အနန်းကွင်းဗျူဟာမှ စစ်သားများ လက်နက်ချခြင်းမရှိသည့်အပြင် Drop Bomb (၂၃ဝဝ) ကျော်သုံး၍ ရက်(၇ဝ)ကျော်တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ဟု ဆို
10123
Iris (NP News) - အောက်တိုဘာ ၂၉
ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့ကြားတွင် ရှိသော အနန်းကွင်းကျေးရွာအခြေစိုက် တပ်မတော် ဗျူဟာစခန်းကို KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက Drop Bomb အလုံးရေ(၂၃၀ဝ)ကျော်ဖြင့် ရက် ပေါင်း (၇၀)ကျော်ကြာတိုက်ခိုက်နေသည့်တိုင် သိမ်း ပိုက်နိုင်ခြင်းမရှိသည့်နောက် အနန်းကွင်းမှ စစ်သား များ လက်နက်ချသည့်ပုံစံမျိုး ဝါဒဖြန့်သတင်းများ စတင်ထုတ်လွှင့်လာကြောင်း သိရသည်။
အနန်းကွင်းဗျူဟာစခန်းကို KNLA-PDF များ က ယခင်နှစ်များအတွင်း မကြာခဏလာရောက် တိုက်ခိုက်မှုရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ်လမှစ၍ နေ့စဉ်နီးပါး ရက်ပေါင်း(၇၀)ကျော်ကြာ အားဖြည့် တိုက်ခိုက်နေကြောင်းလည်း သိရသည်။ (၂၀၂၄) ခုနှစ် အောက်တိုဘာ(၂၀)ရက်နောက်ပိုင်းမှစ၍ KNLA-PDF ပူးပေါင်းအဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်လျော့ကျသွားခဲ့ပြီး ပြည်ပြေးအကြမ်းဖက် သတင်းဌာနများတွင်သာ ဗျူဟာကုန်းရရှိထားလုမ တတ်ရေးသားဖော်ပြမှုများ ရှိနေသည်။ အနီးစပ်ဆုံး အဖြစ် အနန်းကွင်းဗျူဟာစခန်းကုန်းမှ စစ်သား(၇၀)ကျော်က KNLA ထံလက်နက်ချ၍ ပူးပေါင်းပြီဖြစ် ကြောင်း ပြည်ပြေးအကြမ်းဖက်သတင်းဌာနများက ဖော်ပြသည်။
"ဗျူဟာကုန်းမပြောနဲ့။ စခန်းကုန်းနား ကိုတောင် မကပ်နိုင်တာကို (စစ်သားတွေက)ဘာ ကိစ္စ လက်နက်ချရမှာတုန်း။ ဒီကောင်တွေ မတိုက်ရဲ တော့လို့ လိမ်နေတာ။ စာသင် ကျောင်းနားမှာ ဒီကောင်တွေ အလောင်းသုံးလောင်းရှိတယ်။ လာ ကောက် ခိုင်းလိုက်ဦး"ဟု အနန်းကွင်းဗျူဟာကုန်းမှ စစ်သည်တစ်ဦးက NP News ကို ပြောသည်။ ၎င်းတို့ ဗျူဟာရှိ မည်သည့်စစ်သည်တစ်ဦးတစ်လေမှ လက်နက်ချခြင်းမရှိသည့်အပြင် တစ်ဖက်ရန်သူကို ချေမှုန်းရန်သာ ဆန္ဒပြင်းပြနေသည်ဟု ဆိုသည်။ နဂါး နီစစ်ကြောင်းမှ ဗမာ PDF လူငယ်တစ်ဦးကလည်း အကြမ်းဖက်သတင်းဌာန DVB ၏ အောက်တိုဘာ (၂၂)ရက်က ဖော်ပြသော "အနန်းကွင်းဗျူဟာမှ စစ်သား(၇၀)ခန့် KNLA ထံ လက်နက်ချ"ဆိုသည့် သတင်းအောက်တွင် "သတင်းအမှားတွေကို စိစစ်မှုမရှိဘဲ မတင်ပါနဲ့ DVB ရေ။ သတင်းဌာနကြီးဖြစ်ပြီးတော့ အခြေအမြစ်မရှိတဲ့သတင်းတွေကို အတည်မပြုဘဲ လျှောက်တင်နေတယ်"ဟု မှတ်ချက်ပြုထားသည်။ အနန်းကွင်းဗျူဟာကို KNLA မှ လက်ပြတ်အယ် စေးဝါးက ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း တပ်မတော်သားများနှင့် ပေ(၁၀ဝဝ)ခန့်အကွာအဝေး အထိ လာရောက်တိုက်ခိုက်ကြသူများမှာ နဂါးနီစစ် ကြောင်းမှ ဗမာ PDF လူငယ်များသာဖြစ်ကြောင်း ကြားသိရသည်။ "လက်ပစ်ဗုံးတစ်ကမ်းစာအထိ တက် ချလာတာ။ ရန်သူဖြစ်နေလို့သာ ပစ်ရတာ။ ဗမာလူ ငယ်လေးတွေ လက်ပြတ်အယ်စေးဝါး ခိုင်းစားခံရ တာကိုတော့ စိတ်မကောင်းဘူး"ဟု ၎င်းက ပြောသည်။
အောက်တိုဘာ(၂၀)ရက် ဝန်းကျင်မှစ၍ အယ် စေးဝါးဦးဆောင်သေ ာKNLA နှင့် နဂါးနီစစ်ကြောင်း တို့က ထိုးစစ်ဆင်ခြင်းများရပ်တန့်၍ အနန်းကွင်းရွာ စစ်ဆိုင်ထားသောနေရာမှတစ်ဆင့် အော်လံမိုက်များ ဖြင့် စစ်သားများကို အော်ဟစ်ပြောဆိုစည်းရုံးမှုများ သာ လုပ်ဆောင်နေကြောင်း သိရသည်။ အထူးသဖြင့် နဂါးနီစစ်ကြောင်းမှ ဗမာ PDF လူငယ်အချို့က အယ်စေးဝါးတို့၏ ထိုးကျွေးသောလုပ်ရပ်အပေါ် နားလည်လာသဖြင့် လက်နက်များကိုယူ၍ DKBA ဗိုလ်အေဝမ်းထံသို့ သွားရောက်ပူးပေါင်းမှုများလည်း ရှိနေသည်ဟု ကြားသိရသည်။
"အရင်တုန်းက အော်လံနဲ့အော်ရင် လက်နက်ချဖို့၊ မချရင် သူတို့ ဝင်လာပြီး မညှာတာတမ်းတိုက်မယ်ပေါ့။ အခုကျတော့ မင်းတို့ သတ္တိရှိရင် အပြင်ထွက်လာခဲ့ဆိုပြီး ကျုပ်တို့က သူတို့ ကို လာတိုက်ဖို့ အော်တယ်ဗျ "ဟု သတင်းရင်းမြစ်က ပြောသည်။ အနန်းကွင်းတိုက်ပွဲအတွင်း၌ အယ်စေးဝါး ဦးဆောင်သော KNLA တပ်စုများဘက်မှ ထိခိုက် သေဆုံးမှုများမြင့်တက်နေပြီး တစ်ကြိမ်လျှင်ပျမ်းမျှ သုံးဦးမှ ငါးဦးအထိ သေဆုံးထားသည်ဟု သိရသည်။ ရက်ပေါင်း(၇ဝ)ကျော်အတွင်း စုစုပေါင်းတိုက်ပွဲ အကြိမ်ရေ(၄၀)ကျော်ရှိခဲ့ပြီး အနန်းကွင်းဗျူဟာကုန်း ၏ မြေပေါ်အဆောက်အအုံများသည်လည်း Drop Bomb များကြောင့် ပြိုကျပျက်စီးနေပြီဖြစ်ကြောင်းလည်း သိရသည်။
"ဒရုန်းဗုံးက အလုံး(၂၃၀ဝ)ကျော် ပြီ။ ကံကောင်းနေတာက တည့်တည့်မကျဘဲ ဟိုမရောက်ဒီမရောက်တွေ ပြုတ်ကျတာကြောင့် စစ် သည်တွေ ထိခိုက်သေဆုံးမရှိတာ"ဟု သတင်းရင်းမြစ် က ပြောသည်။ အနန်းကွင်းဗျူဟာကို အပြီးသတ်ရရှိ စေရေးအတွက် DKBA ဗိုလ်အေဝမ်းက နောက် ကွယ်မှ ထောက်ပံ့ပေးထားပြီး KNLA အယ်စေးဝါး နှင့်လည်း အကျိုးစီးပွားညှိနှိုင်းထားမှုများ ရှိနေသည် ဟု ဆိုသည်။ အထူးသဖြင့် ဘုရားသုံးဆူဘက်မှတစ် ဆင့် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ရေး တွင် အနန်းကွင်းဗျူဟာက အရေးကြီးသောနေရာ၌ ရှိနေသည့်အတွက် ဗိုလ်အေဝမ်းနှင့် အယ်စေးဝါးက လိုအပ်နေခြင်းလည်း ဖြစ်သည်။
