ကမ္ဘာ့ပထမဆုံး Dragon Ball ပန်းခြံကို ဆော်ဒီအာရေးဗျနိုင်ငံတွင် တည်ဆောက်သွားမည်

 558

Pika (NP News) - မတ် ၂၃

ကာတွန်းများ၊ ရုပ်ရှင်များ နှင့် ဂိမ်းများ၏ “Dragon Ball” စကြာဝဋ္ဌာကို ရည်ရွယ်ထားသည့် ကမ္ဘာ့ပထမဆုံးပန်းခြံကို ဆော်ဒီအာရေးဗျနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

Dragon Ball ဇာတ်ကောင် Goku နှင့် ၎င်း၏သူငယ်ချင်းများကို အခြေခံထားသည့် အဆိုပါပန်းခြံသည် Riyadh မြို့အနီးရှိ Qiddiya ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ပရောဂျက်တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုအရသိရသည်။ မီတာ(၅)သိန်းရှိသော အဆိုပါပရောဂျက်တွင် ဟိုတည်များ၊ စားသောက်ဆိုင်များနှင့်အတူ နေရာ(၇)ခုတွင် ကစားကွင်းများနှင့် စိတ်ဝင်စားစရာကောင်းသည့်အရာများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

“Dragon Ball”ကာတွန်းကို ရုပ်ရှင်များ၊ ဂိမ်းများနှင့် တီဗီရှိုးများအဖြစ် ပြောင်းလဲကာ နိုင်ငံပေါင်း(၈၀)ကျော်သို့ မဖြန့်ဝေမီ ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံထုတ် Weekly Shonen Jump ရုပ်ပြမဂ္ဂဇင်းမှာ ပထမဆုံးထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “Dragon Ball” ကို ဖန်တီးသူ အသက် (၆၈)နှစ်အရွယ် ဂျပန်မန်ဂါရုပ်ပြဖန်တီးသူ အကီရာတိုရီယာမာသည် ယခုလတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ပရိသတ်များသည် အကီရာတိုရီယာမာ သေဆုံးမှုအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်များစွာကို လုပ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

zawgyi version
ကမာၻ႔ပထမဆုံး Dragon Ball ပန္းၿခံကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ တည္ ေဆာက္သြားမည္
Pika (NP News) - မတ္ ၂၃

ကာတြန္းမ်ား၊ ႐ုပ္ရွင္မ်ား ႏွင့္ ဂိမ္းမ်ား၏ “Dragon Ball” စၾကာဝ႒ာကို ရည္႐ြယ္ထားသည့္ ကမာၻ႔ပထမဆုံးပန္းၿခံကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Dragon Ball ဇာတ္ေကာင္ Goku ႏွင့္ ၎၏သူငယ္ခ်င္းမ်ားကို အေျခခံထားသည့္ အဆိုပါပန္းၿခံသည္ Riyadh ၿမိဳ႕အနီးရွိ Qiddiya ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ၏ ပေရာဂ်က္တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္လိမ့္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တစ္ခုအရသိရသည္။ မီတာ(၅)သိန္းရွိေသာ အဆိုပါပေရာဂ်က္တြင္ ဟိုတည္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္အတူ ေနရာ(၇)ခုတြင္ ကစားကြင္းမ်ားႏွင့္ စိတ္ဝင္စားစရာေကာင္းသည့္အရာမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။

“Dragon Ball”ကာတြန္းကို ႐ုပ္ရွင္မ်ား၊ ဂိမ္းမ်ားႏွင့္ တီဗီရႈိးမ်ားအျဖစ္ ေျပာင္းလဲကာ ႏိုင္ငံေပါင္း(၈၀)ေက်ာ္သို႔ မျဖန႔္ေဝမီ ၁၉၈၄ ခုႏွစ္တြင္ ဂ်ပန္ႏိုင္ငံထုတ္ Weekly Shonen Jump ႐ုပ္ျပမဂၢဇင္းမွာ ပထမဆုံးထုတ္ေဝခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ “Dragon Ball” ကို ဖန္တီးသူ အသက္ (၆၈)ႏွစ္အ႐ြယ္ ဂ်ပန္မန္ဂါ႐ုပ္ျပဖန္တီးသူ အကီရာတိုရီယာမာသည္ ယခုလတြင္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ကမာၻတစ္ဝန္းရွိ ၎၏ပရိသတ္မ်ားသည္ အကီရာတိုရီယာမာ ေသဆုံးမႈအတြက္ ဝမ္းနည္းမႈအထိမ္းအမွတ္မ်ားစြာကို လုပ္ေဆာင္ေပးခဲ့ၾကေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.