မူဆယ် ၁ဝ၅ မိုင် မဖွင့်နိုင်ခြင်းကြောင့် သရက်သီးပြည်ပတင်ပို့မှု အားနည်းနေ

 1421

NP News - မတ် ၁ဝ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့အဓိကလမ်းကြောင်းများ ရပ်တန့်နေခြင်းကြောင့် လက်ရှိ ၂ဝ၂၄ ခုနှစ်တွင် မြန်မာ့သရက်သီး ပြည်ပတင်ပို့မှုအားနည်းနေကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ့သရက်သီးကို ပြည်ပတင်ပို့ရောင်းချရာမှာ တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတဆင့် ၇၀ ရာခိုင်နှုန်း နှင့် အများဆုံးတင်ပို့ရောင်းချနေခဲ့ရတာကြောင့် လက်ရှိ နယ်စပ်ကုန်သွယ်ရေးအခြေအနေများကြောင့် ပြည်ပတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

"မူဆယ်လမ်းမှအပ အခြားလမ်းကြောင်းများ အဆင်ပြေဖွယ် မမြင်ဘူး။ မူဆယ်လမ်းအဖွင့်ကို မျှော်လင့်ချက်နဲ့ စောင့်နေသူများလည်း ရှိကောင်းရှိနိုင်တယ်။ ဈေးကွက်လမ်းပေါက်ရင်တောင် မနှစ်ကလို စိန်တလုံးနဲ့ အခြား အကြမ်းချောသီးများနဲ့ အဖုအပိန့်မပါတဲ့ ရွှေဟင်္သာအချောများသာ ဈေးကွက်ဝင်မှာပါ။ တရုတ်က ထွက်တဲ့ သရက်သီးများနဲ့အပြိုင် တိုက်ရောင်းရမှာမို့ ဈေးကွက်စိုးမိုးမှုမရနိုင်ပေမယ့် ငွေဈေးအရ အားသာချက်တော့ရှိတယ် ။ စရိတ်ကုန်ကျမှုနဲ့ မမျှော်မှန်းနိုင်တဲ့စိန်ခေါ်မှု Risks များက အားနည်းချက်အကြီးကြီးပါ" လို့ မန္တလေးမြို့ခံ သစ်သီးပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့သရက်သီးအား ပြည်ပကိုတင်ပို့ရာတွင် ဧပြီလမှစပြီး ဩဂုတ်လအထိ နှစ်စဥ်တင်ပို့ကြလေ့ရှိခဲ့ပြီး၊ တရုတ် နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကတဆင့် တင်ပို့ခြင်း နှင့် စင်္ကာပူနိုင်ငံသို့ အအေးခန်းကွန်တိန်နာသင်္ဘောများ ဖြင့် တင်ပို့နေခြင်းဖြစ်သည်။
နှစ်စဥ် တရုတ် အပါအဝင် ပြည်ပနိုင်ငံများသို့ သရက်သီး တန်ချိန် ၄၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင် တင်ပို့နေပြီး၊ လက်ရှိရာသီတွင် တရုတ်နယ်စပ်မှ တင်ပို့မှုလျော့ကျသွားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်သို့ ရှမ်းပြည်နယ် မိုင်းလားတာလော့ဂိတ် နှင့် လွယ်ဂျယ်ဂိတ်များမှ ကုန်စည်သီးနှံတွေ တင်ပို့ ရောင်းချနိုင်ပြီး၊ ခရီးကြာချိန်မှာ ၁ဝ ရက်ဝန်းကျင်ခန့်ရှိပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့်သည့်အတွက် ကုန်သည်များအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

သရက်သီးစိုက်ပျိုးမှုထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး၊ စိုက်ပျိုးသည့်သရက်သီးအမျိုးအစားတွေက မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ရွှေတောင်၊ ပတ္တမြားငမောက်၊ နန်းတော်မှိုင်း ၊ စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။

Zawgyi Version;
မူဆယ္ ၁ဝ၅ မိုင္ မဖြင့္ႏိုင္ျခင္းေၾကာင့္ သရက္သီးျပည္ပတင္ပို႔မႈ အားနည္းေန
NP News - မတ္ ၁ဝ

တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးရဲ႕အဓိကလမ္းေၾကာင္းမ်ား ရပ္တန္႔ေနျခင္းေၾကာင့္ လက္ရွိ ၂ဝ၂၄ ခုႏွစ္တြင္ ျမန္မာ့သရက္သီး ျပည္ပတင္ပို႔မႈအားနည္းေနေၾကာင္း ကုန္သည္မ်ားထံမွ သိရသည္။

