ဗန်းမော်လေဆိပ်တွင် လေယာဉ် အတက်၊ အဆင်း ပြန်လည်ပြုလုပ်ခဲ့ကာ အစားထိုး လေကြောင်းခရီးစဉ်များလည်း ပါဝင်ခဲ့

 1913

သုတကျော် (NP News) - မတ် ၁၅

လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့သည့်အတွက် ပိတ်ထားခဲ့ရသည့် ဗန်းမော်လေဆိပ်တွင် ပုံမှန်အတိုင်း လေယာဉ် အတက်၊ အဆင်း ပြန်လည်ပြုလုပ်နေပြီဖြစ်ကာ ပိတ်ထားသည့် ရက်အတွက် အစားထိုး ပြေးဆွဲသည့် လေယာဉ် လမ်းကြောင်းများလည်း ပါဝင်သည့် အတွက် ဆင်းသက်သော လေယာဉ်အစီးရေ များပြားခဲ့ကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက NP News ကို ပြောကြားသည်။

မတ်လ ၇ ရက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် လေယာဉ်ပြေးလမ်းအချို့ ထိခိုက်သွားသည့် အတွက် လေဆိပ်ကို ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်ကာ မတ်လ ၁၅ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်စတင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

“မြို့ထဲမှာတော့ ထိခိုက်တာ ကြီးကြီးမားမားမရှိဘူး။ စောင့်ကြည့်နေရမှာပဲ။ ဒီနေ့ လေယာဉ်က ၅ စီးတောင် ဆိုက် တာ။ ဗန်မော် - မန္တလေး - ရန်ကုန် က သုံးစီး။ မြစ်ကြီးနားကိုက နှစ်စီး ပေါ့နော်။ အစားထိုးလေယာဉ်လည်း ပါတာပေါ့” ဟု အထက်ပါဒေသခံက မတ်လ ၁၅ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲအချိန်တွင် ပြောကြားသည်။

“ဒီနေ့ စပြီးတော့ လေယာဉ်တွေ ပြန် ပြေးဆွဲတယ်။ ပုံမှန် အတိုင်းပြေးဆွဲမှာလား ဆိုတာကတော့ ပြောချင်မှ ပြောလို့ ရဦးမယ့် အနေအထားဖြစ်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဗန်းမော်လေဆိပ်တွင် လေယာဉ် ပုံမှန်ပြေးဆွဲမည့်အခြေအနေမှာ နိုင်ငံရေးအခြေအနေပေါ်တွင် မူတည်နေပြီး ပုံမှန်အားဖြင့် မြန်မာ့လေကြောင်း မှ လေယာဉ်ခရီးစဉ်မှာ တစ်ပတ်လျှင် နှစ်စီးရှိပြီး သောကြာ နှင့် တနင်္ဂနွေကို ပုံမှန်ပြေးဆွဲနေခြင်းဖြစ်ကာ ပြီးခဲ့သည့်အပတ်တွင်မူ လေယာဉ်ကွင်းကို ပိတ်ထားသည့်အတွက် လေယာဉ်မလာခဲ့ ကြောင်းလည်း ၎င်းပြောပြချက်အရ သိရသည်။

Zawgyi Version;
ဗန္းေမာ္ေလဆိပ္တြင္ ေလယာဥ္ အတက္၊ အဆင္း ျပန္လည္ျပဳလုပ္ခဲ့ကာ အစားထိုး ေလေၾကာင္းခရီးစဥ္မ်ားလည္း ပါဝင္ခဲ့
သုတေက်ာ္ (NP News) - မတ္ ၁၅

ေလယာဥ္ေျပးလမ္း ထိခိုက္ခဲ့သည့္အတြက္ ပိတ္ထားခဲ့ရသည့္ ဗန္းေမာ္ေလဆိပ္တြင္ ပုံမွန္အတိုင္း ေလယာဥ္ အတက္၊ အဆင္း ျပန္လည္ျပဳလုပ္ေနၿပီျဖစ္ကာ ပိတ္ထားသည့္ ရက္အတြက္ အစားထိုး ေျပးဆြဲသည့္ ေလယာဥ္ လမ္းေၾကာင္းမ်ားလည္း ပါဝင္သည့္ အတြက္ ဆင္းသက္ေသာ ေလယာဥ္အစီးေရ မ်ားျပားခဲ့ေၾကာင္း ဗန္းေမာ္ၿမိဳ႕ခံ တစ္ဦးက NP News ကို ေျပာၾကားသည္။

မတ္လ ၇ ရက္တြင္ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲေသာေၾကာင့္ ေလယာဥ္ေျပးလမ္းအခ်ိဳ႕ ထိခိုက္သြားသည့္ အတြက္ ေလဆိပ္ကို ယာယီ ပိတ္ထားခဲ့ျခင္းျဖစ္ကာ မတ္လ ၁၅ ရက္တြင္ ပုံမွန္အတိုင္း ျပန္လည္စတင္ ေျပးဆြဲျခင္း ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕ထဲမွာေတာ့ ထိခိုက္တာ ႀကီးႀကီးမားမားမရွိဘူး။ ေစာင့္ၾကည့္ေနရမွာပဲ။ ဒီေန႔ ေလယာဥ္က ၅ စီးေတာင္ ဆိုက္ တာ။ ဗန္ေမာ္ - မႏၲေလး - ရန္ကုန္ က သုံးစီး။ ျမစ္ႀကီးနားကိုက ႏွစ္စီး ေပါ့ေနာ္။ အစားထိုးေလယာဥ္လည္း ပါတာေပါ့” ဟု အထက္ပါေဒသခံက မတ္လ ၁၅ ရက္ ေန႔လည္ပိုင္း ၁၂ နာရီခြဲအခ်ိန္တြင္ ေျပာၾကားသည္။

“ဒီေန႔ စၿပီးေတာ့ ေလယာဥ္ေတြ ျပန္ ေျပးဆြဲတယ္။ ပုံမွန္ အတိုင္းေျပးဆြဲမွာလား ဆိုတာကေတာ့ ေျပာခ်င္မွ ေျပာလို႔ ရဦးမယ့္ အေနအထားျဖစ္မယ္ ထင္တယ္” ဟု ၎က ဆိုသည္။
ဗန္းေမာ္ေလဆိပ္တြင္ ေလယာဥ္ ပုံမွန္ေျပးဆြဲမည့္အေျခအေနမွာ ႏိုင္ငံေရးအေျခအေနေပၚတြင္ မူတည္ေနၿပီး ပုံမွန္အားျဖင့္ ျမန္မာ့ေလေၾကာင္း မွ ေလယာဥ္ခရီးစဥ္မွာ တစ္ပတ္လွ်င္ ႏွစ္စီးရွိၿပီး ေသာၾကာ ႏွင့္ တနဂၤေႏြကို ပုံမွန္ေျပးဆြဲေနျခင္းျဖစ္ကာ ၿပီးခဲ့သည့္အပတ္တြင္မူ ေလယာဥ္ကြင္းကို ပိတ္ထားသည့္အတြက္ ေလယာဥ္မလာခဲ့ ေၾကာင္းလည္း ၎ေျပာျပခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.