ဟန်ချက်ထိန်းခြင်းဖြင့်အလုပ်ဖြစ်နေသည့် ထိုင်းနိုင်ငံခြားရေးမူဝါဒ (ဘာသာပြန်ဆောင်းပါး)

 545

သန်းထိုက်စိုး (NP News) - မတ် ၇

နိုင်ငံခြားရေးမူဝါဒ နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ အခြားနိုင်ငံများနှင့် မည်သို့ဆက်ဆံမည်ဆိုသည်ကို လမ်းညွန်ရန် အစိုးရများက အသုံးပြုသည့် ယန္တရားတစ်ခုဟု ယေဘုယျအဓိပ္ပာယ်ဖွင့်နိုင် သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၎င်း၏ တန်ဖိုးများ၊ ရည်ရွယ်ချက်များကိုထင်ဟပ်ပြီး ကမ္ဘာ့စင်မြင့်တွင် နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရေး အထောက်အကူပြုသည့်ယန္တရားဟုလည်း ခေါ်ဆိုနိုင် သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ စိတ်ဝင်စားစရာကောင်းသည်။ ထိုင်းလူမျိုးများသည် စေ့စပ်ညှိ နှိုင်းရာတွင် ကျွမ်းကျင်ကြသူများဖြစ် သည်ဟု ပြောစမှတ်ပြုကြသည်။ သို့ဖြစ်ရာ ယခုတစ်ပတ်အတွက် ထိုင်းနိုင်ငံခြားရေးမူဝါဒအကြောင်း လက်လှမ်းမီသမျှ လေ့လာတင်ပြလိုသည်။

စီးပွားရေးအရ အားလုံးနှင့် ထိတွေ့ဆက်ဆံ
ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများထံမှ ဝင်ငွေအများအပြားရရှိသည်။ ယင်းမှာ သံတမန်ဆက်ဆံရေး တရားဝင်စတင်တည်ထောင်ခဲ့သည့် ၁၉၇၅ ခုနှစ်ကတည်းက နှစ်နိုင်ငံကြားတည်ရှိခဲ့သည့် ခိုင်မာသော စီးပွားရေးဆက်ဆံမှုကို ထင်ဟပ်ဖော်ပြနေခြင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်စီးပွား ရေးဆက်ဆံမှု မှန်မှန်ကြီး တိုးတက်နေသည်။ တရုတ် နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၅ ဘီလျံအထိ ရှိ သည်။ နှစ်နိုင်ငံကြား စီးပွားရေးအရ မိတ်ဖက်ဖြစ်မှုမှာပထဝီ အရနီးစပ်မှုနှင့် ယဉ်ကျေးမှုအရဆက်စပ်မှု ရှိခြင်းအပေါ်တွင် အခြေတည်ခြင်းကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံလူဦးရေ ၇၁ သန်းတွင် အနည်း ဆုံး ၁၁ ရာခိုင်နှုန်းမှာ တရုတ်အနွယ်များဖြစ်ကြသည်။ တရုတ်အနွယ်တို့သည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းတို့တွင် တရုတ်နိုင်ငံတောင်ပိုင်းမှ ထိုင်း ဘုရင့်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာ ကြသူများမှ ဆင်းသက်ပေါက်ဖွားလာကြသူများဖြစ် သည်။ ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် ရုန်းကန်နေရသည့် ထိုင်းစီးပွားရေး ပြန်လည် နာလန် ထူရေးကြိုးပမ်းရာတွင် တရုတ်နိုင်ငံကို ဗဟိုချက် အဖြစ်ရှုမြင်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာ သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ခါးပတ်လမ်း ဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့သွားရောက် ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံခဲ့ သည်။ ထို့ပြင် ရုရှားသမ္မတပူတင်အပါအဝင် အခြားသော စီးပွားရေးမိတ်ဖက်များနှင့်လည်း တွေ့ဆုံခဲ့ သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။

အမေရိကန်အစိုးရသည်လည်း ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သည့် ထိုင်းတပ်မတော်အစိုးရ အုပ်ချုပ်မှုအပြီးတွင် ထိုင်းနိုင်ငံနှင့်ပုံမှန် ဆက်ဆံရေးတည်ဆောက်ရန် ဆန္ဒပြင်းပြနေချိန်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တရုတ်၏ဩဇာလွှမ်းမိုးမှု မြင့်တက်နေချိန်မှာပင် အမေရိကန်အစိုးရက ၎င်း၏ ကာလ ရှည်ကြာမိတ်ဖက်ဖြစ်ခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးပိုမိုမြှင့်တင်ရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။ ဆရက်သာသည် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်တွင် ထိုင်းစီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းသည်။ ဝန်ကြီးချုပ် ဆရက်သာ သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန်ပြည်ထောင်စုသို့သွား ရောက်ခဲ့ပြီး Microsoft ၊ Google ၊ Estee Lauder အပါအဝင် အမေရိကန် ကုမ္ပဏီအများအပြားနှင့်တွေ့ဆုံရာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် မြင့်တက်လာသည့် ပထဝီနိုင်ငံ ရေးတင်းမာမှုများမှ ဖယ်ခွာရန် အခက်အခဲ ရှိသည်။ တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင်မှုမှာ ဆက် လက်မြင့်တက်နေသည်။ အနောက်နိုင်ငံများသည် ရုရှားနှင့်ယူကရိန်း စစ်ပွဲတွင် ယူကရိန်းနိုင်ငံကို ဆက်လက် ထောက်ပံ့ပေးနေသည်။ ထိုင်းနိုင်ငံအနေဖြင့်မူ မှန်ကန်သော ဟန်ချက်ညီရပ်တည်မှု လိုအပ် သည်။ အမေရိကန်၊ တရုတ်နှင့် ရုရှားတို့အားလုံးသည် ထိုင်းနိုင်ငံအတွက် အရေးကြီးသော ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်ကြသည်။ ဝန်ကြီးချုပ်ဆာရက်သာအနေဖြင့် ထိုင်းနိုင်ငံသည် လုပ်ငန်းအားလုံးအတွက် လမ်းဖွင့်ပေးထားသည် ဆိုသည်ကို သတင်းစကား ပါးလိုပုံရသည်။

