စက်မှုဇုန် နဲ့ စက်မှုကုန်ထုတ်လုပ်ငန်းရှင်တွေအတွက် စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းကနေပေးတဲ့သောက နဲ့ ရှာဖွေစေလိုတဲ့အဖြေ (အင်တာဗျူး)

 494

ကျော်နု၊ ယွန်း(NP News) - မတ် ၂၈

စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းတွင် ရှင်းလင်းတိကျမှုမရှိသော ဆင့်ခေါ်ခြင်းလုပ်ငန်းစဉ်ကြောင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ ပြည်သူများက စိုးရိမ် ကြောင့်ကြမှုများ ရှိနေသကဲ့သို့ လုပ်သား(၇)သိန်းထက်မနည်းရှိသော စက်မှုဇုန်များမှ လုပ်သားများနှင့်လုပ်ငန်းရှင်များကလည်း စိုးရိမ်ပူပန်နေကြသည်။ ယင်းအတွက်ကြောင့် စက်ရုံလုပ်ငန်းရှင်များ၏ စိုးရိမ် ပူပန်ခြင်းအခြေအနေများနှင့် နစကဘက်က လုပ်ဆောင်ပေးစေလိုသော လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များနှင့် NP News က မေးမြန်းဆွေးနွေးထားသည်။ လုပ်ငန်းရှင်လေးဦး၊ စက်မှုဇုန်ကိစ္စများကို ကိုင်တွယ်ခဲ့ဖူးသူ လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့နဲ့ ဆွေးနွေးချက်များကို မူရင်းအတိုင်း ဖော်ပြပေးမည်ဖြစ်သော်လည်း ကာယကံရှင်များ၏ဆန္ဒအရ အချို့ကိုကာကွယ်၍ ဖော်ပြပေးသွားမည်ဖြစ်သည်။

မေး - စစ်မှုထမ်းဥပဒေကြောင့် စက်ရုံအလုပ်သမား တွေနဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေဘက်က စိုးရိမ်သော ကတွေ ဖြစ်ပေါ်နေတယ်လို့ ကြားသိရတယ်။ ရှင်းပြပေးပါလား။

ကိုကျော်ဝင်းထွန်း (ရွှေပေါက်ကံစက်မှုဇုန်) - လက်ရှိမှာ လုပ်ငန်းရှင်တွေစိတ်ပူနေတဲ့ ပြဿနာ၊ အလုပ် သမားတွေစိတ်ပူနေတဲ့ပြဿနာပေါ့။ စိတ်ပူနေကြတာတော့ နှစ်ခုရှိတယ်။ နောက်တစ်ခါ စစ်မှု ထမ်းဥပဒေကြီးက ဘယ်လိုဖြစ်မလဲဆိုတာရယ်၊ ဒါကို ကျွန်တော်တို့က အားလုံးစိတ်ပူနေကြတယ်။ အခုဆိုရင် အဓိကစိတ်ပူနေတာက သင်္ကြန်ပြီးရင် ဘာဆက်ဖြစ်မလဲ။ ဘာဆက်ဖြစ်မလဲဆိုတာက စစ်ဖြစ်မှာတွေကို စိတ်ပူနေတာမဟုတ်ဘူး။ သင်္ကြန်ပြီးရင် ပြန်သွားတဲ့အလုပ်သမားတွေက စက်ရုံတွေ ကို ပြန်လာပါတော့မလား။ နောက်တစ်ခါ အထူးသဖြင့် နယ်မြို့ကရွာတွေမှာ စာရင်းလိုက်ကောက်တာ တွေ ရှိတယ်။ စာရင်းတွေလိုက်ကောက်တော့ မိဘတွေကကြောက်လန့်ပြီးတော့ ပေါ်တာဆွဲနေပြီဆိုတဲ့ သတင်းတွေကလည်းရှိတော့ သူတို့ သားသမီးတွေကို ပြန်ခေါ်ကြတယ်။ အခုဆိုရင် စက်ရုံတွေမှာ ဝန်ထမ်းတွေ ထွက်တာအရမ်းများတယ်။ ကျွန်တော့်ကုမ္ပဏီဆိုရင် အရင်က (၆)လတစ်ရာသီမှ အလုပ်သမား (၂)ရာခိုင်နှုန်း (၃)ရာခိုင်နှုန်းပဲထွက်တာ။ ကျွန်တော်တို့လုပ်ငန်းရဲ့သဘာဝအရ ဝန်ထမ်း မမြဲရင် ကျွန်တော်တို့ အဆင်မပြေဘူး။ ဝန်ထမ်းတစ်ယောက်ကို ကျွန်တော်တို့ခန့်လိုက်တာနဲ့ ချက်ချင်းသုံးလို့မရသေးဘူး။ အနည်းဆုံး (၃) လကနေ (၆) လအထိ လစာကို အလကား ပေးထား ရသလိုပဲ လေ့ကျင့်ပေးရတယ်။ တဖြည်းဖြည်းနဲ့ သူတို့က လက်သားကျလာတော့မှ ကျွန်တော်တို့ အတွက် အကျိုးအမြတ်ကဖြစ်လာတာ။ အဲဒီတော့ ကျွန်တော်တို့လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေကို အဆုံးရှုံးမခံနိုင်ဘူး။ လက်ရာကောင်းတဲ့စက်ရုံတွေ၊ အမြတ်အစွန်းရှိတဲ့ စက်ရုံတွေဆိုတာ ဝန်ထမ်းမြဲတဲ့စက်ရုံတွေပဲ။ အခုကျတော့ ဝန်ထမ်းထွက်တာတွေများလာတော့ ကျွန်တော်တို့အနေနဲ့‌ တော်တော်လေးအဆင်မပြေဖြစ်တယ်။

Ms.Molly (မှော်ဘီစက်မှုဇုန်) - လက်ရှိအခြေအနေအရ လူစုလို့မရဘူး။ ဝန်ထမ်းတွေက ထွက်ကုန် တယ်။ ပြန်စုတာက စုလို့မရဘူး။ မလာဘူး။ များသောအားဖြင့် နယ်ကိုပြန်ကုန်ကြတယ်။ နယ်ကိုပြန်တာ ထက်ပိုဆိုးတာက မိဘအိမ်ကိုပြန်တာက လက်ခံလို့ရတယ်။ အကုန်လုံးက နယ်စပ်ထွက်ပြေးကုန်ကြတာ။ နယ်စပ်ကနေပြီးတော့ မရရတဲ့နည်းနဲ့ နိုင်ငံခြားကို ထွက်ဖို့ကြိုးစားတယ်။ အဲဒီတော့ ကုမ္ပဏီရဲ့ လက်ရှိ အခက်အခဲက သင်္ကြန်ပြန်ဖွင့်တဲ့အခါကျရင် လက်ရှိ ရှိတဲ့ဝန်ထမ်းတွေကော ပြန်လာပါ့မလား။ နံပါတ်(၂) လက်ရှိ ရှိတဲ့ဝန်ထမ်းတွေပြန်မလာရင် လက်ရှိယူထားတဲ့အော်ဒါတွေကိုချုပ်ဖို့ အချိန်မီပါ့မလား။ အချိန်မီ ရင်တောင်မှ အရင်လိုမျိုး ဆက်ပြီးလည်ပတ်နိုင်ပါဦးမလား။ နောက်တစ်ခါ Next Season အတွက် အော်ဒါ ကို ထပ်ယူဖို့ကို အရမ်းစဉ်းစားရတော့မယ်။ ကျွန်မတို့မှာ သတ်မှတ်ထားတဲ့နေ့မှာမပြီးရင် လျော်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ချုပ်ခရတာမှ တစ်ထည်ကို တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ ပဲရတယ်။ နှစ်ဒေါ်လာ ဝန်းကျင်ဆိုတာ အများဆုံးပဲ။ ကျွန်မတို့ပြန်လျော်ရတဲ့ အခါကျရင် တစ်ထည်လုံးစာလျော်ရတာ။ ဥပမာ- ဒီအင်္ကျီကို (၁၀) ဒေါ်လာနဲ့ ဂျပန်မှာရောင်းတယ်။ ပြန်လျော်တဲ့အခါဆိုရင် အဲဒီ (၁၀) ဒေါ်လာကို ကျွန်မတို့ လျော်ရတယ်။ ကျွန်မတို့အတွက်က တော်တော်လေး ကို စိတ်ပူစရာဖြစ်နေတယ်။ ဒါကတော့ ကုမ္ပဏီကို အရမ်းစိတ်ပူနေတဲ့အချက်ပေါ့။

Liu Wei (လှိုင်သာယာစက်မှုဇုန်) - နိုင်ငံတော်ကို ကာကွယ်ဖို့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းတာကို ကျွန်တော်အားလုံးနားလည်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်တွေမှာလည်း ပြဋ္ဌာန်းထားတယ်။ ထိုင်ဝမ် နိုင်ငံမှာဆိုပိုဆိုးတယ်။ကျွန်တော်တို့အနေနဲ့ စစ်မှုထမ်းဥပဒေအ‌ပေါ်မှာ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေဆိုတာ ဘာလဲဆိုတာ မြန်မာနိုင်ငံသားတွေကိုယ်တိုင် နားမလည်ပါဘူး။ ပြဋ္ဌာန်း ထားတဲ့ဥပဒေကို ရှင်းရှင်းလင်းလင်း တိုင်းသူပြည်သားတွေနားလည်အောင် နောက်တစ်ခါ နိုင်ငံခြားသား လုပ်ငန်းရှင်တွေနားလည်အောင် အစိုးရအနေနဲ့ ထုတ်ပြန်ထားခြင်းမရှိဘူး။ အခုကလည်း Facebook မှာ ရေးတာလောက်ကို ဖတ်ကြတယ်။ တရားဝင်ထုတ်ပြန်တဲ့ အမိန့်ကြေညာစာတမ်းတွေကျရင် နှစ်ကြောင်း လောက်ဖတ်ပြီး ပစ်ထားလိုက်ရော။ ကျော်ပစ်လိုက်ရော။ အဲဒီအပေါ်မှာ အဓိကနားမလည်တာပဲ။ နိုင်ငံ တော်အစိုးရအနေနဲ့ လူတွေအဓိက နားလည်အောင် ပညာပေးတွေ ဘာတွေလုပ်ပေးသင့်တာပေါ့။ အခုက ဘာမှမလုပ်ပေးဘူး။အဲဒီလိုဆိုတော့ လူထုအနေနဲ့လုံခြုံစိတ်ချမှုမရှိတော့ဘူး။ ဝန်ထမ်းတွေအနေနဲ့လည်း လုံခြုံစိတ်ချမှုမရှိတော့ဘူး။ အဲဒါကြောင့်မလို့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်- မြန်မာ နယ်စပ်၊ ထိုင်း- မြန်မာနယ်စပ်ကို ပြေးကြတဲ့လူတွေများတယ်။ အခြေခံလူတန်းစားတွေပေါ့။ ကျွန် တော်တို့ကုမ္ပဏီမှာလည်းရှိတယ်။ ရုံးဝန်ထမ်းတွေဆို အလယ်တန်းစားလောက်ရှိတယ်လေ။ အဲဒီလူတွေ ကတော့ ဂျပန်တို့၊ စင်ကာပူတို့ကို သွားဖို့ ကြိုးစားကြတယ်။ နောက်တစ်ခါ ဝန်ထမ်းကလေးတွေဆီကနေ ပြန်ကြားရတာတွေရှိတယ်။ ဘာလဲဆိုတော့ သင်္ကြန်ပြီးတာနဲ့ နယ်မှာရှိတဲ့မိဘတွေဆီကို ပြန်ပြီးရင် မိဘ ကိုနှုတ်ဆက်ပြီးတာနဲ့ နိုင်ငံခြားကိုသွားတော့မယ်။ ထိုင်း- မြန်မာနယ်စပ်တို့၊ တရုတ်- မြန်မာနယ်စပ်တို့ အခုလောက်ကိုင်ဆိုရင် ပြန်ခေါ်နေပြီကြားတယ်။လောက်ကိုင်ကိုသွားချင်နေတဲ့သူတွေလည်းရှိကြတယ်။ အဓိကက ရန်ကုန်မှာရှိနေတာကိုက သူတို့အတွက်ဘဝလုံခြုံမှုမရှိတော့ဘူးလို့ သူတို့ခံစားကြရတယ်။ နောက်တစ်ခါ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးကို အထောက်အပံ့ပြုထားတဲ့ ထောက်တိုင်ကြီးတွေ အများ ကြီးရှိတယ်။စက်မှုလက်မှုလုပ်ငန်းတွေ၊စိုက်ပျိုးရေးလုပ်ငန်းတွေအများကြီးရှိတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေလည်းရှိတယ်။ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေအများဆုံးရှာ ပေးနေတဲ့လုပ်ငန်းက အထည်ချုပ်လုပ်ငန်းပဲ ရှိပါတယ်။ ကျောက်မျက်ရတနာဆိုတာလည်း နိုင်ငံတော် အစိုးရက တရားဝင်အခွန်ရရှိမှုဆိုတာ ခိုးထွက်တာနဲ့ယှဉ်ရင် အရမ်းနည်းတယ်။ အထည်ချုပ်တွေ မြန်မာ ပြည်မှာလာပြီး ရင်းနှီးကြတယ်။ မြန်မာပြည်မှာ အသက်ငယ်တဲ့ဝန်ထမ်းများတယ်။ လုပ်ခလစာ သက်သာ တယ်။ ဒါကြောင့် မြန်မာပြည်မှာ ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံကြတာ။ အဲဒီနှစ်ခုလုံးထဲက တစ်ချက် ချက် ယိုယွင်းပျက်စီးသွားပြီဆို လာပြီး ရင်းနှီးမြှုပ်နှံနေတဲ့အဓိပ္ပာယ်က ဘာမှမရှိတော့ဘူး။ အခုဆိုလည်း လစာတိုးပါတယ်။ တရားဝင်ပြဋ္ဌာန်းပေးထားတာက ၄၈၀ဝ ကျပ်။ တကယ့်တကယ် ကျွန်တော်တို့ပေးနေ တာက ၇၉၀ဝ ပေးတယ်။ ကျွန်တော်တို့ဆီက ဝန်ထမ်းတစ်ယောက်ရဲ့လစာက အနည်းဆုံးတစ်လကို ၃၅၀ဝဝဝ ကနေ ၄၀ဝဝဝ ကြားမှာရှိတယ်။ အနိမ့် ဆုံးဝန်ထမ်းတစ်ယောက်ပေါ့။ ဒါပေမဲ့ အဲဒီဝန်ထမ်း တစ်ယောက်ရဲ့နေ့လယ်စာ ထမင်းဘူးကိုဖွင့်ကြည့်ရင် ဘဲဥတစ်ခြမ်းပဲပါတယ်။ ကျွန်တော်တို့အနေနဲ့ကော တိုးမပေးချင်ဘူးလား။ တိုးပေးချင်တာပေါ့။ ဒါပေမဲ့ အပြင်မှာပေါက်နေတဲ့ ဒေါ်လာပေါက်ဈေး ၃၆၀ဝ။ ကျွန်တော်တို့ကိုဖြတ်ချတာက ၂၈၀ဝ နဲ့ ၂၉၀ဝ မှာရှိတယ်ဆိုတော့ ကျွန်တော်တို့ တိုးပေးနိုင်တဲ့ အခြေအ နေမရှိဘူး။ မီးပြဿနာကလည်း တော်တော်လေးအခြေ အနေဆိုးတယ်။ မမြင်ရတဲ့ကုန်ကျစရိတ်တွေများ လွန်းတဲ့အတွက် မတိုးပေးနိုင်တာပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့က ပြန်ထွက်သွားရတော့မှာလား။ အလုပ် သမားမရှိရင်တော့ ပြန်ထွက်သွားဖို့ပဲရှိတော့တယ်။ ဘာမှလုပ်ဖို့ နည်းလမ်းမရှိတော့ဘူး။

