မန္တလေးတွင် မီနီအိုးဝေမောင်းသူ လူမမယ်အရွယ်ကလေးငယ်၏ဖခင်ကို လည်ပင်း ဓားဖြင့်လှီးကာ ရက်စက်စွာလုယက်သတ်ဖြတ်မှုဖြစ်ပွား

 4458

သန့်ဇင်(NP News)-ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မီနီအိုးဝေမောင်းသူ လူမမယ်အရွယ်ကလေးငယ်၏ဖခင်အမျိုးသားကို လည်ပင်း ဓားဖြင့်လှီးကာ ရက်စက်စွာလုယက်သတ်ဖြတ်မှုဖြစ်ပွား ဖြစ်ပွားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါအမျိုးသားနှင့် (ဧပြီလ ၁၀ရက်) မွန်းလွဲပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ညပိုင်းအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တရာကားလမ်း ကြာနီကန်အရှေ့ဘက် အင်္ကျယ်ကျေးရွာနဲ့မင်းကန်ကျေးရွာကြား အိမ်ရှေ့မင်းထန်းတောအနီး၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နေ့ခင်းထဲက ဧည့်သည်လိုက်သွားတယ်။ ထမင်းစားချိန်ရောက်တော့ သူ့အမျိုးသမီးကဖုန်းခေါ်တဲ့အချိန်မှာ ဖုန်းကဝင်တော့ဝင်တယ် ခဏနေတော့ စက်ပိတ်သွားတယ်ပေါ့။ အဲဒါနဲ့ ညနေပိုင်းရောက်တော့ထပ်ခေါ်ကြည့်တော့လည်း ခေါ်လို့မရဘူး။ ဒါနဲ့ပဲစိတ်ပူပြီးတော့ သူ့အမျိုးသမီးနဲ့ မိသားစုဝင်တွေကလိုက်ရှာကြတာပေါ့။ ဒါပေမယ့် လုံးဝမတွေ့ဘူး။ ညရောက်တော့မှ ရင်ခွဲရုံမှာရောက်နေတာကို သိရတာပေါ့။ သူအသတ်ခံရတာက လည်ပင်းကိုဓားနဲ့အလှီးခံရပြီး သူ့အမျိုးသမီးပြောပုံအရဆို ရက်ရက်စက်စက်အသတ်ခံထားရတာပါ” ဟု သေဆုံးသူအမျိုးသား၏ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါအသတ်ခံရသူ အမျိုးသားမှာ အောင်မြေသာစံမြို့နယ်၊ ဥယျာဉ်ကုန်းရပ်တွင်နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် ကိုကျော်ဇင် ဝင်း(ခ)ကိုကျော်ကြီးဖြစ်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားဖွယ်ရှိကြောင်းသိရသည်။

သေဆုံးသူအမျိုးသားတွင် (၃)နှစ်ဝန်းကျင်အရွယ်ခန့်ရှိ မူကြိုကျောင်းတက်နေသည့် သားငယ်လေးတစ်ဦးနှင့်အတူ အသက်(၃၀)နှစ် ဝန်းကျင် အရွယ် ဇနီးဖြစ်သူတို့ကျန်ရစ်ခဲ့ကာ မီနီအိုးဝေဖြင့် မန္တလေးတွင် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ကာ အသက်မွေး နေထိုင်သူဖြစ်ပြီး လုယက်ခံရသည့် မီနီအိုးဝေကို ယနေ့ထက်တိုင် ရှာဖွေတွေ့ရခြင်းမရှိသေးကြောင်း သိရသည်။

