၁၁.၁၁ ကယား စစ်မီးကြားက နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်များ . . .(အင်တာဗျူး)

 8660

မြူနစ် / Pearl (NP News) - မတ် ၇

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ KNDF၊ KPDF ပူးပေါင်းအဖွဲ့များသည် ၁၁.၁၁ စစ်ဆင် ရေးအမည်ဖြင့် တိုက်ပွဲစတင်ဖော်ဆောင်ခဲ့သည်။ ယခုအချိန် အထိ အဖြေမထွက်သေးသည့် တိုက်ပွဲကာလအတွင်း၌ ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု၊ လွိုင်ကော်မြို့အခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများ တွေ့ကြုံခံစားခဲ့ရသော အခြေ အနေများကို လွိုင်ကော်မြို့၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတစ်ဦးကို NP News က သီးသန့်တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

(မှတ်ချက်)- အဆိုပါ နိုင်ငံ့ဝန်ထမ်းအရာရှိသည် ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးဖြစ်ပြီး ၎င်း၏ လုံခြုံရေးအခြေအနေအရ အမည်၊ ဌာနနှင့် ရာထူး အပြည့်အစုံကို ကာယကံရှင်၏ဆန္ဒအရ မဖော်ပြနိုင်ခြင်းကို စာဖတ်ပရိသတ်များအနေဖြင့် နားလည်ပေးစေလိုပါသည်။

မေး - ပထမဆုံးမေးချင်တာက ဒီ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလကနေစပြီးတော့ ပဋိပက္ခတွေစဖြစ်တယ်။ စဖြစ်တော့ အဲဒီကနေစပြီးတော့ နိုင်ငံ့ဝန်ထမ်း တာဝန်တွေထမ်းဆောင်နေတဲ့ ပြည်သူထဲက ပြည်သူ တွေ အဲဒီလိုစဖြစ်တော့ အခြေအနေဘယ်လိုရှိလဲ။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးထမ်း ဆောင်ခဲ့ရလဲ။ ဘယ်လိုမျိုး အခြေအနေတွေရှိလဲ။
ဖြေ - ကယားပြည်နယ်အနေနဲ့ကတော့ အားလုံး သိတဲ့အတိုင်းပဲ။ စပြီးတော့ ဖြစ်စဉ်ဖြစ်ကတည်းက တစ်ဖက်က နဂိုတည်းက ဘယ်လိုပြောရမလဲ အုံနဲ့ ကျင်းနဲ့ ကန့်ကွက်ကြတဲ့အဖွဲ့တွေလည်းများတာကိုး။ အားလုံးသိတဲ့အတိုင်းပဲ။ ရဲထဲမှာဆို CDM သွားတဲ့ အဖွဲ့တွေလည်းတော်တော်များတဲ့အထဲမှာ ပါတယ် ပေါ့နော်။ အဲဒီအတွက်ကြောင့် တာဝန်ထမ်းဆောင် ရတဲ့ဝန်ထမ်းတွေလည်း အခက်အခဲတော်တော်ရှိ တယ်။အဓိကကတော့ အဲဒီကာလမှာ တာဝန်ကျတဲ့ ရဲမှူးကြီးတို့ ဘာတို့ အလုပ်မလုပ်တာလည်းပါတယ်။ အလုပ်မလုပ်တဲ့အခါကျတော့ CDM လုပ်သွားတဲ့ ဝန်ထမ်းတွေက မကြောက်ရဘူး။ လမ်းပေါ် ပေါ်တင်နေကြတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ဆက်လက်တာဝန်ထမ်းဆောင်ရတာပေါ့နော်။ အဓိကကတော့ သက်ဆိုင်ရာ ရဲတွေ၊ တာဝန်ကျတဲ့ ရဲမှူးကြီးတွေ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် ကောင်းတာပေါ့။ တချို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့တိုင်းတွေမှာဆိုရင်ပြဿနာမရှိဘူးပေါ့။ အလုပ် မလုပ်တဲ့လူတွေနဲ့ဆိုတော့ အဲဒီဒေသမှာနေရတဲ့ ကျန်တဲ့ဝန်ထမ်းတွေ ဒုက္ခရောက်တာပေါ့။ တာဝန် ထမ်းဆောင်ဖို့ အခက်အခဲတွေပိုရှိတာပေါ့။ အဲဒီကာလတွေမှာဆိုရင် တာဝန်ထမ်းဆောင်ရတာ ဘယ်လိုအခက် အခဲရှိလဲဆိုရင် တချို့ရုံးတွေဆိုရင် အင်္ကျီအဖြူတောင် ဝတ်လို့မရတော့ဘူး။ ဒီအတိုင်းပဲ ရုံးကို တခြားအင်္ကျီနဲ့သွားပြီးတော့ ရုံးရောက်မှ အင်္ကျီဝတ်တာ။ အစ်ကိုဆိုရင်တောင် အဲဒီလိုပဲသွားခဲ့ရတာ။ တကယ့် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတာပေါ့။ လိုင်းပေါ်မှာလည်း ဒီလိုပေါ့ Shame on you ဆိုတဲ့ Page တွေပါထောင်ပြီးတော့ ဝန်ထမ်းတွေရဲ့ Biography တွေပါ ထည့်ရေးပြီးတော့ ငယ်ကျိုးငယ်နာ တွေဖော်ပြီးတော့ပဲ။ ဒီတစ်ယောက်ကို ဘာလုပ်မယ်၊ ပစ်ပယ်မယ်။ နောက်ပြီးတော့ အရေးယူမယ်ပေါ့။အဲဒီလိုမျိုးတွေအထိကိုရှိတယ်။ နောက်အသက်အန္တရာယ်တွေခြိမ်းခြောက်တဲ့အထိ ကိုရှိတယ်။ အဲဒီမှာ အားလုံးကသိတဲ့အတိုင်းပဲ တချို့ဝန်ထမ်းတွေ လုပ်ကြံခံရတဲ့ အခြေအနေအထိ။ အထူးသဖြင့်တော့ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ရဲတွေပေါ့။ ရဲအကြီးပိုင်းအတော်များများကို အဲဒီလိုတွေ ခြိမ်းခြောက်လုပ်ကြံခဲ့တာတွေ ရှိတာပေါ့။ အဲဒီထဲမှာမှ သေတဲ့လူတွေလည်းသေသွား ကြတယ်။ လွတ်တဲ့လူလည်းလွတ်တာပေါ့။ အထူးသဖြင့်တော့ ပထဆုံးရဲအရာရှိတစ်ယောက်လုပ်ကြံ ခံရတာရှိတယ်။ နောက်အဲဒီထဲမှာ ထူးထူးခြားခြားဖြစ်တာကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်။ အဲဒီလိုပဲ လုပ်ကြံခံရတယ်။ ဒါပေမဲ့ အဲဒီတစ်ယောက်မှာပေါ်သွားတယ်။ လုပ်တဲ့ အဖွဲ့လည်း ပေါ်သွားတယ်။ အဓိကကတော့ အဲဒီအချိန်မှာလည်း ဝန်ကြီးချုပ်အသစ်ဖြစ်နေတယ်။ အဲဒီ ဝန်ကြီးချုပ်ကလည်း ဘယ်လိုခေါ်မလဲ ပြည်ထောင်စုကလာတဲ့ ဒုတိယဗိုလ် ချုပ်ကြီးဖြစ်တဲ့အခါကျ တော့ ရဲတို့၊ ဘာတို့အပေါ်မှာ လွှမ်းမိုးနိုင်မှုရှိတဲ့အခါကျတော့အောက်က ကောင်တွေက မပေါ်ပေါ်အောင် လိုက်ရတာပေါ့။ အဲဒီလိုမျိုးမပေါ် ပေါ်အောင်လိုက်ရတဲ့အခါ နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်မျိုးသိပ် မရှိတော့ဘူး။ ဒါပေမဲ့ ဘာတွေရှိလဲဆိုရင် ဝန်ထမ်းတွေကိုဖမ်းတယ်။ ဖမ်းပြီးရင်အလုပ်ထွက်ခိုင်း တယ်။ နောက်ပြီးပိုက်ဆံနဲ့ ရွေးခိုင်းတယ်။ အဲဒီလိုမျိုးပေါ့နော်။ နောက်ပိုင်းမှာကတော့ ဝန်ထမ်း တွေကို သတ်ဖြတ်တာ ထက်စာရင် အဓိက ပိုက်ဆံနဲ့ရွေးခိုင်းတာ။ ဒါမှမဟုတ်ရင် အောက်ကအငယ် တွေဆိုရင် အလုပ်ထွက်ခိုင်းတာ။ အဲဒါတွေပဲရှိတယ်။

မေး - ဟုတ်ကဲ့။ နောက်တစ်ခုကဘာလဲဆိုတော့ ကယား ပြည်နယ် လွိုင်ကော်မှာပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၁)ရက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေက ၁၁.၁၁ စစ်ဆင်ရေးစတယ်ပေါ့နော်။ စစ်ဆင်ရေးစတော့ လွိုင်ကော်မြို့မှာစတာပေါ့နော်။ စဖော်တော့ ဘယ်လိုပုံစံမျိုးတွေ မြင်တွေ့ကြရလဲ။ ဘယ်လိုပုံစံမျိုးတွေဖြစ်လဲ။ ဘယ်လိုပုံစံမျိုးနဲ့ တိုက်ပွဲ လာဖော်ခဲ့တာလဲ။
ဖြေ - သူတို့ကတော့ သူတို့ရဲ့ အဓိက အမာခံရွာ သုံးရွာဖြစ်တဲ့ ထေးငှားလျားရယ်၊ နာနတ်တောရယ် ဒေါဥခူရယ်ပေါ့။ အစောကတည်းက အဲဒီရွာတွေကနေ အခြေကုပ်ပြီးတော့မှ မြို့ကိုစပြီးတော့ ကပ်တာပေါ့ နော်။ ကပ်ပြီးတော့ အဲဒီရွာနဲ့ မြို့နဲ့ကြားမှာ အဓိကက လွိုင်ကော်တက္ကသိုလ်ကြီးခံနေတယ်။ တက္ကသိုလ် ကြီးခံနေတော့ လွိုင်ကော်တက္ကသိုလ်ကြီးထဲမှာ ဆရာ၊ ဆရာမတွေပဲ ရှိတာပေါ့။ (၁၁)ရက်နေ့ စတိုက်တော့ ဆရာ၊ ဆရာမတွေက အဲဒီမှာ ပိတ်မိနေတာပေါ့။ ဒီဘက်ကို လွတ်လာတာ အနည်း ငယ်ပဲရှိတယ်။ သူတို့ဘက်မှာ အဖမ်းခံရတဲ့အဖွဲ့တွေ တော်တော် များတယ်ပေါ့နော်။ နောက်တစ်ချက်က အင်နဲ့အားနဲ့ အဲဒီနေ့က ကြည့်ရ သလောက်ကတော့ တော်တော် များကြတာပေါ့။ လွိုင်ကော်မြို့ရဲ့မြောက်ဘက်ခြမ်း တစ်ခြမ်းလုံးကနေပြီး တော့ အင်နဲ့အားနဲ့ဝင်တိုက်တာဖြစ်တဲ့အတွက် ကိုယ်တွေဝန်ထမ်းတွေဘက်ကို ဒရုန်း တွေနဲ့ သုံးရက်လောက်အတွင်းမှာကိုပဲ ရောက်လာခဲ့တယ်ပေါ့နော်။ လွှတ်တော်တို့၊ အစိုးရ အဖွဲ့နားအထိကို ရောက်လာခဲ့တယ်ပေါ့နော်။ ရောက်လာတဲ့အချိန်မှာတော့ နည်းနည်းတန့် သွားခဲ့တာပေါ့နော်။ ၁၄ ရက်နေ့လောက်မှာတော့ သူတို့ရဲ့ထိုးစစ် တန့်သွားတယ်။

မေး - အဲဒီတိုက်ပွဲကာလတွေမှာကော နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ခဲ့ရတာမျိုးရှိလဲ။ ဘယ်လိုအခြေအနေမျိုးတွေ ကြုံခဲ့ရလဲ။
ဖြေ - ကြုံခဲ့ရပါတယ်ဗျ။ အဲဒီကာလမှာလည်း ဘာတွေကြုံတွေ့ရလဲဆိုတော့ အမိန့်ညွှန်ကြားချက်၊ CDM မလုပ်တဲ့ဝန်ထမ်းတွေ ဒုက္ခရောက်တာပေါ့။ ဘယ်အမိန့်၊ ဘယ်ညွှန်ကြားချက်မှမလာ။ နောက် ဘာလုပ်ရမှာလဲဆိုတဲ့ ညွှန်ကြားချက်တွေ မပေးလာ။ မပေးလာဘူး ဖြစ်တဲ့အတွက်ရုံးဌာန တော်တော် များများက ကိုယ့်ဘာသာပဲ ကိုယ့်ဝန်ထမ်းတွေကို ညွှန်ကြား။ ကိုယ့်ဘာသာကိုယ်ပဲ စီမံခန့်ခွဲ။ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ လှုပ်ရှား ဆောင်ရွက်ခဲ့ရ တယ်။

မေး - နောက်တစ်ခုက အဲဒီ လွိုင်ကော်တက္ကသိုလ် ပေါ့နော်။ အဲဒီကို ဒေသခံ လက်နက်ကိုင်တွေက ဝင်စီးတဲ့အခါမှာ ဘယ်လိုမျိုးအခြေအနေတွေရှိလဲ။ ပုံတွေဆိုရင် သတ်ဖြတ်ခံရတဲ့ပုံတွေပါ ကျွန်တော်တို့ တွေ့တယ်။ ဘယ်လိုမျိုးအခြေအနေတွေရှိခဲ့လဲ။ အဲဒါဖြစ်စဉ်လေးလည်း ပြောပေးလို့ရမလား။
ဖြေ - အဓိကကတော့ အသေးစိတ်ကတော့ သိပ်တော့မသိဘူးပေါ့နော်။ ကျွန်တော်သိသလောက်က တော့ လေးဖက်လေးတန်ကနေ ဝင်ချတာ။ လေးဖက်လေးတန်ကနေ တက္ကသိုလ်ကိုဝိုင်းတဲ့အချိန်မှာ တပ်က သုံးဖွဲ့လောက်ကိုထည့်ပြီးတော့ တည်လိုက်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ လွိုင်ကော်တက္ကသိုလ်က ဝင်လမ်း တစ်လမ်းပဲရှိတယ်။ ထွက်လမ်းလည်း အဲဒီလမ်း ကပဲပြန်ထွက်ရမှာ။ ဒါပေမဲ့ အဲဒီလမ်းရဲ့ ဘေးဘယ် ညာမှာ ဟိုကောင်တွေအကုန်လုံးက ရောက်နေပြီဆိုတော့။ ဝင်ပြီးတဲ့အဖွဲ့တွေလည်း ထွက်ဖို့အကုန်ခက်သွားတယ်။ နောက်တစ်ချက်က အထဲမှာရှိနေတဲ့ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေရှိမယ်။ နောက်ပြီး အဲဒီအထဲမှာပဲ လုပ်သားတွေ၊ သန့်ရှင်းရေး နေ့စား တွေ အဖွဲ့စုံပေါ့၊ နောက်တည်ဆောက်ရေးလုပ်နေတဲ့ အဖွဲ့တွေရှိမယ်။ တည် ဆောက်ရေးအဖွဲ့တွေရဲ့ လုပ်သားတွေပေါ့၊ ဒါတွေ အကုန်ကျန်မယ်။ လူအတော်များ များက စုံနေမှာပဲ။ ဆရာဆရာမတွေနဲ့ ကျောင်းဆရာ ဆရာမ မိသားစုတွေနဲ့ အဲဒီလိုဟာတွေနဲ့ အထဲမှာ တိုက်ပွဲကဖြစ်သွားတာ။ ဖြစ်တဲ့အတွက်ကြောင့်မို့ သေသွားတာတို့ မှန်သွားတာတို့ ရှိနိုင်လောက်တယ်။ ဒီမြို့ထဲဘက်ကို ထွက်ပြေးလွတ်မြောက်လာတာ တော်တော်နည်းတယ်ပေါ့နော်။ ကျွန်တော်တို့ သိသလောက်ကတော့ ၂၀/ ၃၀ ဝန်းကျင်လောက်ပဲရှိမယ်။ ဟိုလက်နက်ကိုင်အင်အားစုတွေဘက်ကနေ ဖမ်းမိသွားတာတော့ ၁၉၀၊ ၂၀ဝ ဝန်းကျင်လောက်ကို ရှိတယ်။ အထဲမှာတော့ အဲဒီကာလကကြုံတွေခဲ့တဲ့ ဆရာ၊ ဆရာမတွေက ပိုပြီးတော့ အသေးစိတ်ကို သိရလိမ့်မယ်။ ဘာလို့လဲဆို အဓိကကတော့ ဝိုင်းခံရတာ ပေါ့နော်။ အစတုန်းကတော့ အထဲမှာ တပ်မရှိဘူးပေါ့နော်။ တကယ်တမ်း အဲဒီလိုဝိုင်းခံရတဲ့အခါမှာ တပ်က ဝင်ကယ်တယ်လို့ သိရတယ်။