ျမန္မာ့သရက္သီးကို ျပည္ပတင္ပို႔ေရာင္းခ်ရာမွာ တ႐ုတ္ႏိုင္ငံသို႔ နယ္စပ္လမ္းေၾကာင္းမွတဆင့္ ၇၀ ရာခိုင္ႏႈန္း ႏွင့္ အမ်ားဆုံးတင္ပို႔ေရာင္းခ်ေနခဲ့ရတာေၾကာင့္ လက္ရွိ နယ္စပ္ကုန္သြယ္ေရးအေျခအေနမ်ားေၾကာင့္ ျပည္ပတင္ပို႔မႈ ေလ်ာ့က်ႏိုင္ေၾကာင္း သိရသည္။

"မူဆယ္လမ္းမွအပ အျခားလမ္းေၾကာင္းမ်ား အဆင္ေျပဖြယ္ မျမင္ဘူး။ မူဆယ္လမ္းအဖြင့္ကို ေမွ်ာ္လင့္ခ်က္နဲ႔ ေစာင့္ေနသူမ်ားလည္း ရွိေကာင္းရွိႏိုင္တယ္။ ေဈးကြက္လမ္းေပါက္ရင္ေတာင္ မႏွစ္ကလို စိန္တလုံးနဲ႔ အျခား အၾကမ္းေခ်ာသီးမ်ားနဲ႔ အဖုအပိန႔္မပါတဲ့ ေ႐ႊဟသၤာအေခ်ာမ်ားသာ ေဈးကြက္ဝင္မွာပါ။ တ႐ုတ္က ထြက္တဲ့ သရက္သီးမ်ားနဲ႔အၿပိဳင္ တိုက္ေရာင္းရမွာမို႔ ေဈးကြက္စိုးမိုးမႈမရႏိုင္ေပမယ့္ ေငြေဈးအရ အားသာခ်က္ေတာ့ရွိတယ္ ။ စရိတ္ကုန္က်မႈနဲ႔ မေမွ်ာ္မွန္းႏိုင္တဲ့စိန္ေခၚမႈ Risks မ်ားက အားနည္းခ်က္အႀကီးႀကီးပါ" လို႔ မႏၲေလးၿမိဳ႕ခံ သစ္သီးပြဲ႐ုံတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာ့သရက္သီးအား ျပည္ပကိုတင္ပို႔ရာတြင္ ဧၿပီလမွစၿပီး ဩဂုတ္လအထိ ႏွစ္စဥ္တင္ပို႔ၾကေလ့ရွိခဲ့ၿပီး၊ တ႐ုတ္ ႏိုင္ငံသို႔ နယ္စပ္ကုန္သြယ္ေရးဂိတ္ကတဆင့္ တင္ပို႔ျခင္း ႏွင့္ စကၤာပူႏိုင္ငံသို႔ အေအးခန္းကြန္တိန္နာသေဘၤာမ်ား ျဖင့္ တင္ပို႔ေနျခင္းျဖစ္သည္။
ႏွစ္စဥ္ တ႐ုတ္ အပါအဝင္ ျပည္ပႏိုင္ငံမ်ားသို႔ သရက္သီး တန္ခ်ိန္ ၄၀,၀၀၀ မွ ၅၀,၀၀၀ ဝန္းက်င္ တင္ပို႔ေနၿပီး၊ လက္ရွိရာသီတြင္ တ႐ုတ္နယ္စပ္မွ တင္ပို႔မႈေလ်ာ့က်သြားႏိုင္ေၾကာင္း သိရသည္။

လက္ရွိတြင္ တ႐ုတ္သို႔ ရွမ္းျပည္နယ္ မိုင္းလားတာေလာ့ဂိတ္ ႏွင့္ လြယ္ဂ်ယ္ဂိတ္မ်ားမွ ကုန္စည္သီးႏွံေတြ တင္ပို႔ ေရာင္းခ်ႏိုင္ၿပီး၊ ခရီးၾကာခ်ိန္မွာ ၁ဝ ရက္ဝန္းက်င္ခန႔္ရွိၿပီး သယ္ယူပို႔ေဆာင္ေရး ကုန္က်စရိတ္ျမင့္သည့္အတြက္ ကုန္သည္မ်ားအေနျဖင့္ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

သရက္သီးစိုက္ပ်ိဳးမႈထုတ္လုပ္မႈအရ ပဲခူးတိုင္း၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း ၊ မႏၲေလးတိုင္း ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ အဓိကစိုက္ပ်ိဳးၾကၿပီး၊ စိုက္ပ်ိဳးသည့္သရက္သီးအမ်ိဳးအစားေတြက ျမေက်ာက္၊ စိန္တလုံး၊ ေ႐ႊဟသၤာ၊ ရင္ကြဲ၊ မခ်စ္စု၊ ေ႐ႊေတာင္၊ ပတၱျမားငေမာက္၊ နန္းေတာ္မႈိင္း ၊ စိမ္းခ်ိဳ စေသာ သရက္သီးအမ်ိဳးအစားမ်ား ျဖစ္ၾကသည္။

Related news

© 2021. All rights reserved.