မေး - သင်္ကြန်ကာလအတွက်ကို စိုးရိမ်တယ်ဆိုတာကို အကျယ်တဝင့်ပြောပြပေးပါလား။

ကိုကျော်ဝင်းထွန်း - အရင်နှစ်တွေလည်း ဒါမျိုးတွေက နှစ်တိုင်းရှိကြပါတယ်။ သင်္ကြန်ပြီးသွားရင် ဥပမာ-ကျွန်တော်စက်ရုံနားမှာ နောက်ထပ်စက်ရုံ တစ်ခုက လာဖွင့်ထားတယ်။ စဖွင့်ပြီဆိုရင် အထည် ချုပ်တွေရဲ့ထုံးစံက လစာကိုအရမ်းပေးပစ်ကြတယ်။ ပေးပြီးတော့ လူခေါ်ပြီးတော့မှ အဲဒီထဲကနေ ဆန်ခါ တင်ပြန်ရွေးလိုက်တာပေါ့။ (၃)လအတွင်း ပြန်ဖြုတ်ချ ခွင့်ရှိတယ်။ ပုံမှန်ကတော့ တစ်နှစ်ကို တစ်ခါ လောက် တော့ရှိတယ်။ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာလည်း ရှိသလို မဖြစ်တဲ့နေရာလည်းရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကိုတော့ အကုန်လုံးပိုပြီးတော့ စိတ်ပူတယ်။ ဘာဖြစ်လို့ ပိုပြီးစိတ်ပူလဲဆိုတော့ အရင်တုန်း ကဆိုရင် သူ့စက်ရုံဆို(မှော်ဘီ) လူ(၁၀ဝဝ)လောက်ရှိတယ်။ အခုဆိုရင် (၄၅၀)ပဲရှိတော့တယ်။ အထည် တွေကို ဘယ်လိုမှ သူမနိုင်တော့ဘူး။ အထည်ကို မချုပ်နိုင်ဘူး။ (လှိုင်သာယာ)သူ့ဆီမှာဆိုရင် (၆၀ဝ) ပဲ ကျန်တော့တယ်။ တစ်လကို (၁၀) ရာခိုင်နှုန်းထွက် ထွက်ကုန်တာ။ နှစ်လ၊ သုံးလအတွင်းကို ဖြစ်သွား တာ။ အရင်တုန်းက ၁၀ ရာခိုင်နှုန်းထွက်သွားရင် ၁၀ ရာခိုင်နှုန်းပြန်ဝင်လာတယ်။ အခုက ပြန်ဝင် မလာတော့ ကျွန်တော်တို့က ဒုက္ခရောက်တယ်။ ကျွန်တော်တို့ အဓိကစိုးရိမ်တာက သင်္ကြန်ပြီးရင် ဘာတွေဖြစ်ကုန်ကြမှာလဲ။ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဒီနိုင်ငံမှာလုပ်လို့မရရင် တခြားနိုင်ငံ သွားရှာမှာပဲ။ ကျန်ခဲ့တဲ့ မြန်မာပြည်က ဝန်ထမ်းတွေက ဘာဆက်ဖြစ်ကုန်မလဲ။

မေး - စစ်မှုထမ်းဥပဒေထွက်တဲ့အချိန်မှာ အထည် ချုပ်လုပ်ငန်းရှင်များအသင်းလည်းရှိတယ်။ သက်ဆိုင် ရာဝန်ကြီးဌာနတွေလည်းရှိတယ်။ သူတို့နဲ့ကော အပြန်အလှန်စကားပြောကြည့်လား။ သူတို့ဘက်က ကော ဘာတွေတုံ့ပြန်တာရှိလဲ။

ကိုကျော်ဝင်းထွန်း - မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို ကျွန်တော်တို့ သတင်းမပို့ ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သတင်းပို့လည်း ဘာမှမလုပ်ပေးပါဘူး။ ဒီကိစ္စတစ်ခုတည်းမှ မဟုတ်ဘူး။ အရင်တည်းက ဒီတိုင်းပဲ။ ဘာဆိုဘာမှ မလုပ်ပေးဘူး။ စက်မှုဝန်ကြီးဌာနအနေနဲ့လည်း အကြောင်းကြားတာမျိုးမရှိပါဘူး။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဆိုတာက သူတို့ခေါင်းထဲမှာရှိတာ က Import၊ Export မှာ လက်မှတ်ထိုးပေးမယ်။ နှစ်စဉ်ကြေးကောက်မယ်။ ကျွန်တော်လုပ်ချင်လို့ ပြောနေတာလည်း မဟုတ်ဘူး။ လုပ်လည်းမလုပ်နိုင်ဘူး။ တကယ်အထည်ချုပ်လုပ်ငန်း လုပ်တဲ့သူတစ် ယောက် အိပ်ချိန်တောင်မှ (၆) နာရီလောက်ပဲရှိတာ။ အရမ်းပင်ပန်းတယ်။ ဝန်ထမ်းတွေတင် ပင်ပန်းတာ မဟုတ်ဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်တောင် ချာချာလည်နေတာ။ လုပ်ငန်းရှင်များအသင်းမှာသွားပြီးတော့ ထိုင်ပြီး ဆရာကြီးလုပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မေး - ဒါဆိုရင် လက်ရှိတည်ဆဲအစိုးရကို စစ်မှု ထမ်းဥပဒေနဲ့ဆက်စပ်ပြီး လုပ်ငန်းရှင်တွေဘက်က စိတ်ပူနေတာကို တစ်ခုခုပြောရရင် ဘာလုပ်ပေးစေ ချင်လဲ။

Ms.Molly - ကျွန်မအနေနဲ့ပြောရရင်တော့ နှစ်ချက်ရှိတယ်။ စစ်မှုမထမ်းမနေရဆိုတာကို နား လည်တယ်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေကိုနားလည်အောင် နိုင်ငံတော်ကနေပြီးတော့ ရှင်းပြပေးစေချင် တယ်။ စက်ရုံတွေမှာလာပြီးတော့ ရှင်းပြပေးစေချင်တယ်။ ဒီလို ဒီလို အခြေအနေတွေကြောင့်မှသာလျှင် စစ်မှုထမ်းရမယ်။ နိုင်ငံတော်ရဲ့ထောက်တိုင်တွေဖြစ်တဲ့ စီးပွားရေးကဏ္ဍတွေမှာပါတဲ့လုပ်ငန်းတွေမှာ အ လုပ်လုပ် နေတဲ့လူတွေကို အတတ်နိုင်ဆုံးသက်သာခွင့်ပေးမယ်တို့၊ လုံးဝမသက်သာဘူးဆိုရင်တောင် ချက်ချင်းမဟုတ်ဘူးဆိုတာမျိုးကိုပေါ့။အခုလည်း ချက်ချင်းကြီး မဟုတ်ပါဘူး။ သူတို့လည်းမခေါ်နိုင်ပါဘူး။ ကြေညာထားပါတယ်။ တစ်နှစ်မှလူ(၆၀ဝဝဝ)ပါ။ နေရာလည်းမရှိပါဘူး။ ဒါပေမဲ့ အကုန်လုံးထင်နေတာက မနက်ဖြန်ပဲလာခေါ်တော့မလိုလိုဖြစ်နေတာ။ နောက်တစ်ခါ ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလတွေ ပေါ့။ ကျွန်မတို့ဖြစ်စေချင်တာက ရပ်ကွက်က အုပ်ချုပ်ရေးမှူး အဆင့်လောက်ကို မလွှတ်ပါနဲ့ အလကားပဲ။ လာမယ်ဆိုရင် တပ်ကလူကြီး ဗိုလ်ကြီး၊ ဗိုလ်မှူးလောက်အဆင့် ဆိုရင်ကိုရတယ်။ သေချာလာပြီးရှင်းပြ။ ဒါမျိုးကိုဖြစ်စေချင်တာ။ အဲဒါကိုလည်း record ယူပြီးတော့ နိုင်ငံတော်မီဒီယာတွေမှာ တရားဝင်ထုတ်လွှင့် ပေး။ ဒါဆိုရင် ဝန်ထမ်းတွေအနေနဲ့ အနည်းငယ်စိတ်သက်သာရာရမယ်။ အခုကတော့ ဘယ်သူမှလည်း လာမပြောဘူး။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက လာပြောလည်း ဘယ်သူမှမယုံဘူး။ စစ်တပ်ယူနီ ဖောင်းဝတ်ပြီးသာလာခဲ့။ဗိုလ်ချုပ်အဆင့်တွေ၊တိုင်းမှူးအဆင့်တွေလာဖို့မလိုပါဘူး။ကျွန်တော်တို့ တောင်း ဆိုတာက ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်လောက်တွေလာ၊ ယူနီဖောင်းဝတ်ပြီး သေချာစကားပြောပေး။ ဒါဆိုရင် လူ တွေစိတ်ထဲမှာ အနည်းငယ်သက်သာရာရမယ်။

မေး - အစိုးရအနေနဲ့က စက်မှုဇုန်တွေ၊ လုပ်ငန်း ကုမ္ပဏီအကြီးကြီးတွေကို ဝန်ထမ်းစာရင်းဇယားတွေ ယူပြီးတော့ ဒီလူတွေကတော့ စစ်မှုထမ်းမှာ ပထမ အသုတ်မှာ ကင်းလွတ်ခွင့်ပြုထားတယ်ဆိုတဲ့ ဟာမျိုး တွေ ညှိနှိုင်းလိုက်ရင်ကော ထွက်ပေါက်တစ်ခုဖြစ်လာမလား။

ကိုကျော်ဝင်းထွန်း - ဒါကတော့ အကောင်းဆုံး ထွက်ပေါက်ပဲ။ အဲဒါမျိုးလုပ်ပေးရင်တော့ ကျွန်တော် တို့အတွက် အကောင်းဆုံးပဲ။ ဒါပေမဲ့ လုပ်ပေးမှာတော့ မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ အဲဒါမျိုးလုပ်ပေးလိုက်ရင် ကျွန်တော်တို့ လူရှာစရာမလိုတော့ဘူး။ သူ့ဘာသာ သူကို လာတော့မှာ။