မေး - အဲဒီလွိုင်ကော်မှာပေါ့နော်။ KNDF ဦးဆောင် တဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖော်တော့ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ တိုက်ပွဲကြားထဲမှာ ညပ်ခဲ့တဲ့အခြေအနေမျိုးရှိလား။ကြားညပ်သွား တဲ့အခြေအနေမျိုး၊ ကြားထဲရောက်သွားတဲ့ အခြေအနေမျိုးရှိလား။ တိုက်ပွဲကကော ဘယ်လောက် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့လဲပေါ့နော်။
ဖြေ - ကြားဖူးပါတယ်။ ကျွန်တော်တို့က စဖြစ်ကတည်းကလည်း ၁၁ ရက်နေ့ဆိုလည်း တစ်နေကုန် ပစ်ခတ်နေပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ တစ်နေကုန်ပဲ။ ၁၂ ရက်နေ့ဆိုလည်း တစ်နေကုန်ပဲ။ လွိုင်ကော်တက္ကသိုလ်မှာ ၁၂ ရက်နေ့ ညနေပိုင်း လောက်မှ ငြိမ်ကျသွားတာ။ ဒီဘက်ကလည်း အထဲမှာ ကျန်နေခဲ့တဲ့အဖွဲ့ကို မကယ်ထုတ်နိုင်တော့ဘူး။ ကျန်တဲ့အဖွဲ့တွေလည်း မိသွားတယ်ပေါ့။ အဲဒီမှာ နည်း နည်းလေးငြိမ်သွားတယ်။ ၁၂ ရက်နေ့မှာ သူတို့ လွိုင်ကော်တက္ကသိုလ်ကို ရသွားတယ်။ ၁၃ ရက်နေ့လောက်မှာ သူတို့ ဒီဘက်မြို့ထဲကို ကူး ကြတယ်ပေါ့နော်။ သူတို့ လက်နက်ကိုင်အဖွဲ့တွေ၊ မြို့ ထဲကိုကူးတယ်။ အဲဒီမှာ ကူးပြီးတဲ့ နောက်ပိုင်းမှာဆို လည်း တော်တော်များများတိုက်ပွဲကတော့ ကြမ်းတာပေါ့နော်။ ဥပမာ ၁၃ ရက်နေ့ ဒီဘက် လွိုင်ကော် (အထက-၂ )ထဲရောက်နေတဲ့အချိန်မှာပေါ့နော်။ သူတို့အင်အား သုံးလေးရာလောက် ရောက်နေတဲ့ အချိန်မှာ တပ်ဘက်ကနေပြီးတော့ တင့်ကားတောင် ထွက်ပြီးတော့ အချက်ရေ ၈၀ ကျော် ၉၀ လောက်ပစ် ယူရတယ်။ အဲဒီလောက်အထိကိုပြောမယ်ဆိုရင် တိုက်ပွဲပြင်းထန်ခဲ့တယ်ပေါ့နော်။ လက်နက်ကြီး အနေနဲ့ကတော့ တစ်ဖက်က လက်နက်ကိုင် အင်အားစုအနေနဲ့ လက်နက်ကြီး သိပ်သုံးနိုင်တာမတွေ့ရဘူး။ လက်နက်ငယ်လေးတွေနဲ့ပဲသုံးတယ်။ ဒီဘက်က တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပိုသုံးနိုင်တာကို တွေ့ရတာပေါ့နော်။ တိုက်ပွဲကြားထဲမှာကတော့ အဓိကကတော့ နှစ်ဖက်ကပစ်တဲ့ လက်နက်ကြီးကျည်တွေနဲ့ အမြောက်ဆန်တွေက သက်ဆိုင်ရာရုံးတွေမှာ ကျရောက်ပေါက်ကွဲတာဖြစ်တဲ့အတွက်တော့ ကျွန်တော် တို့ဝန်ထမ်းတွေ လန့်တာပေါ့။ အဲဒီလိုမျိုး တွေတော့ကြုံတွေ့ခဲ့ရတယ်။ ရုံးတွေလည်း ပျက်စီးတာပေါ့နော်။ လက်နက်ကြီးကျည်တွေ၊ လက်နက်ငယ် ကျည်တွေနဲ့။

မေး - ဒီလွိုင်ကော်မြို့ကိုပေါ့နော် KNDF ဦးဆောင်ပြီးတော့ တိုက်ပွဲဖော်တဲ့အချိန်မှာ ၁၁.၁၁ စစ်ဆင်ရေး အနေနဲ့ တိုက်ပွဲဖော်တဲ့အချိန်မှာ ဒီလက်ရှိအစိုးရရဲ့ တပ်မတော်လုံခြုံရေးအဖွဲ့တွေကကော ပြန်လည် ခုခံတဲ့အခါမှာ ဘယ်လိုအခြေအနေရှိလဲ။ အားနည်းချက်တွေက ဘာတွေရှိမယ်လို့ထင်မလဲ။ အားသာချက်တွေက ဘာတွေရှိမလဲ။
ဖြေ - အားနည်းချက်တွေမြင်ရတာတော့ နယ်မြေ မကျွမ်းကျင်တာ။ တပ်တော်တော်များများက တခြားနေရာကနေလာတာဖြစ်တဲ့အတွက် နယ်မြေ မကျွမ်းကျင်တာတွေ့တယ်။ နောက်တစ်ချက်က ခေါင်းဆောင် အတော်များများက ခဏခဏပြောင်းလဲနေတဲ့ပြဿနာပေါ့။ ဟိုနေရာချိန်း၊ ဒီနေရာ ချိန်းဆိုတော့ လွိုင်ကော်ကိုရောက်လတာ တစ်လ နှစ်လပဲ ရှိသေးတဲ့စစ်ခေါင်းဆောင်တချို့က လွိုင်ကော်အကြောင်း ဘာသိမှာလဲ။ နယ်မြေအနေအထား ဒါတွေ မသိဘဲနဲ့ On Gound ကိုမသိဘဲနဲ့ ကာကွယ်ဖို့ဆိုတာအရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ချက်က အောက်ခြေကတိုက်တဲ့ တပ်တွေမှာလည်း အဓိကက နယ်မြေကျွမ်းကျင်မှု အားနည်းကြတယ်။ ဒါပါပဲ။ ကျန်တာတော့ အားလုံး သာလွန်မှု ရှိပါတယ်။ လက်နက်ခဲယမ်း၊ စိတ်ဓာတ်တွေကတော့ ပြောစရာမရှိပါဘူး။

မေး - ကယား PDF အဖွဲ့က လွိုင်ကော်မြို့ထဲကို စီးနင်းဝင်ရောက်လာနိုင်စေခြင်းရဲ့ အဓိက သူတို့ရဲ့ အားသာချက်က ဘာဖြစ်သွားမလဲ။ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေစီးနင်းခံရစေခြင်းမှာ သူတို့ရဲ့အားနည်း ချက် က ဘာလဲ။
ဖြေ - ထောက်လှမ်းရေးပဲလေ။ ထောက်လှမ်းရေး ညံ့တယ်။ အလုပ်မလုပ်ကြဘူး။ သတင်းနဲ့ပတ်သက်တဲ့ အဖွဲ့တွေ အလုပ်မလုပ်ကြဘူး။ ပိုက်ဆံရဖို့ပဲစိတ်ဝင် စားနေကြတယ်။ နောက်ပြီး ရှေ့အစဉ်အဆက်က ရဲမှူးတွေ၊ ဘာတွေက အလုပ်လုပ်ဖို့ လိုတာလေ။ ရောက်တဲ့နေရာမှာ မှိန်းစား၊ ပြီးတော့ အချိန်တန်ရင် ပြောင်းမယ်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်နေသမျှတော့ တိုင်းပြည်ကသွားမှာပဲ။

မေး - တစ်ဖက်က ဘာကြောင့် အားသာတာလဲ။ ဘယ်အချက်တွေလဲ။
ဖြေ - တစ်ဖက်အဖွဲ့အစည်းက ဘာအားသာလဲဆိုတော့ လူငယ်တွေဖြစ်တယ်။ ဒီလိုတိုက်လို့မရရင် ဘယ်လို တိုက်မလဲ အဲဒီလိုပေါ့ innovation အားသာတယ်။ နည်းပညာအသုံးချတယ်။ မီဒီယာကို ကောင်းကောင်း အသုံးချတယ်။ ဒါပဲ။

မေး - မြို့ခံတွေကကော ထောက်ခံကြလား။
ဖြေ - မြို့ခံတွေကတော့ ထောက်ခံတယ်လို့တော့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လူမျိုး တွေလေ။ မထောက်ခံရင်လည်း သူတို့က ဆက်လက် ရပ်တည်ပြီး စီးပွားရှာဖို့က အခက်အခဲရှိတာကိုး။ ဒီဒေသတွေရဲ့ သဘောသဘာဝကလည်း ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ဆန္ဒသဘောကို လွန်ဆန်လို့မရတဲ့ နေရာ ဧရိယာလည်းဖြစ်တဲ့အတွက် မထောက်ခံလည်း ကိုယ့်အတွက်အန္တရာယ်ရှိတာကြောင့်မို့လို့ တော်တော် များများကတော့ အလိုက်သင့်နေရတာပေါ့။

မေး - တကယ်တိုက်ပွဲဖြစ်လာတဲ့အခါမှာ မြို့ခံတွေ အတော်များများဆီကနေ လူတွေဆီမှာမကြားရတဲ့ မီဒီယာတွေဆီမှာမကြားရတဲ့ တကယ်ထွက်နေတဲ့အသံက ဘာလဲ။
ဖြေ - အဲဒီတော့ အကုန်လုံး စိတ်ကုန်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်းသူတို့ကို ဟိုဘက်ကပြောတာက တစ်လနဲ့ပြီးစေရမယ်။ ဒီလိုမျိုး လွိုင်ကော်မြို့ကြီး မီးလောင်သွားစေရမယ်ဆိုတာ မပါဘူး။ လွိုင်ကော်မြို့ကြီး ပြာကျသွားရမယ်ဆိုတာ မပါဘူး။ သူတို့အိမ်တွေ မီးလောင်သွားမယ်ဆိုတာ မပါဘူး။ သူတို့ပစ္စည်းတွေ အကုန်အခိုးခံရမယ်ဆိုတာ လည်းမပါဘူး။ အခုတော့ အဲဒီဒုက္ခ အကုန်တွေ့ရပြီ လေ။ ထောက်ခံသူရော၊ မထောက်ခံသူရော၊ ဝန်ထမ်းတွေရော၊ ပြည်သူတွေရော အကုန်လုံးက အဲဒီဒုက္ခအကုန် ကြုံရတာပဲ။ ဘယ်သူမှ မခွဲခြားဘူး။

မေး - ပြီးခဲ့တဲ့ကာလတွေမှာ SAC ဥက္ကဋ္ဌက ပြော သွားတာရှိတယ်။ ဒီတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ဟာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ တော်တော်လေး ခက်ခဲသွားပြီဆိုတာကို ပြောခဲ့ တာရှိတယ်။ အဲဒီတော့ လက်ရှိ လွိုင်ကော်မြို့ရဲ့အခြေအနေက ဘယ်လောက် ပျက်စီးသွားပြီလဲ။ ရာခိုင်နှုန်း အားဖြင့်ပြောရင် ရာခိုင် နှုန်းဘယ်လောက် ပျက်စီးသွားပြီလဲပေါ့။
ဖြေ - မြို့ထဲမှာရှိတဲ့ အဓိက ဈေးနှစ်ဈေးလုံး မီး လောင်သွားတယ်။ တောင်ဈေးမီးလောင်တယ်။ မြို့ လယ်မှာရှိတဲ့ဈေးလည်း မီးလောင်တယ်ပေါ့။ ဒါပေမဲ့ တောင်ဈေးကတော့ အကုန်လုံးနီးပါး မီးလောင်သွား တယ်။ ဒီဘက်မြို့လယ်မှာဆိုရင်လည်း နှစ်ထပ်ဈေးလို့ ခေါ်တဲ့ဈေးလည်း လောင်သွားတာကိုး။ အဲဒီတော့ မြို့ ပေါ်ရဲ့အပျက်အစီးကိုကြည့်မယ်ဆိုရင် မီးလောင်သွားတဲ့ ဧရိယာက တော်တော်လေးများတယ်။ အဓိကတော့ မြို့ရဲ့ မြောက်ဘက်ခြမ်းက တိုက်ပွဲဖြစ်တဲ့ဧရိယာမှာ တော်တော်များများ ပျက်စီးဆုံးရှုံးမှုတွေများတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင်တော့ သေချာမျက်မြင်တိတိကျကျကောက်မှပဲ သိမှာလေ။ ဒါပေမဲ့ ခန့် မှန်းရသလောက်ဆိုရင်တော့ တိုက်ပွဲမဖြစ်ဘူးဆိုတဲ့ မြို့ရဲ့ တောင်ဘက်ခြမ်းပေါ့။ ဘီလူးချောင်းရဲ့ တောင် ဘက်ခြမ်းပေါ့။ အဲဒီမှာက ရာခိုင်နှုန်းအတော်များများ က ပျက်စီးတာခန့်မှန်းရမယ်ဆိုရင် (၁၀)ရာခိုင်နှုန်း မကျော်ဘူးပေါ့။ ဒါပေမဲ့ ဘီလူးချောင်းရဲ့ မြောက်ဘက် ခြမ်းပေါ့။ မြို့ရဲ့မြောက်ဘက် တိုက်ပွဲဧရိယာကြီးရဲ့ ပျက်စီးမှုက (၅၀)ရာခိုင်နှုန်းဝန်းကျင်လောက်ရှိမယ်လို့ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက တော့ လက်နက်ကြီးကျည်ကျတယ်၊ မီးလောင်တယ်။ ဒါက တိုက်ပွဲဖြစ်တဲ့ဧရိယာလေ။ ပျက်စီးမှုရာခိုင်နှုန်းက (၅၀)ရာခိုင်နှုန်းဆိုရင် နည်းနည်းများသွားမယ် sorry ။ အဲဒီဘက်က မီးမလောင်ဘူး။ မီးလောင်တာက ရှားတယ်။ မီးလောင်လည်း တစ်အိမ်၊ နှစ်အိမ် လောက်ပဲလောင်တာ။ အတွဲလိုက်မလောင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကကျဲတယ်။ လက်နက်ကြီး ကျည်ကျတဲ့နေရာတွေ၊ ဟိုတယ်တွေ၊ အထပ်မြင့်အဆောက်အအုံတွေ အကုန်ပျက်စီးတယ်။ အဲဒီတော့ ပျက်စီးမှုက ဘယ်လိုလဲဆိုရင် တိုင်းတာရတာခက်တယ်။ ဒါပေမဲ့ အဆောက်အအုံအနေနဲ့ပဲ ပြောရမယ်ဆိုရင်တော့ မြို့ရဲ့ မြောက်ဘက် ခြမ်းမှာရှိတဲ့ အဆောက်အအုံရဲ့ (၄၀)၊ (၅၀) ဝန်းကျင်ကတော့ ပျက်စီးသွားပြီ။

မေး - အဲဒီတော့ တစ်ဖက်က လွိုင်ကော်ကို ကယားပြည်နယ်ကို အရသိမ်းဖို့ကြိုးစားတဲ့အခါမှာ KNDFနဲ့ သူတို့ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ တကယ်ပဲ သူ့ဒေသကို နိုင်အောင်တိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ တိုက်နေတယ်လို့ မြင်လား။ ဒါမှမဟုတ် သူတို့ လိုချင်တာတစ်ခုခုရဖို့ တိုက်နေတာလား။
ဖြေ - တကယ်တမ်းက သူတို့က သူတို့ဒေသကို လိုချင်လို့ တိုက်နေတာ။ ဒါပေမဲ့လည်း မရနိုင်ဘူး။ ဒါကတော့ မဟာဗျူဟာအရ ကယားပြည်နယ်က အရေးပါတယ်။ တကယ်တမ်းဆိုရင် ဒီဘက်က နေပြည်တော်နဲ့ ရေနီ၊ အေလာနဲ့ဆိုရင် တောင်ကြောနှစ်ကြော စာလောက်ပဲဝေးတဲ့နေရာဖြစ်တဲ့အတွက် မဟာဗျူဟာ အရ ပေးလို့ရတဲ့နေရာမဟုတ်ဘူး။ ဥပမာ မူဆယ် နဲ့မတူဘူး။ “ ဝ “ နဲ့လည်းမတူဘူး။ ကိုးကန့်နဲ့လည်း မတူဘူး။ ရခိုင်နဲ့လည်းမတူဘူး။ အဲဒါတွေအကုန်လုံး က နေပြည်တော်နဲ့အဝေးကြီး။ လွိုင်ကော်ကတော့ ပြောရမယ်ဆိုရင် နေပြည်တော်နဲ့ တကယ့်ကို ခြိမ်း ခြောက်နိုင်စွမ်းရှိတဲ့နေရာမျိုး ဖြစ်နေတယ်။ လွိုင်ကော်နဲ့နေပြည်တော်နဲ့က ရေနီတို့၊ အေလာတို့ဘက်ကဆိုရင် ဆက်နေတယ်။ အဲဒီတစ်ကြောလုံးမှာ ကယားတွေက တစ်လျှောက် ရွာငယ်တွေအဖြစ် ရှိနေတာဖြစ်တဲ့အတွက် မဟာဗျူဟာအရ ပေးလို့ရတဲ့နေရာမျိုးမဟုတ်ဘူး။ အဲဒီအခါကျတော့ ကာကွယ်မယ့် ရည်ရွယ်ချက်နဲ့ ဘယ်လိုပြောမလဲ မဟာဗျူဟာအရ အကျခံရမယ့် နေရာမဟုတ်သလို လက်ရှိအဲဒီမှာ ရှိနေတဲ့ ကာကွယ်တဲ့အဖွဲ့တွေက ခေါင်းဆောင်ပိုင်းမှာ တချို့ တော် တဲ့လူတော်တွေကြောင့် မကျနိုင်ဘူး။

မေး - ဆိုတော့ လွိုင်ကော်မကျရင် ပြည်နယ်မရဘူးပေါ့။
ဖြေ - မရနိုင်ဘူး။ ကျမှာလည်း မဟုတ်ဘူး။

မေး - လက်ရှိမှာ တိုက်ပွဲဖော်ဆောင်ခြင်းခံထားရတဲ့ လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရုံးစိုက်ရာမြို့ မှာ အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုရှိသေးလား။ အုပ်ချုပ်ရေးလုပ်ငန်းတွေက ဘယ်လိုလည်ပတ်နေလဲ။
ဖြေ - လည်ပတ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရုံးစနစ်တော်တော်များများက နောက်ပိုင်းမှာ e- government နဲ့သွားနေတာဖြစ်တဲ့အတွက် လုပ်လို့ကတော့ ရနေတယ်လေ။ အဲဒီလို e- government နဲ့ပဲ လည်ပတ်နေတာပေါ့။ အရင်လိုတော့ စာတစ်တန်၊ ပေတစ်တန်နဲ့ မသွားနိုင်တော့ဘဲနဲ့ အဓိ ကတော့ အွန်လိုင်းစနစ်နဲ့တော့ လည်ပတ်နိုင်နေတယ်။ အစိုးရစနစ်က e- government နဲ့ပဲ လည်ပတ်တာ ပေါ့။ မြို့တောင်ဘက်ခြမ်းကတော့ ရှိတယ်။ မြို့ မြောက်ဘက်ခြမ်းကတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ဖြစ်နေတာပေါ့။

မေး - လွိုင်ကော်မြို့ကနေ ဝန်ထမ်းတွေ ဘယ်အချိန် ကနေ စစွန့်ခွာကြလဲ။
ဖြေ - ဘယ်အချိန်မှ စစွန့်ခွာလဲဆိုတော့ အဓိကတော့ လွိုင်ကော်တက္ကသိုလ် ကျသွားပြီ၊ ဆရာ/ဆရာမတွေ ကို စဖမ်းသွားပြီဆိုတဲ့အချိန်မှာ တော်တော်များများက မြို့ပေါ်မှာရှိတဲ့ဝန်ထမ်းတွေအကုန်လုံးက သွေးပျက် သွားပြီ။ ဆရာ/ဆရာမကြီးတွေကို ဖမ်းသွားပြီ။ တချို့ တွေအသတ်ခံရတယ်။ အဲဒီအချိန်မှာ အတော်များများ ကသွေးပျက်သွားတယ်။ နောက်တစ်ချက်က အဲဒီအချိန်မှာပဲ မီဒီယာအားနဲ့ သူတို့ အင်အားများကြောင်းကို ပြလိုက်တဲ့အချိန်မှာ အဲဒီရက်က နိုဝင်ဘာ ၁၃၊ ၁၄၊ ၁၅ မှာ ဌာနဆိုင်ရာဝန်ထမ်းအတော်များများက စပြီး စွန့်ခွာတယ်။ အဲဒီကာလပါပဲ။ အများစုကတော့ နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇ ရက်တွေမှာ နိုင်ငံ့ဝန်ထမ်းတော်တော် များကထွက်ကြတာ။

မေး - ထွက်သွားတဲ့အခါမှာ ဘယ်လမ်းကြောင်းက အများဆုံးထွက်ခွာကြလဲ။ လေယာဉ်နဲ့လား။ ကား လမ်းနဲ့လား။ တောင်ကြီးလား။ ဘယ်နေရာလဲ။
ဖြေ - အဓိက အများဆုံးထွက်တဲ့လမ်းကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွင့်ပေးထားတဲ့ လမ်းတစ် လမ်းပဲရှိတယ်။ အဲဒီလမ်းကပဲ ထွက်သွားတာ။ အဲဒီ လမ်းကလည်း တစ်လျှောက်မှာ သူတို့ အစစ်အဆေး တွေဖွင့်ပေးတဲ့လမ်းဆိုပြီးတော့ လိုင်းပေါ်မှာ ကြေညာ ထားတယ်။ အဓိကတော့ ဘယ်လမ်းလို့ပြောမလဲ လွိုင်ကော်-ဆောင့်ကန်း- ကျောက်တစ်လုံးပေါ့။ အဲဒီကနေ ရွှေညောင်-ညောင်ရွှေ၊ ဆီဆိုင်၊ တောင်ကြီး ကိုတက်တာပေါ့။ နောက်ပြီးတော့ အောင်ပန်းတို့၊ အေးသာယာတို့ပေါ့။ အများစုက အဲဒီမှာ စစ်ရှောင်နေ ကြတယ်။ ကုန်လမ်းကနေထွက်လာတဲ့တစ်လမ်းလုံး တောက်လျှောက်မှာ မြို့က တိုက်ပွဲဖြစ်ထားတာ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ အတော်များ များပျက်စီးနေပြီ။ နောက်တစ်ချက်က ဖွင့် ပေးတဲ့လမ်းတစ်လျှောက်မှာကတော့ သိပ်ပြီးတော့ အပျက်အစီးက မရှိပါဘူး။ မရှိဘူးဆိုတာက အဲဒီ ဘက်ခြမ်းတွေမှာက တိုက်ပွဲတွေမဖြစ်ကြဘူး။ ဖွင့်ပေးတဲ့လမ်းတွေက တိုက်ပွဲတွေမဖြစ်ဘူး။ လမ်းတစ် လျှောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းအင်အားက အပြည့်ပဲ။

မေး - နောက်မေးခွန်းကတော့ လက်ရှိ တိုက်ပွဲ အဖော်ခံထားရတဲ့ လွိုင်ကော်မြို့မှာ တော်တော်လေး လည်း ပျက်စီးနေတာရှိတယ်။ ဒီလိုတိုက်ပွဲဖြစ်လာ တဲ့အပေါ်မှာ အကျိုးရလဒ်က ဘာဖြစ်မယ်လို့ မြင်လဲ။ ဘယ်သူတွေက အကျိုးရလဒ်ရှိပြီးတော့ ဘယ်သူတွေက အကျိုးရလဒ်မဲ့သွားလဲပေါ့။
ဖြေ - အကျိုးရလဒ်ကတော့ သေနတ်ကိုင်ထားတဲ့လူ တွေက အကုန်လုံး အကျိုးရလဒ်ရှိမှာပေါ့။ သေနတ်မ ကိုင်ထားတဲ့လူတွေအကုန်လုံး အကျိုးရလဒ် မရှိဘူး ပေါ့။ ဒါပါပဲ။ လမ်းမှာတွေ့ရင် သေနတ်ကိုင်ထားတဲ့လူ တွေကိုကြောက်ရတာပဲ။ အခု ဒီတစ်မြို့လုံးက လူတွေ အကုန်လုံးက ရှိသမျှပစ္စည်းတွေကို အကုန်ထားပြီး တော့ ဝန်ထမ်းတွေရော၊ ပြည်သူတွေရော အကုန်လုံး က ပိုင်ဆိုင်သမျှကို လွိုင်ကော်မှာထားပြီးတော့ ပြေး သွားရတာပေါ့။ အဲဒီတော့ အဲဒီအထဲမှာ ကျန်ခဲ့တာက သေနတ်ကိုင်ထားတဲ့လူတွေပဲ ကျန်နေခဲ့တာလေ။ အဲဒီတော့ ဘယ်အဖွဲ့တွေ၊ ဘယ်အဖွဲ့အစည်းတွေက စည်းကမ်းနဲ့ထိန်းနိုင်မလဲ။ ဘယ်အဖွဲ့တွေ၊ ဘယ်အဖွဲ့ အစည်းတွေက စည်းကမ်းမရှိလဲ။ အဖွဲ့စုံ၊ လူစုံပေါ့။ အဲဒီမှာ အကုန်လုံးက သေနတ်ကိုင်ထားတဲ့အခါကျ တော့ ပိုဆိုးတာပေါ့။ စည်းမျဉ်းစည်းကမ်းနဲ့ ပိုထိန်းရတာပေါ့။ စည်းမျဉ်းစည်းကမ်းမရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကတော့ မြို့ထဲမှာရှိတဲ့ပစ္စည်းတွေကို သေ နတ်ကိုင်ထားတဲ့သူတွေအားလုံးက စိတ်ကြိုက်ပဲလေ။ အဲဒီတော့ အဓိက ဆုံးရှုံးတာကတော့ ပြည်သူပဲပေါ့။ အခုကြည့်လေ ဝန်ထမ်းတွေပဲပြောပြော၊ ပြည်သူတွေ ပဲပြောပြော အကုန်လုံး သုံးလအတွင်းမှာ အကုန်စစ် ဘေးရှောင်ပြီးတော့ ပိုင်ဆိုင်မှုတွေအကုန် ထားခဲ့ရ တာ။ ဘာတစ်ခုမှမယူနိုင်ဘူး။ အခုပြန်သွားကြည့် ဘာ တစ်ခုမှမရှိတော့ဘူး။ တချို့တွေဆို အိမ်ပါ မရှိတော့ ဘူး။ တချို့တွေဆိုရင် အိမ်ထဲမှာ ဆိုင်ကယ်တွေ၊ ကား တွေ၊ တီဗီတွေ၊ ပစ္စည်းတွေအကုန်ကျန်ခဲ့လိမ့်မယ်။ အခုသွားကြည့်ရင် ကျိန်းသေတယ် (၉၀)ရာခိုင်နှုန်း မရှိနိုင်တော့ဘူး။ အကုန်လုံး ကျန်ခဲ့တဲ့ကောင်တွေက သူတို့ပစ္စည်းပဲ။ နောက် တချို့အိမ်တွေဆိုရင် မီး လောင်သွားတယ်။ မီးခိုးသွားရင်တော့ ကုန်ပြီပေါ့ဗျာ။ လူခိုးရင်တော့ အိမ်ကျန်မှာပေါ့။ ဒါပေမဲ့လည်း အိမ်က လက်နက်ကြီးကျည်ထိထားတယ်တို့၊ ဘာတို့ဆိုရင် တော့ နည်းနည်းပြန်ပြုပြင်ရမှာပေါ့။ အဲဒီလောက်ပဲ ရှိတယ်။ မီးလောင်သွားရင်တော့ ဘာမှမကျန်ဘူးပေါ့။ မီးလောင်သွားတဲ့သူတွေကတော့ ဘဝဆုံးသွားတာပေါ့။ စစ်ဖြစ်လာလို့ရှိရင်တော့ အဓိက ဒုက္ခရောက်တာ ပြည်သူပါပဲ။