“မိသားစု ကလည်းပူဆွေးနေတော့ အမှုဖွင့်ထားလားဆိုတာမသိရသေးဘူး။ မန္တလေးတစ်တိုင်းလုံးမှာ မီနီအိုးဝေအစီးရေ (၅၀၀၀၀)ကျော် (၆၀၀၀၀)ဝန်းကျင်ရှိတယ်။ အဲဒီထဲကမှ အစီး(၂၀)ကျော်လောက်က အခုလိုလုယက်ခံခဲ့ရတယ်။ ပျောက်တာတွေနဲ့ လုယက်ခံရတာတွေ လည်းရှိတယ်။ ဒီမှာက နေတိုင်းလိုလိုကို ဒီလိုမျိုးဖြစ်စဉ်တွေက ဖြစ်နေတော့ အိုးဝေမောင်းတဲ့သူတွေနဲ့ ကယ်ရီသမားတွေကတော့ မျက်နှာ စိမ်းဆိုမလိုက်ရဲကြတော့ဘူး။ အရင်ကဒီလိုမျိုးလုယက်ခံရတာ တွေလည်း ရှိတယ်။ အရေးယူတယ်ဆိုတာမျိုးလည်းမကြားရပါဘူး” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါသေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှတစ်ဆင့် အေးရိပ်ငြိမ်သုသာန်သို့ပို့ဆောင်ကာ ယနေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် လုယက်မှုအများစုကျူးလွန်သူများမှာ မူးယစ်ဆေးသုံးစွဲများဖြစ်ပြီး ပစ္စည်းလုယက်သည့်အပြင် လူသတ်မှုကျူးလွန်မှုများ ပါရှိနေကြောင်း ဒေသခံပရဟိတအသင်းများက သုံးသပ်ပြောဆိုထားသည်။

Zawgyi Version

မႏၲေလးတြင္ မီနီအိုးေဝေမာင္းသူ လူမမယ္အ႐ြယ္ကေလးငယ္၏ဖခင္ကို လည္ပင္း ဓားျဖင့္လွီးကာ ရက္စက္စြာလုယက္သတ္ျဖတ္မႈျဖစ္ပြား

သန႔္ဇင္(NP News)-ဧၿပီ ၁၁
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ မီနီအိုးေဝေမာင္းသူ လူမမယ္အ႐ြယ္ကေလးငယ္၏ဖခင္အမ်ိဳးသားကို လည္ပင္း ဓားျဖင့္လွီးကာ ရက္စက္စြာလုယက္သတ္ျဖတ္မႈျဖစ္ပြား ျဖစ္ပြားခဲ့ေၾကာင္း ေသဆုံးသူ၏ မိသားစုဝင္ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အဆိုပါအမ်ိဳးသားႏွင့္ (ဧၿပီလ ၁၀ရက္) မြန္းလြဲပိုင္းတြင္ အဆက္အသြယ္ျပတ္ေတာက္သြားၿပီးေနာက္ ညပိုင္းအခ်ိန္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၲေလး-မတၱရာကားလမ္း ၾကာနီကန္အေရွ႕ဘက္ အက်ၤယ္ေက်း႐ြာနဲ႔မင္းကန္ေက်း႐ြာၾကား အိမ္ေရွ႕မင္းထန္းေတာအနီး၌ ျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေန႔ခင္းထဲက ဧည့္သည္လိုက္သြားတယ္။ ထမင္းစားခ်ိန္ေရာက္ေတာ့ သူ႔အမ်ိဳးသမီးကဖုန္းေခၚတဲ့အခ်ိန္မွာ ဖုန္းကဝင္ေတာ့ဝင္တယ္ ခဏေနေတာ့ စက္ပိတ္သြားတယ္ေပါ့။ အဲဒါနဲ႔ ညေနပိုင္းေရာက္ေတာ့ထပ္ေခၚၾကည့္ေတာ့လည္း ေခၚလို႔မရဘူး။ ဒါနဲ႔ပဲစိတ္ပူၿပီးေတာ့ သူ႔အမ်ိဳးသမီးနဲ႔ မိသားစုဝင္ေတြကလိုက္ရွာၾကတာေပါ့။ ဒါေပမယ့္ လုံးဝမေတြ႕ဘူး။ ညေရာက္ေတာ့မွ ရင္ခြဲ႐ုံမွာေရာက္ေနတာကို သိရတာေပါ့။ သူအသတ္ခံရတာက လည္ပင္းကိုဓားနဲ႔အလွီးခံရၿပီး သူ႔အမ်ိဳးသမီးေျပာပုံအရဆို ရက္ရက္စက္စက္အသတ္ခံထားရတာပါ” ဟု ေသဆုံးသူအမ်ိဳးသား၏ မိသားစုဝင္ႏွင့္နီးစပ္သူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါအသတ္ခံရသူ အမ်ိဳးသားမွာ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဥယ်ာဥ္ကုန္းရပ္တြင္ေနထိုင္သည့္ အသက္(၃၅)ႏွစ္အ႐ြယ္ ကိုေက်ာ္ဇင္ ဝင္း(ခ)ကိုေက်ာ္ႀကီးျဖစ္ကာ ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆုံးသြားဖြယ္ရွိေၾကာင္းသိရသည္။