ဟန်ချက်ညီ ရပ်တည်နိုင်ရေး
မကြာသေးမီနှစ်များအတွင်းက ထိုင်းနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေးအစီအမံများတွင် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့သော် တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏ အလားတူအစီအမံမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ လေ့လာသူများကမူ ထိုင်းနိုင်ငံခြားရေး မူဝါဒမှာ လေယူရာယိမ်းသည့် ဝါးပင်ကဲ့သို့ ဖြစ်နေပြီး အမြဲတမ်းခိုင်မာသည့် မူဝါဒတစ်ရပ်ရှိရန် လိုအပ်သည် ဟု အကြံပြုခဲ့ကြသည်။ သို့သော် လေယူရာယိမ်းသည့် ထိုင်းနိုင်ငံခြားရေးမူဝါဒမှာ ယနေ့နိုင်ငံတ ကာ အခြေအနေများနှင့် လိုက်လျောညီထွေရှိနေသည်။ ထိုင်းနိုင်ငံသည် ၎င်း၏ စီးပွားရေးနှင့်လုံခြုံရေး အကျိုးစီးပွား ကိုကြည့်ပြီး အင်ဒို-ပစိဖိတ်ဒေသရှိ အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ် နှစ်နိုင်ငံလုံးနှင့် ဂရုတစိုက် ဆက်ဆံမှု ပြုလုပ်နေသည်။ ကုလသမဂ္ဂဆိုင်ရာ ထိုင်းသံအမတ်ကြီးကမူ အမေရိ ကန်၊ တရုတ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ချဉ်းကပ်မှုမှာ သံတမန်ရေးဟန်ချက်ညီမှု (diplomatic balancing act) ဖြစ်သည်ဟု ပြောဆိုထားဖူးသည်။

ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့် လုံခြုံရေးအရ ဆက်ဆံရေးမှာ တရုတ်နိုင်ငံထက် ပို၍ အရင်းကျသကဲ့ သို့ ပို၍လည်း အခြေခိုင်သည်။ ၁၈၃၃ ခုနှစ် ချစ်ကြည် ရေးနှင့် ကုန်သွယ်ရေးစာချုပ် (Treaty of Amity and Commerce)ချုပ်ဆိုပြီးကတည်းက အမေရိ ကန်၏ မဟာမိတ်တစ်ဦး ဖြစ်လာခဲ့သည်။ အမေရိကန် နှင့် ထိုင်းနိုင်ငံတို့သည် ၁၉၅၄ ခုနှစ်တွင် မနီလာ သဘောတူညီချက် (Manila Pact) ခေါ် ၎င်းတို့၏ မဟာမိတ်စာချုပ်ကို ထပ်မံချုပ်ဆိုခဲ့ကြသည်။ အဆိုပါ စာချုပ်အရ ထိုင်းနိုင်ငံသည် ဆီးတိုး(SEATO)အဖွဲ့ သို့ဝင်ရောက်ခဲ့သည်။ အမေရိကန်-ထိုင်းဆက်ဆံရေး အကောင်းဆုံးနှင့် စစ်အေးခေတ် အမြင့်ဆုံးကာလ အတွင်းတွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံကို အင်ဒိုချိုင်းနားဒေသတွင် ကွန်မြူနစ်ဆန့်ကျင်ရေး ကြားခံဇုန်အဖြစ် ရှုမြင်ထားသည်။ ထို့ပြင် အမေရိကန် နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့ တောင်ဘက်ရှိ့ U-tapao လေတပ်အခြေစိုက်စခန်း ကိုလည်း ဗီယက်နမ်စစ်ပွဲအတွက် တိုက်ခိုက်ရေး ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

စစ်အေးခေတ်ကာလအတွင်း အမေရိကန် နှင့် ထိုင်းနိုင်ငံတို့၏ နီးကပ်သည့်ဆက်ဆံရေးရှိခဲ့ခြင်း မှာ အရှေ့တောင်အာရှတွင် ကွန်မြူနစ်ဝါဒ ချဲ့ထွင် လာမည်ကို စိုးရိမ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ထိုင်း နိုင်ငံ၏ လက်ရှိနိုင်ငံခြားရေးမူဝါဒမှာ ၎င်း၏ အမျိုး သားအကျိုးစီးပွားကို ကာကွယ်နိုင်စွမ်းရှိရန်နှင့် အင်အားကြီး နှစ်နိုင်ငံကြား ကာလရှည်ကြာရှိခဲ့သည့် ဆက်ဆံရေးအား ထိန်းထားရန်ပင်ဖြစ်သည်။ ထိုင်း နိုင်ငံတင်မဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများ အားလုံးသည် တရုတ်နှင့်သာမက အမေရိကန်နှင့် လည်း ဆက်ဆံရေးကောင်း ရှာဖွေတည်ဆောက်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

လုံခြုံရေး၊ စီးပွားရေး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်
ထိုင်းနှင့် အမေရိကန်တို့ကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ အဆင့်မြင့် လက်နက်များ ရောင်းချခြင်း၊ စစ်ရေး လေ့ကျင့်ခြင်းနှင့် ပညာရေးတို့ပါဝင်သည်။ နှစ်နိုင်ငံ တို့သည် ဒေသတွင်းတွင် အရေးကြီးဆုံးဘက်စုံစစ်ရေး လေ့ကျင့်ခန်းဖြစ်သည့် Cobra Gold ခေါ် ရွှေမြွေ ဟောက် စစ်ရေးလေ့ကျင့်ခန်းကို နှစ်စဉ်တစ်နိုင်ငံဆီက အလှည့်ကျ လက်ခံကျင်းပကြသည်။ ထိုကဲ့သို့ နှစ်နိုင် ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ အပါအဝင် အခြားသောလေ့ကျင့်မှုများ နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့ရာ ယနေ့အထိ အကြိမ်ပေါင်း ၄၀ဝ ကျော်ရှိခဲ့ပြီဖြစ်သည်။ ထိုင်းနှင့် အမေရိကန်တို့၏ စီးပွားရေးအရ ဆက်ဆံမှုမှာလည်း ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးသည်။ အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်း အမြစ်လည်း ဖြစ်နေပြန်သည်။

သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးအသစ် ပြန်စခဲ့သည်။ အမေရိကန်နိုင်ငံသည် ၂၀၂၃ ခုနှစ် တွင် ဆယ်စုနှစ်တစ်စုအတွင်းအကြီးမားဆုံးသောရွှေ မြွေဟောက်စစ်ဆင်ရေး ပြုလုပ်မည့်အဖွဲ့ကို စေ လွှတ်ခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း စစ်ရေးလေ့ကျင့်ရာတွင် F-16 နှင့် F-5တိုက်လေ ယာဉ်များ အသုံးပြုမှုကိုတားမြစ်သည့် အမေရိကန် နှင့် သဘောတူညီမှုကို စောင့်စည်းလိုက်နာခဲ့သည်။ ထိုင်းနိုင်ငံသည် အိန္ဒိယ၊ အစ္စရေး၊ ဆွီဒင်နှင့် တောင်ကိုရီးယား စသည့် အခြားသော မိတ်ဖက်များနှင့် ပိုမိုလေးနက်သည့် ကာကွယ်ရေးဆက်ဆံမှုများ ပြုလုပ် နိုင်ရေးကိုလည်း နည်းလမ်းရှာဖွေနေသည့်နိုင်ငံ ဖြစ်သည်။

လုံခြုံရေး၊ စီးပွားရေး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံ မြင်သကဲ့သို့ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်း မရှိပါ။ တရုတ်နိုင်ငံနှင့်နယ်မြေအငြင်းပွားမှု လည်းမရှိပါ။ ထိုင်းနှင့်တရုတ်နိုင်ငံတို့သည်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း စစ်ရေးပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ခဲ့ကြသည်။ အထူးသ ဖြင့် ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကာလအတွင်း ထိုင်းနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီး နောက် အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံနှင့်ဆက်ဆံရေးကို အဆင့်လျှော့ခဲ့ရာ ထိုင်းနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာခဲ့ခြင်း ဖြစ်သည်။ ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ် တွင် ၎င်းတို့၏ ပထမဆုံး လေကြောင်း စစ်ရေးလေ့ကျင့် မှု ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ တင့်ကားများနှင့် ရေငုပ် သင်္ဘောများ ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံ၏ လက်နက်တင်ပို့မှုမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြားတွင် လွန်ခဲ့သည့်ငါးနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ လက်နက်ဝယ်ယူရာ ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ပြီး နှစ်နိုင်ငံတပ်မတော်တို့ သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာ ပုံမှန်ထိ တွေ့မှုများ ရှိလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၃၆၉ သန်းတန် Yuan-class အမျိုးအစား ရေငုပ်သင်္ဘောဝယ်ယူရန် ကြေညာခဲ့သည်။ နောက်ပိုင်းတွင် သုံးစင်းအထိတိုးချဲ့ မှာယူခဲ့သည်။ သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် စီး ပွားရေးအကျပ်အတည်းများဖြစ်လာရာ တစ်စင်းသာ ဝယ်ယူခဲ့ရသည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် စီးပွားရေး တိုးချဲ့ဆက်ဆံမှုလည်း ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံက လည်း တရုတ်နိုင်ငံ၏ပိုးလမ်းမစီမံကိန်းတွင် ပူးပေါင်း ပါဝင်လာခဲ့ပြီး ဘန်ကောက်ကို လာအို-တရုတ်ရထား လမ်းနှင့် ချိတ်ဆက်ပေးမည့် တရုတ်နိုင်ငံ၏ မြန်နှုန်း မြင့်ရထားလမ်းစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် Huawei ကုမ္ပဏီကို လည်း 5G မိုဘိုင်းဖုန်း စတင်မိတ်ဆက်ခွင့်ပြုခဲ့သည်။ သို့သော် ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့နောက်တွင် နောက်ကောက် ကျနေဆဲ ဖြစ်သည်။

အင်အားအသင့်အတင့်ရှိသည့် နိုင်ငံများနှင့်လည်း ထိတွေ့ဆက်ဆံ
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Thanat Khoman ကမူ ထိုင်းနိုင်ငံအနေဖြင့် အကွာအဝေးတူထားရှိသည့် ဆက်ဆံရေးမူဝါဒကို ဆက်ပြီးထိန်းသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ ကိစ္စရပ်အားလုံး၊ ခေတ်အားလုံးတွင် အမေရိကန်နှင့် တရုတ်ကိုချည်း ကြည့်ပြီး ဆုံးဖြတ်နေခြင်းဟုမဆိုလိုကြောင်း၊ ကိစ္စရပ် တစ်ခုချင်းအလိုက်၊ တစ်နိုင်ငံချင်းစီအလိုက် ချဉ်းကပ်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါ အင်အားကြီးနှစ်နိုင်ငံထံမှ ဖိအားပေးမှု လျှော့ချရေး နည်းလမ်းတစ်ခုအဖြစ် အခြားသော အင်အားအသင့်အတင့်ရှိ နိုင်ငံများနှင့်ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။