မေး - အဲဒီတော့ လက်ရှိလွိုင်ကော်က စစ်က ဆိုင်ထားဆဲပဲ။ အခုထိတိုက်ပွဲက ပြီးသွားတယ်လို့ ပြော လို့မရသေးဘူး။ ဘယ်သူမှလည်း နိုင်တယ်လို့ ပြောလို့မရသေးဘူး။ ဆိုတော့ ဒီအတိုင်း စစ်ကဆိုင်ထားဆဲ ပဲဆိုရင် ပိုပိုပြီး အထိနာနိုင်တဲ့အဖွဲ့အစည်းက အစိုးရလား။ လက်နက်ကိုင်အဖွဲ့အစည်းလား။
ဖြေ - အစိုးရလည်း အထိနာစရာအကြောင်း မရှိဘူးလေ။ အချိန်တန်ရင် လစာက ရနေမှာပဲ။ ပြည် မကြီးတစ်ခုလုံး နောက်ကျောရှိနေတာပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း ဘာပဲပြောပြော သူတို့နဲ့ချိတ်ဆက်နေတဲ့အဖွဲ့အစည်းတွေ ရှိနေတဲ့ အတွက် သူတို့ရဲ့ရငွေတွေရှိနေတယ်။ သူတို့ရဲ့ အထောက် အပံ့တွေလည်းရှိနေတော့ ပြဿနာမရှိဘူး။ ဘယ်သူအထိနာမှာလဲဆိုတော့ ပြည်သူတွေပဲ အထိ နာမှာပေါ့။ ပြည်သူတွေပဲ သုံးလလုံးလုံး အလုပ်မရှိ၊ အကိုင်မရှိနဲ့။ လွိုင်ကော်မှာထားခဲ့ရတဲ့ ပစ္စည်းတွေကလည်း (၉၀)ရာခိုင်နှုန်းက ပလုံမှာပဲ။ အဲဒီတော့ အခုန ပြောသလို အထိနာဆုံးကတော့ ပြည်သူပါပဲ။

မေး - ကယားပြည်နယ်မှာ အရင်တုန်းက ပြည်သူ့ စစ်လို နယ်ခြားစောင့်တပ်ဖွဲ့ရှိတယ်။ သူက အရင်တုန်း က တပ်မတော်နဲ့ တစ်လျှောက်ပေါင်းနေတာကနေ မယ်စဲ့လို့နေရာမျိုးမှာ ရုတ်တရက်ကြီး ကယား PDF နဲ့သွားပေါင်းတယ်။ ဒါတွေက နောက်ခံဇာစ်မြစ်အ ကြောင်းတရားတွေက ဘာဖြစ်တယ်လို့ ကြားမိလဲ။
ဖြေ- အဓိကတော့ BGF မှာ အဓိကထိန်းထားတာက ဦးချစ်ကျော်အုပ်စုနဲ့ ဦးထွန်းကျော်အုပ်စု။ အဲဒီ အုပ်စုမှာမှ တကယ်တမ်းကျတော့ ဦးထွန်းကျော်က သူ့မိန်းမကနေပြီးတော့(ကလလတ)ကို ထိန်းထား တာ။ ဦးထွန်းကျော်က စဖြစ်ကတည်းက ရှောင်နေတာ ပေါ့။ အဲဒီတော့ (ကလလတ)က ဟိုဘက်ကိုမပါ သေးခင် (၃)၊ (၄)ရက်မှာမှ ဦးထွန်းကျော်ရဲ့မိန်းမက ရှမ်းမြောက်ဘက်မှာ ဆင်နှစ်ကောင်နဲ့ မှောင်ခိုသယ် ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတယ်။ သွားရောင်းတာကို။ အဲဒါကျတော့ အချင်းချင်းငြိတာပေါ့။ သူတို့တောင် အကုန်လုံးလုပ်နေကြတဲ့သူတွေပဲ။ အဲဒါကို တစ်ဖက်ကလည်း အညှိမခံဘူး။ တစ်ဖက် ကလည်း ဖြဲပေါ့။ အဲဒီလိုငြိကြတဲ့အခါ ဦးထွန်းကျော်ရဲ့မိန်းမက မှောင်ခိုမှုနဲ့အဖမ်းခံလိုက်ရတယ်။ အဲဒီလို အဖမ်းခံလိုက်ရတဲ့ အချိန်မှာအရင်တုန်းကလည်း ကယားအဖွဲ့အစည်း နှစ်ခုကပါမယ့်ဘက်နဲ့ မပါမယ့် ဘက် နှစ်ခုကအင်အား တိုက်နေကြတာပေါ့။ အဲဒီတော့ မလုပ်ဘူးဆိုတဲ့ဘက် ကိုထိန်းထားတဲ့ ဦးထွန်းကျော်အုပ်စုက ပြိုကျသွားပြီးတော့ အဲဒီမှာ လုပ်မယ်ဆိုတဲ့အဖွဲ့တွေက ဟိုကောင်မ ရှိတော့ဘူး ဆိုပြီးတော့ တစ်ရက်ပဲကြားတယ် တိုက်သွားတာ။ နောက်ခံအကြောင်းအရင်းက ဒါပဲ။ အစက တည်းက ပါမလိုလိုဖြစ်နေတဲ့အချိန်မှာ ခေါင်းဆောင် ကြီးအဖမ်းခံလိုက်ရပြီဆိုတော့ ဒုခေါင်းဆောင်နောက် ပါ သွားတာပေါ့။ ဒါပါပဲ။

မေး - နောက်တစ်ခုက လွိုင်ကော်မြို့ဟာ တကယ်ကို အေးအေးချမ်းချမ်းရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ပြည့် နှက်နေတဲ့ မြို့လေးတစ် မြို့လည်းဖြစ်ခဲ့တယ်ပေါ့။ အဲဒီတော့ အခုဟာက တိုက်ပွဲတွေကြောင့် ပျက်စီးသွားပြီပေါ့။ ဆိုတော့ ဒီလွိုင်ကော်မြို့လေး နဂိုလို ပြန်လည်အေးချမ်းဖို့ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လို အကြံပြုချင်လဲ။
ဖြေ - အဓိက အရေးကြီးဆုံးက ငြိမ်းချမ်းရေးပဲလေ။ ငြိမ်းချမ်းရေးမရဘဲနဲ့ ဘယ်လိုမှ ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်ဘူး။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး တော့ ခေတ္တအပစ်အခတ်ရပ်စဲတယ်ဆိုတာ တကယ် တမ်းက အဖြေမဟုတ်ဘူး။ အဓိကတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာက ပါးစပ်ကပြောရင်တော့ (၃)လုံးတည်းနဲ့ လွယ်တာပေါ့။ တကယ်တမ်းပြောရရင် အဓိကတော့ သယံဇာတခွဲဝေ ရေးပါပဲ။ ဒီသယံဇာတခွဲရေးကို ကျွန်တော်တို့နိုင်ငံမှာ အဖြေအခုထိမရှာနိုင်သေးသရွေ့ ကျွန်တော်တို့ တစ် သက်လုံးငြိမ်းချမ်းရေးရမှာမဟုတ်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး မရဘဲနဲ့တော့ သေနတ်ကိုင်ထားတဲ့အဖွဲ့ တွေက သေနတ်ကြီးချပြီးတော့ စကားပြောကြမှာ မဟုတ်ဘူး။ အဲဒီတော့ သေနတ်တွေနဲ့ပဲ စကားပြော ကြတော့မှာ။ အဲဒီတော့ ကျွန်တော့်အမြင်ကတော့ နံပါတ်တစ် ငြိမ်းချမ်းရေးရဖို့ လိုတယ်။ အဲဒီလို ရခဲ့ရင်တောင်မှ ကျွန်တော်တို့ တော်တော်ကြီးကို ထူထောင်ယူရမယ်။ ကျွန်တော်ခန့်မှန်းတာက ပြန်လည် ထူထောင်ရေးဟာ ဒီပုံစံအတိုင်းဆိုရင် ငြိမ်းချမ်း ရေးရ ရင်တောင် အနည်းဆုံး (၄)၊ (၅)၊ (၁၀)နှစ် ကြာတော့မယ်။ ဒါအနည်းဆုံး ခန့်မှန်းတာပါ။ ဒီထက်တော့ ပိုမြန်နိုင်စရာအကြောင်း မရှိပါဘူး။

မေး - တခြားဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။
ဖြေ - အဓိကတော့ ဒီဖြစ်စဉ်တွေ ဖြစ်နေတာတွေက အဖြေရှာဖို့လိုပါတယ်။ ဇယား (၂)လား၊ ဇယား (၅)လား။ constitution လား။ ဒီပြဿနာကိုအဖြေရှာဖို့ လိုတယ်။ ဒီပြဿနာကို အဖြေ ရှာနိုင်ဖို့ဆိုတာကတော့ တိုင်းရင်းသားတွေနဲ့ တချို့နေရာတွေမှာ စကားပြော ကြည့်ဖို့လိုတယ်။ သူတို့ ဘာလိုချင်တာလဲ။ ကိုယ့် ဘက်ကဘာပေးနိုင်လဲ။ ဘယ်အထိပေးနိုင်လဲ။ ဘယ် အထိမပေးနိုင်ဘူးလဲ။ အဲဒါတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးတော့ အဖြေရှာကြပေါ့။ အဲဒါမှပဲ ရမယ်။ အဓိကတော့ သယံဇာတခွဲဝေရေးပြဿနာပဲ။ ဒီသယံ ဇာတခွဲဝေရေးပြဿနာကို အဖြေမထုတ်နိုင်ဘဲနဲ့ ကျွန်တော်တို့ ဘယ်မှသွားလို့မရဘူး။ စကားလှအောင် ပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဇယား(၁)၊ ဇယား(၂)၊ ဇယား(၅) ပြဿနာတွေပေါ့။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ တော်တော်များများမှာ ကြည့်လိုက်ရင် သိနေတာပဲ။ အားလုံးသည် ဇယား (၁)၊ (၂)၊(၅) မှာပဲ ဂိတ်ဆုံးနေကြတာ။ တစ်ဖက် ကလည်း အဲဒီမှာပဲ ဂိတ်ဆုံးနေကြတာ။ အဲဒီတော့ ဒီဟာကို အဖြေရှာဖို့ လိုတယ်။ ဒါက ကျွန်တော့် အမြင်ပေါ့နော်။ အဓိက တော့ ဇယား (၁)၊ (၂)၊ (၅) ပြဿနာတွေပဲလို့ မြင်တယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

zawgyi version
၁၁.၁၁ ကယား စစ္မီးၾကားက ႏိုင္ငံ့ဝန္ထမ္းအရာရွိႀကီးတစ္ဦး၏ ကိုယ္ေတြ႕ျဖစ္ရပ္မ်ား . . . (အင်တာဗျူး)
ျမဴနစ္ / Pearl (NP News) - မတ္ ၇

၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၌ KNDF၊ KPDF ပူးေပါင္းအဖြဲ႕မ်ားသည္ ၁၁.၁၁ စစ္ဆင္ ေရးအမည္ျဖင့္ တိုက္ပြဲစတင္ေဖာ္ေဆာင္ခဲ့သည္။ ယခုအခ်ိန္ အထိ အေျဖမထြက္ေသးသည့္ တိုက္ပြဲကာလအတြင္း၌ ျပည္နယ္အစိုးရ၏ အုပ္ခ်ဳပ္ေရး ယႏၲရား လည္ပတ္မႈ၊ လြိဳင္ေကာ္ၿမိဳ႕အေျခအေန၊ ႏိုင္ငံ့ဝန္ထမ္းမ်ား ေတြ႕ႀကဳံခံစားခဲ့ရေသာ အေျခ အေနမ်ားကို လြိဳင္ေကာ္ၿမိဳ႕၌ တာဝန္ထမ္းေဆာင္ေနသည့္ ႏိုင္ငံ့ဝန္ထမ္းအရာရွိႀကီးတစ္ဦးကို NP News က သီးသန႔္ေတြ႕ဆုံေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

(မွတ္ခ်က္)- အဆိုပါ ႏိုင္ငံ့ဝန္ထမ္းအရာရွိသည္ ၫႊန္ၾကားေရးမႉးအဆင့္ရွိသူတစ္ဦးျဖစ္ၿပီး ၎၏ လုံၿခဳံေရးအေျခအေနအရ အမည္၊ ဌာနႏွင့္ ရာထူး အျပည့္အစုံကို ကာယကံရွင္၏ဆႏၵအရ မေဖာ္ျပႏိုင္ျခင္းကို စာဖတ္ပရိသတ္မ်ားအေနျဖင့္ နားလည္ေပးေစလိုပါသည္။

