ထိုင်းအစိုးရအဆိုပြုသည့် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်လမ်း၏ အလားအလာ(ဘာသာပြန်ဆောင်းပါး)

 1216

ALynn (NP News) - မတ် ၁၄

ထိုင်းနိုင်ငံလွှတ်တော်တွင် နိုင်ငံရေးဩဇာကြီးမားသော ထိုင်းလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည့် မြန်မာ့အရေးဆွေးနွေးပွဲကို ဘန်ကောက်မြို့၌ မတ်လ ၂ ရက် နှင့် ၃ ရက်က ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြ ပြီး ၎င်းအစီအစဉ်ကို လာအိုနိုင်ငံ၌ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးအစည်းအဝေးမှာ ကတည်းက အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှလည်း အာဆီယံမှ ချမှတ်ထားသည့် တူညီဆန္ဒ ၅ ရပ်အတိုင်း အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ပေးအပ်သွားမည်ဖြစ်ပြီး ယခုကြိုးပမ်းမှုသည် အာဆီယံနိုင်ငံများ၏ မြန်မာ့အရေး ဆောင်ရွက်ချက်ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်း၏ သဘောထားကို ပြသခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက်အနီးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခုတည်ဆောက်နေပြီး ဒေသခံပြည်သူများနှင့် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူ ၂၀,၀၀၀ တို့အတွက် အစားအစာ နှင့် ဆေးဝါးတို့ကို ပံ့ပိုးရန်စီစဉ်လျက်ရှိပါသည်။ မြန်မာစစ်ဘေး ဒုက္ခသည်များအတွက် အကူအညီများကို တာခ့်ခရိုင်၊ မဲဆောက်မြို့၊ အမှတ် (၂) အကောက်ခွန်ဂိတ်မှ ပို့ဆောင်ပေး မည်ဖြစ်ကြောင်း နှင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး၏ အခြားအစီအမံများအား ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း မြန်မာဘက်ခြမ်းမှအရေးကိစ္စများကိုမူ မြန်မာအစိုးရမှဆက်လက် ကိုင်တွယ်သွားလိမ့်မည်ဟု ထိုင်းအစိုးရမှ ကြေညာထားပါသည်။