ထိုင်းနိုင်ငံအနေဖြင့် အင်အားကြီးနှစ်နိုင် ငံကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားသည်ကို ကျွဲနှစ်ကောင်ခတ် သည့်ကြားက မြေစာပင်ကဲ့သို့ အဖြစ်ခံနိုင်မည် မဟုတ်ပါ။ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံကို U-Tapao တွင် စစ်လေယာဉ်ကွင်းအဖြစ် အသုံးပြုရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန် စသည်ဖြင့် တောင်းဆို ကောင်း တောင်းဆိုနိုင်သည်။ ဝန်ကြီးချုပ် ပရာယုချန်အိုချာလက်ထက် ထိုင်းနိုင်ငံ ခြားရေးမူဝါဒမှာ အာဆီယံ အတွင်းနှင့် ဒေသတွင်းကိစ္စ ရပ်များ အပေါ် မှာပင် ရှေးရိုးစွဲဆန်သည်ဟုဆိုကြသည်။ အစိုးရသစ်လက်ထက် တွင်မူ အာဆီယံနိုင်ငံများအတွင်း အရေးပါသည့် ပလေရာနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် နည်းလမ်းရှာဖွေ ကောင်း ရှာဖွေလာနိုင်သည်။ ချုပ်၍ဆိုရပါမူ ဟန်ချက်ထိန်း ထိုင်းနိုင်ငံ ခြားရေးမူဝါဒမှာ ယနေ့အထိ ကောင်းကောင်းအလုပ်ဖြစ်နေသည်။ လုံခြုံရေးနှင့်စီးပွားရေးအတွက် အမေရိကန်နှင့် ဂရုတစိုက်ဆက်ဆံသည်။ စီးပွားရေးအတွက် တရုတ်နိုင်ငံနှင့် ဂရုတစိုက်ဆက်ဆံသည်။ ဟန်ချက် ထိန်းညှိရန်အတွက် အခြားအင်အားကြီးနိုင်ငံများ၊ အင်အားအသင့်အတင့်ရှိသည့်နိုင်ငံများနှင့်လည်း ဂရုတစိုက် ဆက်ဆံသည်။ မည်သည့်ဘက်ကိုမှ ခြေစုံပစ်မဝင်သလို မည်သူ့ကိုမှလည်း ကျောခိုင်းခြင်းမပြုဘဲ အကျိုးစီးပွားအပေါ်တွင်သာ တစ်စိုက်မတ်မတ် အခြေခံရပ်တည်ကာ ဟန်ချက်ထိန်းပြီး ဆက်ဆံသည်ကို တွေ့ရသည်။ သို့ဖြစ်၍လည်း ထိုင်းလူမျိုးများကိုနိုင်ငံတကာဆက်ဆံရေးနှင့်စေ့စပ် ညှိနှိုင်းခြင်းပညာ တွင် ဆရာကျသူများဟုဆိုပါက လွန်ရာကျမည် မထင်ပါ။

zawgyi version
ဟန္ခ်က္ထိန္းျခင္းျဖင့္အလုပ္ျဖစ္ေနသည့္ ထိုင္းႏိုင္ငံျခားေရးမူဝါဒ
သန္းထိုက္စိုး (NP News) - မတ္ ၇

ႏိုင္ငံျခားေရးမူဝါဒ ႏိုင္ငံျခားေရးမူဝါဒဆိုသည္မွာ အျခားႏိုင္ငံမ်ားႏွင့္ မည္သို႔ဆက္ဆံမည္ဆိုသည္ကို လမ္းၫြန္ရန္ အစိုးရမ်ားက အသုံးျပဳသည့္ ယႏၲရားတစ္ခုဟု ေယဘုယ်အဓိပၸာယ္ဖြင့္ႏိုင္ သည္။ ႏိုင္ငံတစ္ႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒသည္ ၎၏ တန္ဖိုးမ်ား၊ ရည္႐ြယ္ခ်က္မ်ားကိုထင္ဟပ္ၿပီး ကမာၻ႔စင္ျမင့္တြင္ ႏိုင္ငံေရး၊ စီးပြားေရး ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေစေရး အေထာက္အကူျပဳသည့္ယႏၲရားဟုလည္း ေခၚဆိုႏိုင္ သည္။ ထိုင္းႏိုင္ငံ၏ ႏိုင္ငံျခားေရး မူဝါဒမွာ စိတ္ဝင္စားစရာေကာင္းသည္။ ထိုင္းလူမ်ိဳးမ်ားသည္ ေစ့စပ္ညႇိ ႏႈိင္းရာတြင္ ကြၽမ္းက်င္ၾကသူမ်ားျဖစ္ သည္ဟု ေျပာစမွတ္ျပဳၾကသည္။ သို႔ျဖစ္ရာ ယခုတစ္ပတ္အတြက္ ထိုင္းႏိုင္ငံျခားေရးမူဝါဒအေၾကာင္း လက္လွမ္းမီသမွ် ေလ့လာတင္ျပလိုသည္။

စီးပြားေရးအရ အားလုံးႏွင့္ ထိေတြ႕ဆက္ဆံ
ထိုင္းႏိုင္ငံသည္ တ႐ုတ္ခရီးသြားမ်ားထံမွ ဝင္ေငြအမ်ားအျပားရရွိသည္။ ယင္းမွာ သံတမန္ဆက္ဆံေရး တရားဝင္စတင္တည္ေထာင္ခဲ့သည့္ ၁၉၇၅ ခုႏွစ္ကတည္းက ႏွစ္ႏိုင္ငံၾကားတည္ရွိခဲ့သည့္ ခိုင္မာေသာ စီးပြားေရးဆက္ဆံမႈကို ထင္ဟပ္ေဖာ္ျပေနျခင္းလည္း ျဖစ္သည္။ လြန္ခဲ့သည့္ ဆယ္စုႏွစ္ႏွစ္စုအတြင္း ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးႏွင့္စီးပြား ေရးဆက္ဆံမႈ မွန္မွန္ႀကီး တိုးတက္ေနသည္။ တ႐ုတ္ ႏိုင္ငံသည္ ထိုင္းႏိုင္ငံ၏ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံ ျဖစ္ၿပီး ႏွစ္ႏိုင္ငံကုန္သြယ္မႈပမာဏမွာ ၂၀၂၃ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၃၅ ဘီလ်ံအထိ ရွိ သည္။ ႏွစ္ႏိုင္ငံၾကား စီးပြားေရးအရ မိတ္ဖက္ျဖစ္မႈမွာပထဝီ အရနီးစပ္မႈႏွင့္ ယဥ္ေက်းမႈအရဆက္စပ္မႈ ရွိျခင္းအေပၚတြင္ အေျခတည္ျခင္းေၾကာင့္ ျဖစ္သည္။