ဒေါ်စန္ဒာမင်း - UMFCCI ဥက္ကဋ္ဌတွေက လုပ်ပေးရတော့မှာ။ UMFCCI ကတော့ အသင်းဖြစ်တဲ့အတွက် သူ့အောက်မှာလည်း အသင်းတွေအများကြီးရှိတယ်လေ။ ဒီအထည်ချုပ်ဆိုတာကလည်း အသင်းတစ်ခုပဲ။ ဒီဥက္ကဋ္ဌတွေက သိရတော့မယ်လေ။ သူတို့ကအလုပ်သမားကဏ္ဍ‌တွေလည်း ကိုင်ထားတာဖြစ်တဲ့အတွက် သူတို့ ဘယ်လိုလုပ်တော့မလဲဆိုတဲ့ ဟာမျိုးကိုပြောစေချင်တယ်။ ထားပါတော့ အစိုးရဝန်ထမ်းဆိုရင် သူ့ ဘာသာသူ အလှည့်ကျ ပါပါ မပါပါပြဿနာမရှိဘူး။ အစိုးရကဏ္ဍဘက်ကိုမကြည့်ဘဲနဲ့ ပုဂ္ဂလိက ကဏ္ဍ ဘက်ကိုကြည့်မယ်ဆိုရင်ညှိနှိုင်းရမယ့်အချက်ဖြစ်တယ်။ အသင်းတွေရဲ့ ဥက္ကဋ္ဌတွေနဲ့စကားပြောရတော့မှာ။UMFCCI အောက်မှာ ကဏ္ဍတွေအများကြီးဖွဲ့ထားတယ်။ ဒီအသင်းလုပ်ငန်း ရှင်ကြီးတွေက အစိုးရနဲ့ ‌ဆွေးနွေးဖို့လိုအပ်တယ်။ အလုပ်သမားတွေ အလုပ်မပြုတ်သွားအောင်၊ နိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းအင်အား မကျဆင်းအောင်တော့ စကားပြောဖို့လိုအပ်ပြီဆိုတာကို ခေါင်းထဲကိုထည့်ဖို့ လိုပြီ။ ခုချိန်ထိ သူတို့က တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့လုပ်နေကြတာလေ။ စက်ရုံတွေတစ်ခုချင်းစီကလည်း အစိုးရကို ပြောလို့ မရဘူး။ အသင်းတွေကပဲ ဦး‌ဆောင်ပြီးပြောရမှာ။ ဝန်ကြီးဌာနအောက်မှာဆိုရင် အသင်းကပဲ ဦးဆောင်ပြီး ပြောရတာ။ လုပ်ငန်းရှင်တွေရဲ့ အသင်းဥက္ကဋ္ဌတွေမှာ တာဝန်ရှိတယ်ဆိုတာ ခေါင်းထဲကိုထည့်ထားပါ။ အ လုပ်သမားတွေ နိုင်ငံခြားကို ဒီလောက်ထွက်ပြေးတယ်ဆိုတာ အသင်းဥက္ကဋ္ဌတွေ ညံ့လို့။ တိုင်းပြည်မှာ မူဝါဒ တစ်ခုပြောင်းပြီဆိုရင် ဒီမူဝါဒနဲ့ ကိုယ့်အောက်မှာရှိတဲ့လူတွေနဲ့ တကယ်ကိုက်ညီမှုဖြစ်လား မဖြစ် လားဆိုတာကို မူဝါဒကတော့ ပြဋ္ဌာန်းလိုက်ပြီ ဒါကို ပြန်ရုပ်သိမ်းလို့မရဘူး။ ဒါပေမဲ့ ဘယ်လို အဆင်ပြေ အောင်ဆက်သွားမလဲဆိုတာတော့ တာဝန်ခံပြီးတော့ ဦး‌ဆောင်ပြီးပြောရမယ်၊ ညှိရမယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းတော့မယ်ဆိုရင် အစိုးရိမ်ဆုံးကတော့ တိုင်းပြည်ရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့အလုပ်သမားတွေ၊ တခြားဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေအနေနဲ့ ကြောက်လန့်ပြီးတော့ နိုင်ငံခြား တွေကို ထွက်ပြေးသွားတယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ကုန်ထုတ်လုပ်ငန်း ဘယ်လောက်ကျမယ်ဆိုတဲ့ဟာကို သက်ဆိုင်ရာလူကြီးမင်းတွေသိဖို့လိုအပ်တယ်။ သတိပြုဖို့လိုအပ်တယ်ဆိုတာကို ကျွန်မပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့အခုကုန်ထုတ်လုပ်ငန်းတွေမှာအလုပ်နဲ့အကိုင်နဲ့လုပ်ကိုင်နေတဲ့လူငယ်တွေ အားလုံး ဟာ အခုအချိန်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သူတို့ကိုသက်သာခွင့်ပေးဖို့ လိုအပ်တယ်။ ဒါ့ပြင် တခြားအသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ လည်း သူတို့ကို ပြည်သူ့စစ်မှုထမ်းဥပဒေကနေ အခုချိန်မှာ သက်သာခွင့်ပေးဖို့လိုအပ်တယ်။ အခုပထမ ဆုံးအကြိမ်မှာရော၊ ဒုတိယအကြိမ်မှာရော၊ တတိယအကြိမ်တွေမှာလည်း သူတို့ဟာပါဖို့မသင့်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍရဲ့ ထောက်တိုင်တစ်ခုမှာလုပ်နေတဲ့လူတွေဟာ သူတို့မှာ အမှန်တကယ် ဝန်ထမ်းတွေအနေနဲ့ အလုပ်တွေရှိနေတယ်ဆိုရင် သူတို့ကိုလောလောဆယ်မှာ တော့ သက်သာခွင့်ပေးသင့်တယ်။ ကျွန်မတို့ တိုင်းပြည်ဟာ စီးပွားရေးကို ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့ အချိန်တစ်ခုရောက်ရင်တော့ အဲဒီဥပဒေအရ အသက်(၄၀)မပြည့်ခင်အချိန်အထိ တစ်ချိန်ချိန်မှာတော့ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာတော့ နားလည်ပါတယ်။ ဒါပေမဲ့ အခုလို ကာလမှာတော့ နိုင်ငံရဲ့အကြီးအကဲတွေအနေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်ပြီးတော့ထွက်ပြေးမသွား‌အောင် စက်ရုံ၊ အ လုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားဝန်ထမ်းတွေ ကြောက်ရွံ့မသွားအောင်၊ နိုင်ငံခြားကို ထွက် ပြေးသွားတာတွေမဖြစ်အောင် သတိထားဖို့လိုအပ်တယ်။ ဒါတွေအားလုံးကို အခုချိန်မှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေအရ ခေါ်ဆောင်တယ်ဆိုတဲ့ဟာမျိုးတွေကို မလုပ်ဖို့လိုအပ်တယ်။ ဒါမှသာလျှင် ကျဆင်းနေတဲ့ ကုန် ထုတ်လုပ်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ မကျသွားဘူးဆိုတာကို ကျွန်မအနေနဲ့မြင်ပါတယ်။ ဒါကိုလည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ စဉ်းစား ဆုံးဖြတ်နိုင်စေဖို့ အကြံပြုတင်ပြချင်ပါတယ်။

မေး - စက်မှုဇုန်ကလူတွေ စိတ်ပူနေတာလေး ပြောပြ ပါဦး။ အလုပ်သမားဝန်ကြီးက လာရှင်းပြတယ်လို့ လည်းကြားတယ်။

စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦး (လှိုင်သာယာ) - ဝန်ကြီး နှစ်ခေါက်၊ သုံးခေါက်ရှိပြီလာတယ်။ ဒီကိစ္စတွေကို ထုတ်ဖော်မပြောပါနဲ့လို့ပြောတယ်။ ကျွန်တော်ပြောတာက ဒါတရားဝင်လုပ်တဲ့ကိစ္စလေ။ တရားဝင်အသိ ပေးရမယ့်ကိစ္စကို အသိမပေးခိုင်းဘူး။ တိုးတိုးတိတ်တိတ်လုပ်ပါတဲ့။ တစ်ခါတလေ ကျတော့လည်း ပြောင်းပြန်တွေဖြစ်နေသလားလို့။ ကျွန်တော်တို့မှာ ဒီလူတွေကို ထိန်းထားလိုက်ရတာ ဗျာ။ ရန်ကုန်တိုင်း စက်မှုဇုန် (၂၉)ဇုန်မှာ လူ(၇၀ဝဝဝဝ)(၈၀ဝဝဝဝ) ရှိတယ်။ ကျန်ခဲ့တဲ့ဖေဖော်ဝါရီက ဗိုလ်ချုပ်မှူးကြီး လာတယ်လေ။ ခင်ဗျားတို့ထိန်းထားပေးလို့ ဒီလူတွေငြိမ်နေတာလို့ပြောတယ်။ လှိုင်သာယာကို ပို တိုးတက်အောင်လုပ်ပေးမယ်လို့ သူပြောလာတယ်။ ကျွန်တော်တို့ကတော့ ဝမ်းသာနေတာပေါ့။ စက်မှုဇုန် တွေဖွံ့ဖြိုးတော့မယ်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးလာတယ်။ စက်မှုကုန်ကြမ်းတွေသွင်းခွင့်ပေးလာပြီ။ အလုပ် သမားတွေအလုပ်တွေရအောင်ကျွန်တော်တို့လုပ်လိုက်တဲ့အခါကျတော့ အော်ဒါတွေအလျှံပယ်ဖြစ်လာပြီ။ စက်ရုံတစ်ရုံ ကို (၄၀ဝ)(၅၀ဝ)(၁၀ဝဝ) အလုပ်သမားတွေလိုလာကြပြီ။ ကျွန်တော်တို့စက်မှုဇုန်မှာဆိုရင် ဆိုင်းဘုတ်တွေအကြီးအကျယ်ပဲ။ ဘာကြောင့်လဲ အော်ဒါ ကောင်းတာကို။ ဘင်္ဂလားဒေ့ရှ်မှာ ပြဿနာ တက်လိုက်တဲ့အခါကျတော့ အဲဒီမှာက အလုပ်သမားခကို နှစ်ဆတိုးတောင်းတယ်လေ။ အဲဒီလိုမျိုးတွေ ရှိတော့ အော်ဒါတွေက ဒီဘက်ကိုဆင်းလာတာပေါ့။ ကျွန်တော်တို့က လုပ်လာတာ နှစ်(၂၀)(၃၀)ရှိနေပြီ။ ကျွန်တော်တို့အပိုင်း ကျွန်တော်တို့ တာဝန်ယူပြီးတော့ တိုးတိုးတိတ်တိတ်နဲ့လုပ်နေကြတာပေါ့။ အခု ဘယ် လောက်ထိ ဆိုးလာလဲဆိုတော့ Made in Myanmar တောင်တပ်ခွင့်မပေးတော့ဘူး။ တဖြည်းဖြည်းနဲ့ ကျပ်လာပြီ။ နိုင်ငံခြားကနေပြီးတော့ Made in Myanmar လို့ အော်ဒါတပ်ခွင့်မပေးဘူး။ တခြားနိုင်ငံ တံဆိပ်နဲ့ တပ်ပြီးချုပ်နေရပြီ။ တချို့စက်ရုံတွေပေါ့။ အဓိကက နိုင်ငံရေးကိုနွယ်ပြီး ဒုက္ခပေးတဲ့ကိစ္စတွေက ကျွန်တော်တို့က တိုးတိုးတိတ်တိတ်နဲ့ဖြေရှင်းနေကြတာလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အလုပ်သမားတွေကို ခေါင်းစဉ်တပ်ပြီးလုပ်တဲ့အခါကျတော့ အလုပ်သမားတွေပါလာတော့ ဟိုဘက်က လည်း ယတိပြတ်မလုပ်ရဲဘူး။ ဒီအခွင့်အရေးလေးပေါ်မှာ ကျွန်တော်တို့ကပျော်နေတဲ့အချိန် ဒီဟာကြီး လုပ်ချလိုက်တဲ့အခါကျတော့ ရှိသမျှ‌‌ယောကျာ်းမှန်သမျှက ခက်ပြီလေ။ ဟိုနေ့ကတော့ သဘောတူညီ ချက်တစ်ခုရလိုက်တယ်။ နိုင်ငံသားကတ်ရယ်၊ အလုပ်သမားကတ်ရယ်၊ ကုမ္ပဏီကပေးတဲ့ကတ်ရယ် ကတ် သုံးကတ်ကို အမြဲထည့်ထားပါ။ အဲဒီသုံးကတ်ရှိတဲ့သူကို ကာကွယ်ပေးမယ်ဆိုပြီးဖြစ်လာတယ်။ ဝန်ကြီး ကိုယ်တိုင်ပြောတယ်။ အလုပ်သမားဝန်ကြီးပြောတာ။ သူကဗဟိုကော်မတီမှာ သူပါတယ်။ စစ်မှုထမ်း ဥပ ဒေရဲ့ စစ်သားစုဆောင်းရေးထဲမှာသူလည်းပါတယ်။ ဒုဝန်ကြီးကလည်း အဖွဲ့ဝင်အနေနဲ့ပါတယ်။ ဝန်ကြီး ကတော့ ဗဟိုကော်မတီမှာ ပါတာပေါ့။ အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့သူတွေ၊ နောက်ပညာတတ်တွေ ကို ခဏပေါ့။ ဒါပေမဲ့ အောက်မှာက ထင်တိုင်းကြဲနေကြတာလေဗျာ။ အပေါ်ကခိုင်းတဲ့အတိုင်း လုပ်ရတဲ့ အခါကျတော့ တချို့ကလည်း တစ်စိတ်ကိုတစ်အိတ်လုပ်တဲ့အခါကျတော့ ပိုဆိုးကုန်တာ။ အကုန်လုံး ပွက်လောတွေရိုက်ပြီး မိဘတွေ အိပ်မပျော်စားမရတွေဖြစ်နေတာ။ ကျွန်တော်တို့စက်မှုဇုန်မှာဆို တစ်နေ့ တစ်နေ့ ဒါပဲရှင်းနေရတာ။ ကျွန်တော် ကြောက်တာကတော့ ခါတိုင်းနှစ်တွေလိုပဲ သင်္ကြန်ပြန်ပြီးတော့ ပြန်မလာတော့တဲ့အခါကျရင် အကုန်လုံးငုတ်တုတ်မေ့ကုန်မှာပဲစိုးတာ။ မိဘတွေက အရမ်းစိုးရိမ်ကြ ပြီ လေ။ကျွန်တော်တို့ကတော့ စက်မှုဇုန်တွေမှာလုပ်နေတဲ့အကြောင်း စက်မှုဇုန်ထောက်ခံချက်တွေ တောက် လျှောက်ပေးနေရပြီ။ ဒါလေးတွေပေးရင်းနဲ့ သွားဖို့လာဖို့ဖြစ်တဲ့အခါကျတော့ သင်္ကြန်ဆိုရင် ပြန်ကြပြီလေ၊ ကျွန်တော်တို့ဓလေ့က။ ကိုယ့်မိဘဆီကို ပြန်ကန်တော့ကြတဲ့အခါကျတော့ လမ်းမှာလည်း ချောချော မွေ့မွေ့ဖြစ်အောင် ပြီးရင်လည်း ချောချောမွေ့မွေ့ပြန်လာလို့ရအောင်ကို နည်းလမ်းပေါင်းစုံတော့ လိုက်ပြီး လုပ်နေရတယ်။ ၁၀ဝ ရာခိုင်နှုန်း တာဝန်ယူမလားဆိုတာကျတော့ ကျွန်တော်တို့လည်း မပြောရဲဘူး။ ကျွန် တော်တို့မှာ တော်တော်တော့ ဒုက္ခရောက်နေတာလေ။ နိုင်ငံသားကတ်ရယ်၊ အလုပ်သမားကတ်ရယ်၊ ကုမ္ပဏီကပေးတဲ့ကတ်ရယ် ကတ်သုံးကတ်ကိုတော့ ဘယ်သွားသွားဆောင်ထားပါ။ အဲဒီသုံးကတ်ရှိရင် တော့ လက်လွတ်စပယ်မလုပ်ပါဘူး။ စစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မဆန့်ကျင်ပါဘူး၊ နားလည် ပါတယ်။ ဒါပေမဲ့ ဆိုင်းငံ့အနေနဲ့လုပ်ပေးလို့ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ လမ်းမှာတွေ့တဲ့သူတွေကိုတော့ မချေမငံတော့မပြောကြနဲ့ပေါ့။ ကျွန်တော်တို့ကို စက်ရုံအလုပ်ရုံတွေမှာ လာရှင်းပြထားပါတယ်။ ကျွန် တော်တို့ နားလည်ပါတယ်။ အချိန်တန်ရင် ကျွန်တော်တို့ဝင်မှာပါလို့ပြောပေါ့။ ဆွဲချထားလို့မရဘူး။ ဝန် ကြီးကိုယ်တိုင် ကျွန်တော့်ကိုပြောတယ်။ အကုန်လုံးကိုရှင်းပြလိုက်ရမလားဆိုတော့ မလုပ်နဲ့ ပွဲဆူသွားမှာ စိုးလို့တဲ့။ ကျန်တဲ့ကိစ္စတွေတော့ သိပ်စိတ်မပူဘူးဗျာ။ ဒီတစ်ခေါက်တော့ စိတ်ပူတယ်။ စိတ်ပူတဲ့အပြင် ကျွန်တော်စိုးရိမ်တာက ဝုန်းခနဲပွင့်လာမှာကိုကြောက်တာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူတွေ ကစုထားတာလေ။ ရပ်ကွက်တွေမှာဖြစ်နေကြပြီလေ။ အဲဒါတွေက ဆုံမှတ်တစ်ခုရောက်လာရင် ပွင့်ထွက် သွားရင် သွေးချောင်းစီးသွားမှာ ကျွန်တော်ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အချင်းချင်း တွေမဖြစ်စေချင်ဘူး။ အမှန်က ဥပဒေတစ်ခုဆိုရင် ရှင်းပြရမယ်။ အခုက အကုန်ကွဲနေတဲ့အခါကျတော့ မဲနှိုက်လား၊ မနှိုက်လားလည်းမသိဘူး။ မင်းပါတယ် မလိုက်လို့မရဘူးဆိုတဲ့အခြေအနေပေါ့။ ရပ်ကွက်တွေ မှာလည်း ဖြစ်နေကြတယ်။ အဲဒီလိုဆိုတော့ မိဘတွေကလည်း အရမ်းစိတ်ညစ်ရတာပေါ့။ စက်ရုံတွေမှာ တော့ ကျွန်တော်တို့ကတော့ အဓိကကတော့ မန်နေဂျာတွေ၊ သူ‌ဌေးတွေကို အသေးစိတ်ပြောထားရတာ ပေါ့။ ဝန်ထမ်းတွေကို ဒီလိုလုပ်ပေးပါ။ ဖြစ်ရင်ရှင်းပါ။ ခင်ဗျားတို့ ရှင်းလို့မရရင် ကျွန်တော်တို့ လိုက်ရှင်း မယ်။ အဓိကကတော့ ပိုက်ဆံပေါ့ဗျာ။ ဒီအချိန်ကပိုက်ဆံတောင်းလို့ကောင်းတဲ့အချိန်ဖြစ်သွားပြီလေ။ ဒါပေမဲ့ တစ်ခုဖြစ်ပြီးရင် ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ နောက်တစ်ဖွဲ့လာရင် နောက်တစ်မျိုးထပ် ဖြစ်နေတာဆိုတော့ ပေးမဆုံးဘူးဖြစ်ကုန်တယ်လေ။ နည်းလမ်းပေါင်းစုံနဲ့ ဆော်ဖို့လောက် ကြည့်လာကြ တော့ လူတွေကစိတ်ထဲမှာ ခံစားချက်တွေရှိလာတယ်။ အရင်ကြားနေတဲ့ လူတွေက တစ်ဖက်ကပ်သွားရင် ပြဿနာက ပိုကြီးလာမယ်။ အကုန်ဒုက္ခရောက်ကုန်မှာ ကျွန်တော်ကြောက်တယ်။ အခုကမိဘတွေရော စိတ်ညစ်လာပြီလေ။ ကာယကံရှင်တွေကလည်း အရင်တုန်းကသူ့အလုပ်နဲ့ သူ့မိဘရှိလို့ ငြိမ်ငြိမ်လေး နေ ပေမယ့် အခုကအိမ်ပေါက်ဝထိရောက်လာပြီ။ တံခါးခေါက် ရောက်လာပြီးတော့ မလာရင်အရေးယူတော့ မယ့် ပုံစံမျိုးတွေ ခြိမ်းခြောက်လာတော့ လူတွေစိတ်က တစ်မျိုးဖြစ်ကုန်တာပေါ့။ ကျွန်‌တော့်စိတ်ထဲတော့ ဆွပေးလိုက်သလိုများဖြစ်သွားမလားပေါ့။ ဒါတွေက တိုင်းပြည်အတွက်မကောင်းဘူးလို့ ကျွန်တော်မြင် တယ်။

