ကမ္ဘာကျော်ဘိုရင်း လေယာဉ်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူ ရာထူးက နုတ်ထွက်တော့မယ်

 544

ဂျန်ဇက် (NP News) - မတ် ၂၆

ကမ္ဘာကျော်ဘိုရင်း လေယာဉ်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သလို အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒါဗီ ကိုဟွန်ဟာ ဘေးကင်း ရေးဆိုင်ရာအငြင်းပွားမှုတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ၂ဝ၂၄ ခုနှစ်အကုန်မှာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။

ဘိုရင်းကုမ္ပဏီကထုတ်လုပ်တဲ့ ဘိုရင်း 737 Max အမျိုးအစား လေယာဉ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာခဲ့ပြီးနောက် ၎င်းဟာ ရာထူးက ထွက်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၅ ရက်က အလက်စကာလေကြောင်းမှာ အသုံးပြုနေတဲ့ ဘိုရင်းလေယာဉ်ဟာ အမြင့်ပေ ၁၆ဝဝဝ အရောက်မှာ ချို့ယွင်းချက် အနည်းငယ်ဖြစ်လာတဲ့အတွက် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

၎င်းက "တစ်ကမ္ဘာလုံးဟာ ကျွန်တော်တို့အပေါ် အာရုံစိုက်နေတယ်။ ကျွန်တော်တို့ဟာ ကုမ္ပဏီကို လက်ရှိထက် ပိုမိုကောင်းမွန်တဲ့လေယာဉ်ဖြစ်အောင် လုပ်ဆောင်မယ်။ ပွင့်လင်းမြင်သာမှုဖြစ်အောင် လုပ်ဆောင်မယ်။ ဖြစ်ပွားခဲ့ တဲ့မတော်တဆအဖြစ်အပျက်တွေအတွက် ပြန်လည်တုံ့ပြန်မှုတွေ၊ တာဝန်ယူခြင်းတာဝန်ခံခြင်းတွေ လုပ်ဆောင်ပေးမယ်" လို့ ပြောပါတယ်။

ဘိုရင်းကုမ္ပဏီက ထုတ်လုပ်တဲ့ ဘိုရင်း 737 Max အမျိုးအစားလေယာဉ် ၈ စင်းဟာ ၂ဝ၁၈ ခုနှစ် နဲ့ ၂ဝ၁၉ ခုနှစ်တို့မှာ ပျက်ကျတဲ့အဖြစ်အပျက်တွေရှိခဲ့ပြီး ကုမ္ပဏီအတွက် အနုတ်လက္ခဏာဆောင်တဲ့ စိန်ခေါ်မှုတွေဖြစ်လာစေခဲ့ ကြောင်း သိရပါတယ်။ ဘိုရင်းကုမ္ပဏီဟာ ကမ္ဘာပေါ်ရှိလေယာဉ် ကုမ္ပဏီတွေထဲမှာ ရောင်းအားအကောင်းဆုံး ကုမ္ပဏီဖြစ်ပေမယ့် အက်ဆီးဒန့်များ၊ နဲ့ လေကြောင်း အရည်အသွေးထိန်းချုပ်မှုပိုင်း ချို့ယွင်းချက်တွေ ရှိလာခဲ့ပြီး နောက် ဝေဖန်ပြစ်တင်ခံရမှုများ ရှိလာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ကမာၻေက်ာ္ဘိုရင္း ေလယာဥ္ကုမၸဏီရဲ႕ဥကၠ႒ျဖစ္သူ ရာထူးက ႏုတ္ထြက္ေတာ့မယ္
ဂ်န္ဇက္ (NP News) - မတ္ ၂၆

ကမာၻေက်ာ္ဘိုရင္း ေလယာဥ္ကုမၸဏီရဲ႕ဥကၠ႒ျဖစ္သလို အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ဒါဗီ ကိုဟြန္ဟာ ေဘးကင္း ေရးဆိုင္ရာအျငင္းပြားမႈေတြ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ၂ဝ၂၄ ခုႏွစ္အကုန္မွာ ရာထူးက ႏုတ္ထြက္မယ္လို႔ ေၾကညာလိုက္ပါတယ္။

ဘိုရင္းကုမၸဏီကထုတ္လုပ္တဲ့ ဘိုရင္း 737 Max အမ်ိဳးအစား ေလယာဥ္ေတြနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ ျဖစ္လာခဲ့ၿပီးေနာက္ ၎ဟာ ရာထူးက ထြက္ဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။ ဇန္နဝါရီလ ၅ ရက္က အလက္စကာေလေၾကာင္းမွာ အသုံးျပဳေနတဲ့ ဘိုရင္းေလယာဥ္ဟာ အျမင့္ေပ ၁၆ဝဝဝ အေရာက္မွာ ခ်ိဳ႕ယြင္းခ်က္ အနည္းငယ္ျဖစ္လာတဲ့အတြက္ ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္ခဲ့ရေၾကာင္း သိရပါတယ္။

၎က "တစ္ကမာၻလုံးဟာ ကြၽန္ေတာ္တို႔အေပၚ အာ႐ုံစိုက္ေနတယ္။ ကြၽန္ေတာ္တို႔ဟာ ကုမၸဏီကို လက္ရွိထက္ ပိုမိုေကာင္းမြန္တဲ့ေလယာဥ္ျဖစ္ေအာင္ လုပ္ေဆာင္မယ္။ ပြင့္လင္းျမင္သာမႈျဖစ္ေအာင္ လုပ္ေဆာင္မယ္။ ျဖစ္ပြားခဲ့ တဲ့မေတာ္တဆအျဖစ္အပ်က္ေတြအတြက္ ျပန္လည္တုံ႔ျပန္မႈေတြ၊ တာဝန္ယူျခင္းတာဝန္ခံျခင္းေတြ လုပ္ေဆာင္ေပးမယ္" လို႔ ေျပာပါတယ္။

ဘိုရင္းကုမၸဏီက ထုတ္လုပ္တဲ့ ဘိုရင္း 737 Max အမ်ိဳးအစားေလယာဥ္ ၈ စင္းဟာ ၂ဝ၁၈ ခုႏွစ္ နဲ႔ ၂ဝ၁၉ ခုႏွစ္တို႔မွာ ပ်က္က်တဲ့အျဖစ္အပ်က္ေတြရွိခဲ့ၿပီး ကုမၸဏီအတြက္ အႏုတ္လကၡဏာေဆာင္တဲ့ စိန္ေခၚမႈေတြျဖစ္လာေစခဲ့ ေၾကာင္း သိရပါတယ္။ ဘိုရင္းကုမၸဏီဟာ ကမာၻေပၚရွိေလယာဥ္ ကုမၸဏီေတြထဲမွာ ေရာင္းအားအေကာင္းဆုံး ကုမၸဏီျဖစ္ေပမယ့္ အက္ဆီးဒန႔္မ်ား၊ နဲ႔ ေလေၾကာင္း အရည္အေသြးထိန္းခ်ဳပ္မႈပိုင္း ခ်ိဳ႕ယြင္းခ်က္ေတြ ရွိလာခဲ့ၿပီး ေနာက္ ေဝဖန္ျပစ္တင္ခံရမႈမ်ား ရွိလာခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.