ထိုင္းႏိုင္ငံလူဦးေရ ၇၁ သန္းတြင္ အနည္း ဆုံး ၁၁ ရာခိုင္ႏႈန္းမွာ တ႐ုတ္အႏြယ္မ်ားျဖစ္ၾကသည္။ တ႐ုတ္အႏြယ္တို႔သည္ ၁၉ ရာစုေႏွာင္းပိုင္းႏွင့္ ၂၀ ရာစု အေစာပိုင္းတို႔တြင္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းမွ ထိုင္း ဘုရင့္ႏိုင္ငံသို႔ အစုလိုက္အၿပဳံလိုက္ ေ႐ႊ႕ေျပာင္းလာ ၾကသူမ်ားမွ ဆင္းသက္ေပါက္ဖြားလာၾကသူမ်ားျဖစ္ သည္။ ထိုင္းအစိုးရအေနျဖင့္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ႐ုန္းကန္ေနရသည့္ ထိုင္းစီးပြားေရး ျပန္လည္ နာလန္ ထူေရးႀကိဳးပမ္းရာတြင္ တ႐ုတ္ႏိုင္ငံကို ဗဟိုခ်က္ အျဖစ္ရႈျမင္ခဲ့သည္။ ထိုင္းဝန္ႀကီးခ်ဳပ္သစ္ ဆရက္သာ သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ ခါးပတ္လမ္း ဖိုရမ္တက္ေရာက္ရန္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ ခဲ့ၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္လည္း ေတြ႕ဆုံခဲ့ သည္။ ထို႔ျပင္ ႐ုရွားသမၼတပူတင္အပါအဝင္ အျခားေသာ စီးပြားေရးမိတ္ဖက္မ်ားႏွင့္လည္း ေတြ႕ဆုံခဲ့ သည္။ တစ္ခ်ိန္တည္းမွာပင္ အေမရိကန္ႏိုင္ငံႏွင့္ ဆက္ဆံေရး ျပန္လည္ခိုင္မာေစရန္ ႀကိဳးပမ္းခဲ့သည္။

အေမရိကန္အစိုးရသည္လည္း ဝန္ႀကီးခ်ဳပ္ ပရာယုခ်န္အိုခ်ာဦးေဆာင္သည့္ ထိုင္းတပ္မေတာ္အစိုးရ အုပ္ခ်ဳပ္မႈအၿပီးတြင္ ထိုင္းႏိုင္ငံႏွင့္ပုံမွန္ ဆက္ဆံေရးတည္ေဆာက္ရန္ ဆႏၵျပင္းျပေနခ်ိန္လည္း ျဖစ္သည္။ ထိုင္းႏိုင္ငံတြင္ တ႐ုတ္၏ဩဇာလႊမ္းမိုးမႈ ျမင့္တက္ေနခ်ိန္မွာပင္ အေမရိကန္အစိုးရက ၎၏ ကာလ ရွည္ၾကာမိတ္ဖက္ျဖစ္ခဲ့သည့္ ထိုင္းႏိုင္ငံႏွင့္ ဆက္ဆံေရးပိုမိုျမႇင့္တင္ရန္ စိတ္အားထက္သန္ေနျခင္းျဖစ္သည္။ ဆရက္သာသည္ ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ထမ္းေဆာင္ခ်ိန္တြင္ ထိုင္းစီးပြားေရးကို ျမႇင့္တင္ရန္ ႀကိဳးပမ္းသည္။ ဝန္ႀကီးခ်ဳပ္ ဆရက္သာ သည္ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလအတြင္းက အေမရိကန္ျပည္ေထာင္စုသို႔သြား ေရာက္ခဲ့ၿပီး Microsoft ၊ Google ၊ Estee Lauder အပါအဝင္ အေမရိကန္ ကုမၸဏီအမ်ားအျပားႏွင့္ေတြ႕ဆုံရာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆြဲေဆာင္ရန္ ႀကိဳးပမ္းခဲ့သည္။

သို႔ေသာ္ ျမင့္တက္လာသည့္ ပထဝီႏိုင္ငံ ေရးတင္းမာမႈမ်ားမွ ဖယ္ခြာရန္ အခက္အခဲ ရွိသည္။ တ႐ုတ္ႏွင့္ အေမရိကန္တို႔၏ အားၿပိဳင္မႈမွာ ဆက္ လက္ျမင့္တက္ေနသည္။ အေနာက္ႏိုင္ငံမ်ားသည္ ႐ုရွားႏွင့္ယူကရိန္း စစ္ပြဲတြင္ ယူကရိန္းႏိုင္ငံကို ဆက္လက္ ေထာက္ပံ့ေပးေနသည္။ ထိုင္းႏိုင္ငံအေနျဖင့္မူ မွန္ကန္ေသာ ဟန္ခ်က္ညီရပ္တည္မႈ လိုအပ္ သည္။ အေမရိကန္၊ တ႐ုတ္ႏွင့္ ႐ုရွားတို႔အားလုံးသည္ ထိုင္းႏိုင္ငံအတြက္ အေရးႀကီးေသာ ကုန္သြယ္ဖက္ ႏိုင္ငံမ်ား ျဖစ္ၾကသည္။ ဝန္ႀကီးခ်ဳပ္ဆာရက္သာအေနျဖင့္ ထိုင္းႏိုင္ငံသည္ လုပ္ငန္းအားလုံးအတြက္ လမ္းဖြင့္ေပးထားသည္ ဆိုသည္ကို သတင္းစကား ပါးလိုပုံရသည္။

ဟန္ခ်က္ညီ ရပ္တည္ႏိုင္ေရး
မၾကာေသးမီႏွစ္မ်ားအတြင္းက ထိုင္းႏိုင္ငံသည္ အေမရိကန္ဦးေဆာင္သည့္ ေဒသတြင္း စီးပြားေရးႏွင့္ လုံၿခဳံေရးအစီအမံမ်ားတြင္ လိုက္ပါေဆာင္႐ြက္ခဲ့သည္။ သို႔ေသာ္ တစ္ဖက္တြင္လည္း တ႐ုတ္ႏိုင္ငံ၏ အလားတူအစီအမံမ်ိဳးတြင္ ပါဝင္ေဆာင္႐ြက္ခဲ့သည္။ ေလ့လာသူမ်ားကမူ ထိုင္းႏိုင္ငံျခားေရး မူဝါဒမွာ ေလယူရာယိမ္းသည့္ ဝါးပင္ကဲ့သို႔ ျဖစ္ေနၿပီး အၿမဲတမ္းခိုင္မာသည့္ မူဝါဒတစ္ရပ္ရွိရန္ လိုအပ္သည္ ဟု အႀကံျပဳခဲ့ၾကသည္။ သို႔ေသာ္ ေလယူရာယိမ္းသည့္ ထိုင္းႏိုင္ငံျခားေရးမူဝါဒမွာ ယေန႔ႏိုင္ငံတ ကာ အေျခအေနမ်ားႏွင့္ လိုက္ေလ်ာညီေထြရွိေနသည္။ ထိုင္းႏိုင္ငံသည္ ၎၏ စီးပြားေရးႏွင့္လုံၿခဳံေရး အက်ိဳးစီးပြား ကိုၾကည့္ၿပီး အင္ဒို-ပစိဖိတ္ေဒသရွိ အင္အားႀကီးႏွစ္ႏိုင္ငံျဖစ္သည့္ အေမရိကန္၊ တ႐ုတ္ ႏွစ္ႏိုင္ငံလုံးႏွင့္ ဂ႐ုတစိုက္ ဆက္ဆံမႈ ျပဳလုပ္ေနသည္။ ကုလသမဂၢဆိုင္ရာ ထိုင္းသံအမတ္ႀကီးကမူ အေမရိ ကန္၊ တ႐ုတ္တို႔ႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံ၏ခ်ဥ္းကပ္မႈမွာ သံတမန္ေရးဟန္ခ်က္ညီမႈ (diplomatic balancing act) ျဖစ္သည္ဟု ေျပာဆိုထားဖူးသည္။