ေမး - ပထမဆုံးေမးခ်င္တာက ဒီ ၂၀၂၁ ခုႏွစ္ ေဖ‌ေဖာ္ဝါရီလကေနစၿပီးေတာ့ ပဋိပကၡေတြစျဖစ္တယ္။ စျဖစ္ေတာ့ အဲဒီကေနစၿပီးေတာ့ ႏိုင္ငံ့ဝန္ထမ္း တာဝန္ေတြထမ္းေဆာင္ေနတဲ့ ျပည္သူထဲက ျပည္သူ ေတြ အဲဒီလိုစျဖစ္ေတာ့ အေျခအေနဘယ္လိုရွိလဲ။ ႏိုင္ငံ့ဝန္ထမ္းတစ္ေယာက္အေနနဲ႔ ဘယ္လိုမ်ိဳးထမ္း ေဆာင္ခဲ့ရလဲ။ ဘယ္လိုမ်ိဳး အေျခအေနေတြရွိလဲ။
ေျဖ - ကယားျပည္နယ္အေနနဲ႔ကေတာ့ အားလုံး သိတဲ့အတိုင္းပဲ။ စၿပီးေတာ့ ျဖစ္စဥ္ျဖစ္ကတည္းက တစ္ဖက္က နဂိုတည္းက ဘယ္လိုေျပာရမလဲ အုံနဲ႔ က်င္းနဲ႔ ကန႔္ကြက္ၾကတဲ့အဖြဲ႕ေတြလည္းမ်ားတာကိုး။ အားလုံးသိတဲ့အတိုင္းပဲ။ ရဲထဲမွာဆို CDM သြားတဲ့ အဖြဲ႕ေတြလည္းေတာ္ေတာ္မ်ားတဲ့အထဲမွာ ပါတယ္ ေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္ တာဝန္ထမ္းေဆာင္ ရတဲ့ဝန္ထမ္းေတြလည္း အခက္အခဲေတာ္ေတာ္ရွိ တယ္။အဓိကကေတာ့ အဲဒီကာလမွာ တာဝန္က်တဲ့ ရဲမႉးႀကီးတို႔ ဘာတို႔ အလုပ္မလုပ္တာလည္းပါတယ္။ အလုပ္မလုပ္တဲ့အခါက်ေတာ့ CDM လုပ္သြားတဲ့ ဝန္ထမ္းေတြက မေၾကာက္ရဘူး။ လမ္းေပၚ ေပၚတင္ေနၾကတယ္။ CDM မလုပ္တဲ့ဝန္ထမ္းေတြက အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြနဲ႔ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ဆက္လက္တာဝန္ထမ္းေဆာင္ရတာေပါ့ေနာ္။ အဓိကကေတာ့ သက္ဆိုင္ရာ ရဲေတြ၊ တာဝန္က်တဲ့ ရဲမႉးႀကီးေတြ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းႏိုင္မယ္ဆိုရင္ ေကာင္းတာေပါ့။ တခ်ိဳ႕ ကိုင္တြယ္ေျဖရွင္းႏိုင္တဲ့တိုင္းေတြမွာဆိုရင္ျပႆနာမရွိဘူးေပါ့။ အလုပ္ မလုပ္တဲ့လူေတြနဲ႔ဆိုေတာ့ အဲဒီေဒသမွာေနရတဲ့ က်န္တဲ့ဝန္ထမ္းေတြ ဒုကၡေရာက္တာေပါ့။ တာဝန္ ထမ္းေဆာင္ဖို႔ အခက္အခဲေတြပိုရွိတာေပါ့။ အဲဒီကာလေတြမွာဆိုရင္ တာဝန္ထမ္းေဆာင္ရတာ ဘယ္လိုအခက္ အခဲရွိလဲဆိုရင္ တခ်ိဳ႕႐ုံးေတြဆိုရင္ အက်ႌအျဖဴေတာင္ ဝတ္လို႔မရေတာ့ဘူး။ ဒီအတိုင္းပဲ ႐ုံးကို တျခားအက်ႌနဲ႔သြားၿပီးေတာ့ ႐ုံးေရာက္မွ အက်ႌဝတ္တာ။ အစ္ကိုဆိုရင္ေတာင္ အဲဒီလိုပဲသြားခဲ့ရတာ။ တကယ့္ ၿခိမ္းေျခာက္ခံရမႈေတြလည္း ရွိတာေပါ့။ လိုင္းေပၚမွာလည္း ဒီလိုေပါ့ Shame on you ဆိုတဲ့ Page ေတြပါေထာင္ၿပီးေတာ့ ဝန္ထမ္းေတြရဲ႕ Biography ေတြပါ ထည့္ေရးၿပီးေတာ့ ငယ္က်ိဳးငယ္နာ ေတြေဖာ္ၿပီးေတာ့ပဲ။ ဒီတစ္ေယာက္ကို ဘာလုပ္မယ္၊ ပစ္ပယ္မယ္။ ေနာက္ၿပီးေတာ့ အေရးယူမယ္ေပါ့။အဲဒီလိုမ်ိဳးေတြအထိကိုရွိတယ္။ ေနာက္အသက္အႏၲရာယ္ေတြၿခိမ္းေျခာက္တဲ့အထိ ကိုရွိတယ္။ အဲဒီမွာ အားလုံးကသိတဲ့အတိုင္းပဲ တခ်ိဳ႕ဝန္ထမ္းေတြ လုပ္ႀကံခံရတဲ့ အေျခအေနအထိ။ အထူးသျဖင့္ေတာ့ ဌာနဆိုင္ရာအႀကီးအကဲေတြနဲ႔ ရဲေတြေပါ့။ ရဲအႀကီးပိုင္းအေတာ္မ်ားမ်ားကို အဲဒီလိုေတြ ၿခိမ္းေျခာက္လုပ္ႀကံခဲ့တာေတြ ရွိတာေပါ့။ အဲဒီထဲမွာမွ ေသတဲ့လူေတြလည္းေသသြား ၾကတယ္။ လြတ္တဲ့လူလည္းလြတ္တာေပါ့။ အထူးသျဖင့္ေတာ့ ပထဆုံးရဲအရာရွိတစ္ေယာက္လုပ္ႀကံ ခံရတာရွိတယ္။ ေနာက္အဲဒီထဲမွာ ထူးထူးျခားျခားျဖစ္တာကေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး တစ္ေယာက္။ အဲဒီလိုပဲ လုပ္ႀကံခံရတယ္။ ဒါေပမဲ့ အဲဒီတစ္ေယာက္မွာေပၚသြားတယ္။ လုပ္တဲ့ အဖြဲ႕လည္း ေပၚသြားတယ္။ အဓိကကေတာ့ အဲဒီအခ်ိန္မွာလည္း ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္ေနတယ္။ အဲဒီ ဝန္ႀကီးခ်ဳပ္ကလည္း ဘယ္လိုေခၚမလဲ ျပည္ေထာင္စုကလာတဲ့ ဒုတိယဗိုလ္ ခ်ဳပ္ႀကီးျဖစ္တဲ့အခါက် ေတာ့ ရဲတို႔၊ ဘာတို႔အေပၚမွာ လႊမ္းမိုးႏိုင္မႈရွိတဲ့အခါက်ေတာ့ေအာက္က ေကာင္ေတြက မေပၚေပၚေအာင္ လိုက္ရတာေပါ့။ အဲဒီလိုမ်ိဳးမေပၚ ေပၚေအာင္လိုက္ရတဲ့အခါ ေနာက္ပိုင္းမွာေတာ့ ဒီျဖစ္စဥ္မ်ိဳးသိပ္ မရွိေတာ့ဘူး။ ဒါေပမဲ့ ဘာေတြရွိလဲဆိုရင္ ဝန္ထမ္းေတြကိုဖမ္းတယ္။ ဖမ္းၿပီးရင္အလုပ္ထြက္ခိုင္း တယ္။ ေနာက္ၿပီးပိုက္ဆံနဲ႔ ေ႐ြးခိုင္းတယ္။ အဲဒီလိုမ်ိဳးေပါ့ေနာ္။ ေနာက္ပိုင္းမွာကေတာ့ ဝန္ထမ္း ေတြကို သတ္ျဖတ္တာ ထက္စာရင္ အဓိက ပိုက္ဆံနဲ႔ေ႐ြးခိုင္းတာ။ ဒါမွမဟုတ္ရင္ ေအာက္ကအငယ္ ေတြဆိုရင္ အလုပ္ထြက္ခိုင္းတာ။ အဲဒါေတြပဲရွိတယ္။

ေမး - ဟုတ္ကဲ့။ ေနာက္တစ္ခုကဘာလဲဆိုေတာ့ ကယား ျပည္နယ္ လြိဳင္ေကာ္မွာေပါ့ေနာ္။ ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ (၁၁)ရက္မွာ ေဒသခံလက္နက္ကိုင္အဖြဲ႕ေတြက ၁၁.၁၁ စစ္ဆင္ေရးစတယ္ေပါ့ေနာ္။ စစ္ဆင္ေရးစေတာ့ လြိဳင္ေကာ္ၿမိဳ႕မွာစတာေပါ့ေနာ္။ စေဖာ္ေတာ့ ဘယ္လိုပုံစံမ်ိဳးေတြ ျမင္ေတြ႕ၾကရလဲ။ ဘယ္လိုပုံစံမ်ိဳးေတြျဖစ္လဲ။ ဘယ္လိုပုံစံမ်ိဳးနဲ႔ တိုက္ပြဲ လာေဖာ္ခဲ့တာလဲ။
ေျဖ - သူတို႔ကေတာ့ သူတို႔ရဲ႕ အဓိက အမာခံ႐ြာ သုံး႐ြာျဖစ္တဲ့ ေထးငွားလ်ားရယ္၊ နာနတ္ေတာရယ္ ေဒါဥခူရယ္ေပါ့။ အေစာကတည္းက အဲဒီ႐ြာေတြကေန အေျခကုပ္ၿပီးေတာ့မွ ၿမိဳ႕ကိုစၿပီးေတာ့ ကပ္တာေပါ့ ေနာ္။ ကပ္ၿပီးေတာ့ အဲဒီ႐ြာနဲ႔ ၿမိဳ႕နဲ႔ၾကားမွာ အဓိကက လြိဳင္ေကာ္တကၠသိုလ္ႀကီးခံေနတယ္။ တကၠသိုလ္ ႀကီးခံေနေတာ့ လြိဳင္ေကာ္တကၠသိုလ္ႀကီးထဲမွာ ဆရာ၊ ဆရာမေတြပဲ ရွိတာေပါ့။ (၁၁)ရက္ေန႔ စတိုက္ေတာ့ ဆရာ၊ ဆရာမေတြက အဲဒီမွာ ပိတ္မိေနတာေပါ့။ ဒီဘက္ကို လြတ္လာတာ အနည္း ငယ္ပဲရွိတယ္။ သူတို႔ဘက္မွာ အဖမ္းခံရတဲ့အဖြဲ႕ေတြ ေတာ္ေတာ္ မ်ားတယ္ေပါ့ေနာ္။ ေနာက္တစ္ခ်က္က အင္နဲ႔အားနဲ႔ အဲဒီေန႔က ၾကည့္ရ သေလာက္ကေတာ့ ေတာ္ေတာ္ မ်ားၾကတာေပါ့။ လြိဳင္ေကာ္ၿမိဳ႕ရဲ႕ေျမာက္ဘက္ျခမ္း တစ္ျခမ္းလုံးကေနၿပီး ေတာ့ အင္နဲ႔အားနဲ႔ဝင္တိုက္တာျဖစ္တဲ့အတြက္ ကိုယ္ေတြဝန္ထမ္းေတြဘက္ကို ဒ႐ုန္း ေတြနဲ႔ သုံးရက္ေလာက္အတြင္းမွာကိုပဲ ေရာက္လာခဲ့တယ္ေပါ့ေနာ္။ လႊတ္ေတာ္တို႔၊ အစိုးရ အဖြဲ႕နားအထိကို ေရာက္လာခဲ့တယ္ေပါ့ေနာ္။ ေရာက္လာတဲ့အခ်ိန္မွာေတာ့ နည္းနည္းတန႔္ သြားခဲ့တာေပါ့ေနာ္။ ၁၄ ရက္ေန႔ေလာက္မွာေတာ့ သူတို႔ရဲ႕ထိုးစစ္ တန႔္သြားတယ္။

ေမး - အဲဒီတိုက္ပြဲကာလေတြမွာေကာ ႏိုင္ငံ့ဝန္ထမ္း တစ္ေယာက္အေနနဲ႔ ဘယ္လိုရင္ဆိုင္ခဲ့ရတာမ်ိဳးရွိလဲ။ ဘယ္လိုအေျခအေနမ်ိဳးေတြ ႀကဳံခဲ့ရလဲ။
ေျဖ - ႀကဳံခဲ့ရပါတယ္ဗ်။ အဲဒီကာလမွာလည္း ဘာေတြႀကဳံေတြ႕ရလဲဆိုေတာ့ အမိန႔္ၫႊန္ၾကားခ်က္၊ CDM မလုပ္တဲ့ဝန္ထမ္းေတြ ဒုကၡေရာက္တာေပါ့။ ဘယ္အမိန႔္၊ ဘယ္ၫႊန္ၾကားခ်က္မွမလာ။ ေနာက္ ဘာလုပ္ရမွာလဲဆိုတဲ့ ၫႊန္ၾကားခ်က္ေတြ မေပးလာ။ မေပးလာဘူး ျဖစ္တဲ့အတြက္႐ုံးဌာန ေတာ္ေတာ္ မ်ားမ်ားက ကိုယ့္ဘာသာပဲ ကိုယ့္ဝန္ထမ္းေတြကို ၫႊန္ၾကား။ ကိုယ့္ဘာသာကိုယ္ပဲ စီမံခန႔္ခြဲ။ အေျခအေနအခ်ိန္အခါေပၚမူတည္ၿပီးေတာ့ လႈပ္ရွား ေဆာင္႐ြက္ခဲ့ရ တယ္။

ေမး - ေနာက္တစ္ခုက အဲဒီ လြိဳင္ေကာ္တကၠသိုလ္ ေပါ့ေနာ္။ အဲဒီကို ေဒသခံ လက္နက္ကိုင္ေတြက ဝင္စီးတဲ့အခါမွာ ဘယ္လိုမ်ိဳးအေျခအေနေတြရွိလဲ။ ပုံေတြဆိုရင္ သတ္ျဖတ္ခံရတဲ့ပုံေတြပါ ကြၽန္ေတာ္တို႔ ေတြ႕တယ္။ ဘယ္လိုမ်ိဳးအေျခအေနေတြရွိခဲ့လဲ။ အဲဒါျဖစ္စဥ္ေလးလည္း ေျပာေပးလို႔ရမလား။
ေျဖ - အဓိကကေတာ့ အေသးစိတ္ကေတာ့ သိပ္ေတာ့မသိဘူးေပါ့ေနာ္။ ကြၽန္ေတာ္သိသေလာက္က ေတာ့ ေလးဖက္ေလးတန္ကေန ဝင္ခ်တာ။ ေလးဖက္ေလးတန္ကေန တကၠသိုလ္ကိုဝိုင္းတဲ့အခ်ိန္မွာ တပ္က သုံးဖြဲ႕ေလာက္ကိုထည့္ၿပီးေတာ့ တည္လိုက္တယ္။ ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ လြိဳင္ေကာ္တကၠသိုလ္က ဝင္လမ္း တစ္လမ္းပဲရွိတယ္။ ထြက္လမ္းလည္း အဲဒီလမ္း ကပဲျပန္ထြက္ရမွာ။ ဒါေပမဲ့ အဲဒီလမ္းရဲ႕ ေဘးဘယ္ ညာမွာ ဟိုေကာင္ေတြအကုန္လုံးက ေရာက္ေနၿပီဆိုေတာ့။ ဝင္ၿပီးတဲ့အဖြဲ႕ေတြလည္း ထြက္ဖို႔အကုန္ခက္သြားတယ္။ ေနာက္တစ္ခ်က္က အထဲမွာရွိေနတဲ့ ဆရာ ဆရာမေတြနဲ႔ ဝန္ထမ္းေတြရွိမယ္။ ေနာက္ၿပီး အဲဒီအထဲမွာပဲ လုပ္သားေတြ၊ သန႔္ရွင္းေရး ေန႔စား ေတြ အဖြဲ႕စုံေပါ့၊ ေနာက္တည္ေဆာက္ေရးလုပ္ေနတဲ့ အဖြဲ႕ေတြရွိမယ္။ တည္ ေဆာက္ေရးအဖြဲ႕ေတြရဲ႕ လုပ္သားေတြေပါ့၊ ဒါေတြ အကုန္က်န္မယ္။ လူအေတာ္မ်ား မ်ားက စုံေနမွာပဲ။ ဆရာဆရာမေတြနဲ႔ ေက်ာင္းဆရာ ဆရာမ မိသားစုေတြနဲ႔ အဲဒီလိုဟာေတြနဲ႔ အထဲမွာ တိုက္ပြဲကျဖစ္သြားတာ။ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ေသသြားတာတို႔ မွန္သြားတာတို႔ ရွိႏိုင္ေလာက္တယ္။ ဒီၿမိဳ႕ထဲဘက္ကို ထြက္ေျပးလြတ္ေျမာက္လာတာ ေတာ္ေတာ္နည္းတယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ သိသေလာက္ကေတာ့ ၂၀/ ၃၀ ဝန္းက်င္ေလာက္ပဲရွိမယ္။ ဟိုလက္နက္ကိုင္အင္အားစုေတြဘက္ကေန ဖမ္းမိသြားတာေတာ့ ၁၉၀၊ ၂၀ဝ ဝန္းက်င္ေလာက္ကို ရွိတယ္။ အထဲမွာေတာ့ အဲဒီကာလကႀကဳံေတြခဲ့တဲ့ ဆရာ၊ ဆရာမေတြက ပိုၿပီးေတာ့ အေသးစိတ္ကို သိရလိမ့္မယ္။ ဘာလို႔လဲဆို အဓိကကေတာ့ ဝိုင္းခံရတာ ေပါ့ေနာ္။ အစတုန္းကေတာ့ အထဲမွာ တပ္မရွိဘူးေပါ့ေနာ္။ တကယ္တမ္း အဲဒီလိုဝိုင္းခံရတဲ့အခါမွာ တပ္က ဝင္ကယ္တယ္လို႔ သိရတယ္။