မြန်မာစစ်ရှောင်များခိုလှုံနေသည့် အိမ်နီးချင်းနိုင်ငံများအနေနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒေသအလိုက် စစ်ရှောင်ကူညီခြင်း၊ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးစင်တာ (AHA Center) အနေဖြင့် မြို့အချို့တွင် ကူညီပေးခြင်းများရှိခဲ့သော်လည်း ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံမှ ဦးဆောင်၍ အာဆီယံမှထောက်ခံသည့် ရှေ့ပြေးအစီအစဉ်မှာမူ အရေးပေါ်ကာလစတင်ပြီး ၃ နှစ်ကျော်ကြာမှ အကောင်အထည် ပေါ်လာခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံကအဆိုပြုသည့် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်သည် မြန်မာ လက်ရှိအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် NUG တို့အကြား စေ့စပ်ညှိနှိုင်းနိုင်မည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာနိုင်ကြောင်း မျှော်လင့်ရပါသည်။ သို့သော် အဆိုပါ စင်္ကြန်စီမံကိန်းသည် မျှော်မှန်းသလောက် အကျိုးထိရောက်မှုရှိနိုင် မည်မဟုတ်ဟုလည်း အချို့ကသုံးသပ်နေကြပြန်သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာပြည်သူများကို အမှန်တကယ် အကူအညီပေးလိုပါက မြန်မာ့ကြက်ခြေနီအဖွဲ့တစ်ခုတည်းနှင့် ညှိနှိုင်းခြင်းထက် အဖွဲ့စုံ နှင့် ဆွေးနွေးညှိနှိုင်းဖို့က ပို၍ အရေးကြီးကြောင်း သုံးသပ်ထားကြသည်။ ထိုင်းအနေဖြင့် မြန်မာ့အရေး ရေရှည်တည်ငြိမ် အေးချမ်းမည့် အဖြေ ရှာဖွေလိုပါက နယ်စပ်တစ်လျှောက် ရေတိုအထောက်အပံ့များပေးခြင်းထက် ပိုသော အရာများကိုလုပ်ဆောင်သင့် ကြောင်းလည်း ယူဆကြသည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ် ၂,၄၀၀ ကီလိုမီတာထိစပ်နေပြီး ၁၉၈၀ ခုနှစ်များ အလယ်လောက် ကတည်းက ယာယီခိုလှုံရေးစခန်း ၉ ခုတွင် မြန်မာဒုက္ခသည် ၉၀,၀၀၀ ထက် မနည်းကို လက်ခံထားသည်။ တာ့ခ်နှင့် မဲဟောင်ဆောင်ပြည်နယ်များသည် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့ အဓိကဝင်ရောက်ခိုလှုံရာဖြစ်လာပြီး ထိုင်းအစိုးရကမူ ယာယီခိုလှုံရေးစခန်းများကို အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးထားသည်။ ယခင်က ပုဂ္ဂလိက လှူဒါန်းမှုအထောက်အပံ့များရှိသော်လည်း ထိုင်းအစိုးရက ဒုက္ခသည်များ နိုင်ငံရေးခိုလှုံခွင့်ရရန်ကြိုးပမ်းခြင်းကို တားမြစ်ပြီး နေရပ်ပြန်ရန်သာ တွန်းအားပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းပရာယွတ်ချန်အိုချာလက်ထက်တွင် ထိုင်းအစိုးရသည် မြန်မာအစိုးရနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုကြောင်း ထင်ရှားသည်။ ၎င်း၏ ၉ နှစ်တာ သက်တမ်းတစ်လျှောက် နယ်စပ်တွင် ဖြစ်ပွားသည့်ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းကိုသာ ရှာဖွေခဲ့သည်။ ထို့ကြောင့်လည်း ၎င်းအစိုးရအား မြန်မာအစိုးရနှင့် လိုက်လျောညီထွေဖြစ်အောင်ဆက်ဆံသည့်အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လက ပရာယွတ်သည် အာဆီယံ၏တူညီဆန္ဒ ၅ ရပ်ကို ရှောင်တိမ်းပြီး မြန်မာအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးမှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသတွင်းအခြားအသောနိုင်ငံများ၏ ဝေဖန်ခြင်းများ ရှိခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကမှ အာဏာရလာသည့် ဝန်ကြီးချုပ် ဆရတ်သာ ထားဝီဆင်းလက်ထက်တွင် ထိုင်းနိုင်ငံသည် လက်တွေ့ကျပြီး လွယ်ကူရှင်းလင်းသော ချဉ်းကပ်နည်းကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထိုင်းပညာရှင်အချို့က သုံးသပ်ထားကြသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ဆွစ်ဇာလန်နိုင်ငံ၊ ဒါဘိုစ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက အကူအညီပေးရေးအစီအစဉ်၏ နောက်ကွယ်က အခြေခံအကြောင်းအရင်းအချို့ကို ဖော်ပြခဲ့သည်။ ၎င်း၏အမြင်အရ ဒေသတွင်းနိုင်ငံများသည် မြန်မာနိုင်ငံအား အင်အားကြီးနိုင်ငံများ၏ အားပြိုင်ရာဖြစ်လာပြီး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားမည်ကို စိုးရိမ်ကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များက လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုဆီသို့ ဦးတည်သွားနိုင်ကြောင်း ထင်ဟပ်လျက်ပါသည်။ ထို့ပြင် ဖေဖော်ဝါရီလ အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်လည်ပတ်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်ကလည်း လူသားချင်းစာနာမှုစင်္ကြန်အစီအမံက နှစ်နိုင်ငံစလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ကောင်းမွန်စွာ လည်ပတ်လာနိုင်ကြောင်း ယူဆခဲ့သည်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အဟန့်အတား မရှိဝင်ရောက်နိုင်ရေး အတွက် အစိုးရမှသတ်မှတ်ပေးထားသည့်အဖွဲ့အစည်းများသာမက အမှန်တကယ် အကူအညီလိုအပ်နေသည့် လူတစ်ဦးချင်းနှင့်အဖွဲ့များထံ အကူအညီရောက်စေရေးအတွက် အမေရိကန်အနေဖြင့် ထိုင်းအစိုးရနှင့် လက်တွဲလုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ယခုအစီအစဉ်အပေါ် နိုင်ငံတကာနှင့် အာဆီယံအဖွဲ့အစည်းမှ ထောက်ခံကြိုဆိုကြသော်လည်း ထောက်ပြဝေဖန်မှု များနှင့်လည်း ရင်ဆိုင်နေရပါသည်။ အကြောင်းမှာ ၎င်းအစီအစဉ်ကို နှစ်နိုင်ငံကြက်ခြေနီအသင်းမှ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များထိန်းချုပ်ထားသည့် ဒုက္ခသည်အများစုခိုလှုံရာနေရာများသို့ အကူအညီများမဖြန့်ဖြူးပေးနိုင်သည့် အခြေအနေများရှိ သည့်အတွက် လိုအပ်သူများထံ ထိရောက်သည့်အထောက်အပံ့များမရောက်နိုင်ကြောင်း သုံးသပ် မှုများလည်းရှိနေသည်။

သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတာဝန်ရှိသူများက ၎င်းသည် နိုင်ငံရေးမပါသည့် လူသားချင်းစာနာထောက်ထား မှုအကူအညီပေးရေးအစီအစဉ်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး မတ်လမှစ၍ အကူအညီများ စတင်ပေးနိုင်ရေး ကြိုးပမ်းနေ ကြပါသည်။
ထိုင်းအစိုးရသည် လူသားချင်းစာနာမှုစင်္ကြန်လမ်းမှတစ်ဆင့် ၎င်း၏ဂုဏ်သိက္ခာကို မြှင်တင်ဖို့အတွက် အခွင့်အလမ်း များလည်းဖြစ်လာနိုင်သည်။ ယခုအခါ အာဆီယံကလည်း မြန်မာ့အရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လာ ပြီး ထိုင်းသည်လည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လိုအင်များအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ် လာသည့်အားလျော်စွာ ယခုအချိန်သည် မြန်မာနှင့် အာဆီယံအသိုက်အဝန်းအတွက် ပြဿနာများကို အဖြေရှာဖို့ အကောင်း ဆုံးအချိန်ဟု ထင်မြင်မိသည်။ ပထဝီအနေအထားအရ ကောင်းမွန်လှသော အရှေ့တောင်အာရှတွင် လိုက်လျောညီထွေစွာနေထိုင်တတ်သည့် ထိုင်းသည် ငြိမ်းချမ်းရေးထိန်းသိမ်းပေးဖို့အတွက် အသင့်လျော်ဆုံး ဇာတ်ကောင်ဖြစ်မည်။
ထိုင်း၏ အဆိုပြုအစီအမံသည် ထိရောက်ခြင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများ၏ မြန်မာအပေါ် ဝိုင်းဝန်းဖေးမမှုနှင့် အာဆီယံအသိုက်အဝန်း၏ မြန်မာအပေါ် ပြန်လည်စောင်းငဲ့ကြည့်မှုတို့သည် မြန်မာအရေး အတွက် အလားအလာကောင်းများကို ဖန်တီးဖို့ လမ်းစဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

Zawgyi Version;
ထိုင္းအစိုးရအဆိုျပဳသည့္ လူသားခ်င္းစာနာမႈအကူအညီေပးေရးစၾကၤန္လမ္း၏ အလားအလာ(ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - မတ္ ၁၄