ထိုင္းႏိုင္ငံအေနျဖင့္ အေမရိကန္ႏွင့္ လုံၿခဳံေရးအရ ဆက္ဆံေရးမွာ တ႐ုတ္ႏိုင္ငံထက္ ပို၍ အရင္းက်သကဲ့ သို႔ ပို၍လည္း အေျခခိုင္သည္။ ၁၈၃၃ ခုႏွစ္ ခ်စ္ၾကည္ ေရးႏွင့္ ကုန္သြယ္ေရးစာခ်ဳပ္ (Treaty of Amity and Commerce)ခ်ဳပ္ဆိုၿပီးကတည္းက အေမရိ ကန္၏ မဟာမိတ္တစ္ဦး ျဖစ္လာခဲ့သည္။ အေမရိကန္ ႏွင့္ ထိုင္းႏိုင္ငံတို႔သည္ ၁၉၅၄ ခုႏွစ္တြင္ မနီလာ သေဘာတူညီခ်က္ (Manila Pact) ေခၚ ၎တို႔၏ မဟာမိတ္စာခ်ဳပ္ကို ထပ္မံခ်ဳပ္ဆိုခဲ့ၾကသည္။ အဆိုပါ စာခ်ဳပ္အရ ထိုင္းႏိုင္ငံသည္ ဆီးတိုး(SEATO)အဖြဲ႕ သို႔ဝင္ေရာက္ခဲ့သည္။ အေမရိကန္-ထိုင္းဆက္ဆံေရး အေကာင္းဆုံးႏွင့္ စစ္ေအးေခတ္ အျမင့္ဆုံးကာလ အတြင္းတြင္ အေမရိကန္ႏိုင္ငံသည္ ထိုင္းႏိုင္ငံကို အင္ဒိုခ်ိဳင္းနားေဒသတြင္ ကြန္ျမဴနစ္ဆန႔္က်င္ေရး ၾကားခံဇုန္အျဖစ္ ရႈျမင္ထားသည္။ ထို႔ျပင္ အေမရိကန္ ႏိုင္ငံအေနျဖင့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ အေရွ႕ ေတာင္ဘက္ရွိ႕ U-tapao ေလတပ္အေျခစိုက္စခန္း ကိုလည္း ဗီယက္နမ္စစ္ပြဲအတြက္ တိုက္ခိုက္ေရး ပလက္ေဖာင္းတစ္ခုအျဖစ္ အသုံးျပဳခဲ့သည္။

စစ္ေအးေခတ္ကာလအတြင္း အေမရိကန္ ႏွင့္ ထိုင္းႏိုင္ငံတို႔၏ နီးကပ္သည့္ဆက္ဆံေရးရွိခဲ့ျခင္း မွာ အေရွ႕ေတာင္အာရွတြင္ ကြန္ျမဴနစ္ဝါဒ ခ်ဲ႕ထြင္ လာမည္ကို စိုးရိမ္ခဲ့ၾကျခင္းေၾကာင့္ျဖစ္သည္။ ထိုင္း ႏိုင္ငံ၏ လက္ရွိႏိုင္ငံျခားေရးမူဝါဒမွာ ၎၏ အမ်ိဳး သားအက်ိဳးစီးပြားကို ကာကြယ္ႏိုင္စြမ္းရွိရန္ႏွင့္ အင္အားႀကီး ႏွစ္ႏိုင္ငံၾကား ကာလရွည္ၾကာရွိခဲ့သည့္ ဆက္ဆံေရးအား ထိန္းထားရန္ပင္ျဖစ္သည္။ ထိုင္း ႏိုင္ငံတင္မဟုတ္ဘဲ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အားလုံးသည္ တ႐ုတ္ႏွင့္သာမက အေမရိကန္ႏွင့္ လည္း ဆက္ဆံေရးေကာင္း ရွာေဖြတည္ေဆာက္ရန္ ႀကိဳးပမ္းေနၾကျခင္းျဖစ္သည္။

လုံၿခဳံေရး၊ စီးပြားေရး အေမရိကန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္
ထိုင္းႏွင့္ အေမရိကန္တို႔ၾကား လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈတြင္ ပူးတြဲစစ္ေရးေလ့က်င့္မႈ၊ အဆင့္ျမင့္ လက္နက္မ်ား ေရာင္းခ်ျခင္း၊ စစ္ေရး ေလ့က်င့္ျခင္းႏွင့္ ပညာေရးတို႔ပါဝင္သည္။ ႏွစ္ႏိုင္ငံ တို႔သည္ ေဒသတြင္းတြင္ အေရးႀကီးဆုံးဘက္စုံစစ္ေရး ေလ့က်င့္ခန္းျဖစ္သည့္ Cobra Gold ေခၚ ေ႐ႊေႁမြ ေဟာက္ စစ္ေရးေလ့က်င့္ခန္းကို ႏွစ္စဥ္တစ္ႏိုင္ငံဆီက အလွည့္က် လက္ခံက်င္းပၾကသည္။ ထိုကဲ့သို႔ ႏွစ္ႏိုင္ ငံပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ား အပါအဝင္ အျခားေသာေလ့က်င့္မႈမ်ား ႏွစ္စဥ္က်င္းပ ျပဳလုပ္လာခဲ့ရာ ယေန႔အထိ အႀကိမ္ေပါင္း ၄၀ဝ ေက်ာ္ရွိခဲ့ၿပီျဖစ္သည္။ ထိုင္းႏွင့္ အေမရိကန္တို႔၏ စီးပြားေရးအရ ဆက္ဆံမႈမွာလည္း ထိုင္းႏိုင္ငံအတြက္ အလြန္အေရးႀကီးသည္။ အေမရိကန္ႏိုင္ငံသည္ ထိုင္းႏိုင္ငံ၏ အႀကီးမားဆုံး ပို႔ကုန္ေဈးကြက္ျဖစ္ၿပီး ထိုင္းႏိုင္ငံ၏ တတိယအႀကီးဆုံးႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အရင္း အျမစ္လည္း ျဖစ္ေနျပန္သည္။