မေး - စက်ရုံတွေကကော သူတို့စိုးရိမ်တာက အလုပ်သမားတွေထွက်သွားမှာရယ်။ ပြန်မလာတော့မှာရယ် ဘယ်ဟာကို စိုးရိမ်နေကြတာလဲ။

ဖြေ - ပြန်မလာတော့မှာကိုစိတ်ပူတာပေါ့ဗျာ။ ဒီနှစ်က သင်္ကြန်ကရက်ရှည်တယ်။ (၁၂)ရက်‌လောက် ပိတ်မှာ။ တချို့လည်းကြိုပိတ်ပေးနေကြပြီ။ ညှိနေ ရတာပေါ့ဗျာ။ ကိုယ့်လူတွေပြန်လာအောင်တော့။ အဓိ ကက အော်ဒါတွေကယူပြီးပြီ။ လက်ခံထားပြီးပြီ။ ဒီဟာတွေ အချိန်မီမအပ်နိုင်ရင် လျော်ရတော့မှာလေ။ စက်ရုံတွေကကြောက်ကြတာပေါ့။ ကျွန်တော်တို့လုပ်ငန်းတွေက အလျော်အစားရှိတယ်။ အဲဒါကြောင့် မလို့ အသစ်အသစ်တွေလည်း သင်ပေးနေတာပေါ့။ အဲဒီတော့ အလုပ်သမားဝန်ကြီးက ဘယ်လောက် အထိ ဖြေလျှော့ပေးလာလဲဆိုတော့ OT ဆင်းတာကို တင်စရာမလိုတော့ဘူး။ Free လုပ်ပေးလိုက်ပြီ။ အလုပ်သမားနဲ့အလုပ်ရှင် အဆင်ပြေရင်ပြီးပြီ။ ငြိမ်အောင်သာထိန်းထား။ ဖြစ်ရင်တော့ အလုပ်ရှင်ကို အရေးယူမယ် ဒါပဲ။ အဓိကက လူတွေကလည်း ငွေလိုနေကြပြီ။ ကျွန်တော်တို့အထည်ချုပ်လုပ်ငန်း တွေက အရင်လိုမဟုတ်တော့ဘူး။ များများလုပ်နိုင်တဲ့သူက များများရလာပြီလေ။ ခိုတဲ့လူကခိုလို့ မရ တော့ဘူး။ ဒီလိုင်းမှာသူခိုနေပြီဆိုရင် ဒီလိုင်းကလူတွေက သူ့ကိုမလိုတော့ဘူး။ ကန်ထုတ်လိုက်တော့ပဲ။ ဘာကြောင့်လဲဆိုတော့ Team Work နဲ့လုပ်ရတာလေ။ စုပေါင်းအားနဲ့ လုပ်ရတဲ့အခါကျတော့ တချို့လိုင်း တွေဆို (၄)(၅)(၆)သိန်းတွေရ ကုန်ကြပြီ။ အဓိကက လုပ်ငန်းကျွမ်းကျင်လာမှုပေါ်မှာ မူတည်ပြီးတော့ အလုပ်ကို မြန်အောင်လုပ်နိုင်လာတဲ့ ကျွန်တော်တို့လူတွေရဲ့အရည်အချင်းက သူများနိုင်ငံထက်သာတာ ဒါပဲ။ အဲဒီတော့ ဘာကြီးပဲဖြစ်ဖြစ် တိုက်ပွဲဘယ်လောက်ပဲဖြစ်ဖြစ် စက်မှုဇုန်ကတော့ ပုံမှန်လေးပဲ သွား နေတာ။ အခုဒီဂယက်က စက်မှုဇုန်ကိုတည့်ထိတဲ့သဘော ဖြစ်နေတယ်။ သူတို့ခေါ်မယ့် လူငယ်လူရွယ်က စက်မှုဇုန်မှာ အပြည့်ဖြစ်နေတယ်။ စက်ရုံထဲလာခေါ်တာတော့မရှိဘူး။ ရပ်ကွက်မှာနေတဲ့သူတွေ၊ နယ်မှာ နေတဲ့သူတွေကို စာရင်းတွေလိုက်ကောက်နေတဲ့အခါကျတော့ ပြေးစရာနေရာမရှိဘူးဖြစ်နေတာပေါ့။ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့တော့ ညှိနှိုင်းပြီးတော့ ပြောပြပေးနေရတာပေါ့။ သူတို့လိုတာတွေ လည်း အကူအညီပေး။ ကျွန်တော်ကြောက်တာကတော့ ခုနလို ဆုံချက်တစ်ခုရောက်လာပြီး ဝုန်းဆို ဖြစ် သွားမှာကိုကြောက်တာ။ ဒါလေးကိုတော့ အထူးဂရုစိုက်ဖို့ လိုမယ်တော့ထင်တယ်။

zawgyi version
စက္မႈဇုန္ နဲ႔ စက္မႈကုန္ထုတ္လုပ္ငန္းရွင္ေတြအတြက္ စစ္မႈထမ္းဥပေဒ က်င့္သုံးျခင္းကေနေပးတဲ့ေသာက နဲ႔ ရွာေဖြေစလိုတဲ့အေျဖ (အင္တာဗ်ဴး)
ေက်ာ္ႏု၊ ယြန္း(NP News) - မတ္ ၂၈

စစ္မႈထမ္းဥပေဒ က်င့္သုံးျခင္းတြင္ ရွင္းလင္းတိက်မႈမရွိေသာ ဆင့္ေခၚျခင္းလုပ္ငန္းစဥ္ေၾကာင့္ ရပ္ကြက္/ေက်း႐ြာအသီးသီးမွ ျပည္သူမ်ားက စိုးရိမ္ ေၾကာင့္ၾကမႈမ်ား ရွိေနသကဲ့သို႔ လုပ္သား(၇)သိန္းထက္မနည္းရွိေသာ စက္မႈဇုန္မ်ားမွ လုပ္သားမ်ားႏွင့္လုပ္ငန္းရွင္မ်ားကလည္း စိုးရိမ္ပူပန္ေနၾကသည္။ ယင္းအတြက္ေၾကာင့္ စက္႐ုံလုပ္ငန္းရွင္မ်ား၏ စိုးရိမ္ ပူပန္ျခင္းအေျခအေနမ်ားႏွင့္ နစကဘက္က လုပ္ေဆာင္ေပးေစလိုေသာ လုပ္ငန္းစဥ္မ်ားကို လုပ္ငန္းရွင္မ်ားႏွင့္ NP News က ေမးျမန္းေဆြးေႏြးထားသည္။ လုပ္ငန္းရွင္ေလးဦး၊ စက္မႈဇုန္ကိစၥမ်ားကို ကိုင္တြယ္ခဲ့ဖူးသူ လႊတ္ေတာ္အမတ္ေဟာင္း ေဒၚစႏၵာမင္းတို႔နဲ႔ ေဆြးေႏြးခ်က္မ်ားကို မူရင္းအတိုင္း ေဖာ္ျပေပးမည္ျဖစ္ေသာ္လည္း ကာယကံရွင္မ်ား၏ဆႏၵအရ အခ်ိဳ႕ကိုကာကြယ္၍ ေဖာ္ျပေပးသြားမည္ျဖစ္သည္။

ေမး - စစ္မႈထမ္းဥပေဒေၾကာင့္ စက္႐ုံအလုပ္သမား ေတြနဲ႔ စက္မႈဇုန္လုပ္ငန္းရွင္ေတြဘက္က စိုးရိမ္ေသာ ကေတြ ျဖစ္ေပၚေနတယ္လို႔ ၾကားသိရတယ္။ ရွင္းျပေပးပါလား။

