ယူကရိန်းသမ္မတဇီလန်စကီးက အရင်းနှီးဆုံးမိတ်ဆွေဖြစ်သလို အကြံပေးဖြစ်သူတစ်ဦးကို ရာထူးက ထုတ်ပယ်

 677

ဂျန်ဇက် (NP News) - မတ် ၃၁

ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားနိုင်ငံနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်းတဲ့အတွက် အစိုးရအဖွဲ့တာဝန်ရှိသူများကို ရာထူးက ထုတ်ပယ်နေရာ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ထိပ်တန်းအရာရှိကြီးတွေအပြင် ၎င်းရဲ့အရင်းနှီးဆုံးအကြံပေးဖြစ်သူ ဆာဂေးရှီဖာကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ဆာဂေးရှီဖာဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ နှစ်ပေါင်းများစွာကြာ မိတ်ဆွေ သူငယ်ချင်းအဖြစ် နေထိုင်ခဲ့သူဖြစ် ကြောင်း သိရပါတယ်။ ဆာဂေးရှီဖာဟာ နိုင်ငံရေးလောကထဲကို မဝင်ရောက်ခင်အချိန်ကတည်းက ဇီလန်စကီးရဲ့ စီးပွားဖက်မိတ်ဆွေသူငယ်ချင်းအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ၂ဝ၁၉ ခုနှစ်မှာ ဇီလန်စကီးရဲ့အကြံပေးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဆာဂေးရှီဖာဟာ ဇီလန်စကီးရဲ့အကြံပေးအဖြစ်တာဝန်ယူခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလမှာ အမည်မသိ သေနတ်သမားအုပ်စုရဲ့လုပ်ကြံမှုကိုရင်ဆိုင်ခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သမ္မတအကြံပေးအဖြစ် အလွတ်တန်း တာဝန်ယူနေသူ သုံးဦးနဲ့ အခြားတာဝန်ရှိသူနှစ်ဦးတို့ကို ရာထူးက ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီး ဟာ ၂၀၂၄ ခုနှစ် နှစ်စပိုင်းတည်းက အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာရာ တာဝန်ရှိသူ တွေကို ရာထူးက ထုတ်ပယ်တာတွေ လုပ်ဆောင်ခဲ့ပြီး လူကြိုက်များတဲ့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကိုလည်း ထုတ်ပယ်ခဲ့ဖူးကြောင်း သိရပါတယ်။

ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်ကျော်ကြာနေပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိသေးသလို ယူကရိန်းက ပိုင်နက်နယ်မြေ လေးခု ဆုံးရှုံးထားကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းသမၼတဇီလန္စကီးက အရင္းႏွီးဆုံးမိတ္ေဆြျဖစ္သလို အႀကံေပးျဖစ္သူတစ္ဦးကို ရာထူးက ထုတ္ပယ္
ဂ်န္ဇက္ (NP News) - မတ္ ၃၁

ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွားႏိုင္ငံနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ေမွ်ာ္လင့္သေလာက္ရလဒ္မေကာင္းတဲ့အတြက္ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားကို ရာထူးက ထုတ္ပယ္ေနရာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာလည္း ထိပ္တန္းအရာရွိႀကီးေတြအျပင္ ၎ရဲ႕အရင္းႏွီးဆုံးအႀကံေပးျဖစ္သူ ဆာေဂးရွီဖာကို ရာထူးက ထုတ္ပယ္လိုက္ေၾကာင္း သိရပါတယ္။

ဆာေဂးရွီဖာဟာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာ မိတ္ေဆြ သူငယ္ခ်င္းအျဖစ္ ေနထိုင္ခဲ့သူျဖစ္ ေၾကာင္း သိရပါတယ္။ ဆာေဂးရွီဖာဟာ ႏိုင္ငံေရးေလာကထဲကို မဝင္ေရာက္ခင္အခ်ိန္ကတည္းက ဇီလန္စကီးရဲ႕ စီးပြားဖက္မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ရပ္တည္ခဲ့သူျဖစ္ၿပီး ၂ဝ၁၉ ခုႏွစ္မွာ ဇီလန္စကီးရဲ႕အႀကံေပးအျဖစ္ တာဝန္ယူခဲ့သူျဖစ္ပါတယ္။

ဆာေဂးရွီဖာဟာ ဇီလန္စကီးရဲ႕အႀကံေပးအျဖစ္တာဝန္ယူခဲ့ၿပီးေနာက္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလမွာ အမည္မသိ ေသနတ္သမားအုပ္စုရဲ႕လုပ္ႀကံမႈကိုရင္ဆိုင္ခဲ့ရၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္း သိရပါတယ္။

ယူကရိန္းသမၼတဇီလန္စကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း သမၼတအႀကံေပးအျဖစ္ အလြတ္တန္း တာဝန္ယူေနသူ သုံးဦးနဲ႔ အျခားတာဝန္ရွိသူႏွစ္ဦးတို႔ကို ရာထူးက ထုတ္ပယ္ခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းသမၼတဇီလန္စကီး ဟာ ၂၀၂၄ ခုႏွစ္ ႏွစ္စပိုင္းတည္းက အစိုးရအဖြဲ႕အတြင္း ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္လာရာ တာဝန္ရွိသူ ေတြကို ရာထူးက ထုတ္ပယ္တာေတြ လုပ္ေဆာင္ခဲ့ၿပီး လူႀကိဳက္မ်ားတဲ့ ယူကရိန္းကာကြယ္ေရးဦးစီးခ်ဳပ္ကိုလည္း ထုတ္ပယ္ခဲ့ဖူးေၾကာင္း သိရပါတယ္။

႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၂ ႏွစ္ေက်ာ္ၾကာေနၿပီး လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး ေဆြးေႏြးႏိုင္ျခင္းမရွိေသးသလို ယူကရိန္းက ပိုင္နက္နယ္ေျမ ေလးခု ဆုံးရႈံးထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.