ေမး - အဲဒီလြိဳင္ေကာ္မွာေပါ့ေနာ္။ KNDF ဦးေဆာင္ တဲ့ လက္နက္ကိုင္အဖြဲ႕ေတြ တိုက္ပြဲေဖာ္ေတာ့ ႏိုင္ငံ့ဝန္ထမ္းတစ္ေယာက္အေနနဲ႔ တိုက္ပြဲၾကားထဲမွာ ညပ္ခဲ့တဲ့အေျခအေနမ်ိဳးရွိလား။ၾကားညပ္သြား တဲ့အေျခအေနမ်ိဳး၊ ၾကားထဲေရာက္သြားတဲ့ အေျခအေနမ်ိဳးရွိလား။ တိုက္ပြဲကေကာ ဘယ္ေလာက္ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့လဲေပါ့ေနာ္။
ေျဖ - ၾကားဖူးပါတယ္။ ကြၽန္ေတာ္တို႔က စျဖစ္ကတည္းကလည္း ၁၁ ရက္ေန႔ဆိုလည္း တစ္ေနကုန္ ပစ္ခတ္ေနၿပီးေတာ့ လက္နက္ႀကီး လက္နက္ငယ္ေတြ နဲ႔ တစ္ေနကုန္ပဲ။ ၁၂ ရက္ေန႔ဆိုလည္း တစ္ေနကုန္ပဲ။ လြိဳင္ေကာ္တကၠသိုလ္မွာ ၁၂ ရက္ေန႔ ညေနပိုင္း ေလာက္မွ ၿငိမ္က်သြားတာ။ ဒီဘက္ကလည္း အထဲမွာ က်န္ေနခဲ့တဲ့အဖြဲ႕ကို မကယ္ထုတ္ႏိုင္ေတာ့ဘူး။ က်န္တဲ့အဖြဲ႕ေတြလည္း မိသြားတယ္ေပါ့။ အဲဒီမွာ နည္း နည္းေလးၿငိမ္သြားတယ္။ ၁၂ ရက္ေန႔မွာ သူတို႔ လြိဳင္ေကာ္တကၠသိုလ္ကို ရသြားတယ္။ ၁၃ ရက္ေန႔ေလာက္မွာ သူတို႔ ဒီဘက္ၿမိဳ႕ထဲကို ကူး ၾကတယ္ေပါ့ေနာ္။ သူတို႔ လက္နက္ကိုင္အဖြဲ႕ေတြ၊ ၿမိဳ႕ ထဲကိုကူးတယ္။ အဲဒီမွာ ကူးၿပီးတဲ့ ေနာက္ပိုင္းမွာဆို လည္း ေတာ္ေတာ္မ်ားမ်ားတိုက္ပြဲကေတာ့ ၾကမ္းတာေပါ့ေနာ္။ ဥပမာ ၁၃ ရက္ေန႔ ဒီဘက္ လြိဳင္ေကာ္ (အထက-၂ )ထဲေရာက္ေနတဲ့အခ်ိန္မွာေပါ့ေနာ္။ သူတို႔အင္အား သုံးေလးရာေလာက္ ေရာက္ေနတဲ့ အခ်ိန္မွာ တပ္ဘက္ကေနၿပီးေတာ့ တင့္ကားေတာင္ ထြက္ၿပီးေတာ့ အခ်က္ေရ ၈၀ ေက်ာ္ ၉၀ ေလာက္ပစ္ ယူရတယ္။ အဲဒီေလာက္အထိကိုေျပာမယ္ဆိုရင္ တိုက္ပြဲျပင္းထန္ခဲ့တယ္ေပါ့ေနာ္။ လက္နက္ႀကီး အေနနဲ႔ကေတာ့ တစ္ဖက္က လက္နက္ကိုင္ အင္အားစုအေနနဲ႔ လက္နက္ႀကီး သိပ္သုံးႏိုင္တာမေတြ႕ရဘူး။ လက္နက္ငယ္ေလးေတြနဲ႔ပဲသုံးတယ္။ ဒီဘက္က တပ္ဘက္က လက္နက္ႀကီး၊ လက္နက္ငယ္ ပိုသုံးႏိုင္တာကို ေတြ႕ရတာေပါ့ေနာ္။ တိုက္ပြဲၾကားထဲမွာကေတာ့ အဓိကကေတာ့ ႏွစ္ဖက္ကပစ္တဲ့ လက္နက္ႀကီးက်ည္ေတြနဲ႔ အေျမာက္ဆန္ေတြက သက္ဆိုင္ရာ႐ုံးေတြမွာ က်ေရာက္ေပါက္ကြဲတာျဖစ္တဲ့အတြက္ေတာ့ ကြၽန္ေတာ္ တို႔ဝန္ထမ္းေတြ လန႔္တာေပါ့။ အဲဒီလိုမ်ိဳး ေတြေတာ့ႀကဳံေတြ႕ခဲ့ရတယ္။ ႐ုံးေတြလည္း ပ်က္စီးတာေပါ့ေနာ္။ လက္နက္ႀကီးက်ည္ေတြ၊ လက္နက္ငယ္ က်ည္ေတြနဲ႔။

ေမး - ဒီလြိဳင္ေကာ္ၿမိဳ႕ကိုေပါ့ေနာ္ KNDF ဦးေဆာင္ၿပီးေတာ့ တိုက္ပြဲေဖာ္တဲ့အခ်ိန္မွာ ၁၁.၁၁ စစ္ဆင္ေရး အေနနဲ႔ တိုက္ပြဲေဖာ္တဲ့အခ်ိန္မွာ ဒီလက္ရွိအစိုးရရဲ႕ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ေတြကေကာ ျပန္လည္ ခုခံတဲ့အခါမွာ ဘယ္လိုအေျခအေနရွိလဲ။ အားနည္းခ်က္ေတြက ဘာေတြရွိမယ္လို႔ထင္မလဲ။ အားသာခ်က္ေတြက ဘာေတြရွိမလဲ။
ေျဖ - အားနည္းခ်က္ေတြျမင္ရတာေတာ့ နယ္ေျမ မကြၽမ္းက်င္တာ။ တပ္ေတာ္ေတာ္မ်ားမ်ားက တျခားေနရာကေနလာတာျဖစ္တဲ့အတြက္ နယ္ေျမ မကြၽမ္းက်င္တာေတြ႕တယ္။ ေနာက္တစ္ခ်က္က ေခါင္းေဆာင္ အေတာ္မ်ားမ်ားက ခဏခဏေျပာင္းလဲေနတဲ့ျပႆနာေပါ့။ ဟိုေနရာခ်ိန္း၊ ဒီေနရာ ခ်ိန္းဆိုေတာ့ လြိဳင္ေကာ္ကိုေရာက္လတာ တစ္လ ႏွစ္လပဲ ရွိေသးတဲ့စစ္ေခါင္းေဆာင္တခ်ိဳ႕က လြိဳင္ေကာ္အေၾကာင္း ဘာသိမွာလဲ။ နယ္ေျမအေနအထား ဒါေတြ မသိဘဲနဲ႔ On Gound ကိုမသိဘဲနဲ႔ ကာကြယ္ဖို႔ဆိုတာအရမ္းခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ေနာက္တစ္ခ်က္က ေအာက္ေျခကတိုက္တဲ့ တပ္ေတြမွာလည္း အဓိကက နယ္ေျမကြၽမ္းက်င္မႈ အားနည္းၾကတယ္။ ဒါပါပဲ။ က်န္တာေတာ့ အားလုံး သာလြန္မႈ ရွိပါတယ္။ လက္နက္ခဲယမ္း၊ စိတ္ဓာတ္ေတြကေတာ့ ေျပာစရာမရွိပါဘူး။

ေမး - ကယား PDF အဖြဲ႕က လြိဳင္ေကာ္ၿမိဳ႕ထဲကို စီးနင္းဝင္ေရာက္လာႏိုင္ေစျခင္းရဲ႕ အဓိက သူတို႔ရဲ႕ အားသာခ်က္က ဘာျဖစ္သြားမလဲ။ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္ေတြစီးနင္းခံရေစျခင္းမွာ သူတို႔ရဲ႕အားနည္း ခ်က္ က ဘာလဲ။
ေျဖ - ေထာက္လွမ္းေရးပဲေလ။ ေထာက္လွမ္းေရး ညံ့တယ္။ အလုပ္မလုပ္ၾကဘူး။ သတင္းနဲ႔ပတ္သက္တဲ့ အဖြဲ႕ေတြ အလုပ္မလုပ္ၾကဘူး။ ပိုက္ဆံရဖို႔ပဲစိတ္ဝင္ စားေနၾကတယ္။ ေနာက္ၿပီး ေရွ႕အစဥ္အဆက္က ရဲမႉးေတြ၊ ဘာေတြက အလုပ္လုပ္ဖို႔ လိုတာေလ။ ေရာက္တဲ့ေနရာမွာ မွိန္းစား၊ ၿပီးေတာ့ အခ်ိန္တန္ရင္ ေျပာင္းမယ္ဆိုတဲ့စိတ္နဲ႔ အလုပ္လုပ္ေနသမွ်ေတာ့ တိုင္းျပည္ကသြားမွာပဲ။

ေမး - တစ္ဖက္က ဘာေၾကာင့္ အားသာတာလဲ။ ဘယ္အခ်က္ေတြလဲ။
ေျဖ - တစ္ဖက္အဖြဲ႕အစည္းက ဘာအားသာလဲဆိုေတာ့ လူငယ္ေတြျဖစ္တယ္။ ဒီလိုတိုက္လို႔မရရင္ ဘယ္လို တိုက္မလဲ အဲဒီလိုေပါ့ innovation အားသာတယ္။ နည္းပညာအသုံးခ်တယ္။ မီဒီယာကို ေကာင္းေကာင္း အသုံးခ်တယ္။ ဒါပဲ။

ေမး - ၿမိဳ႕ခံေတြကေကာ ေထာက္ခံၾကလား။
ေျဖ - ၿမိဳ႕ခံေတြကေတာ့ ေထာက္ခံတယ္လို႔ေတာ့ ေျပာလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔လူမ်ိဳး ေတြေလ။ မေထာက္ခံရင္လည္း သူတို႔က ဆက္လက္ ရပ္တည္ၿပီး စီးပြားရွာဖို႔က အခက္အခဲရွိတာကိုး။ ဒီေဒသေတြရဲ႕ သေဘာသဘာဝကလည္း ဒီလက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ဆႏၵသေဘာကို လြန္ဆန္လို႔မရတဲ့ ေနရာ ဧရိယာလည္းျဖစ္တဲ့အတြက္ မေထာက္ခံလည္း ကိုယ့္အတြက္အႏၲရာယ္ရွိတာေၾကာင့္မို႔လို႔ ေတာ္ေတာ္ မ်ားမ်ားကေတာ့ အလိုက္သင့္ေနရတာေပါ့။

ေမး - တကယ္တိုက္ပြဲျဖစ္လာတဲ့အခါမွာ ၿမိဳ႕ခံေတြ အေတာ္မ်ားမ်ားဆီကေန လူေတြဆီမွာမၾကားရတဲ့ မီဒီယာေတြဆီမွာမၾကားရတဲ့ တကယ္ထြက္ေနတဲ့အသံက ဘာလဲ။
ေျဖ - အဲဒီေတာ့ အကုန္လုံး စိတ္ကုန္သြားတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ တကယ္တမ္းသူတို႔ကို ဟိုဘက္ကေျပာတာက တစ္လနဲ႔ၿပီးေစရမယ္။ ဒီလိုမ်ိဳး လြိဳင္ေကာ္ၿမိဳ႕ႀကီး မီးေလာင္သြားေစရမယ္ဆိုတာ မပါဘူး။ လြိဳင္ေကာ္ၿမိဳ႕ႀကီး ျပာက်သြားရမယ္ဆိုတာ မပါဘူး။ သူတို႔အိမ္ေတြ မီးေလာင္သြားမယ္ဆိုတာ မပါဘူး။ သူတို႔ပစၥည္းေတြ အကုန္အခိုးခံရမယ္ဆိုတာ လည္းမပါဘူး။ အခုေတာ့ အဲဒီဒုကၡ အကုန္ေတြ႕ရၿပီ ေလ။ ေထာက္ခံသူေရာ၊ မေထာက္ခံသူေရာ၊ ဝန္ထမ္းေတြေရာ၊ ျပည္သူေတြေရာ အကုန္လုံးက အဲဒီဒုကၡအကုန္ ႀကဳံရတာပဲ။ ဘယ္သူမွ မခြဲျခားဘူး။