ကိုေက်ာ္ဝင္းထြန္း (ေ႐ႊေပါက္ကံစက္မႈဇုန္) - လက္ရွိမွာ လုပ္ငန္းရွင္ေတြစိတ္ပူေနတဲ့ ျပႆနာ၊ အလုပ္ သမားေတြစိတ္ပူေနတဲ့ျပႆနာေပါ့။ စိတ္ပူေနၾကတာေတာ့ ႏွစ္ခုရွိတယ္။ ေနာက္တစ္ခါ စစ္မႈ ထမ္းဥပေဒႀကီးက ဘယ္လိုျဖစ္မလဲဆိုတာရယ္၊ ဒါကို ကြၽန္ေတာ္တို႔က အားလုံးစိတ္ပူေနၾကတယ္။ အခုဆိုရင္ အဓိကစိတ္ပူေနတာက သၾကၤန္ၿပီးရင္ ဘာဆက္ျဖစ္မလဲ။ ဘာဆက္ျဖစ္မလဲဆိုတာက စစ္ျဖစ္မွာေတြကို စိတ္ပူေနတာမဟုတ္ဘူး။ သၾကၤန္ၿပီးရင္ ျပန္သြားတဲ့အလုပ္သမားေတြက စက္႐ုံေတြ ကို ျပန္လာပါေတာ့မလား။ ေနာက္တစ္ခါ အထူးသျဖင့္ နယ္ၿမိဳ႕က႐ြာေတြမွာ စာရင္းလိုက္ေကာက္တာ ေတြ ရွိတယ္။ စာရင္းေတြလိုက္ေကာက္ေတာ့ မိဘေတြကေၾကာက္လန႔္ၿပီးေတာ့ ေပၚတာဆြဲေနၿပီဆိုတဲ့ သတင္းေတြကလည္းရွိေတာ့ သူတို႔ သားသမီးေတြကို ျပန္ေခၚၾကတယ္။ အခုဆိုရင္ စက္႐ုံေတြမွာ ဝန္ထမ္းေတြ ထြက္တာအရမ္းမ်ားတယ္။ ကြၽန္ေတာ့္ကုမၸဏီဆိုရင္ အရင္က (၆)လတစ္ရာသီမွ အလုပ္သမား (၂)ရာခိုင္ႏႈန္း (၃)ရာခိုင္ႏႈန္းပဲထြက္တာ။ ကြၽန္ေတာ္တို႔လုပ္ငန္းရဲ႕သဘာဝအရ ဝန္ထမ္း မၿမဲရင္ ကြၽန္ေတာ္တို႔ အဆင္မေျပဘူး။ ဝန္ထမ္းတစ္ေယာက္ကို ကြၽန္ေတာ္တို႔ခန႔္လိုက္တာနဲ႔ ခ်က္ခ်င္းသုံးလို႔မရေသးဘူး။ အနည္းဆုံး (၃) လကေန (၆) လအထိ လစာကို အလကား ေပးထား ရသလိုပဲ ေလ့က်င့္ေပးရတယ္။ တျဖည္းျဖည္းနဲ႔ သူတို႔က လက္သားက်လာေတာ့မွ ကြၽန္ေတာ္တို႔ အတြက္ အက်ိဳးအျမတ္ကျဖစ္လာတာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ေလ့က်င့္ေပးထားတဲ့ ဝန္ထမ္းေတြကို အဆုံးရႈံးမခံႏိုင္ဘူး။ လက္ရာေကာင္းတဲ့စက္႐ုံေတြ၊ အျမတ္အစြန္းရွိတဲ့ စက္႐ုံေတြဆိုတာ ဝန္ထမ္းၿမဲတဲ့စက္႐ုံေတြပဲ။ အခုက်ေတာ့ ဝန္ထမ္းထြက္တာေတြမ်ားလာေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔‌ ေတာ္ေတာ္ေလးအဆင္မေျပျဖစ္တယ္။

Ms.Molly (ေမွာ္ဘီစက္မႈဇုန္) - လက္ရွိအေျခအေနအရ လူစုလို႔မရဘူး။ ဝန္ထမ္းေတြက ထြက္ကုန္ တယ္။ ျပန္စုတာက စုလို႔မရဘူး။ မလာဘူး။ မ်ားေသာအားျဖင့္ နယ္ကိုျပန္ကုန္ၾကတယ္။ နယ္ကိုျပန္တာ ထက္ပိုဆိုးတာက မိဘအိမ္ကိုျပန္တာက လက္ခံလို႔ရတယ္။ အကုန္လုံးက နယ္စပ္ထြက္ေျပးကုန္ၾကတာ။ နယ္စပ္ကေနၿပီးေတာ့ မရရတဲ့နည္းနဲ႔ ႏိုင္ငံျခားကို ထြက္ဖို႔ႀကိဳးစားတယ္။ အဲဒီေတာ့ ကုမၸဏီရဲ႕ လက္ရွိ အခက္အခဲက သၾကၤန္ျပန္ဖြင့္တဲ့အခါက်ရင္ လက္ရွိ ရွိတဲ့ဝန္ထမ္းေတြေကာ ျပန္လာပါ့မလား။ နံပါတ္(၂) လက္ရွိ ရွိတဲ့ဝန္ထမ္းေတြျပန္မလာရင္ လက္ရွိယူထားတဲ့ေအာ္ဒါေတြကိုခ်ဳပ္ဖို႔ အခ်ိန္မီပါ့မလား။ အခ်ိန္မီ ရင္ေတာင္မွ အရင္လိုမ်ိဳး ဆက္ၿပီးလည္ပတ္ႏိုင္ပါဦးမလား။ ေနာက္တစ္ခါ Next Season အတြက္ ေအာ္ဒါ ကို ထပ္ယူဖို႔ကို အရမ္းစဥ္းစားရေတာ့မယ္။ ကြၽန္မတို႔မွာ သတ္မွတ္ထားတဲ့ေန႔မွာမၿပီးရင္ ေလ်ာ္ရတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ခ်ဳပ္ခရတာမွ တစ္ထည္ကို တစ္ေဒၚလာ၊ ႏွစ္ေဒၚလာ ပဲရတယ္။ ႏွစ္ေဒၚလာ ဝန္းက်င္ဆိုတာ အမ်ားဆုံးပဲ။ ကြၽန္မတို႔ျပန္ေလ်ာ္ရတဲ့ အခါက်ရင္ တစ္ထည္လုံးစာေလ်ာ္ရတာ။ ဥပမာ- ဒီအက်ႌကို (၁၀) ေဒၚလာနဲ႔ ဂ်ပန္မွာေရာင္းတယ္။ ျပန္ေလ်ာ္တဲ့အခါဆိုရင္ အဲဒီ (၁၀) ေဒၚလာကို ကြၽန္မတို႔ ေလ်ာ္ရတယ္။ ကြၽန္မတို႔အတြက္က ေတာ္ေတာ္ေလး ကို စိတ္ပူစရာျဖစ္ေနတယ္။ ဒါကေတာ့ ကုမၸဏီကို အရမ္းစိတ္ပူေနတဲ့အခ်က္ေပါ့။

Liu Wei (လႈိင္သာယာစက္မႈဇုန္) - ႏိုင္ငံေတာ္ကို ကာကြယ္ဖို႔ စစ္မႈမထမ္းမေနရ ဥပေဒျပ႒ာန္းတာကို ကြၽန္ေတာ္အားလုံးနားလည္ပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းျပည္ေတြမွာလည္း ျပ႒ာန္းထားတယ္။ ထိုင္ဝမ္ ႏိုင္ငံမွာဆိုပိုဆိုးတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ စစ္မႈထမ္းဥပေဒအ‌ေပၚမွာ ေကာင္းေကာင္းနားလည္ပါတယ္။ ဒါေပမဲ့ စစ္မႈထမ္းဥပေဒဆိုတာ ဘာလဲဆိုတာ ျမန္မာႏိုင္ငံသားေတြကိုယ္တိုင္ နားမလည္ပါဘူး။ ျပ႒ာန္း ထားတဲ့ဥပေဒကို ရွင္းရွင္းလင္းလင္း တိုင္းသူျပည္သားေတြနားလည္ေအာင္ ေနာက္တစ္ခါ ႏိုင္ငံျခားသား လုပ္ငန္းရွင္ေတြနားလည္ေအာင္ အစိုးရအေနနဲ႔ ထုတ္ျပန္ထားျခင္းမရွိဘူး။ အခုကလည္း Facebook မွာ ေရးတာေလာက္ကို ဖတ္ၾကတယ္။ တရားဝင္ထုတ္ျပန္တဲ့ အမိန႔္ေၾကညာစာတမ္းေတြက်ရင္ ႏွစ္ေၾကာင္း ေလာက္ဖတ္ၿပီး ပစ္ထားလိုက္ေရာ။ ေက်ာ္ပစ္လိုက္ေရာ။ အဲဒီအေပၚမွာ အဓိကနားမလည္တာပဲ။ ႏိုင္ငံ ေတာ္အစိုးရအေနနဲ႔ လူေတြအဓိက နားလည္ေအာင္ ပညာေပးေတြ ဘာေတြလုပ္ေပးသင့္တာေပါ့။ အခုက ဘာမွမလုပ္ေပးဘူး။အဲဒီလိုဆိုေတာ့ လူထုအေနနဲ႔လုံၿခဳံစိတ္ခ်မႈမရွိေတာ့ဘူး။ ဝန္ထမ္းေတြအေနနဲ႔လည္း လုံၿခဳံစိတ္ခ်မႈမရွိေတာ့ဘူး။ အဲဒါေၾကာင့္မလို႔ စစ္မႈထမ္းဥပေဒထုတ္ျပန္ၿပီးတဲ့ေနာက္ပိုင္းမွာ တ႐ုတ္- ျမန္မာ နယ္စပ္၊ ထိုင္း- ျမန္မာနယ္စပ္ကို ေျပးၾကတဲ့လူေတြမ်ားတယ္။ အေျခခံလူတန္းစားေတြေပါ့။ ကြၽန္ ေတာ္တို႔ကုမၸဏီမွာလည္းရွိတယ္။ ႐ုံးဝန္ထမ္းေတြဆို အလယ္တန္းစားေလာက္ရွိတယ္ေလ။ အဲဒီလူေတြ ကေတာ့ ဂ်ပန္တို႔၊ စင္ကာပူတို႔ကို သြားဖို႔ ႀကိဳးစားၾကတယ္။ ေနာက္တစ္ခါ ဝန္ထမ္းကေလးေတြဆီကေန ျပန္ၾကားရတာေတြရွိတယ္။ ဘာလဲဆိုေတာ့ သၾကၤန္ၿပီးတာနဲ႔ နယ္မွာရွိတဲ့မိဘေတြဆီကို ျပန္ၿပီးရင္ မိဘ ကိုႏႈတ္ဆက္ၿပီးတာနဲ႔ ႏိုင္ငံျခားကိုသြားေတာ့မယ္။ ထိုင္း- ျမန္မာနယ္စပ္တို႔၊ တ႐ုတ္- ျမန္မာနယ္စပ္တို႔ အခုေလာက္ကိုင္ဆိုရင္ ျပန္ေခၚေနၿပီၾကားတယ္။ေလာက္ကိုင္ကိုသြားခ်င္ေနတဲ့သူေတြလည္းရွိၾကတယ္။ အဓိကက ရန္ကုန္မွာရွိေနတာကိုက သူတို႔အတြက္ဘဝလုံၿခဳံမႈမရွိေတာ့ဘူးလို႔ သူတို႔ခံစားၾကရတယ္။ ေနာက္တစ္ခါ တိုင္းျပည္တစ္ျပည္ရဲ႕ စီးပြားေရးကို အေထာက္အပံ့ျပဳထားတဲ့ ေထာက္တိုင္ႀကီးေတြ အမ်ား ႀကီးရွိတယ္။စက္မႈလက္မႈလုပ္ငန္းေတြ၊စိုက္ပ်ိဳးေရးလုပ္ငန္းေတြအမ်ားႀကီးရွိတယ္။ ေက်ာက္မ်က္ရတနာ လုပ္ငန္းေတြ၊ သတၱဳတြင္းလုပ္ငန္းေတြလည္းရွိတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားဝင္ေငြအမ်ားဆုံးရွာ ေပးေနတဲ့လုပ္ငန္းက အထည္ခ်ဳပ္လုပ္ငန္းပဲ ရွိပါတယ္။ ေက်ာက္မ်က္ရတနာဆိုတာလည္း ႏိုင္ငံေတာ္ အစိုးရက တရားဝင္အခြန္ရရွိမႈဆိုတာ ခိုးထြက္တာနဲ႔ယွဥ္ရင္ အရမ္းနည္းတယ္။ အထည္ခ်ဳပ္ေတြ ျမန္မာ ျပည္မွာလာၿပီး ရင္းႏွီးၾကတယ္။ ျမန္မာျပည္မွာ အသက္ငယ္တဲ့ဝန္ထမ္းမ်ားတယ္။ လုပ္ခလစာ သက္သာ တယ္။ ဒါေၾကာင့္ ျမန္မာျပည္မွာ ေဒၚလာသန္းနဲ႔ခ်ီၿပီး ရင္းႏွီးျမႇဳပ္ႏွံၾကတာ။ အဲဒီႏွစ္ခုလုံးထဲက တစ္ခ်က္ ခ်က္ ယိုယြင္းပ်က္စီးသြားၿပီဆို လာၿပီး ရင္းႏွီးျမႇဳပ္ႏွံေနတဲ့အဓိပၸာယ္က ဘာမွမရွိေတာ့ဘူး။ အခုဆိုလည္း လစာတိုးပါတယ္။ တရားဝင္ျပ႒ာန္းေပးထားတာက ၄၈၀ဝ က်ပ္။ တကယ့္တကယ္ ကြၽန္ေတာ္တို႔ေပးေန တာက ၇၉၀ဝ ေပးတယ္။ ကြၽန္ေတာ္တို႔ဆီက ဝန္ထမ္းတစ္ေယာက္ရဲ႕လစာက အနည္းဆုံးတစ္လကို ၃၅၀ဝဝဝ ကေန ၄၀ဝဝဝ ၾကားမွာရွိတယ္။ အနိမ့္ ဆုံးဝန္ထမ္းတစ္ေယာက္ေပါ့။ ဒါေပမဲ့ အဲဒီဝန္ထမ္း တစ္ေယာက္ရဲ႕ေန႔လယ္စာ ထမင္းဘူးကိုဖြင့္ၾကည့္ရင္ ဘဲဥတစ္ျခမ္းပဲပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ေကာ တိုးမေပးခ်င္ဘူးလား။ တိုးေပးခ်င္တာေပါ့။ ဒါေပမဲ့ အျပင္မွာေပါက္ေနတဲ့ ေဒၚလာေပါက္ေဈး ၃၆၀ဝ။ ကြၽန္ေတာ္တို႔ကိုျဖတ္ခ်တာက ၂၈၀ဝ နဲ႔ ၂၉၀ဝ မွာရွိတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ တိုးေပးႏိုင္တဲ့ အေျခအ ေနမရွိဘူး။ မီးျပႆနာကလည္း ေတာ္ေတာ္ေလးအေျခ အေနဆိုးတယ္။ မျမင္ရတဲ့ကုန္က်စရိတ္ေတြမ်ား လြန္းတဲ့အတြက္ မတိုးေပးႏိုင္တာေပါ့။ အဲဒါဆိုရင္ ကြၽန္ေတာ္တို႔က ျပန္ထြက္သြားရေတာ့မွာလား။ အလုပ္ သမားမရွိရင္ေတာ့ ျပန္ထြက္သြားဖို႔ပဲရွိေတာ့တယ္။ ဘာမွလုပ္ဖို႔ နည္းလမ္းမရွိေတာ့ဘူး။

