သြစတြေးလျမှ ဧရာမ ဘလူးဘယ်ရီသီး ကမ္ဘာ့အလေးဆုံး ဘလူးဘယ်ရီအဖြစ် စံချိန်တင်

 2285

ရောင်နီ (NP News) - မတ် ၁၆

သြစတြေးလျမှာ စိုက်ပျိုးထွက်ရှိတဲ့ ၂၀.၄ ဂရမ် (၀.၇၁ အောင်စ) အလေးချိန်ရှိ ဧရာမ ဘလူးဘယ်ရီသီးဟာ ယခုသီတင်းပတ်အတွင်းမှာပဲ ကမ္ဘာ့အလေးဆုံး ဘလူးဘယ်ရီအဖြစ် တရားဝင် စံချိန်တင်ခဲ့ပါတယ်။

အဆိုပါ အသီးကို နိုဝင်ဘာ ၁၃ ရက်က ခူးဆွတ်ခဲ့တာဖြစ်ပြီး အလေးဆုံး ဘလူးဘယ်ရီ စံချိန်ကိုတော့ ယခု သီတင်းပတ်မှာမှ အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဂင်းနစ်ကမ္ဘာ့ မှတ်တမ်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့(မတ်လ ၁၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ဘယ်ရီသီးဟာ အရှည် ၃၉.၃၁ မီလီမီ တာ (၁.၅၅ လက်မ)ရှိပြီး စားပွဲတင်တင်းနစ်ဘောလုံးလောက် အကြမ်းဖျင်း အရွယ်အစား ရှိပါတယ်။ ၎င်းကို ဘလူးဘယ်ရီစိုက်ပျိုးထုတ်လုပ်သူ Costa Group မှ ဝန်ထမ်းတွေက သြစတြေးလျနိုင်ငံ၊ ကော်ရင်ဒီ၊ နယူးဆောက်ဝေးလ် မှာ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဧရာမ ဘလူးဘယ်ရီဟာ Eterna အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့အလေးဆုံး ဘလူးဘယ်ရီအဖြစ် ယခင်စံချိန်ကို ၂၀၂၀ ခုနှစ်က အနောက်သြစတေးလျမှာ စိုက်ပျိုးထားတဲ့ ဧရာမ ဘလူးဘယ်ရီသီးက အလေးချိန် ၁၆.၂၀ ဂရမ် (၀.၅၇ အောင်စ) နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားတဲ့ အခြားဧရာမ ဘယ်ရီသီး အမျိုးအစားကတော့ အစ္စရေး လယ်သမား ချာဟီအေရီရယ် စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီသီးဖြစ်ပြီး ၎င်းရဲ့ အလေးချိန်ဟာ ၂၈၉ ဂရမ် (၁၀ အောင်စ) ထိ အလေးချိန်ရှိတယ်လို့ သိရပါတယ်။

zawgyi version
ၾသစေၾတးလ်မွ ဧရာမ ဘလူးဘယ္ရီသီး ကမာၻ႔အေလးဆုံး ဘလူးဘယ္ရီအျဖစ္ စံခ်ိန္တင္
ေရာင္နီ (NP News) - မတ္ ၁၆

ၾသစေၾတးလ်မွာ စိုက္ပ်ိဳးထြက္ရွိတဲ့ ၂၀.၄ ဂရမ္ (၀.၇၁ ေအာင္စ) အေလးခ်ိန္ရွိ ဧရာမ ဘလူးဘယ္ရီသီးဟာ ယခုသီတင္းပတ္အတြင္းမွာပဲ ကမာၻ႔အေလးဆုံး ဘလူးဘယ္ရီအျဖစ္ တရားဝင္ စံခ်ိန္တင္ခဲ့ပါတယ္။

အဆိုပါ အသီးကို ႏိုဝင္ဘာ ၁၃ ရက္က ခူးဆြတ္ခဲ့တာျဖစ္ၿပီး အေလးဆုံး ဘလူးဘယ္ရီ စံခ်ိန္ကိုေတာ့ ယခု သီတင္းပတ္မွာမွ အတည္ျပဳခဲ့တာ ျဖစ္တယ္လို႔ ဂင္းနစ္ကမာၻ႔ မွတ္တမ္းအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေသာၾကာေန႔(မတ္လ ၁၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ဘယ္ရီသီးဟာ အရွည္ ၃၉.၃၁ မီလီမီ တာ (၁.၅၅ လက္မ)ရွိၿပီး စားပြဲတင္တင္းနစ္ေဘာလုံးေလာက္ အၾကမ္းဖ်င္း အ႐ြယ္အစား ရွိပါတယ္။ ၎ကို ဘလူးဘယ္ရီစိုက္ပ်ိဳးထုတ္လုပ္သူ Costa Group မွ ဝန္ထမ္းေတြက ၾသစေၾတးလ်ႏိုင္ငံ၊ ေကာ္ရင္ဒီ၊ နယူးေဆာက္ေဝးလ္ မွာ စိုက္ပ်ိဳးခဲ့တာ ျဖစ္ပါတယ္။

အဆိုပါဧရာမ ဘလူးဘယ္ရီဟာ Eterna အမ်ိဳးအစား ျဖစ္တယ္လို႔ သိရပါတယ္။ ကမာၻ႔အေလးဆုံး ဘလူးဘယ္ရီအျဖစ္ ယခင္စံခ်ိန္ကို ၂၀၂၀ ခုႏွစ္က အေနာက္ၾသစေတးလ်မွာ စိုက္ပ်ိဳးထားတဲ့ ဧရာမ ဘလူးဘယ္ရီသီးက အေလးခ်ိန္ ၁၆.၂၀ ဂရမ္ (၀.၅၇ ေအာင္စ) နဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ထားတဲ့ အျခားဧရာမ ဘယ္ရီသီး အမ်ိဳးအစားကေတာ့ အစၥေရး လယ္သမား ခ်ာဟီေအရီရယ္ စိုက္ပ်ိဳးထားတဲ့ စေတာ္ဘယ္ရီသီးျဖစ္ၿပီး ၎ရဲ႕ အေလးခ်ိန္ဟာ ၂၈၉ ဂရမ္ (၁၀ ေအာင္စ) ထိ အေလးခ်ိန္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.