ထိုင္းႏိုင္ငံလႊတ္ေတာ္တြင္ ႏိုင္ငံေရးဩဇာႀကီးမားေသာ ထိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကသည့္ ျမန္မာ့အေရးေဆြးေႏြးပြဲကို ဘန္ေကာက္ၿမိဳ႕၌ မတ္လ ၂ ရက္ ႏွင့္ ၃ ရက္က ျပဳလုပ္ခဲ့ၾကသည္။
အဆိုပါေဆြးေႏြးပြဲ၌ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ားေပးအပ္ရန္ ဆုံးျဖတ္ခဲ့ၾက ၿပီး ၎အစီအစဥ္ကို လာအိုႏိုင္ငံ၌ ေဖေဖာ္ဝါရီလတြင္ က်င္းပခဲ့သည့္ အာဆီယံႏိုင္ငံျခားေရးအစည္းအေဝးမွာ ကတည္းက အတည္ျပဳခဲ့ၿပီးျဖစ္ပါသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးမွလည္း အာဆီယံမွ ခ်မွတ္ထားသည့္ တူညီဆႏၵ ၅ ရပ္အတိုင္း အမွန္တကယ္ အကူအညီလိုအပ္ေနသူမ်ားထံ ေပးအပ္သြားမည္ျဖစ္ၿပီး ယခုႀကိဳးပမ္းမႈသည္ အာဆီယံႏိုင္ငံမ်ား၏ ျမန္မာ့အေရး ေဆာင္႐ြက္ခ်က္ကို အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း ၎၏ သေဘာထားကို ျပသခဲ့ပါသည္။

ထိုင္းႏိုင္ငံသည္ ထိုင္း-ျမန္မာနယ္စပ္၊ ျမဝတီ-မဲေဆာက္အနီးတြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေဘးကင္းဇုန္တစ္ခုတည္ေဆာက္ေနၿပီး ေဒသခံျပည္သူမ်ားႏွင့္ ျပည္တြင္းပဋိပကၡေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးလာရသူ ၂၀,၀၀၀ တို႔အတြက္ အစားအစာ ႏွင့္ ေဆးဝါးတို႔ကို ပံ့ပိုးရန္စီစဥ္လ်က္ရွိပါသည္။ ျမန္မာစစ္ေဘး ဒုကၡသည္မ်ားအတြက္ အကူအညီမ်ားကို တာခ့္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕၊ အမွတ္ (၂) အေကာက္ခြန္ဂိတ္မွ ပို႔ေဆာင္ေပး မည္ျဖစ္ေၾကာင္း ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ အကူအညီေပးေရး၏ အျခားအစီအမံမ်ားအား ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေသာ္လည္း ျမန္မာဘက္ျခမ္းမွအေရးကိစၥမ်ားကိုမူ ျမန္မာအစိုးရမွဆက္လက္ ကိုင္တြယ္သြားလိမ့္မည္ဟု ထိုင္းအစိုးရမွ ေၾကညာထားပါသည္။