ေမး - သၾကၤန္ကာလအတြက္ကို စိုးရိမ္တယ္ဆိုတာကို အက်ယ္တဝင့္ေျပာျပေပးပါလား။

ကိုေက်ာ္ဝင္းထြန္း - အရင္ႏွစ္ေတြလည္း ဒါမ်ိဳးေတြက ႏွစ္တိုင္းရွိၾကပါတယ္။ သၾကၤန္ၿပီးသြားရင္ ဥပမာ-ကြၽန္ေတာ္စက္႐ုံနားမွာ ေနာက္ထပ္စက္႐ုံ တစ္ခုက လာဖြင့္ထားတယ္။ စဖြင့္ၿပီဆိုရင္ အထည္ ခ်ဳပ္ေတြရဲ႕ထုံးစံက လစာကိုအရမ္းေပးပစ္ၾကတယ္။ ေပးၿပီးေတာ့ လူေခၚၿပီးေတာ့မွ အဲဒီထဲကေန ဆန္ခါ တင္ျပန္ေ႐ြးလိုက္တာေပါ့။ (၃)လအတြင္း ျပန္ျဖဳတ္ခ် ခြင့္ရွိတယ္။ ပုံမွန္ကေတာ့ တစ္ႏွစ္ကို တစ္ခါ ေလာက္ ေတာ့ရွိတယ္။ ျဖစ္တတ္တယ္။ ျဖစ္တဲ့ေနရာလည္း ရွိသလို မျဖစ္တဲ့ေနရာလည္းရွိတယ္။ ဒါေပမဲ့ ဒီႏွစ္ကိုေတာ့ အကုန္လုံးပိုၿပီးေတာ့ စိတ္ပူတယ္။ ဘာျဖစ္လို႔ ပိုၿပီးစိတ္ပူလဲဆိုေတာ့ အရင္တုန္း ကဆိုရင္ သူ႔စက္႐ုံဆို(ေမွာ္ဘီ) လူ(၁၀ဝဝ)ေလာက္ရွိတယ္။ အခုဆိုရင္ (၄၅၀)ပဲရွိေတာ့တယ္။ အထည္ ေတြကို ဘယ္လိုမွ သူမႏိုင္ေတာ့ဘူး။ အထည္ကို မခ်ဳပ္ႏိုင္ဘူး။ (လႈိင္သာယာ)သူ႔ဆီမွာဆိုရင္ (၆၀ဝ) ပဲ က်န္ေတာ့တယ္။ တစ္လကို (၁၀) ရာခိုင္ႏႈန္းထြက္ ထြက္ကုန္တာ။ ႏွစ္လ၊ သုံးလအတြင္းကို ျဖစ္သြား တာ။ အရင္တုန္းက ၁၀ ရာခိုင္ႏႈန္းထြက္သြားရင္ ၁၀ ရာခိုင္ႏႈန္းျပန္ဝင္လာတယ္။ အခုက ျပန္ဝင္ မလာေတာ့ ကြၽန္ေတာ္တို႔က ဒုကၡေရာက္တယ္။ ကြၽန္ေတာ္တို႔ အဓိကစိုးရိမ္တာက သၾကၤန္ၿပီးရင္ ဘာေတြျဖစ္ကုန္ၾကမွာလဲ။ လုပ္ငန္းရွင္ေတြအေနနဲ႔ကေတာ့ ဒီႏိုင္ငံမွာလုပ္လို႔မရရင္ တျခားႏိုင္ငံ သြားရွာမွာပဲ။ က်န္ခဲ့တဲ့ ျမန္မာျပည္က ဝန္ထမ္းေတြက ဘာဆက္ျဖစ္ကုန္မလဲ။

ေမး - စစ္မႈထမ္းဥပေဒထြက္တဲ့အခ်ိန္မွာ အထည္ ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းလည္းရွိတယ္။ သက္ဆိုင္ ရာဝန္ႀကီးဌာနေတြလည္းရွိတယ္။ သူတို႔နဲ႔ေကာ အျပန္အလွန္စကားေျပာၾကည့္လား။ သူတို႔ဘက္က ေကာ ဘာေတြတုံ႔ျပန္တာရွိလဲ။

ကိုေက်ာ္ဝင္းထြန္း - ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းကို ကြၽန္ေတာ္တို႔ သတင္းမပို႔ ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔သတင္းပို႔လည္း ဘာမွမလုပ္ေပးပါဘူး။ ဒီကိစၥတစ္ခုတည္းမွ မဟုတ္ဘူး။ အရင္တည္းက ဒီတိုင္းပဲ။ ဘာဆိုဘာမွ မလုပ္ေပးဘူး။ စက္မႈဝန္ႀကီးဌာနအေနနဲ႔လည္း အေၾကာင္းၾကားတာမ်ိဳးမရွိပါဘူး။ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းဆိုတာက သူတို႔ေခါင္းထဲမွာရွိတာ က Import၊ Export မွာ လက္မွတ္ထိုးေပးမယ္။ ႏွစ္စဥ္ေၾကးေကာက္မယ္။ ကြၽန္ေတာ္လုပ္ခ်င္လို႔ ေျပာေနတာလည္း မဟုတ္ဘူး။ လုပ္လည္းမလုပ္ႏိုင္ဘူး။ တကယ္အထည္ခ်ဳပ္လုပ္ငန္း လုပ္တဲ့သူတစ္ ေယာက္ အိပ္ခ်ိန္ေတာင္မွ (၆) နာရီေလာက္ပဲရွိတာ။ အရမ္းပင္ပန္းတယ္။ ဝန္ထမ္းေတြတင္ ပင္ပန္းတာ မဟုတ္ဘူး။ ကိုယ့္အလုပ္နဲ႔ကိုယ္ေတာင္ ခ်ာခ်ာလည္ေနတာ။ လုပ္ငန္းရွင္မ်ားအသင္းမွာသြားၿပီးေတာ့ ထိုင္ၿပီး ဆရာႀကီးလုပ္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

ေမး - ဒါဆိုရင္ လက္ရွိတည္ဆဲအစိုးရကို စစ္မႈ ထမ္းဥပေဒနဲ႔ဆက္စပ္ၿပီး လုပ္ငန္းရွင္ေတြဘက္က စိတ္ပူေနတာကို တစ္ခုခုေျပာရရင္ ဘာလုပ္ေပးေစ ခ်င္လဲ။
Ms.Molly - ကြၽန္မအေနနဲ႔ေျပာရရင္ေတာ့ ႏွစ္ခ်က္ရွိတယ္။ စစ္မႈမထမ္းမေနရဆိုတာကို နား လည္တယ္။ ဒါေပမဲ့ စစ္မႈထမ္းဥပေဒကိုနားလည္ေအာင္ ႏိုင္ငံေတာ္ကေနၿပီးေတာ့ ရွင္းျပေပးေစခ်င္ တယ္။ စက္႐ုံေတြမွာလာၿပီးေတာ့ ရွင္းျပေပးေစခ်င္တယ္။ ဒီလို ဒီလို အေျခအေနေတြေၾကာင့္မွသာလွ်င္ စစ္မႈထမ္းရမယ္။ ႏိုင္ငံေတာ္ရဲ႕ေထာက္တိုင္ေတြျဖစ္တဲ့ စီးပြားေရးက႑ေတြမွာပါတဲ့လုပ္ငန္းေတြမွာ အ လုပ္လုပ္ ေနတဲ့လူေတြကို အတတ္ႏိုင္ဆုံးသက္သာခြင့္ေပးမယ္တို႔၊ လုံးဝမသက္သာဘူးဆိုရင္ေတာင္ ခ်က္ခ်င္းမဟုတ္ဘူးဆိုတာမ်ိဳးကိုေပါ့။အခုလည္း ခ်က္ခ်င္းႀကီး မဟုတ္ပါဘူး။ သူတို႔လည္းမေခၚႏိုင္ပါဘူး။ ေၾကညာထားပါတယ္။ တစ္ႏွစ္မွလူ(၆၀ဝဝဝ)ပါ။ ေနရာလည္းမရွိပါဘူး။ ဒါေပမဲ့ အကုန္လုံးထင္ေနတာက မနက္ျဖန္ပဲလာေခၚေတာ့မလိုလိုျဖစ္ေနတာ။ ေနာက္တစ္ခါ ေပၚတာဆြဲတယ္ဆိုတဲ့ ေကာလာဟလေတြ ေပါ့။ ကြၽန္မတို႔ျဖစ္ေစခ်င္တာက ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉး အဆင့္ေလာက္ကို မလႊတ္ပါနဲ႔ အလကားပဲ။ လာမယ္ဆိုရင္ တပ္ကလူႀကီး ဗိုလ္ႀကီး၊ ဗိုလ္မႉးေလာက္အဆင့္ ဆိုရင္ကိုရတယ္။ ေသခ်ာလာၿပီးရွင္းျပ။ ဒါမ်ိဳးကိုျဖစ္ေစခ်င္တာ။ အဲဒါကိုလည္း record ယူၿပီးေတာ့ ႏိုင္ငံေတာ္မီဒီယာေတြမွာ တရားဝင္ထုတ္လႊင့္ ေပး။ ဒါဆိုရင္ ဝန္ထမ္းေတြအေနနဲ႔ အနည္းငယ္စိတ္သက္သာရာရမယ္။ အခုကေတာ့ ဘယ္သူမွလည္း လာမေျပာဘူး။ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက လာေျပာလည္း ဘယ္သူမွမယုံဘူး။ စစ္တပ္ယူနီ ေဖာင္းဝတ္ၿပီးသာလာခဲ့။ဗိုလ္ခ်ဳပ္အဆင့္ေတြ၊တိုင္းမႉးအဆင့္ေတြလာဖို႔မလိုပါဘူး။ကြၽန္ေတာ္တို႔ ေတာင္း ဆိုတာက ဗိုလ္ႀကီး၊ ဗိုလ္မႉးအဆင့္ေလာက္ေတြလာ၊ ယူနီေဖာင္းဝတ္ၿပီး ေသခ်ာစကားေျပာေပး။ ဒါဆိုရင္ လူ ေတြစိတ္ထဲမွာ အနည္းငယ္သက္သာရာရမယ္။

