထိခိုက္လာမွာကို စိုးရိမ္ေနၾကပါတယ္။ သူတို႔အမ်ားစုဟာ နယ္စပ္ႏွစ္ ဖက္စလုံးမွာ လယ္ယာေျမေတြကိုပိုင္ဆိုင္ထားၾကၿပီး ႏွစ္ႏိုင္ငံအၾကား လြတ္လပ္စြာ ကူးလူးသြားလာေနခဲ့ၾက တာကလည္း မ်ိဳးဆက္ေပါင္းမ်ားစြာ ရွိခဲ့ပါတယ္။
နာဂေက်ာင္းသားမ်ားအဖြဲ႕ခ်ဳပ္နဲ႔ တျခား အဖြဲ႕အစည္းေတြကေတာ့ (FMR) ရပ္ဆိုင္းေၾကာင္း ဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ဖို႔နဲ႔နယ္ျခား စည္း ႐ိုးခတ္ျခင္းအစီအစဥ္ကို အေကာင္ အထည္မေဖာ္မီ နယ္စပ္ေနထိုင္ သူေတြရဲ႕စိုးရိမ္ပူပန္မႈေတြကို ထည့္ သြင္းစဥ္းစားဖို႔ အိႏၵိယဗဟိုထံတိုက္တြန္းထားပါတယ္။ေဒသတြင္းရဲ႕ ႏိုင္ငံေရး လူမႈေရးဆိုင္ရာ အေ႐ြ႕ေတြ ဆက္လက္ တိုးတက္ေျပာင္းလဲလာတာ နဲ႔အမွ် အိႏၵိယနဲ႔ ျမန္မာႏိုင္ငံအစိုးရ အသီးသီးတို႔က လည္း ေဒသတြင္းလူမႈအသိုင္းအဝိုင္းေတြနဲ႔ ထိေတြ႕ ဆက္ဆံၿပီး သူတို႔ရဲ႕စိုးရိမ္ပူပန္မႈေတြကို ပြင့္လင္းျမင္ သာမႈပါဝင္တဲ့နည္းလမ္းမ်ိဳးနဲ႔ ေျဖရွင္းရန္ အေရးႀကီး လွပါတယ္။
ႏွစ္ဖက္စလုံးမွာရွိေနတဲ့ ျပည္သူအခ်င္း ခ်င္းတို႔အၾကား နီးကပ္တဲ့ဆက္ဆံေရးဟာ မၾကာ ခဏထိေတြ႕ဆက္ဆံမႈနဲ႔ လိုအပ္ခ်က္အမ်ိဳးမ်ိဳးအတြက္ အခ်င္းခ်င္းအေပၚ မွီခိုအားထားမႈအေပၚ မူ တည္ေနေၾကာင္းထင္ရွားပါတယ္။ လန္ဝါ႐ြာေနသူဟာ သူတို႔ရဲ႕ “ဆြာ့ခ်္-ဘာရတ္-လႈပ္ရွားမႈ}ကို ျမန္မာ ႏိုင္ငံအတြင္း ျဖန႔္ၾကက္ရန္အထိ စိတ္ဝင္စားေနၾကပါ တယ္။ ၂၀၁၄ ခုႏွစ္ ေအာက္တို ဘာ ၂ ရက္ေန႔ကစ တင္ခဲ့တဲ့” “အိႏၵိယႏိုင္ငံအႏွံ႔ သန႔္ရွင္းေရး" လႈပ္ရွားမႈ ဟာ ႏိုင္ငံနယ္နိမိတ္ကို ျဖတ္ေက်ာ္ျခင္းျဖင့္ ရပ္႐ြာအ ခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈကို ျပသလိုၾကပါတယ္။
အားလုံးကို ၿခဳံငုံၾကည့္လိုက္ရင္ေတာ့ အိႏၵိယ-ျမန္မာနယ္စပ္ရဲ႕အေျခအေနဟာ ရႈပ္ေထြးေနၿပီး တရားမဝင္ လူ၊ မူးယစ္ေဆးဝါး ေမွာင္ခိုကူးမႈႏွင့္ လူဦး ေရအခ်ိဳးအစားေျပာင္းလဲမႈေတြဟာ ႏွစ္ဖက္လုံးအ ေပၚ သက္ေရာက္မႈရွိေနဆဲျဖစ္ပါတယ္။ သို႔ေသာ္ လည္း နယ္စပ္တစ္ေလွ်ာက္ ဟိုဘက္ဒီဘက္ေနသူ အခ်င္းခ်င္းတို႔အၾကား ယဥ္ေက်းမႈနဲ႔ ဘိုးစဥ္ေဘာင္ ဆက္ခ်ိတ္ဆက္မႈဟာ အဲဒီစိန္ေခၚမႈေတြကို ေျဖရွင္း ရာမွာ သိမ္ေမြ႕တဲ့ခ်ဥ္းကပ္မႈလိုအပ္ေၾကာင္း မီးေမာင္း ထိုးျပေနပါတယ္။ အစိုးရတို႔အေနနဲ႔ နယ္စပ္ေဒသေနထိုင္ၾကသူေတြအေပၚ မိမိတို႔မူဝါဒေတြရဲ႕ အက်ိဳးသက္ ေရာက္မႈကို ထည့္သြင္းစဥ္းစားဖို႔နဲ႔ လူမႈအသိုင္း အဝိုင္းအားလုံးရဲ႕ ေဘးကင္းေရး၊ သုခခ်မ္းသာေရးကို ဦးစားေပးတဲ့ ေျဖရွင္းခ်က္ေတြကို ရွာေဖြဖို႔အေရး ႀကီးပါတယ္။ မတူကြဲျပားတဲ့လူမ်ိဳးစုေတြနဲ႔ အစိုးရေတြ အၾကား ပူးေပါင္းေဆာင္႐ြက္တာနဲ႔ ေဆြးေႏြးပြဲေတြ ဟာ နယ္ျခားႏွစ္ဖက္လုံးမွာရွိေနတဲ့ မ်ိဳးႏြယ္စုေတြရင္ ဆိုင္ေနရတဲ့ ျပႆနာေတြအတြက္ေရရွည္တည္တံ့တဲ့ ေျဖရွင္းနည္းေတြကိုရွာေဖြရာမွာ အေထာက္အကူ ျဖစ္ေစပါတယ္။