ျမန္မာစစ္ေရွာင္မ်ားခိုလႈံေနသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအေနႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ ေဒသအလိုက္ စစ္ေရွာင္ကူညီျခင္း၊ အာဆီယံလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးစင္တာ (AHA Center) အေနျဖင့္ ၿမိဳ႕အခ်ိဳ႕တြင္ ကူညီေပးျခင္းမ်ားရွိခဲ့ေသာ္လည္း ယခုကဲ့သို႔ အိမ္နီးခ်င္းႏိုင္ငံမွ ဦးေဆာင္၍ အာဆီယံမွေထာက္ခံသည့္ ေရွ႕ေျပးအစီအစဥ္မွာမူ အေရးေပၚကာလစတင္ၿပီး ၃ ႏွစ္ေက်ာ္ၾကာမွ အေကာင္အထည္ ေပၚလာျခင္းျဖစ္ပါသည္။
ထိုင္းႏိုင္ငံကအဆိုျပဳသည့္ လူသားခ်င္းစာနာမႈအကူအညီေပးေရးစၾကၤန္သည္ ျမန္မာ လက္ရွိအစိုးရ၊ တိုင္းရင္းသား လက္နက္ကိုင္မ်ားႏွင့္ NUG တို႔အၾကား ေစ့စပ္ညႇိႏႈိင္းႏိုင္မည့္ အေျခခံအုတ္ျမစ္တစ္ခုျဖစ္လာႏိုင္ေၾကာင္း ေမွ်ာ္လင့္ရပါသည္။ သို႔ေသာ္ အဆိုပါ စၾကၤန္စီမံကိန္းသည္ ေမွ်ာ္မွန္းသေလာက္ အက်ိဳးထိေရာက္မႈရွိႏိုင္ မည္မဟုတ္ဟုလည္း အခ်ိဳ႕ကသုံးသပ္ေနၾကျပန္သည္။ ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာျပည္သူမ်ားကို အမွန္တကယ္ အကူအညီေပးလိုပါက ျမန္မာ့ၾကက္ေျခနီအဖြဲ႕တစ္ခုတည္းႏွင့္ ညႇိႏႈိင္းျခင္းထက္ အဖြဲ႕စုံ ႏွင့္ ေဆြးေႏြးညႇိႏႈိင္းဖို႔က ပို၍ အေရးႀကီးေၾကာင္း သုံးသပ္ထားၾကသည္။ ထိုင္းအေနျဖင့္ ျမန္မာ့အေရး ေရရွည္တည္ၿငိမ္ ေအးခ်မ္းမည့္ အေျဖ ရွာေဖြလိုပါက နယ္စပ္တစ္ေလွ်ာက္ ေရတိုအေထာက္အပံ့မ်ားေပးျခင္းထက္ ပိုေသာ အရာမ်ားကိုလုပ္ေဆာင္သင့္ ေၾကာင္းလည္း ယူဆၾကသည္။

ထိုင္းႏိုင္ငံသည္ ျမန္မာႏွင့္ နယ္နိမိတ္ ၂,၄၀၀ ကီလိုမီတာထိစပ္ေနၿပီး ၁၉၈၀ ခုႏွစ္မ်ား အလယ္ေလာက္ ကတည္းက ယာယီခိုလႈံေရးစခန္း ၉ ခုတြင္ ျမန္မာဒုကၡသည္ ၉၀,၀၀၀ ထက္ မနည္းကို လက္ခံထားသည္။ တာ့ခ္ႏွင့္ မဲေဟာင္ေဆာင္ျပည္နယ္မ်ားသည္ ျမန္မာႏိုင္ငံသားမ်ား ထိုင္းႏိုင္ငံအတြင္းသို႔ အဓိကဝင္ေရာက္ခိုလႈံရာျဖစ္လာၿပီး ထိုင္းအစိုးရကမူ ယာယီခိုလႈံေရးစခန္းမ်ားကို အကန႔္အသတ္ျဖင့္သာ ေထာက္ပံ့ေပးထားသည္။ ယခင္က ပုဂၢလိက လႉဒါန္းမႈအေထာက္အပံ့မ်ားရွိေသာ္လည္း ထိုင္းအစိုးရက ဒုကၡသည္မ်ား ႏိုင္ငံေရးခိုလႈံခြင့္ရရန္ႀကိဳးပမ္းျခင္းကို တားျမစ္ၿပီး ေနရပ္ျပန္ရန္သာ တြန္းအားေပးခဲ့သည္။