ေမး - အစိုးရအေနနဲ႔က စက္မႈဇုန္ေတြ၊ လုပ္ငန္း ကုမၸဏီအႀကီးႀကီးေတြကို ဝန္ထမ္းစာရင္းဇယားေတြ ယူၿပီးေတာ့ ဒီလူေတြကေတာ့ စစ္မႈထမ္းမွာ ပထမ အသုတ္မွာ ကင္းလြတ္ခြင့္ျပဳထားတယ္ဆိုတဲ့ ဟာမ်ိဳး ေတြ ညႇိႏႈိင္းလိုက္ရင္ေကာ ထြက္ေပါက္တစ္ခုျဖစ္လာမလား။
ကိုေက်ာ္ဝင္းထြန္း - ဒါကေတာ့ အေကာင္းဆုံး ထြက္ေပါက္ပဲ။ အဲဒါမ်ိဳးလုပ္ေပးရင္ေတာ့ ကြၽန္ေတာ္ တို႔အတြက္ အေကာင္းဆုံးပဲ။ ဒါေပမဲ့ လုပ္ေပးမွာေတာ့ မဟုတ္ပါဘူး။ မျဖစ္ႏိုင္ပါဘူး။ အဲဒါမ်ိဳးလုပ္ေပးလိုက္ရင္ ကြၽန္ေတာ္တို႔ လူရွာစရာမလိုေတာ့ဘူး။ သူ႔ဘာသာ သူကို လာေတာ့မွာ။
ေဒၚစႏၵာမင္း - UMFCCI ဥကၠ႒ေတြက လုပ္ေပးရေတာ့မွာ။ UMFCCI ကေတာ့ အသင္းျဖစ္တဲ့အတြက္ သူ႔ေအာက္မွာလည္း အသင္းေတြအမ်ားႀကီးရွိတယ္ေလ။ ဒီအထည္ခ်ဳပ္ဆိုတာကလည္း အသင္းတစ္ခုပဲ။ ဒီဥကၠ႒ေတြက သိရေတာ့မယ္ေလ။ သူတို႔ကအလုပ္သမားက႑‌ေတြလည္း ကိုင္ထားတာျဖစ္တဲ့အတြက္ သူတို႔ ဘယ္လိုလုပ္ေတာ့မလဲဆိုတဲ့ ဟာမ်ိဳးကိုေျပာေစခ်င္တယ္။ ထားပါေတာ့ အစိုးရဝန္ထမ္းဆိုရင္ သူ႔ ဘာသာသူ အလွည့္က် ပါပါ မပါပါျပႆနာမရွိဘူး။ အစိုးရက႑ဘက္ကိုမၾကည့္ဘဲနဲ႔ ပုဂၢလိက က႑ ဘက္ကိုၾကည့္မယ္ဆိုရင္ညႇိႏႈိင္းရမယ့္အခ်က္ျဖစ္တယ္။ အသင္းေတြရဲ႕ ဥကၠ႒ေတြနဲ႔စကားေျပာရေတာ့မွာ။UMFCCI ေအာက္မွာ က႑ေတြအမ်ားႀကီးဖြဲ႕ထားတယ္။ ဒီအသင္းလုပ္ငန္း ရွင္ႀကီးေတြက အစိုးရနဲ႔ ‌ေဆြးေႏြးဖို႔လိုအပ္တယ္။ အလုပ္သမားေတြ အလုပ္မျပဳတ္သြားေအာင္၊ ႏိုင္ငံရဲ႕ကုန္ထုတ္လုပ္ငန္းအင္အား မက်ဆင္းေအာင္ေတာ့ စကားေျပာဖို႔လိုအပ္ၿပီဆိုတာကို ေခါင္းထဲကိုထည့္ဖို႔ လိုၿပီ။ ခုခ်ိန္ထိ သူတို႔က တာဝန္ယူမႈ တာဝန္ခံမႈမရွိဘဲနဲ႔လုပ္ေနၾကတာေလ။ စက္႐ုံေတြတစ္ခုခ်င္းစီကလည္း အစိုးရကို ေျပာလို႔ မရဘူး။ အသင္းေတြကပဲ ဦး‌ေဆာင္ၿပီးေျပာရမွာ။ ဝန္ႀကီးဌာနေအာက္မွာဆိုရင္ အသင္းကပဲ ဦးေဆာင္ၿပီး ေျပာရတာ။ လုပ္ငန္းရွင္ေတြရဲ႕ အသင္းဥကၠ႒ေတြမွာ တာဝန္ရွိတယ္ဆိုတာ ေခါင္းထဲကိုထည့္ထားပါ။ အ လုပ္သမားေတြ ႏိုင္ငံျခားကို ဒီေလာက္ထြက္ေျပးတယ္ဆိုတာ အသင္းဥကၠ႒ေတြ ညံ့လို႔။ တိုင္းျပည္မွာ မူဝါဒ တစ္ခုေျပာင္းၿပီဆိုရင္ ဒီမူဝါဒနဲ႔ ကိုယ့္ေအာက္မွာရွိတဲ့လူေတြနဲ႔ တကယ္ကိုက္ညီမႈျဖစ္လား မျဖစ္ လားဆိုတာကို မူဝါဒကေတာ့ ျပ႒ာန္းလိုက္ၿပီ ဒါကို ျပန္႐ုပ္သိမ္းလို႔မရဘူး။ ဒါေပမဲ့ ဘယ္လို အဆင္ေျပ ေအာင္ဆက္သြားမလဲဆိုတာေတာ့ တာဝန္ခံၿပီးေတာ့ ဦး‌ေဆာင္ၿပီးေျပာရမယ္၊ ညႇိရမယ္။ ျပည္သူ႔ စစ္မႈထမ္းဥပေဒကို ျပ႒ာန္းေတာ့မယ္ဆိုရင္ အစိုးရိမ္ဆုံးကေတာ့ တိုင္းျပည္ရဲ႕ေထာက္တိုင္တစ္ခုျဖစ္တဲ့ ကုန္ထုတ္လုပ္မႈလုပ္ငန္းေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့အလုပ္သမားေတြ၊ တျခားဌာနအသီးသီးမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ အလုပ္သမားေတြ၊ ဝန္ထမ္းေတြအေနနဲ႔ ေၾကာက္လန႔္ၿပီးေတာ့ ႏိုင္ငံျခား ေတြကို ထြက္ေျပးသြားတယ္ဆိုလို႔ရွိရင္ ကြၽန္မတို႔ရဲ႕ကုန္ထုတ္လုပ္ငန္း ဘယ္ေလာက္က်မယ္ဆိုတဲ့ဟာကို သက္ဆိုင္ရာလူႀကီးမင္းေတြသိဖို႔လိုအပ္တယ္။ သတိျပဳဖို႔လိုအပ္တယ္ဆိုတာကို ကြၽန္မေျပာခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့အခုကုန္ထုတ္လုပ္ငန္းေတြမွာအလုပ္နဲ႔အကိုင္နဲ႔လုပ္ကိုင္ေနတဲ့လူငယ္ေတြ အားလုံး ဟာ အခုအခ်ိန္မွာေတာ့ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ သူတို႔ကိုသက္သာခြင့္ေပးဖို႔ လိုအပ္တယ္။ ဒါ့ျပင္ တျခားအသိပညာရွင္၊ အတတ္ပညာရွင္ေတြအေနနဲ႔ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ဝန္ထမ္းေတြအေနနဲ႔ လည္း သူတို႔ကို ျပည္သူ႔စစ္မႈထမ္းဥပေဒကေန အခုခ်ိန္မွာ သက္သာခြင့္ေပးဖို႔လိုအပ္တယ္။ အခုပထမ ဆုံးအႀကိမ္မွာေရာ၊ ဒုတိယအႀကိမ္မွာေရာ၊ တတိယအႀကိမ္ေတြမွာလည္း သူတို႔ဟာပါဖို႔မသင့္ေသးဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္မတို႔ႏိုင္ငံရဲ႕ စီးပြားေရးက႑ရဲ႕ ေထာက္တိုင္တစ္ခုမွာလုပ္ေနတဲ့လူေတြဟာ သူတို႔မွာ အမွန္တကယ္ ဝန္ထမ္းေတြအေနနဲ႔ အလုပ္ေတြရွိေနတယ္ဆိုရင္ သူတို႔ကိုေလာေလာဆယ္မွာ ေတာ့ သက္သာခြင့္ေပးသင့္တယ္။ ကြၽန္မတို႔ တိုင္းျပည္ဟာ စီးပြားေရးကို ပုံမွန္လည္ပတ္ေနတယ္ဆိုတဲ့ အခ်ိန္တစ္ခုေရာက္ရင္ေတာ့ အဲဒီဥပေဒအရ အသက္(၄၀)မျပည့္ခင္အခ်ိန္အထိ တစ္ခ်ိန္ခ်ိန္မွာေတာ့ တိုင္းျပည္ရဲ႕တာဝန္ကို ထမ္းေဆာင္ရမယ္ဆိုတာေတာ့ နားလည္ပါတယ္။ ဒါေပမဲ့ အခုလို ကာလမွာေတာ့ ႏိုင္ငံရဲ႕အႀကီးအကဲေတြအေနနဲ႔ ဝန္ထမ္းေတြ ေၾကာက္လန႔္ၿပီးေတာ့ထြက္ေျပးမသြား‌ေအာင္ စက္႐ုံ၊ အ လုပ္႐ုံေတြမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမားဝန္ထမ္းေတြ ေၾကာက္႐ြံ႕မသြားေအာင္၊ ႏိုင္ငံျခားကို ထြက္ ေျပးသြားတာေတြမျဖစ္ေအာင္ သတိထားဖို႔လိုအပ္တယ္။ ဒါေတြအားလုံးကို အခုခ်ိန္မွာ ျပည္သူ႔ စစ္မႈထမ္း ဥပေဒအရ ေခၚေဆာင္တယ္ဆိုတဲ့ဟာမ်ိဳးေတြကို မလုပ္ဖို႔လိုအပ္တယ္။ ဒါမွသာလွ်င္ က်ဆင္းေနတဲ့ ကုန္ ထုတ္လုပ္မႈလုပ္ငန္းေတြ ထပ္ၿပီးေတာ့ မက်သြားဘူးဆိုတာကို ကြၽန္မအေနနဲ႔ျမင္ပါတယ္။ ဒါကိုလည္း ႏိုင္ငံေတာ္အႀကီးအကဲအေနနဲ႔ စဥ္းစား ဆုံးျဖတ္ႏိုင္ေစဖို႔ အႀကံျပဳတင္ျပခ်င္ပါတယ္။