ေသဆုံးသူအမ်ိဳးသားတြင္ (၃)ႏွစ္ဝန္းက်င္အ႐ြယ္ခန႔္ရွိ မူႀကိဳေက်ာင္းတက္ေနသည့္ သားငယ္ေလးတစ္ဦးႏွင့္အတူ အသက္(၃၀)ႏွစ္ ဝန္းက်င္ အ႐ြယ္ ဇနီးျဖစ္သူတို႔က်န္ရစ္ခဲ့ကာ မီနီအိုးေဝျဖင့္ မႏၲေလးတြင္ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္ကာ အသက္ေမြး ေနထိုင္သူျဖစ္ၿပီး လုယက္ခံရသည့္ မီနီအိုးေဝကို ယေန႔ထက္တိုင္ ရွာေဖြေတြ႕ရျခင္းမရွိေသးေၾကာင္း သိရသည္။

“မိသားစု ကလည္းပူေဆြးေနေတာ့ အမႈဖြင့္ထားလားဆိုတာမသိရေသးဘူး။ မႏၲေလးတစ္တိုင္းလုံးမွာ မီနီအိုးေဝအစီးေရ (၅၀၀၀၀)ေက်ာ္ (၆၀၀၀၀)ဝန္းက်င္ရွိတယ္။ အဲဒီထဲကမွ အစီး(၂၀)ေက်ာ္ေလာက္က အခုလိုလုယက္ခံခဲ့ရတယ္။ ေပ်ာက္တာေတြနဲ႔ လုယက္ခံရတာေတြ လည္းရွိတယ္။ ဒီမွာက ေနတိုင္းလိုလိုကို ဒီလိုမ်ိဳးျဖစ္စဥ္ေတြက ျဖစ္ေနေတာ့ အိုးေဝေမာင္းတဲ့သူေတြနဲ႔ ကယ္ရီသမားေတြကေတာ့ မ်က္ႏွာ စိမ္းဆိုမလိုက္ရဲၾကေတာ့ဘူး။ အရင္ကဒီလိုမ်ိဳးလုယက္ခံရတာ ေတြလည္း ရွိတယ္။ အေရးယူတယ္ဆိုတာမ်ိဳးလည္းမၾကားရပါဘူး” ဟု ၎ကဆက္ေျပာသည္။

အဆိုပါေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံမွတစ္ဆင့္ ေအးရိပ္ၿငိမ္သုသာန္သို႔ပို႔ေဆာင္ကာ ယေန႔၊ မြန္းလြဲ(၁)နာရီအခ်ိန္တြင္ သၿဂႋဳလ္ေပးခဲ့ေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕တြင္ လုယက္မႈအမ်ားစုက်ဴးလြန္သူမ်ားမွာ မူးယစ္ေဆးသုံးစြဲမ်ားျဖစ္ၿပီး ပစၥည္းလုယက္သည့္အျပင္ လူသတ္မႈက်ဴးလြန္မႈမ်ား ပါရွိေနေၾကာင္း ေဒသခံပရဟိတအသင္းမ်ားက သုံးသပ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.