ေမး - ၿပီးခဲ့တဲ့ကာလေတြမွာ SAC ဥကၠ႒က ေျပာ သြားတာရွိတယ္။ ဒီတိုက္ပြဲေတြေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕ဟာ ျပန္လည္ထူေထာင္ေရးလုပ္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲသြားၿပီဆိုတာကို ေျပာခဲ့ တာရွိတယ္။ အဲဒီေတာ့ လက္ရွိ လြိဳင္ေကာ္ၿမိဳ႕ရဲ႕အေျခအေနက ဘယ္ေလာက္ ပ်က္စီးသြားၿပီလဲ။ ရာခိုင္ႏႈန္း အားျဖင့္ေျပာရင္ ရာခိုင္ ႏႈန္းဘယ္ေလာက္ ပ်က္စီးသြားၿပီလဲေပါ့။
ေျဖ - ၿမိဳ႕ထဲမွာရွိတဲ့ အဓိက ေဈးႏွစ္ေဈးလုံး မီး ေလာင္သြားတယ္။ ေတာင္ေဈးမီးေလာင္တယ္။ ၿမိဳ႕ လယ္မွာရွိတဲ့ေဈးလည္း မီးေလာင္တယ္ေပါ့။ ဒါေပမဲ့ ေတာင္ေဈးကေတာ့ အကုန္လုံးနီးပါး မီးေလာင္သြား တယ္။ ဒီဘက္ၿမိဳ႕လယ္မွာဆိုရင္လည္း ႏွစ္ထပ္ေဈးလို႔ ေခၚတဲ့ေဈးလည္း ေလာင္သြားတာကိုး။ အဲဒီေတာ့ ၿမိဳ႕ ေပၚရဲ႕အပ်က္အစီးကိုၾကည့္မယ္ဆိုရင္ မီးေလာင္သြားတဲ့ ဧရိယာက ေတာ္ေတာ္ေလးမ်ားတယ္။ အဓိကေတာ့ ၿမိဳ႕ရဲ႕ ေျမာက္ဘက္ျခမ္းက တိုက္ပြဲျဖစ္တဲ့ဧရိယာမွာ ေတာ္ေတာ္မ်ားမ်ား ပ်က္စီးဆုံးရႈံးမႈေတြမ်ားတယ္။ ရာခိုင္ႏႈန္းအားျဖင့္ေျပာမယ္ဆိုရင္ေတာ့ ေသခ်ာမ်က္ျမင္တိတိက်က်ေကာက္မွပဲ သိမွာေလ။ ဒါေပမဲ့ ခန႔္ မွန္းရသေလာက္ဆိုရင္ေတာ့ တိုက္ပြဲမျဖစ္ဘူးဆိုတဲ့ ၿမိဳ႕ရဲ႕ ေတာင္ဘက္ျခမ္းေပါ့။ ဘီလူးေခ်ာင္းရဲ႕ ေတာင္ ဘက္ျခမ္းေပါ့။ အဲဒီမွာက ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား က ပ်က္စီးတာခန႔္မွန္းရမယ္ဆိုရင္ (၁၀)ရာခိုင္ႏႈန္း မေက်ာ္ဘူးေပါ့။ ဒါေပမဲ့ ဘီလူးေခ်ာင္းရဲ႕ ေျမာက္ဘက္ ျခမ္းေပါ့။ ၿမိဳ႕ရဲ႕ေျမာက္ဘက္ တိုက္ပြဲဧရိယာႀကီးရဲ႕ ပ်က္စီးမႈက (၅၀)ရာခိုင္ႏႈန္းဝန္းက်င္ေလာက္ရွိမယ္လို႔ခန႔္မွန္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဓိက ေတာ့ လက္နက္ႀကီးက်ည္က်တယ္၊ မီးေလာင္တယ္။ ဒါက တိုက္ပြဲျဖစ္တဲ့ဧရိယာေလ။ ပ်က္စီးမႈရာခိုင္ႏႈန္းက (၅၀)ရာခိုင္ႏႈန္းဆိုရင္ နည္းနည္းမ်ားသြားမယ္ sorry ။ အဲဒီဘက္က မီးမေလာင္ဘူး။ မီးေလာင္တာက ရွားတယ္။ မီးေလာင္လည္း တစ္အိမ္၊ ႏွစ္အိမ္ ေလာက္ပဲေလာင္တာ။ အတြဲလိုက္မေလာင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အိမ္ကက်ဲတယ္။ လက္နက္ႀကီး က်ည္က်တဲ့ေနရာေတြ၊ ဟိုတယ္ေတြ၊ အထပ္ျမင့္အေဆာက္အအုံေတြ အကုန္ပ်က္စီးတယ္။ အဲဒီေတာ့ ပ်က္စီးမႈက ဘယ္လိုလဲဆိုရင္ တိုင္းတာရတာခက္တယ္။ ဒါေပမဲ့ အေဆာက္အအုံအေနနဲ႔ပဲ ေျပာရမယ္ဆိုရင္ေတာ့ ၿမိဳ႕ရဲ႕ ေျမာက္ဘက္ ျခမ္းမွာရွိတဲ့ အေဆာက္အအုံရဲ႕ (၄၀)၊ (၅၀) ဝန္းက်င္ကေတာ့ ပ်က္စီးသြားၿပီ။

ေမး - အဲဒီေတာ့ တစ္ဖက္က လြိဳင္ေကာ္ကို ကယားျပည္နယ္ကို အရသိမ္းဖို႔ႀကိဳးစားတဲ့အခါမွာ KNDFနဲ႔ သူတို႔ရဲ႕ ဆက္စပ္အဖြဲ႕အစည္းေတြဟာ တကယ္ပဲ သူ႔ေဒသကို ႏိုင္ေအာင္တိုက္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိလို႔ တိုက္ေနတယ္လို႔ ျမင္လား။ ဒါမွမဟုတ္ သူတို႔ လိုခ်င္တာတစ္ခုခုရဖို႔ တိုက္ေနတာလား။
ေျဖ - တကယ္တမ္းက သူတို႔က သူတို႔ေဒသကို လိုခ်င္လို႔ တိုက္ေနတာ။ ဒါေပမဲ့လည္း မရႏိုင္ဘူး။ ဒါကေတာ့ မဟာဗ်ဴဟာအရ ကယားျပည္နယ္က အေရးပါတယ္။ တကယ္တမ္းဆိုရင္ ဒီဘက္က ေနျပည္ေတာ္နဲ႔ ေရနီ၊ ေအလာနဲ႔ဆိုရင္ ေတာင္ေၾကာႏွစ္ေၾကာ စာေလာက္ပဲေဝးတဲ့ေနရာျဖစ္တဲ့အတြက္ မဟာဗ်ဴဟာ အရ ေပးလို႔ရတဲ့ေနရာမဟုတ္ဘူး။ ဥပမာ မူဆယ္ နဲ႔မတူဘူး။ “ ဝ “ နဲ႔လည္းမတူဘူး။ ကိုးကန႔္နဲ႔လည္း မတူဘူး။ ရခိုင္နဲ႔လည္းမတူဘူး။ အဲဒါေတြအကုန္လုံး က ေနျပည္ေတာ္နဲ႔အေဝးႀကီး။ လြိဳင္ေကာ္ကေတာ့ ေျပာရမယ္ဆိုရင္ ေနျပည္ေတာ္နဲ႔ တကယ့္ကို ၿခိမ္း ေျခာက္ႏိုင္စြမ္းရွိတဲ့ေနရာမ်ိဳး ျဖစ္ေနတယ္။ လြိဳင္ေကာ္နဲ႔ေနျပည္ေတာ္နဲ႔က ေရနီတို႔၊ ေအလာတို႔ဘက္ကဆိုရင္ ဆက္ေနတယ္။ အဲဒီတစ္ေၾကာလုံးမွာ ကယားေတြက တစ္ေလွ်ာက္ ႐ြာငယ္ေတြအျဖစ္ ရွိေနတာျဖစ္တဲ့အတြက္ မဟာဗ်ဴဟာအရ ေပးလို႔ရတဲ့ေနရာမ်ိဳးမဟုတ္ဘူး။ အဲဒီအခါက်ေတာ့ ကာကြယ္မယ့္ ရည္႐ြယ္ခ်က္နဲ႔ ဘယ္လိုေျပာမလဲ မဟာဗ်ဴဟာအရ အက်ခံရမယ့္ ေနရာမဟုတ္သလို လက္ရွိအဲဒီမွာ ရွိေနတဲ့ ကာကြယ္တဲ့အဖြဲ႕ေတြက ေခါင္းေဆာင္ပိုင္းမွာ တခ်ိဳ႕ ေတာ္ တဲ့လူေတာ္ေတြေၾကာင့္ မက်ႏိုင္ဘူး။

ေမး - ဆိုေတာ့ လြိဳင္ေကာ္မက်ရင္ ျပည္နယ္မရဘူးေပါ့။
ေျဖ - မရႏိုင္ဘူး။ က်မွာလည္း မဟုတ္ဘူး။

ေမး - လက္ရွိမွာ တိုက္ပြဲေဖာ္ေဆာင္ျခင္းခံထားရတဲ့ လြိဳင္ေကာ္ၿမိဳ႕၊ ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ႐ုံးစိုက္ရာၿမိဳ႕ မွာ အစိုးရရဲ႕ လုပ္ငန္းလည္ပတ္မႈရွိေသးလား။ အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြက ဘယ္လိုလည္ပတ္ေနလဲ။
ေျဖ - လည္ပတ္ႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ႐ုံးစနစ္ေတာ္ေတာ္မ်ားမ်ားက ေနာက္ပိုင္းမွာ e- government နဲ႔သြားေနတာျဖစ္တဲ့အတြက္ လုပ္လို႔ကေတာ့ ရေနတယ္ေလ။ အဲဒီလို e- government နဲ႔ပဲ လည္ပတ္ေနတာေပါ့။ အရင္လိုေတာ့ စာတစ္တန္၊ ေပတစ္တန္နဲ႔ မသြားႏိုင္ေတာ့ဘဲနဲ႔ အဓိ ကေတာ့ အြန္လိုင္းစနစ္နဲ႔ေတာ့ လည္ပတ္ႏိုင္ေနတယ္။ အစိုးရစနစ္က e- government နဲ႔ပဲ လည္ပတ္တာ ေပါ့။ ၿမိဳ႕ေတာင္ဘက္ျခမ္းကေတာ့ ရွိတယ္။ ၿမိဳ႕ ေျမာက္ဘက္ျခမ္းကေတာ့ မရွိဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ တိုက္ပြဲက ျဖစ္ေနတာေပါ့။

ေမး - လြိဳင္ေကာ္ၿမိဳ႕ကေန ဝန္ထမ္းေတြ ဘယ္အခ်ိန္ ကေန စစြန႔္ခြာၾကလဲ။
ေျဖ - ဘယ္အခ်ိန္မွ စစြန႔္ခြာလဲဆိုေတာ့ အဓိကေတာ့ လြိဳင္ေကာ္တကၠသိုလ္ က်သြားၿပီ၊ ဆရာ/ဆရာမေတြ ကို စဖမ္းသြားၿပီဆိုတဲ့အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားက ၿမိဳ႕ေပၚမွာရွိတဲ့ဝန္ထမ္းေတြအကုန္လုံးက ေသြးပ်က္ သြားၿပီ။ ဆရာ/ဆရာမႀကီးေတြကို ဖမ္းသြားၿပီ။ တခ်ိဳ႕ ေတြအသတ္ခံရတယ္။ အဲဒီအခ်ိန္မွာ အေတာ္မ်ားမ်ား ကေသြးပ်က္သြားတယ္။ ေနာက္တစ္ခ်က္က အဲဒီအခ်ိန္မွာပဲ မီဒီယာအားနဲ႔ သူတို႔ အင္အားမ်ားေၾကာင္းကို ျပလိုက္တဲ့အခ်ိန္မွာ အဲဒီရက္က ႏိုဝင္ဘာ ၁၃၊ ၁၄၊ ၁၅ မွာ ဌာနဆိုင္ရာဝန္ထမ္းအေတာ္မ်ားမ်ားက စၿပီး စြန႔္ခြာတယ္။ အဲဒီကာလပါပဲ။ အမ်ားစုကေတာ့ ႏိုဝင္ဘာ ၁၅၊ ၁၆၊ ၁၇ ရက္ေတြမွာ ႏိုင္ငံ့ဝန္ထမ္းေတာ္ေတာ္ မ်ားကထြက္ၾကတာ။

ေမး - ထြက္သြားတဲ့အခါမွာ ဘယ္လမ္းေၾကာင္းက အမ်ားဆုံးထြက္ခြာၾကလဲ။ ေလယာဥ္နဲ႔လား။ ကား လမ္းနဲ႔လား။ ေတာင္ႀကီးလား။ ဘယ္ေနရာလဲ။
ေျဖ - အဓိက အမ်ားဆုံးထြက္တဲ့လမ္းကေတာ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ဖြင့္ေပးထားတဲ့ လမ္းတစ္ လမ္းပဲရွိတယ္။ အဲဒီလမ္းကပဲ ထြက္သြားတာ။ အဲဒီ လမ္းကလည္း တစ္ေလွ်ာက္မွာ သူတို႔ အစစ္အေဆး ေတြဖြင့္ေပးတဲ့လမ္းဆိုၿပီးေတာ့ လိုင္းေပၚမွာ ေၾကညာ ထားတယ္။ အဓိကေတာ့ ဘယ္လမ္းလို႔ေျပာမလဲ လြိဳင္ေကာ္-ေဆာင့္ကန္း- ေက်ာက္တစ္လုံးေပါ့။ အဲဒီကေန ေ႐ႊေညာင္-ေညာင္ေ႐ႊ၊ ဆီဆိုင္၊ ေတာင္ႀကီး ကိုတက္တာေပါ့။ ေနာက္ၿပီးေတာ့ ေအာင္ပန္းတို႔၊ ေအးသာယာတို႔ေပါ့။ အမ်ားစုက အဲဒီမွာ စစ္ေရွာင္ေန ၾကတယ္။ ကုန္လမ္းကေနထြက္လာတဲ့တစ္လမ္းလုံး ေတာက္ေလွ်ာက္မွာ ၿမိဳ႕က တိုက္ပြဲျဖစ္ထားတာ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ အေတာ္မ်ား မ်ားပ်က္စီးေနၿပီ။ ေနာက္တစ္ခ်က္က ဖြင့္ ေပးတဲ့လမ္းတစ္ေလွ်ာက္မွာကေတာ့ သိပ္ၿပီးေတာ့ အပ်က္အစီးက မရွိပါဘူး။ မရွိဘူးဆိုတာက အဲဒီ ဘက္ျခမ္းေတြမွာက တိုက္ပြဲေတြမျဖစ္ၾကဘူး။ ဖြင့္ေပးတဲ့လမ္းေတြက တိုက္ပြဲေတြမျဖစ္ဘူး။ လမ္းတစ္ ေလွ်ာက္မွာ လက္နက္ကိုင္အဖြဲ႕အစည္းအင္အားက အျပည့္ပဲ။