ေမး - စက္မႈဇုန္ကလူေတြ စိတ္ပူေနတာေလး ေျပာျပ ပါဦး။ အလုပ္သမားဝန္ႀကီးက လာရွင္းျပတယ္လို႔ လည္းၾကားတယ္။
စက္မႈဇုန္ဥကၠ႒တစ္ဦး (လႈိင္သာယာ) - ဝန္ႀကီး ႏွစ္ေခါက္၊ သုံးေခါက္ရွိၿပီလာတယ္။ ဒီကိစၥေတြကို ထုတ္ေဖာ္မေျပာပါနဲ႔လို႔ေျပာတယ္။ ကြၽန္ေတာ္ေျပာတာက ဒါတရားဝင္လုပ္တဲ့ကိစၥေလ။ တရားဝင္အသိ ေပးရမယ့္ကိစၥကို အသိမေပးခိုင္းဘူး။ တိုးတိုးတိတ္တိတ္လုပ္ပါတဲ့။ တစ္ခါတေလ က်ေတာ့လည္း ေျပာင္းျပန္ေတြျဖစ္ေနသလားလို႔။ ကြၽန္ေတာ္တို႔မွာ ဒီလူေတြကို ထိန္းထားလိုက္ရတာ ဗ်ာ။ ရန္ကုန္တိုင္း စက္မႈဇုန္ (၂၉)ဇုန္မွာ လူ(၇၀ဝဝဝဝ)(၈၀ဝဝဝဝ) ရွိတယ္။ က်န္ခဲ့တဲ့ေဖေဖာ္ဝါရီက ဗိုလ္ခ်ဳပ္မႉးႀကီး လာတယ္ေလ။ ခင္ဗ်ားတို႔ထိန္းထားေပးလို႔ ဒီလူေတြၿငိမ္ေနတာလို႔ေျပာတယ္။ လႈိင္သာယာကို ပို တိုးတက္ေအာင္လုပ္ေပးမယ္လို႔ သူေျပာလာတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဝမ္းသာေနတာေပါ့။ စက္မႈဇုန္ ေတြဖြံ႕ၿဖိဳးေတာ့မယ္။ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးလာတယ္။ စက္မႈကုန္ၾကမ္းေတြသြင္းခြင့္ေပးလာၿပီ။ အလုပ္ သမားေတြအလုပ္ေတြရေအာင္ကြၽန္ေတာ္တို႔လုပ္လိုက္တဲ့အခါက်ေတာ့ ေအာ္ဒါေတြအလွ်ံပယ္ျဖစ္လာၿပီ။ စက္႐ုံတစ္႐ုံ ကို (၄၀ဝ)(၅၀ဝ)(၁၀ဝဝ) အလုပ္သမားေတြလိုလာၾကၿပီ။ ကြၽန္ေတာ္တို႔စက္မႈဇုန္မွာဆိုရင္ ဆိုင္းဘုတ္ေတြအႀကီးအက်ယ္ပဲ။ ဘာေၾကာင့္လဲ ေအာ္ဒါ ေကာင္းတာကို။ ဘဂၤလားေဒ့ရွ္မွာ ျပႆနာ တက္လိုက္တဲ့အခါက်ေတာ့ အဲဒီမွာက အလုပ္သမားခကို ႏွစ္ဆတိုးေတာင္းတယ္ေလ။ အဲဒီလိုမ်ိဳးေတြ ရွိေတာ့ ေအာ္ဒါေတြက ဒီဘက္ကိုဆင္းလာတာေပါ့။ ကြၽန္ေတာ္တို႔က လုပ္လာတာ ႏွစ္(၂၀)(၃၀)ရွိေနၿပီ။ ကြၽန္ေတာ္တို႔အပိုင္း ကြၽန္ေတာ္တို႔ တာဝန္ယူၿပီးေတာ့ တိုးတိုးတိတ္တိတ္နဲ႔လုပ္ေနၾကတာေပါ့။ အခု ဘယ္ ေလာက္ထိ ဆိုးလာလဲဆိုေတာ့ Made in Myanmar ေတာင္တပ္ခြင့္မေပးေတာ့ဘူး။ တျဖည္းျဖည္းနဲ႔ က်ပ္လာၿပီ။ ႏိုင္ငံျခားကေနၿပီးေတာ့ Made in Myanmar လို႔ ေအာ္ဒါတပ္ခြင့္မေပးဘူး။ တျခားႏိုင္ငံ တံဆိပ္နဲ႔ တပ္ၿပီးခ်ဳပ္ေနရၿပီ။ တခ်ိဳ႕စက္႐ုံေတြေပါ့။ အဓိကက ႏိုင္ငံေရးကိုႏြယ္ၿပီး ဒုကၡေပးတဲ့ကိစၥေတြက ကြၽန္ေတာ္တို႔က တိုးတိုးတိတ္တိတ္နဲ႔ေျဖရွင္းေနၾကတာေလ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔က အလုပ္သမားေတြကို ေခါင္းစဥ္တပ္ၿပီးလုပ္တဲ့အခါက်ေတာ့ အလုပ္သမားေတြပါလာေတာ့ ဟိုဘက္က လည္း ယတိျပတ္မလုပ္ရဲဘူး။ ဒီအခြင့္အေရးေလးေပၚမွာ ကြၽန္ေတာ္တို႔ကေပ်ာ္ေနတဲ့အခ်ိန္ ဒီဟာႀကီး လုပ္ခ်လိုက္တဲ့အခါက်ေတာ့ ရွိသမွ်‌‌ေယာက်ာ္းမွန္သမွ်က ခက္ၿပီေလ။ ဟိုေန႔ကေတာ့ သေဘာတူညီ ခ်က္တစ္ခုရလိုက္တယ္။ ႏိုင္ငံသားကတ္ရယ္၊ အလုပ္သမားကတ္ရယ္၊ ကုမၸဏီကေပးတဲ့ကတ္ရယ္ ကတ္ သုံးကတ္ကို အၿမဲထည့္ထားပါ။ အဲဒီသုံးကတ္ရွိတဲ့သူကို ကာကြယ္ေပးမယ္ဆိုၿပီးျဖစ္လာတယ္။ ဝန္ႀကီး ကိုယ္တိုင္ေျပာတယ္။ အလုပ္သမားဝန္ႀကီးေျပာတာ။ သူကဗဟိုေကာ္မတီမွာ သူပါတယ္။ စစ္မႈထမ္း ဥပ ေဒရဲ႕ စစ္သားစုေဆာင္းေရးထဲမွာသူလည္းပါတယ္။ ဒုဝန္ႀကီးကလည္း အဖြဲ႕ဝင္အေနနဲ႔ပါတယ္။ ဝန္ႀကီး ကေတာ့ ဗဟိုေကာ္မတီမွာ ပါတာေပါ့။ အလုပ္အကိုင္အခြင့္အလမ္းရွိတဲ့သူေတြ၊ ေနာက္ပညာတတ္ေတြ ကို ခဏေပါ့။ ဒါေပမဲ့ ေအာက္မွာက ထင္တိုင္းႀကဲေနၾကတာေလဗ်ာ။ အေပၚကခိုင္းတဲ့အတိုင္း လုပ္ရတဲ့ အခါက်ေတာ့ တခ်ိဳ႕ကလည္း တစ္စိတ္ကိုတစ္အိတ္လုပ္တဲ့အခါက်ေတာ့ ပိုဆိုးကုန္တာ။ အကုန္လုံး ပြက္ေလာေတြ႐ိုက္ၿပီး မိဘေတြ အိပ္မေပ်ာ္စားမရေတြျဖစ္ေနတာ။ ကြၽန္ေတာ္တို႔စက္မႈဇုန္မွာဆို တစ္ေန႔ တစ္ေန႔ ဒါပဲရွင္းေနရတာ။ ကြၽန္ေတာ္ ေၾကာက္တာကေတာ့ ခါတိုင္းႏွစ္ေတြလိုပဲ သၾကၤန္ျပန္ၿပီးေတာ့ ျပန္မလာေတာ့တဲ့အခါက်ရင္ အကုန္လုံးငုတ္တုတ္ေမ့ကုန္မွာပဲစိုးတာ။ မိဘေတြက အရမ္းစိုးရိမ္ၾက ၿပီ ေလ။ကြၽန္ေတာ္တို႔ကေတာ့ စက္မႈဇုန္ေတြမွာလုပ္ေနတဲ့အေၾကာင္း စက္မႈဇုန္ေထာက္ခံခ်က္ေတြ ေတာက္ ေလွ်ာက္ေပးေနရၿပီ။ ဒါေလးေတြေပးရင္းနဲ႔ သြားဖို႔လာဖို႔ျဖစ္တဲ့အခါက်ေတာ့ သၾကၤန္ဆိုရင္ ျပန္ၾကၿပီေလ၊ ကြၽန္ေတာ္တို႔ဓေလ့က။ ကိုယ့္မိဘဆီကို ျပန္ကန္ေတာ့ၾကတဲ့အခါက်ေတာ့ လမ္းမွာလည္း ေခ်ာေခ်ာ ေမြ႕ေမြ႕ျဖစ္ေအာင္ ၿပီးရင္လည္း ေခ်ာေခ်ာေမြ႕ေမြ႕ျပန္လာလို႔ရေအာင္ကို နည္းလမ္းေပါင္းစုံေတာ့ လိုက္ၿပီး လုပ္ေနရတယ္။ ၁၀ဝ ရာခိုင္ႏႈန္း တာဝန္ယူမလားဆိုတာက်ေတာ့ ကြၽန္ေတာ္တို႔လည္း မေျပာရဲဘူး။ ကြၽန္ ေတာ္တို႔မွာ ေတာ္ေတာ္ေတာ့ ဒုကၡေရာက္ေနတာေလ။ ႏိုင္ငံသားကတ္ရယ္၊ အလုပ္သမားကတ္ရယ္၊ ကုမၸဏီကေပးတဲ့ကတ္ရယ္ ကတ္သုံးကတ္ကိုေတာ့ ဘယ္သြားသြားေဆာင္ထားပါ။ အဲဒီသုံးကတ္ရွိရင္ ေတာ့ လက္လြတ္စပယ္မလုပ္ပါဘူး။ စစ္မႈထမ္းဥပေဒကို ကြၽန္ေတာ္တို႔ မဆန႔္က်င္ပါဘူး၊ နားလည္ ပါတယ္။ ဒါေပမဲ့ ဆိုင္းငံ့အေနနဲ႔လုပ္ေပးလို႔ရတယ္ဆိုတဲ့ သေဘာေပါ့ဗ်ာ။ လမ္းမွာေတြ႕တဲ့သူေတြကိုေတာ့ မေခ်မငံေတာ့မေျပာၾကနဲ႔ေပါ့။ ကြၽန္ေတာ္တို႔ကို စက္႐ုံအလုပ္႐ုံေတြမွာ လာရွင္းျပထားပါတယ္။ ကြၽန္ ေတာ္တို႔ နားလည္ပါတယ္။ အခ်ိန္တန္ရင္ ကြၽန္ေတာ္တို႔ဝင္မွာပါလို႔ေျပာေပါ့။ ဆြဲခ်ထားလို႔မရဘူး။ ဝန္ ႀကီးကိုယ္တိုင္ ကြၽန္ေတာ့္ကိုေျပာတယ္။ အကုန္လုံးကိုရွင္းျပလိုက္ရမလားဆိုေတာ့ မလုပ္နဲ႔ ပြဲဆူသြားမွာ စိုးလို႔တဲ့။ က်န္တဲ့ကိစၥေတြေတာ့ သိပ္စိတ္မပူဘူးဗ်ာ။ ဒီတစ္ေခါက္ေတာ့ စိတ္ပူတယ္။ စိတ္ပူတဲ့အျပင္ ကြၽန္ေတာ္စိုးရိမ္တာက ဝုန္းခနဲပြင့္လာမွာကိုေၾကာက္တာ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ လူေတြ ကစုထားတာေလ။ ရပ္ကြက္ေတြမွာျဖစ္ေနၾကၿပီေလ။ အဲဒါေတြက ဆုံမွတ္တစ္ခုေရာက္လာရင္ ပြင့္ထြက္ သြားရင္ ေသြးေခ်ာင္းစီးသြားမွာ ကြၽန္ေတာ္ေၾကာက္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္အခ်င္းခ်င္း ေတြမျဖစ္ေစခ်င္ဘူး။ အမွန္က ဥပေဒတစ္ခုဆိုရင္ ရွင္းျပရမယ္။ အခုက အကုန္ကြဲေနတဲ့အခါက်ေတာ့ မဲႏႈိက္လား၊ မႏႈိက္လားလည္းမသိဘူး။ မင္းပါတယ္ မလိုက္လို႔မရဘူးဆိုတဲ့အေျခအေနေပါ့။ ရပ္ကြက္ေတြ မွာလည္း ျဖစ္ေနၾကတယ္။ အဲဒီလိုဆိုေတာ့ မိဘေတြကလည္း အရမ္းစိတ္ညစ္ရတာေပါ့။ စက္႐ုံေတြမွာ ေတာ့ ကြၽန္ေတာ္တို႔ကေတာ့ အဓိကကေတာ့ မန္ေနဂ်ာေတြ၊ သူ‌ေဌးေတြကို အေသးစိတ္ေျပာထားရတာ ေပါ့။ ဝန္ထမ္းေတြကို ဒီလိုလုပ္ေပးပါ။ ျဖစ္ရင္ရွင္းပါ။ ခင္ဗ်ားတို႔ ရွင္းလို႔မရရင္ ကြၽန္ေတာ္တို႔ လိုက္ရွင္း မယ္။ အဓိကကေတာ့ ပိုက္ဆံေပါ့ဗ်ာ။ ဒီအခ်ိန္ကပိုက္ဆံေတာင္းလို႔ေကာင္းတဲ့အခ်ိန္ျဖစ္သြားၿပီေလ။ ဒါေပမဲ့ တစ္ခုျဖစ္ၿပီးရင္ ၿပီးၿပီလားဆိုေတာ့ မၿပီးေသးဘူး။ ေနာက္တစ္ဖြဲ႕လာရင္ ေနာက္တစ္မ်ိဳးထပ္ ျဖစ္ေနတာဆိုေတာ့ ေပးမဆုံးဘူးျဖစ္ကုန္တယ္ေလ။ နည္းလမ္းေပါင္းစုံနဲ႔ ေဆာ္ဖို႔ေလာက္ ၾကည့္လာၾက ေတာ့ လူေတြကစိတ္ထဲမွာ ခံစားခ်က္ေတြရွိလာတယ္။ အရင္ၾကားေနတဲ့ လူေတြက တစ္ဖက္ကပ္သြားရင္ ျပႆနာက ပိုႀကီးလာမယ္။ အကုန္ဒုကၡေရာက္ကုန္မွာ ကြၽန္ေတာ္ေၾကာက္တယ္။ အခုကမိဘေတြေရာ စိတ္ညစ္လာၿပီေလ။ ကာယကံရွင္ေတြကလည္း အရင္တုန္းကသူ႔အလုပ္နဲ႔ သူ႔မိဘရွိလို႔ ၿငိမ္ၿငိမ္ေလး ေန ေပမယ့္ အခုကအိမ္ေပါက္ဝထိေရာက္လာၿပီ။ တံခါးေခါက္ ေရာက္လာၿပီးေတာ့ မလာရင္အေရးယူေတာ့ မယ့္ ပုံစံမ်ိဳးေတြ ၿခိမ္းေျခာက္လာေတာ့ လူေတြစိတ္က တစ္မ်ိဳးျဖစ္ကုန္တာေပါ့။ ကြၽန္‌ေတာ့္စိတ္ထဲေတာ့ ဆြေပးလိုက္သလိုမ်ားျဖစ္သြားမလားေပါ့။ ဒါေတြက တိုင္းျပည္အတြက္မေကာင္းဘူးလို႔ ကြၽန္ေတာ္ျမင္ တယ္။

ေမး - စက္႐ုံေတြကေကာ သူတို႔စိုးရိမ္တာက အလုပ္သမားေတြထြက္သြားမွာရယ္။ ျပန္မလာေတာ့မွာရယ္ ဘယ္ဟာကို စိုးရိမ္ေနၾကတာလဲ။
ေျဖ - ျပန္မလာေတာ့မွာကိုစိတ္ပူတာေပါ့ဗ်ာ။ ဒီႏွစ္က သၾကၤန္ကရက္ရွည္တယ္။ (၁၂)ရက္‌ေလာက္ ပိတ္မွာ။ တခ်ိဳ႕လည္းႀကိဳပိတ္ေပးေနၾကၿပီ။ ညႇိေန ရတာေပါ့ဗ်ာ။ ကိုယ့္လူေတြျပန္လာေအာင္ေတာ့။ အဓိ ကက ေအာ္ဒါေတြကယူၿပီးၿပီ။ လက္ခံထားၿပီးၿပီ။ ဒီဟာေတြ အခ်ိန္မီမအပ္ႏိုင္ရင္ ေလ်ာ္ရေတာ့မွာေလ။ စက္႐ုံေတြကေၾကာက္ၾကတာေပါ့။ ကြၽန္ေတာ္တို႔လုပ္ငန္းေတြက အေလ်ာ္အစားရွိတယ္။ အဲဒါေၾကာင့္ မလို႔ အသစ္အသစ္ေတြလည္း သင္ေပးေနတာေပါ့။ အဲဒီေတာ့ အလုပ္သမားဝန္ႀကီးက ဘယ္ေလာက္ အထိ ေျဖေလွ်ာ့ေပးလာလဲဆိုေတာ့ OT ဆင္းတာကို တင္စရာမလိုေတာ့ဘူး။ Free လုပ္ေပးလိုက္ၿပီ။ အလုပ္သမားနဲ႔အလုပ္ရွင္ အဆင္ေျပရင္ၿပီးၿပီ။ ၿငိမ္ေအာင္သာထိန္းထား။ ျဖစ္ရင္ေတာ့ အလုပ္ရွင္ကို အေရးယူမယ္ ဒါပဲ။ အဓိကက လူေတြကလည္း ေငြလိုေနၾကၿပီ။ ကြၽန္ေတာ္တို႔အထည္ခ်ဳပ္လုပ္ငန္း ေတြက အရင္လိုမဟုတ္ေတာ့ဘူး။ မ်ားမ်ားလုပ္ႏိုင္တဲ့သူက မ်ားမ်ားရလာၿပီေလ။ ခိုတဲ့လူကခိုလို႔ မရ ေတာ့ဘူး။ ဒီလိုင္းမွာသူခိုေနၿပီဆိုရင္ ဒီလိုင္းကလူေတြက သူ႔ကိုမလိုေတာ့ဘူး။ ကန္ထုတ္လိုက္ေတာ့ပဲ။ ဘာေၾကာင့္လဲဆိုေတာ့ Team Work နဲ႔လုပ္ရတာေလ။ စုေပါင္းအားနဲ႔ လုပ္ရတဲ့အခါက်ေတာ့ တခ်ိဳ႕လိုင္း ေတြဆို (၄)(၅)(၆)သိန္းေတြရ ကုန္ၾကၿပီ။ အဓိကက လုပ္ငန္းကြၽမ္းက်င္လာမႈေပၚမွာ မူတည္ၿပီးေတာ့ အလုပ္ကို ျမန္ေအာင္လုပ္ႏိုင္လာတဲ့ ကြၽန္ေတာ္တို႔လူေတြရဲ႕အရည္အခ်င္းက သူမ်ားႏိုင္ငံထက္သာတာ ဒါပဲ။ အဲဒီေတာ့ ဘာႀကီးပဲျဖစ္ျဖစ္ တိုက္ပြဲဘယ္ေလာက္ပဲျဖစ္ျဖစ္ စက္မႈဇုန္ကေတာ့ ပုံမွန္ေလးပဲ သြား ေနတာ။ အခုဒီဂယက္က စက္မႈဇုန္ကိုတည့္ထိတဲ့သေဘာ ျဖစ္ေနတယ္။ သူတို႔ေခၚမယ့္ လူငယ္လူ႐ြယ္က စက္မႈဇုန္မွာ အျပည့္ျဖစ္ေနတယ္။ စက္႐ုံထဲလာေခၚတာေတာ့မရွိဘူး။ ရပ္ကြက္မွာေနတဲ့သူေတြ၊ နယ္မွာ ေနတဲ့သူေတြကို စာရင္းေတြလိုက္ေကာက္ေနတဲ့အခါက်ေတာ့ ေျပးစရာေနရာမရွိဘူးျဖစ္ေနတာေပါ့။ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ေတာ့ ညႇိႏႈိင္းၿပီးေတာ့ ေျပာျပေပးေနရတာေပါ့။ သူတို႔လိုတာေတြ လည္း အကူအညီေပး။ ကြၽန္ေတာ္ေၾကာက္တာကေတာ့ ခုနလို ဆုံခ်က္တစ္ခုေရာက္လာၿပီး ဝုန္းဆို ျဖစ္ သြားမွာကိုေၾကာက္တာ။ ဒါေလးကိုေတာ့ အထူးဂ႐ုစိုက္ဖို႔ လိုမယ္ေတာ့ထင္တယ္။

Related news

© 2021. All rights reserved.