လက္နက္နဲ႔ မူးယစ္ေဆးဝါးေမွာင္ခိုကုန္ကူးမႈတားဆီးဖို႔အတြက္ နယ္ျခားစည္း႐ိုးခတ္ျခင္းဟာ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ျဖစ္ေပမယ့္ နယ္စပ္တစ္ေလွ်ာက္ ဌာေနတိုင္းရင္းသားအသိုင္းအဝိုင္းေတြ အေပၚသက္ေရာက္မႈကိုလည္း ထည့္သြင္းစဥ္းစားဖို႔ လိုအပ္ပါတယ္။ နာဂအသိုက္အဝန္းဟာ ႏိုင္ငံ့နယ္ နိမိတ္ေတြကိုေက်ာ္လြန္တဲ့ ကာလၾကာရွည္စြာ ဆက္ဆံေရးတည္ရွိခဲ့ၿပီး သူတို႔ရဲ႕သြားလာလႈပ္ရွားမႈအေပၚ ဂယက္႐ိုက္ခတ္ႏိုင္တဲ့ ဘယ္လိုမူဝါဒကိုမဆို သူတို႔ရဲ႕ အခြင့္အေရးနဲ႔ သမိုင္းေၾကာင္းအရ ကာကြယ္ရန္ ဂ႐ု တစိုက္ထည့္သြင္း စဥ္းစားသင့္ပါတယ္။
ေဆြးေႏြးမႈနဲ႔နားလည္မႈတို႔ဟာ ျပႆနာ ကိုေျဖရွင္းရာမွာ အဓိကေသာ့ခ်က္ျဖစ္ၿပီး အစိုးရ ႏွစ္ရပ္လုံးအေနနဲ႔ ဌာေနတိုင္းရင္းသားအသိုင္းအဝိုင္း ေတြရဲ႕စိုးရိမ္ပူပန္မႈေတြကို ထည့္သြင္းစဥ္းစားသင့္ ပါတယ္။ (FMR) ကိုဆိုင္းငံ့ လိုက္တာဟာ စိန္ေခၚမႈအ သစ္ေတြကို ဖန္တီးရာေရာက္ႏိုင္ပါတယ္။ အမ်ားျပည္ သူတို႔ရဲ႕အခြင့္အ ေရးေတြကို ေလးစားလိုက္နာၿပီး လုံၿခဳံေရးကို ေသခ်ာေစမယ့္ တျခားနည္းလမ္းေတြကို ေဖာ္ထုတ္ဖို႔လည္း လိုအပ္ပါတယ္။
(FMR) ကို ဆိုင္းငံ့ထားဖို႔နဲ႔ နယ္ျခားစည္း ႐ိုးေတြကိုစိုက္ထူဖို႔ဆုံးျဖတ္ခ်က္ဟာ ျမန္မာနဲ႔ ထိစပ္ ေနတဲ့ လိုင္ဝါနဲ႔တျခားေက်း႐ြာေတြအတြက္ စိုးရိမ္မႈ ေတြရွိေနပါတယ္။ ႐ြာသူႀကီးေဟာင္း ဟြန္ဂိုဝမ္ရႉရဲ႕ အသနားခံခ်က္ဟာ သူ႔ရပ္႐ြာနဲ႔မ်ိဳးႏြယ္စု ပ်ံ႕ႏွံ႔တည္ ရွိေနသူေတြရဲ႕ ေၾကာက္႐ြံ႕ေနတဲ့ စိတ္အေျခအေနကို ထင္ဟပ္ေစပါတယ္။
နယ္စပ္လုံၿခဳံေရးနဲ႔ ႏိုင္ငံျဖတ္ေက်ာ္ဆက္ ဆံမႈေတြရဲ႕ရႈပ္ေထြးမႈေတြကိုထိန္းေက်ာင္းရာမွာ အစိုးရတို႔ဟာ ဌာေနလူ႔အဖြဲ႕အစည္းတို႔ရဲ႕ လိုအပ္ခ်က္၊ အခြင့္အေရးေတြနဲ႔ အမ်ိဳးသားလုံၿခဳံေရးကို ဟန္ခ်က္ညီညီမွ်တေစမယ့္ ရွဥ့္လည္း ေလွ်ာက္သာ ပ်ားလည္းစြဲသာ နည္းလမ္းကိုရွာေဖြဖို႔ အေရးႀကီးပါတယ္။ လူမ်ိဳးေတြအၾကား ယဥ္ေက်းမႈဖလွယ္တာနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ဆက္လက္ျပဳလုပ္ႏိုင္ေစမယ့္ လုံၿခဳံတဲ့နယ္စပ္ ေတြဖန္တီးေရးဟာ အဆုံး စြန္ေသာ ရည္မွန္းခ်က္ ျဖစ္ပါလိမ့္မယ္။