သမၼတဂ်ိဳးဘိုင္ဒန္လက္ထက္တြင္ အေမရိကန္ႏိုင္ငံသည္ ထိုင္းႏိုင္ငံႏွင့္ ဆက္ဆံေရးအသစ္ ျပန္စခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ၂၀၂၃ ခုႏွစ္ တြင္ ဆယ္စုႏွစ္တစ္စုအတြင္းအႀကီးမားဆုံးေသာေ႐ႊ ေႁမြေဟာက္စစ္ဆင္ေရး ျပဳလုပ္မည့္အဖြဲ႕ကို ေစ လႊတ္ခဲ့သည္။ ထိုင္းႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနေသာ္လည္း စစ္ေရးေလ့က်င့္ရာတြင္ F-16 ႏွင့္ F-5တိုက္ေလ ယာဥ္မ်ား အသုံးျပဳမႈကိုတားျမစ္သည့္ အေမရိကန္ ႏွင့္ သေဘာတူညီမႈကို ေစာင့္စည္းလိုက္နာခဲ့သည္။ ထိုင္းႏိုင္ငံသည္ အိႏၵိယ၊ အစၥေရး၊ ဆြီဒင္ႏွင့္ ေတာင္ကိုရီးယား စသည့္ အျခားေသာ မိတ္ဖက္မ်ားႏွင့္ ပိုမိုေလးနက္သည့္ ကာကြယ္ေရးဆက္ဆံမႈမ်ား ျပဳလုပ္ ႏိုင္ေရးကိုလည္း နည္းလမ္းရွာေဖြေနသည့္ႏိုင္ငံ ျဖစ္သည္။

လုံၿခဳံေရး၊ စီးပြားေရး တ႐ုတ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္
ထိုင္းႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံကို အေမရိကန္ႏိုင္ငံ ျမင္သကဲ့သို႔ ၿခိမ္းေျခာက္မႈအျဖစ္ ရႈျမင္ျခင္း မရွိပါ။ တ႐ုတ္ႏိုင္ငံႏွင့္နယ္ေျမအျငင္းပြားမႈ လည္းမရွိပါ။ ထိုင္းႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္လည္း လြန္ခဲ့သည့္ ဆယ္စုႏွစ္ကာလအတြင္း စစ္ေရးပူးေပါင္းေဆာင္ ႐ြက္မႈ ျမႇင့္တင္ခဲ့ၾကသည္။ အထူးသ ျဖင့္ ၂၀ဝ၆ ခုႏွစ္ႏွင့္ ၂၀၁၄ ခုႏွစ္ကာလအတြင္း ထိုင္းႏိုင္ငံတြင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီး ေနာက္ အေမရိကန္ႏိုင္ငံက ထိုင္းႏိုင္ငံႏွင့္ဆက္ဆံေရးကို အဆင့္ေလွ်ာ့ခဲ့ရာ ထိုင္းႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္လာခဲ့ျခင္း ျဖစ္သည္။ ထိုင္းႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ၂၀၁၅ ခုႏွစ္ တြင္ ၎တို႔၏ ပထမဆုံး ေလေၾကာင္း စစ္ေရးေလ့က်င့္ မႈ ျပဳလုပ္ခဲ့ၾကသည္။ ထို႔ေနာက္ ထိုင္းႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံမွ တင့္ကားမ်ားႏွင့္ ေရငုပ္ သေဘၤာမ်ား ဝယ္ယူရန္ လက္မွတ္ေရးထိုးခဲ့သည္။ ထိုင္းႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံ၏ လက္နက္တင္ပို႔မႈမွာ ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၈ ခုႏွစ္ၾကားတြင္ လြန္ခဲ့သည့္ငါးႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ေလးဆျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။ သို႔ျဖစ္ရာ တ႐ုတ္ႏိုင္ငံသည္ ထိုင္းႏိုင္ငံ၏ လက္နက္ဝယ္ယူရာ ထိပ္တန္းႏိုင္ငံျဖစ္လာခဲ့ၿပီး ႏွစ္ႏိုင္ငံတပ္မေတာ္တို႔ သည္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားျပဳလုပ္ရာ ပုံမွန္ထိ ေတြ႕မႈမ်ား ရွိလာခဲ့သည္။ ၂၀၁၇ ခုႏွစ္တြင္ တ႐ုတ္ ႏိုင္ငံထံမွ အေမရိကန္ေဒၚလာ ၃၆၉ သန္းတန္ Yuan-class အမ်ိဳးအစား ေရငုပ္သေဘၤာဝယ္ယူရန္ ေၾကညာခဲ့သည္။ ေနာက္ပိုင္းတြင္ သုံးစင္းအထိတိုးခ်ဲ႕ မွာယူခဲ့သည္။ သို႔ေသာ္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီး ပြားေရးအက်ပ္အတည္းမ်ားျဖစ္လာရာ တစ္စင္းသာ ဝယ္ယူခဲ့ရသည္။

