အိန္ဒိယဘုရားပွဲတော်တစ်ခုအတွင်း မီးရှူးမီးပန်းဖောက်မှုနဲ့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူရာချီထိခိုက်ဒဏ်ရာရရှိ
833
Pika (NP News) - အောက်တိုဘာ ၂၉
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ အောက်တိုဘာလ(၂၈)ရက် ညနေပိုင်းကကျင်းပခဲ့တဲ့ ဘုရားပွဲတစ်ခုအတွင်း မီးရှူးမီးပန်းဖောက်မှုနဲ့အတူ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူရာချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အိန္ဒိယရဲတပ်ဖွဲ့က လူနှစ်ဦးကို အောက်တိုဘာလ(၂၉)ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ရာနဲ့ချီတဲ့လူတွေဟာ မီးရှူးမီးပန်းတွေဖောက်တာကို ကြည့်ဖို့အတွက် Nileshwaram မြူနီစီပယ်မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းအနီးတစ်ဝိုက်မှာ စုဝေးခဲ့ကြပြီးနောက် ယခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထို့နောက် မီးရှူးမီးပန်းတွေ ကောင်းကင်ပေါ်မှာထွက်မလာခင် အဲဒီအဆောက်အအုံအတွင်းကနေ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်လို့ အိန္ဒိယသတင်းစာတွေက ရေးသားဖော်ပြထားပါတယ်။ ဒေသတွင်းရဲမှူးချုပ် Shilpa Dyavaiah က "ဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူ(၁၅၄)ဦးအနက် (၈)ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ သူတို့တွေဟာ မီးရှူးမီးပန်းတွေကို အခြားမီးရှူးမီးပန်းတွေသိမ်းဆည်းထားတဲ့နေရာရဲ့ အနီးမှာ ဖောက်ခဲ့ကြတာပါ။ ပြီးတော့ ဖောက်လိုက်တဲ့မီးရှူးမီးပန်းတွေက ထွက်လာတဲ့မီးစတွေဟာ သိုလှောင်ထားတဲ့နေရာတွေကို ရောက်သွားပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုတွေနဲ့အတူ ရာနဲ့ချီတဲ့လူတွေရဲ့ မျက်နှာတွေနဲ့လက်တွေဟာ မီးလောင်ကျွမ်းမှုဒဏ်ကို ခံခဲ့ရတယ်လို့ အရာရှိတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ပွဲတော်ကျင်းပနေချိန်အတွင်း မီးရှူးမီးပန်းဖောက်ဖို့အတွက် ခွင့်ပြုချက်မပေးခဲ့ဘူးလို့ ဒေသတွင်းအစိုးရအရာရှိ K. Inbasekharကပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘုရားကျောင်းဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Hindu သတင်းစာက ရေးသားဖော်ပြထားပါတယ်။
zawgyi version
အိႏၵိယဘုရားပြဲေတာ္တစ္ခုအတြင္း မီးရႉးမီးပန္းေဖာက္မႈနဲ႔အတူ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူရာခ်ီထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ေအာက္တိုဘာ ၂၉
အိႏၵိယႏိုင္ငံေတာင္ပိုင္း ကီရာလာျပည္နယ္မွာ ေအာက္တိုဘာလ(၂၈)ရက္ ညေနပိုင္းကက်င္းပခဲ့တဲ့ ဘုရားပြဲတစ္ခုအတြင္း မီးရႉးမီးပန္းေဖာက္မႈနဲ႔အတူ ျပင္းထန္တဲ့ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူရာခ်ီထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အိႏၵိယရဲတပ္ဖြဲ႕က လူႏွစ္ဦးကို ေအာက္တိုဘာလ(၂၉)ရက္မွာ ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔လည္း သိရပါတယ္။ ရာနဲ႔ခ်ီတဲ့လူေတြဟာ မီးရႉးမီးပန္းေတြေဖာက္တာကို ၾကည့္ဖို႔အတြက္ Nileshwaram ျမဴနီစီပယ္မွာရွိတဲ့ ဟိႏၵဴဘုရားေက်ာင္းအနီးတစ္ဝိုက္မွာ စုေဝးခဲ့ၾကၿပီးေနာက္ ယခုလိုျဖစ္ပြားခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
ထို႔ေနာက္ မီးရႉးမီးပန္းေတြ ေကာင္းကင္ေပၚမွာထြက္မလာခင္ အဲဒီအေဆာက္အအုံအတြင္းကေန ေပါက္ကြဲသံေတြကို ၾကားခဲ့ရတယ္လို႔ အိႏၵိယသတင္းစာေတြက ေရးသားေဖာ္ျပထားပါတယ္။ ေဒသတြင္းရဲမႉးခ်ဳပ္ Shilpa Dyavaiah က "ဒီျဖစ္ရပ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူ(၁၅၄)ဦးအနက္ (၈)ဦးက စိုးရိမ္ရတဲ့အေျခအေနမွာရွိပါတယ္။ သူတို႔ေတြဟာ မီးရႉးမီးပန္းေတြကို အျခားမီးရႉးမီးပန္းေတြသိမ္းဆည္းထားတဲ့ေနရာရဲ႕ အနီးမွာ ေဖာက္ခဲ့ၾကတာပါ။ ၿပီးေတာ့ ေဖာက္လိုက္တဲ့မီးရႉးမီးပန္းေတြက ထြက္လာတဲ့မီးစေတြဟာ သိုေလွာင္ထားတဲ့ေနရာေတြကို ေရာက္သြားၿပီး ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့တာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။
အဲဒီေပါက္ကြဲမႈေတြနဲ႔အတူ ရာနဲ႔ခ်ီတဲ့လူေတြရဲ႕ မ်က္ႏွာေတြနဲ႔လက္ေတြဟာ မီးေလာင္ကြၽမ္းမႈဒဏ္ကို ခံခဲ့ရတယ္လို႔ အရာရွိေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး အိႏၵိယမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ပြဲေတာ္က်င္းပေနခ်ိန္အတြင္း မီးရႉးမီးပန္းေဖာက္ဖို႔အတြက္ ခြင့္ျပဳခ်က္မေပးခဲ့ဘူးလို႔ ေဒသတြင္းအစိုးရအရာရွိ K. Inbasekharကေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဘုရားေက်ာင္းဥကၠ႒နဲ႔အတြင္းေရးမႉးတို႔ကို ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ Hindu သတင္းစာက ေရးသားေဖာ္ျပထားပါတယ္။