လှိုင်သာယာမြို့နယ်တွင် နာရီပိုင်းအတွင်း ယာဉ်တိုက်မှု(၂)ကြိမ်ဖြစ်ပွားကာ လူ(၂)ဦးပွဲချင်းပြီးသေဆုံး

 917

သန့်ဇင် (NP News) - ဧပြီ ၂

ရန်ကုန်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နာရီပိုင်းအတွင်း ယာဉ်တိုက်မှု(၂)ကြိမ်ဖြစ်ပွားကာ လူ(၂)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့(ဧပြီလ ၁ရက်)၊ ညနေ ၅နာရီခွဲဝန်းကျင်အချိန်ခန့်က လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးအကျော် အလုပ်သမားဆေးရုံအနီး၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သမာဓိခရီးသည်တင်ကားက ဆီဘောက်ဆာကားကိုဝင်တိုက်တာလို့သိရတယ်။ အဲဒီယာဉ်တိုက်မှုမှာက ထိခိုက်ဒဏ်ရာရတာက (၅)ဦးရှိပြီး (၁)ဦးဆုံးသွားတယ်”ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၄၅)နှစ်အရွယ်ရှိ “သမာဓိ”ခရီးသည်တင်ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ ည ၆နာရီခွဲအချိန်က လှိုင်သာယာမြို့နယ်၊ BOC မှတ်တိုင်တွင် YBS စောင့်ဆိုင်းနေသူများကို တက္ကစီတစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာ လူတစ်ဦးပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရသည်။

“အဲဒီဖြစ်စဉ်မှာက တက္ကစီယာဉ်မောင်းက အရက်မူးနေတယ်လို့ယူဆရတယ်။ အဲဒီမှာ လမ်းဘေးမှာရပ်ထားတဲ့ကားတွေကိုတိုက်ပြီး ဘက်စ်ကားစောင့်နေတဲ့လူတွေကိုထပ်တိုက်မိတာ။ အဲဒီမှာ တစ်ယောက်သေတယ်။ (၄)ဦးဒဏ်ရာရတယ်။ တစ်ဦးကတော့ ခြေကျိုးလက်ကျိုးနဲ့ အတိတ်မေ့သွားလောက်အောင်ဖြစ်သွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် ဘက်စ်ကားစောင့်ဆိုင်နေသည့် အသက်(၄၀)နှစ်အရွယ် အမျိုး သားတစ်ဦးသည်လည်း နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
လႈိင္သာယာၿမိဳ႕နယ္တြင္ နာရီပိုင္းအတြင္း ယာဥ္တိုက္မႈ(၂)ႀကိမ္ျဖစ္ပြားကာ လူ(၂)ဦးပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - ဧၿပီ ၂

ရန္ကုန္းတိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ နာရီပိုင္းအတြင္း ယာဥ္တိုက္မႈ(၂)ႀကိမ္ျဖစ္ပြားကာ လူ(၂)ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယမန္ေန႔(ဧၿပီလ ၁ရက္)၊ ညေန ၅နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က လႈိင္သာယာၿမိဳ႕နယ္ ဒဂုံဧရာအေဝးေျပးအေက်ာ္ အလုပ္သမားေဆး႐ုံအနီး၌ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သမာဓိခရီးသည္တင္ကားက ဆီေဘာက္ဆာကားကိုဝင္တိုက္တာလို႔သိရတယ္။ အဲဒီယာဥ္တိုက္မႈမွာက ထိခိုက္ဒဏ္ရာရတာက (၅)ဦးရွိၿပီး (၁)ဦးဆုံးသြားတယ္”ဟု ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ အသက္(၄၅)ႏွစ္အ႐ြယ္ရွိ “သမာဓိ”ခရီးသည္တင္ယာဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ အဆိုပါေန႔ ည ၆နာရီခြဲအခ်ိန္က လႈိင္သာယာၿမိဳ႕နယ္၊ BOC မွတ္တိုင္တြင္ YBS ေစာင့္ဆိုင္းေနသူမ်ားကို တကၠစီတစ္စီးက ဝင္ေရာက္တိုက္မိခဲ့ရာ လူတစ္ဦးပြဲခ်င္းေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အဲဒီျဖစ္စဥ္မွာက တကၠစီယာဥ္ေမာင္းက အရက္မူးေနတယ္လို႔ယူဆရတယ္။ အဲဒီမွာ လမ္းေဘးမွာရပ္ထားတဲ့ကားေတြကိုတိုက္ၿပီး ဘက္စ္ကားေစာင့္ေနတဲ့လူေတြကိုထပ္တိုက္မိတာ။ အဲဒီမွာ တစ္ေယာက္ေသတယ္။ (၄)ဦးဒဏ္ရာရတယ္။ တစ္ဦးကေတာ့ ေျခက်ိဳးလက္က်ိဳးနဲ႔ အတိတ္ေမ့သြားေလာက္ေအာင္ျဖစ္သြားတယ္”ဟု ၎ကဆက္လက္ေျပာသည္။

၎ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ဘက္စ္ကားေစာင့္ဆိုင္ေနသည့္ အသက္(၄၀)ႏွစ္အ႐ြယ္ အမ်ိဳး သားတစ္ဦးသည္လည္း ေနရာတြင္ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.