တ႐ုတ္ႏိုင္ငံသည္ ထိုင္းႏိုင္ငံႏွင့္ စီးပြားေရး တိုးခ်ဲ႕ဆက္ဆံမႈလည္း ျပဳလုပ္ခဲ့သည္။ ထိုင္းႏိုင္ငံက လည္း တ႐ုတ္ႏိုင္ငံ၏ပိုးလမ္းမစီမံကိန္းတြင္ ပူးေပါင္း ပါဝင္လာခဲ့ၿပီး ဘန္ေကာက္ကို လာအို-တ႐ုတ္ရထား လမ္းႏွင့္ ခ်ိတ္ဆက္ေပးမည့္ တ႐ုတ္ႏိုင္ငံ၏ ျမန္ႏႈန္း ျမင့္ရထားလမ္းစီမံကိန္းကို ၿပီးစီးေအာင္ ေဆာင္႐ြက္မည္ဟု ကတိျပဳခဲ့သည္။ ထို႔ျပင္ Huawei ကုမၸဏီကို လည္း 5G မိုဘိုင္းဖုန္း စတင္မိတ္ဆက္ခြင့္ျပဳခဲ့သည္။ သို႔ေသာ္ ထိုင္းႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီး ျမႇဳပ္ႏွံမႈမွာ ဂ်ပန္ႏွင့္ အေမရိကန္ႏိုင္ငံတို႔ေနာက္တြင္ ေနာက္ေကာက္ က်ေနဆဲ ျဖစ္သည္။

အင္အားအသင့္အတင့္ရွိသည့္ ႏိုင္ငံမ်ားႏွင့္လည္း ထိေတြ႕ဆက္ဆံ
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Thanat Khoman ကမူ ထိုင္းႏိုင္ငံအေနျဖင့္ အကြာအေဝးတူထားရွိသည့္ ဆက္ဆံေရးမူဝါဒကို ဆက္ၿပီးထိန္းသြားမည္ျဖစ္ေၾကာင္း၊ ယင္းမွာ ကိစၥရပ္အားလုံး၊ ေခတ္အားလုံးတြင္ အေမရိကန္ႏွင့္ တ႐ုတ္ကိုခ်ည္း ၾကည့္ၿပီး ဆုံးျဖတ္ေနျခင္းဟုမဆိုလိုေၾကာင္း၊ ကိစၥရပ္ တစ္ခုခ်င္းအလိုက္၊ တစ္ႏိုင္ငံခ်င္းစီအလိုက္ ခ်ဥ္းကပ္သြားမည္ျဖစ္ေၾကာင္း၊ တစ္ခ်ိန္တည္းမွာပင္ အဆိုပါ အင္အားႀကီးႏွစ္ႏိုင္ငံထံမွ ဖိအားေပးမႈ ေလွ်ာ့ခ်ေရး နည္းလမ္းတစ္ခုအျဖစ္ အျခားေသာ အင္အားအသင့္အတင့္ရွိ ႏိုင္ငံမ်ားႏွင့္ဆက္ဆံေရး ခိုင္မာေစရန္ ႀကိဳးပမ္းသြားမည္ဟု ထုတ္ေဖာ္ေျပာဆိုဖူးသည္။

ထိုင္းႏိုင္ငံအေနျဖင့္ အင္အားႀကီးႏွစ္ႏိုင္ ငံၾကား ထိပ္တိုက္ရင္ဆိုင္မႈျဖစ္ပြားသည္ကို ကြၽဲႏွစ္ေကာင္ခတ္ သည့္ၾကားက ေျမစာပင္ကဲ့သို႔ အျဖစ္ခံႏိုင္မည္ မဟုတ္ပါ။ အေမရိကန္ႏိုင္ငံက ထိုင္းႏိုင္ငံကို U-Tapao တြင္ စစ္ေလယာဥ္ကြင္းအျဖစ္ အသုံးျပဳရန္၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးရန္ စသည္ျဖင့္ ေတာင္းဆို ေကာင္း ေတာင္းဆိုႏိုင္သည္။ ဝန္ႀကီးခ်ဳပ္ ပရာယုခ်န္အိုခ်ာလက္ထက္ ထိုင္းႏိုင္ငံ ျခားေရးမူဝါဒမွာ အာဆီယံ အတြင္းႏွင့္ ေဒသတြင္းကိစၥ ရပ္မ်ား အေပၚ မွာပင္ ေရွး႐ိုးစြဲဆန္သည္ဟုဆိုၾကသည္။ အစိုးရသစ္လက္ထက္ တြင္မူ အာဆီယံႏိုင္ငံမ်ားအတြင္း အေရးပါသည့္ ပေလရာႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ရန္ နည္းလမ္းရွာေဖြ ေကာင္း ရွာေဖြလာႏိုင္သည္။ ခ်ဳပ္၍ဆိုရပါမူ ဟန္ခ်က္ထိန္း ထိုင္းႏိုင္ငံ ျခားေရးမူဝါဒမွာ ယေန႔အထိ ေကာင္းေကာင္းအလုပ္ျဖစ္ေနသည္။ လုံၿခဳံေရးႏွင့္စီးပြားေရးအတြက္ အေမရိကန္ႏွင့္ ဂ႐ုတစိုက္ဆက္ဆံသည္။ စီးပြားေရးအတြက္ တ႐ုတ္ႏိုင္ငံႏွင့္ ဂ႐ုတစိုက္ဆက္ဆံသည္။ ဟန္ခ်က္ ထိန္းညႇိရန္အတြက္ အျခားအင္အားႀကီးႏိုင္ငံမ်ား၊ အင္အားအသင့္အတင့္ရွိသည့္ႏိုင္ငံမ်ားႏွင့္လည္း ဂ႐ုတစိုက္ ဆက္ဆံသည္။ မည္သည့္ဘက္ကိုမွ ေျခစုံပစ္မဝင္သလို မည္သူ႔ကိုမွလည္း ေက်ာခိုင္းျခင္းမျပဳဘဲ အက်ိဳးစီးပြားအေပၚတြင္သာ တစ္စိုက္မတ္မတ္ အေျခခံရပ္တည္ကာ ဟန္ခ်က္ထိန္းၿပီး ဆက္ဆံသည္ကို ေတြ႕ရသည္။ သို႔ျဖစ္၍လည္း ထိုင္းလူမ်ိဳးမ်ားကိုႏိုင္ငံတကာဆက္ဆံေရးႏွင့္ေစ့စပ္ ညႇိႏႈိင္းျခင္းပညာ တြင္ ဆရာက်သူမ်ားဟုဆိုပါက လြန္ရာက်မည္ မထင္ပါ။

Related news

© 2021. All rights reserved.