ဝန္ႀကီးခ်ဳပ္ေဟာင္းပရာယြတ္ခ်န္အိုခ်ာလက္ထက္တြင္ ထိုင္းအစိုးရသည္ ျမန္မာအစိုးရႏွင့္ ရင္းႏွီးခ်စ္ၾကည္ေသာ ဆက္ဆံေရးကို ထိန္းသိမ္းထားလိုေၾကာင္း ထင္ရွားသည္။ ၎၏ ၉ ႏွစ္တာ သက္တမ္းတစ္ေလွ်ာက္ နယ္စပ္တြင္ ျဖစ္ပြားသည့္ပဋိပကၡမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္မည့္ နည္းလမ္းကိုသာ ရွာေဖြခဲ့သည္။ ထို႔ေၾကာင့္လည္း ၎အစိုးရအား ျမန္မာအစိုးရႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ဆက္ဆံသည့္အေပၚ ေဝဖန္မႈမ်ားလည္း ရွိခဲ့သည္။ ၂၀၂၃ ခုႏွစ္၊ ဇြန္လက ပရာယြတ္သည္ အာဆီယံ၏တူညီဆႏၵ ၅ ရပ္ကို ေရွာင္တိမ္းၿပီး ျမန္မာအစိုးရႏွင့္ တိုက္႐ိုက္ ေဆြးေႏြးမႈ လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ေဒသတြင္းအျခားအေသာႏိုင္ငံမ်ား၏ ေဝဖန္ျခင္းမ်ား ရွိခဲ့ဖူးသည္။ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလကမွ အာဏာရလာသည့္ ဝန္ႀကီးခ်ဳပ္ ဆရတ္သာ ထားဝီဆင္းလက္ထက္တြင္ ထိုင္းႏိုင္ငံသည္ လက္ေတြ႕က်ၿပီး လြယ္ကူရွင္းလင္းေသာ ခ်ဥ္းကပ္နည္းကို က်င့္သုံးသြားမည္ျဖစ္ေၾကာင္း ထိုင္းပညာရွင္အခ်ိဳ႕က သုံးသပ္ထားၾကသည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလက ဆြစ္ဇာလန္ႏိုင္ငံ၊ ဒါဘိုစ္ၿမိဳ႕တြင္ က်င္းပေသာ ကမာၻ႔စီးပြားေရးဖိုရမ္တြင္ ထိုင္းႏိုင္ငံျခား ေရးဝန္ႀကီးက အကူအညီေပးေရးအစီအစဥ္၏ ေနာက္ကြယ္က အေျခခံအေၾကာင္းအရင္းအခ်ိဳ႕ကို ေဖာ္ျပခဲ့သည္။ ၎၏အျမင္အရ ေဒသတြင္းႏိုင္ငံမ်ားသည္ ျမန္မာႏိုင္ငံအား အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္ရာျဖစ္လာၿပီး အစိတ္စိတ္အမႊာမႊာကြဲထြက္သြားမည္ကို စိုးရိမ္ေၾကာင္း ႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ မ်ားက လူသားခ်င္းစာနာမႈဆိုင္ရာ ေဆြးေႏြးညႇိႏႈိင္းမႈဆီသို႔ ဦးတည္သြားႏိုင္ေၾကာင္း ထင္ဟပ္လ်က္ပါသည္။ ထို႔ျပင္ ေဖေဖာ္ဝါရီလ အေစာပိုင္းက ထိုင္း-ျမန္မာနယ္စပ္ကို သြားေရာက္လည္ပတ္ခဲ့သည့္ ဒုတိယဝန္ႀကီးခ်ဳပ္ကလည္း လူသားခ်င္းစာနာမႈစၾကၤန္အစီအမံက ႏွစ္ႏိုင္ငံစလုံး၏ ကုန္သြယ္ေရးလုပ္ငန္းမ်ားကို ပုံမွန္အတိုင္း ေကာင္းမြန္စြာ လည္ပတ္လာႏိုင္ေၾကာင္း ယူဆခဲ့သည္။

ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ား အဟန႔္အတား မရွိဝင္ေရာက္ႏိုင္ေရး အတြက္ အစိုးရမွသတ္မွတ္ေပးထားသည့္အဖြဲ႕အစည္းမ်ားသာမက အမွန္တကယ္ အကူအညီလိုအပ္ေနသည့္ လူတစ္ဦးခ်င္းႏွင့္အဖြဲ႕မ်ားထံ အကူအညီေရာက္ေစေရးအတြက္ အေမရိကန္အေနျဖင့္ ထိုင္းအစိုးရႏွင့္ လက္တြဲလုပ္ေဆာင္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ခဲ့ပါသည္။
ယခုအစီအစဥ္အေပၚ ႏိုင္ငံတကာႏွင့္ အာဆီယံအဖြဲ႕အစည္းမွ ေထာက္ခံႀကိဳဆိုၾကေသာ္လည္း ေထာက္ျပေဝဖန္မႈ မ်ားႏွင့္လည္း ရင္ဆိုင္ေနရပါသည္။ အေၾကာင္းမွာ ၎အစီအစဥ္ကို ႏွစ္ႏိုင္ငံၾကက္ေျခနီအသင္းမွ ပူးေပါင္းေဆာင္ ႐ြက္ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္မ်ားထိန္းခ်ဳပ္ထားသည့္ ဒုကၡသည္အမ်ားစုခိုလႈံရာေနရာမ်ားသို႔ အကူအညီမ်ားမျဖန႔္ျဖဴးေပးႏိုင္သည့္ အေျခအေနမ်ားရွိ သည့္အတြက္ လိုအပ္သူမ်ားထံ ထိေရာက္သည့္အေထာက္အပံ့မ်ားမေရာက္ႏိုင္ေၾကာင္း သုံးသပ္ မႈမ်ားလည္းရွိေနသည္။

သို႔ေသာ္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးတာဝန္ရွိသူမ်ားက ၎သည္ ႏိုင္ငံေရးမပါသည့္ လူသားခ်င္းစာနာေထာက္ထား မႈအကူအညီေပးေရးအစီအစဥ္ျဖစ္ေၾကာင္းေျပာဆိုခဲ့ၿပီး မတ္လမွစ၍ အကူအညီမ်ား စတင္ေပးႏိုင္ေရး ႀကိဳးပမ္းေန ၾကပါသည္။
ထိုင္းအစိုးရသည္ လူသားခ်င္းစာနာမႈစၾကၤန္လမ္းမွတစ္ဆင့္ ၎၏ဂုဏ္သိကၡာကို ျမႇင္တင္ဖို႔အတြက္ အခြင့္အလမ္း မ်ားလည္းျဖစ္လာႏိုင္သည္။ ယခုအခါ အာဆီယံကလည္း ျမန္မာ့အေရးအတြက္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္လာ ၿပီး ထိုင္းသည္လည္း နယ္စပ္ေဒသရွိ တိုင္းရင္းသားျပည္သူမ်ား၏ လိုအင္မ်ားအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ျဖစ္ လာသည့္အားေလ်ာ္စြာ ယခုအခ်ိန္သည္ ျမန္မာႏွင့္ အာဆီယံအသိုက္အဝန္းအတြက္ ျပႆနာမ်ားကို အေျဖရွာဖို႔ အေကာင္း ဆုံးအခ်ိန္ဟု ထင္ျမင္မိသည္။ ပထဝီအေနအထားအရ ေကာင္းမြန္လွေသာ အေရွ႕ေတာင္အာရွတြင္ လိုက္ေလ်ာညီေထြစြာေနထိုင္တတ္သည့္ ထိုင္းသည္ ၿငိမ္းခ်မ္းေရးထိန္းသိမ္းေပးဖို႔အတြက္ အသင့္ေလ်ာ္ဆုံး ဇာတ္ေကာင္ျဖစ္မည္။
ထိုင္း၏ အဆိုျပဳအစီအမံသည္ ထိေရာက္ျခင္းရွိသည္ ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ျမန္မာအေပၚ ဝိုင္းဝန္းေဖးမမႈႏွင့္ အာဆီယံအသိုက္အဝန္း၏ ျမန္မာအေပၚ ျပန္လည္ေစာင္းငဲ့ၾကည့္မႈတို႔သည္ ျမန္မာအေရး အတြက္ အလားအလာေကာင္းမ်ားကို ဖန္တီးဖို႔ လမ္းစျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.