ေမး - ေနာက္ေမးခြန္းကေတာ့ လက္ရွိ တိုက္ပြဲ အေဖာ္ခံထားရတဲ့ လြိဳင္ေကာ္ၿမိဳ႕မွာ ေတာ္ေတာ္ေလး လည္း ပ်က္စီးေနတာရွိတယ္။ ဒီလိုတိုက္ပြဲျဖစ္လာ တဲ့အေပၚမွာ အက်ိဳးရလဒ္က ဘာျဖစ္မယ္လို႔ ျမင္လဲ။ ဘယ္သူေတြက အက်ိဳးရလဒ္ရွိၿပီးေတာ့ ဘယ္သူေတြက အက်ိဳးရလဒ္မဲ့သြားလဲေပါ့။
ေျဖ - အက်ိဳးရလဒ္ကေတာ့ ေသနတ္ကိုင္ထားတဲ့လူ ေတြက အကုန္လုံး အက်ိဳးရလဒ္ရွိမွာေပါ့။ ေသနတ္မ ကိုင္ထားတဲ့လူေတြအကုန္လုံး အက်ိဳးရလဒ္ မရွိဘူး ေပါ့။ ဒါပါပဲ။ လမ္းမွာေတြ႕ရင္ ေသနတ္ကိုင္ထားတဲ့လူ ေတြကိုေၾကာက္ရတာပဲ။ အခု ဒီတစ္ၿမိဳ႕လုံးက လူေတြ အကုန္လုံးက ရွိသမွ်ပစၥည္းေတြကို အကုန္ထားၿပီး ေတာ့ ဝန္ထမ္းေတြေရာ၊ ျပည္သူေတြေရာ အကုန္လုံး က ပိုင္ဆိုင္သမွ်ကို လြိဳင္ေကာ္မွာထားၿပီးေတာ့ ေျပး သြားရတာေပါ့။ အဲဒီေတာ့ အဲဒီအထဲမွာ က်န္ခဲ့တာက ေသနတ္ကိုင္ထားတဲ့လူေတြပဲ က်န္ေနခဲ့တာေလ။ အဲဒီေတာ့ ဘယ္အဖြဲ႕ေတြ၊ ဘယ္အဖြဲ႕အစည္းေတြက စည္းကမ္းနဲ႔ထိန္းႏိုင္မလဲ။ ဘယ္အဖြဲ႕ေတြ၊ ဘယ္အဖြဲ႕ အစည္းေတြက စည္းကမ္းမရွိလဲ။ အဖြဲ႕စုံ၊ လူစုံေပါ့။ အဲဒီမွာ အကုန္လုံးက ေသနတ္ကိုင္ထားတဲ့အခါက် ေတာ့ ပိုဆိုးတာေပါ့။ စည္းမ်ဥ္းစည္းကမ္းနဲ႔ ပိုထိန္းရတာေပါ့။ စည္းမ်ဥ္းစည္းကမ္းမရွိတဲ့ အဖြဲ႕အစည္းေတြ အကုန္လုံးကေတာ့ ၿမိဳ႕ထဲမွာရွိတဲ့ပစၥည္းေတြကို ေသ နတ္ကိုင္ထားတဲ့သူေတြအားလုံးက စိတ္ႀကိဳက္ပဲေလ။ အဲဒီေတာ့ အဓိက ဆုံးရႈံးတာကေတာ့ ျပည္သူပဲေပါ့။ အခုၾကည့္ေလ ဝန္ထမ္းေတြပဲေျပာေျပာ၊ ျပည္သူေတြ ပဲေျပာေျပာ အကုန္လုံး သုံးလအတြင္းမွာ အကုန္စစ္ ေဘးေရွာင္ၿပီးေတာ့ ပိုင္ဆိုင္မႈေတြအကုန္ ထားခဲ့ရ တာ။ ဘာတစ္ခုမွမယူႏိုင္ဘူး။ အခုျပန္သြားၾကည့္ ဘာ တစ္ခုမွမရွိေတာ့ဘူး။ တခ်ိဳ႕ေတြဆို အိမ္ပါ မရွိေတာ့ ဘူး။ တခ်ိဳ႕ေတြဆိုရင္ အိမ္ထဲမွာ ဆိုင္ကယ္ေတြ၊ ကား ေတြ၊ တီဗီေတြ၊ ပစၥည္းေတြအကုန္က်န္ခဲ့လိမ့္မယ္။ အခုသြားၾကည့္ရင္ က်ိန္းေသတယ္ (၉၀)ရာခိုင္ႏႈန္း မရွိႏိုင္ေတာ့ဘူး။ အကုန္လုံး က်န္ခဲ့တဲ့ေကာင္ေတြက သူတို႔ပစၥည္းပဲ။ ေနာက္ တခ်ိဳ႕အိမ္ေတြဆိုရင္ မီး ေလာင္သြားတယ္။ မီးခိုးသြားရင္ေတာ့ ကုန္ၿပီေပါ့ဗ်ာ။ လူခိုးရင္ေတာ့ အိမ္က်န္မွာေပါ့။ ဒါေပမဲ့လည္း အိမ္က လက္နက္ႀကီးက်ည္ထိထားတယ္တို႔၊ ဘာတို႔ဆိုရင္ ေတာ့ နည္းနည္းျပန္ျပဳျပင္ရမွာေပါ့။ အဲဒီေလာက္ပဲ ရွိတယ္။ မီးေလာင္သြားရင္ေတာ့ ဘာမွမက်န္ဘူးေပါ့။ မီးေလာင္သြားတဲ့သူေတြကေတာ့ ဘဝဆုံးသြားတာေပါ့။ စစ္ျဖစ္လာလို႔ရွိရင္ေတာ့ အဓိက ဒုကၡေရာက္တာ ျပည္သူပါပဲ။

ေမး - အဲဒီေတာ့ လက္ရွိလြိဳင္ေကာ္က စစ္က ဆိုင္ထားဆဲပဲ။ အခုထိတိုက္ပြဲက ၿပီးသြားတယ္လို႔ ေျပာ လို႔မရေသးဘူး။ ဘယ္သူမွလည္း ႏိုင္တယ္လို႔ ေျပာလို႔မရေသးဘူး။ ဆိုေတာ့ ဒီအတိုင္း စစ္ကဆိုင္ထားဆဲ ပဲဆိုရင္ ပိုပိုၿပီး အထိနာႏိုင္တဲ့အဖြဲ႕အစည္းက အစိုးရလား။ လက္နက္ကိုင္အဖြဲ႕အစည္းလား။
ေျဖ - အစိုးရလည္း အထိနာစရာအေၾကာင္း မရွိဘူးေလ။ အခ်ိန္တန္ရင္ လစာက ရေနမွာပဲ။ ျပည္ မႀကီးတစ္ခုလုံး ေနာက္ေက်ာရွိေနတာပဲ။ လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔လည္း ဘာပဲေျပာေျပာ သူတို႔နဲ႔ခ်ိတ္ဆက္ေနတဲ့အဖြဲ႕အစည္းေတြ ရွိေနတဲ့ အတြက္ သူတို႔ရဲ႕ရေငြေတြရွိေနတယ္။ သူတို႔ရဲ႕ အေထာက္ အပံ့ေတြလည္းရွိေနေတာ့ ျပႆနာမရွိဘူး။ ဘယ္သူအထိနာမွာလဲဆိုေတာ့ ျပည္သူေတြပဲ အထိ နာမွာေပါ့။ ျပည္သူေတြပဲ သုံးလလုံးလုံး အလုပ္မရွိ၊ အကိုင္မရွိနဲ႔။ လြိဳင္ေကာ္မွာထားခဲ့ရတဲ့ ပစၥည္းေတြကလည္း (၉၀)ရာခိုင္ႏႈန္းက ပလုံမွာပဲ။ အဲဒီေတာ့ အခုန ေျပာသလို အထိနာဆုံးကေတာ့ ျပည္သူပါပဲ။

ေမး - ကယားျပည္နယ္မွာ အရင္တုန္းက ျပည္သူ႔ စစ္လို နယ္ျခားေစာင့္တပ္ဖြဲ႕ရွိတယ္။ သူက အရင္တုန္း က တပ္မေတာ္နဲ႔ တစ္ေလွ်ာက္ေပါင္းေနတာကေန မယ္စဲ့လို႔ေနရာမ်ိဳးမွာ ႐ုတ္တရက္ႀကီး ကယား PDF နဲ႔သြားေပါင္းတယ္။ ဒါေတြက ေနာက္ခံဇာစ္ျမစ္အ ေၾကာင္းတရားေတြက ဘာျဖစ္တယ္လို႔ ၾကားမိလဲ။
ေျဖ- အဓိကေတာ့ BGF မွာ အဓိကထိန္းထားတာက ဦးခ်စ္ေက်ာ္အုပ္စုနဲ႔ ဦးထြန္းေက်ာ္အုပ္စု။ အဲဒီ အုပ္စုမွာမွ တကယ္တမ္းက်ေတာ့ ဦးထြန္းေက်ာ္က သူ႔မိန္းမကေနၿပီးေတာ့(ကလလတ)ကို ထိန္းထား တာ။ ဦးထြန္းေက်ာ္က စျဖစ္ကတည္းက ေရွာင္ေနတာ ေပါ့။ အဲဒီေတာ့ (ကလလတ)က ဟိုဘက္ကိုမပါ ေသးခင္ (၃)၊ (၄)ရက္မွာမွ ဦးထြန္းေက်ာ္ရဲ႕မိန္းမက ရွမ္းေျမာက္ဘက္မွာ ဆင္ႏွစ္ေကာင္နဲ႔ ေမွာင္ခိုသယ္ ေဆာင္မႈနဲ႔ အဖမ္းခံလိုက္ရတယ္။ သြားေရာင္းတာကို။ အဲဒါက်ေတာ့ အခ်င္းခ်င္းၿငိတာေပါ့။ သူတို႔ေတာင္ အကုန္လုံးလုပ္ေနၾကတဲ့သူေတြပဲ။ အဲဒါကို တစ္ဖက္ကလည္း အညႇိမခံဘူး။ တစ္ဖက္ ကလည္း ၿဖဲေပါ့။ အဲဒီလိုၿငိၾကတဲ့အခါ ဦးထြန္းေက်ာ္ရဲ႕မိန္းမက ေမွာင္ခိုမႈနဲ႔အဖမ္းခံလိုက္ရတယ္။ အဲဒီလို အဖမ္းခံလိုက္ရတဲ့ အခ်ိန္မွာအရင္တုန္းကလည္း ကယားအဖြဲ႕အစည္း ႏွစ္ခုကပါမယ့္ဘက္နဲ႔ မပါမယ့္ ဘက္ ႏွစ္ခုကအင္အား တိုက္ေနၾကတာေပါ့။ အဲဒီေတာ့ မလုပ္ဘူးဆိုတဲ့ဘက္ ကိုထိန္းထားတဲ့ ဦးထြန္းေက်ာ္အုပ္စုက ၿပိဳက်သြားၿပီးေတာ့ အဲဒီမွာ လုပ္မယ္ဆိုတဲ့အဖြဲ႕ေတြက ဟိုေကာင္မ ရွိေတာ့ဘူး ဆိုၿပီးေတာ့ တစ္ရက္ပဲၾကားတယ္ တိုက္သြားတာ။ ေနာက္ခံအေၾကာင္းအရင္းက ဒါပဲ။ အစက တည္းက ပါမလိုလိုျဖစ္ေနတဲ့အခ်ိန္မွာ ေခါင္းေဆာင္ ႀကီးအဖမ္းခံလိုက္ရၿပီဆိုေတာ့ ဒုေခါင္းေဆာင္ေနာက္ ပါ သြားတာေပါ့။ ဒါပါပဲ။

ေမး - ေနာက္တစ္ခုက လြိဳင္ေကာ္ၿမိဳ႕ဟာ တကယ္ကို ေအးေအးခ်မ္းခ်မ္းရွိတဲ့ တိုင္းရင္းသားေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈေတြ ျပည့္ ႏွက္ေနတဲ့ ၿမိဳ႕ေလးတစ္ ၿမိဳ႕လည္းျဖစ္ခဲ့တယ္ေပါ့။ အဲဒီေတာ့ အခုဟာက တိုက္ပြဲေတြေၾကာင့္ ပ်က္စီးသြားၿပီေပါ့။ ဆိုေတာ့ ဒီလြိဳင္ေကာ္ၿမိဳ႕ေလး နဂိုလို ျပန္လည္ေအးခ်မ္းဖို႔ ႏိုင္ငံ့ဝန္ထမ္းတစ္ေယာက္အေနနဲ႔ ဘယ္လို အႀကံျပဳခ်င္လဲ။
ေျဖ - အဓိက အေရးႀကီးဆုံးက ၿငိမ္းခ်မ္းေရးပဲေလ။ ၿငိမ္းခ်မ္းေရးမရဘဲနဲ႔ ဘယ္လိုမွ ျပန္လည္ထူေထာင္ဖို႔ မျဖစ္ႏိုင္ဘူး။ တစ္ဖက္နဲ႔တစ္ဖက္ လက္နက္ကိုင္ၿပီး ေတာ့ ေခတၱအပစ္အခတ္ရပ္စဲတယ္ဆိုတာ တကယ္ တမ္းက အေျဖမဟုတ္ဘူး။ အဓိကေတာ့ ၿငိမ္းခ်မ္းေရး ရေအာင္ လုပ္ဖို႔လိုတယ္။ ၿငိမ္းခ်မ္းေရးဆိုတာက ပါးစပ္ကေျပာရင္ေတာ့ (၃)လုံးတည္းနဲ႔ လြယ္တာေပါ့။ တကယ္တမ္းေျပာရရင္ အဓိကေတာ့ သယံဇာတခြဲေဝ ေရးပါပဲ။ ဒီသယံဇာတခြဲေရးကို ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အေျဖအခုထိမရွာႏိုင္ေသးသေ႐ြ႕ ကြၽန္ေတာ္တို႔ တစ္ သက္လုံးၿငိမ္းခ်မ္းေရးရမွာမဟုတ္ဘူး။ အဲဒီလို ၿငိမ္းခ်မ္းေရး မရဘဲနဲ႔ေတာ့ ေသနတ္ကိုင္ထားတဲ့အဖြဲ႕ ေတြက ေသနတ္ႀကီးခ်ၿပီးေတာ့ စကားေျပာၾကမွာ မဟုတ္ဘူး။ အဲဒီေတာ့ ေသနတ္ေတြနဲ႔ပဲ စကားေျပာ ၾကေတာ့မွာ။ အဲဒီေတာ့ ကြၽန္ေတာ့္အျမင္ကေတာ့ နံပါတ္တစ္ ၿငိမ္းခ်မ္းေရးရဖို႔ လိုတယ္။ အဲဒီလို ရခဲ့ရင္ေတာင္မွ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ႀကီးကို ထူေထာင္ယူရမယ္။ ကြၽန္ေတာ္ခန႔္မွန္းတာက ျပန္လည္ ထူေထာင္ေရးဟာ ဒီပုံစံအတိုင္းဆိုရင္ ၿငိမ္းခ်မ္း ေရးရ ရင္ေတာင္ အနည္းဆုံး (၄)၊ (၅)၊ (၁၀)ႏွစ္ ၾကာေတာ့မယ္။ ဒါအနည္းဆုံး ခန႔္မွန္းတာပါ။ ဒီထက္ေတာ့ ပိုျမန္ႏိုင္စရာအေၾကာင္း မရွိပါဘူး။

ေမး - တျခားျဖည့္စြက္ေျပာခ်င္တာ ရွိပါေသးလား။
ေျဖ - အဓိကေတာ့ ဒီျဖစ္စဥ္ေတြ ျဖစ္ေနတာေတြက အေျဖရွာဖို႔လိုပါတယ္။ ဇယား (၂)လား၊ ဇယား (၅)လား။ constitution လား။ ဒီျပႆနာကိုအေျဖရွာဖို႔ လိုတယ္။ ဒီျပႆနာကို အေျဖ ရွာႏိုင္ဖို႔ဆိုတာကေတာ့ တိုင္းရင္းသားေတြနဲ႔ တခ်ိဳ႕ေနရာေတြမွာ စကားေျပာ ၾကည့္ဖို႔လိုတယ္။ သူတို႔ ဘာလိုခ်င္တာလဲ။ ကိုယ့္ ဘက္ကဘာေပးႏိုင္လဲ။ ဘယ္အထိေပးႏိုင္လဲ။ ဘယ္ အထိမေပးႏိုင္ဘူးလဲ။ အဲဒါေတြကို ပြင့္ပြင့္လင္းလင္း တိုင္ပင္ၿပီးေတာ့ အေျဖရွာၾကေပါ့။ အဲဒါမွပဲ ရမယ္။ အဓိကေတာ့ သယံဇာတခြဲေဝေရးျပႆနာပဲ။ ဒီသယံ ဇာတခြဲေဝေရးျပႆနာကို အေျဖမထုတ္ႏိုင္ဘဲနဲ႔ ကြၽန္ေတာ္တို႔ ဘယ္မွသြားလို႔မရဘူး။ စကားလွေအာင္ ေျပာရရင္ေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ဇယား(၁)၊ ဇယား(၂)၊ ဇယား(၅) ျပႆနာေတြေပါ့။ ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲ ေတာ္ေတာ္မ်ားမ်ားမွာ ၾကည့္လိုက္ရင္ သိေနတာပဲ။ အားလုံးသည္ ဇယား (၁)၊ (၂)၊(၅) မွာပဲ ဂိတ္ဆုံးေနၾကတာ။ တစ္ဖက္ ကလည္း အဲဒီမွာပဲ ဂိတ္ဆုံးေနၾကတာ။ အဲဒီေတာ့ ဒီဟာကို အေျဖရွာဖို႔ လိုတယ္။ ဒါက ကြၽန္ေတာ့္ အျမင္ေပါ့ေနာ္။ အဓိက ေတာ့ ဇယား (၁)၊ (၂)၊ (၅) ျပႆနာေတြပဲလို႔ ျမင္တယ္။

အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.