အနန်းကွင်းကျေး ရွာသည် အိမ်ခြေပေါင်း(၄၀ဝ)ခန့်ရှိပြီး ယခင်အစိုးရ လက်ထက်က ဆိုလာလျှပ်စစ်မီးပေးခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်စတင်ခွင့်ပြုထားသော နေရာဖြစ်သည်။ သို့သော်လည်း တိုးတက်လာရမည့်အစား စစ်ပွဲများ ကြောင့် ကျေးရွာဒေသခံ(၉၀) ရာခိုင် နှုန်းထက်မနည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည် မှာ သုံးလနီးပါးရှိပြီဟု သိရသည်။
zawgyi version
အနန္းကြင္းဗ်ဴဟာမွ စစ္သားမ်ား လက္နက္ခ်ျခင္းမရွိသည့္အျပင္ Drop Bomb (၂၃ဝဝ) ေက်ာ္သုံး၍ ရက္(၇ဝ)ေက်ာ္တိုက္ခိုက္မႈကို ေတာင့္ခံထားႏိုင္ဟု ဆို
Iris (NP News) - ေအာက္တိုဘာ ၂၉
ၾကာအင္းဆိပ္ႀကီးႏွင့္ ဘုရားသုံးဆူၿမိဳ႕ၾကားတြင္ ရွိေသာ အနန္းကြင္းေက်း႐ြာအေျခစိုက္ တပ္မေတာ္ ဗ်ဴဟာစခန္းကို KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက Drop Bomb အလုံးေရ(၂၃၀ဝ)ေက်ာ္ျဖင့္ ရက္ ေပါင္း (၇၀)ေက်ာ္ၾကာတိုက္ခိုက္ေနသည့္တိုင္ သိမ္း ပိုက္ႏိုင္ျခင္းမရွိသည့္ေနာက္ အနန္းကြင္းမွ စစ္သား မ်ား လက္နက္ခ်သည့္ပုံစံမ်ိဳး ဝါဒျဖန႔္သတင္းမ်ား စတင္ထုတ္လႊင့္လာေၾကာင္း သိရသည္။
အနန္းကြင္းဗ်ဴဟာစခန္းကို KNLA-PDF မ်ား က ယခင္ႏွစ္မ်ားအတြင္း မၾကာခဏလာေရာက္ တိုက္ခိုက္မႈရွိခဲ့ေသာ္လည္း ယခုႏွစ္ ဩဂုတ္လမွစ၍ ေန႔စဥ္နီးပါး ရက္ေပါင္း(၇၀)ေက်ာ္ၾကာ အားျဖည့္ တိုက္ခိုက္ေနေၾကာင္းလည္း သိရသည္။ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာ(၂၀)ရက္ေနာက္ပိုင္းမွစ၍ KNLA-PDF ပူးေပါင္းအဖြဲ႕တို႔၏ ထိုးစစ္ဆင္တိုက္ခိုက္မႈ အရွိန္ေလ်ာ့က်သြားခဲ့ၿပီး ျပည္ေျပးအၾကမ္းဖက္ သတင္းဌာနမ်ားတြင္သာ ဗ်ဴဟာကုန္းရရွိထားလုမ တတ္ေရးသားေဖာ္ျပမႈမ်ား ရွိေနသည္။ အနီးစပ္ဆုံး အျဖစ္ အနန္းကြင္းဗ်ဴဟာစခန္းကုန္းမွ စစ္သား(၇၀)ေက်ာ္က KNLA ထံလက္နက္ခ်၍ ပူးေပါင္းၿပီျဖစ္ ေၾကာင္း ျပည္ေျပးအၾကမ္းဖက္သတင္းဌာနမ်ားက ေဖာ္ျပသည္။
"ဗ်ဴဟာကုန္းမေျပာနဲ႔။ စခန္းကုန္းနား ကိုေတာင္ မကပ္ႏိုင္တာကို (စစ္သားေတြက)ဘာ ကိစၥ လက္နက္ခ်ရမွာတုန္း။ ဒီေကာင္ေတြ မတိုက္ရဲ ေတာ့လို႔ လိမ္ေနတာ။ စာသင္ ေက်ာင္းနားမွာ ဒီေကာင္ေတြ အေလာင္းသုံးေလာင္းရွိတယ္။ လာ ေကာက္ ခိုင္းလိုက္ဦး"ဟု အနန္းကြင္းဗ်ဴဟာကုန္းမွ စစ္သည္တစ္ဦးက NP News ကို ေျပာသည္။ ၎တို႔ ဗ်ဴဟာရွိ မည္သည့္စစ္သည္တစ္ဦးတစ္ေလမွ လက္နက္ခ်ျခင္းမရွိသည့္အျပင္ တစ္ဖက္ရန္သူကို ေခ်မႈန္းရန္သာ ဆႏၵျပင္းျပေနသည္ဟု ဆိုသည္။ နဂါး နီစစ္ေၾကာင္းမွ ဗမာ PDF လူငယ္တစ္ဦးကလည္း အၾကမ္းဖက္သတင္းဌာန DVB ၏ ေအာက္တိုဘာ (၂၂)ရက္က ေဖာ္ျပေသာ "အနန္းကြင္းဗ်ဴဟာမွ စစ္သား(၇၀)ခန႔္ KNLA ထံ လက္နက္ခ်"ဆိုသည့္ သတင္းေအာက္တြင္ "သတင္းအမွားေတြကို စိစစ္မႈမရွိဘဲ မတင္ပါနဲ႔ DVB ေရ။ သတင္းဌာနႀကီးျဖစ္ၿပီးေတာ့ အေျခအျမစ္မရွိတဲ့သတင္းေတြကို အတည္မျပဳဘဲ ေလွ်ာက္တင္ေနတယ္"ဟု မွတ္ခ်က္ျပဳထားသည္။ အနန္းကြင္းဗ်ဴဟာကို KNLA မွ လက္ျပတ္အယ္ ေစးဝါးက ဦးေဆာင္တိုက္ခိုက္ေနျခင္းျဖစ္ေသာ္လည္း တပ္မေတာ္သားမ်ားႏွင့္ ေပ(၁၀ဝဝ)ခန႔္အကြာအေဝး အထိ လာေရာက္တိုက္ခိုက္ၾကသူမ်ားမွာ နဂါးနီစစ္ ေၾကာင္းမွ ဗမာ PDF လူငယ္မ်ားသာျဖစ္ေၾကာင္း ၾကားသိရသည္။ "လက္ပစ္ဗုံးတစ္ကမ္းစာအထိ တက္ ခ်လာတာ။ ရန္သူျဖစ္ေနလို႔သာ ပစ္ရတာ။ ဗမာလူ ငယ္ေလးေတြ လက္ျပတ္အယ္ေစးဝါး ခိုင္းစားခံရ တာကိုေတာ့ စိတ္မေကာင္းဘူး"ဟု ၎က ေျပာသည္။
ေအာက္တိုဘာ(၂၀)ရက္ ဝန္းက်င္မွစ၍ အယ္ ေစးဝါးဦးေဆာင္ေသ ာKNLA ႏွင့္ နဂါးနီစစ္ေၾကာင္း တို႔က ထိုးစစ္ဆင္ျခင္းမ်ားရပ္တန႔္၍ အနန္းကြင္း႐ြာ စစ္ဆိုင္ထားေသာေနရာမွတစ္ဆင့္ ေအာ္လံမိုက္မ်ား ျဖင့္ စစ္သားမ်ားကို ေအာ္ဟစ္ေျပာဆိုစည္း႐ုံးမႈမ်ား သာ လုပ္ေဆာင္ေနေၾကာင္း သိရသည္။ အထူးသျဖင့္ နဂါးနီစစ္ေၾကာင္းမွ ဗမာ PDF လူငယ္အခ်ိဳ႕က အယ္ေစးဝါးတို႔၏ ထိုးေကြၽးေသာလုပ္ရပ္အေပၚ နားလည္လာသျဖင့္ လက္နက္မ်ားကိုယူ၍ DKBA ဗိုလ္ေအဝမ္းထံသို႔ သြားေရာက္ပူးေပါင္းမႈမ်ားလည္း ရွိေနသည္ဟု ၾကားသိရသည္။
"အရင္တုန္းက ေအာ္လံနဲ႔ေအာ္ရင္ လက္နက္ခ်ဖို႔၊ မခ်ရင္ သူတို႔ ဝင္လာၿပီး မညႇာတာတမ္းတိုက္မယ္ေပါ့။ အခုက်ေတာ့ မင္းတို႔ သတၱိရွိရင္ အျပင္ထြက္လာခဲ့ဆိုၿပီး က်ဳပ္တို႔က သူတို႔ ကို လာတိုက္ဖို႔ ေအာ္တယ္ဗ် "ဟု သတင္းရင္းျမစ္က ေျပာသည္။ အနန္းကြင္းတိုက္ပြဲအတြင္း၌ အယ္ေစးဝါး ဦးေဆာင္ေသာ KNLA တပ္စုမ်ားဘက္မွ ထိခိုက္ ေသဆုံးမႈမ်ားျမင့္တက္ေနၿပီး တစ္ႀကိမ္လွ်င္ပ်မ္းမွ် သုံးဦးမွ ငါးဦးအထိ ေသဆုံးထားသည္ဟု သိရသည္။ ရက္ေပါင္း(၇ဝ)ေက်ာ္အတြင္း စုစုေပါင္းတိုက္ပြဲ အႀကိမ္ေရ(၄၀)ေက်ာ္ရွိခဲ့ၿပီး အနန္းကြင္းဗ်ဴဟာကုန္း ၏ ေျမေပၚအေဆာက္အအုံမ်ားသည္လည္း Drop Bomb မ်ားေၾကာင့္ ၿပိဳက်ပ်က္စီးေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။
"ဒ႐ုန္းဗုံးက အလုံး(၂၃၀ဝ)ေက်ာ္ ၿပီ။ ကံေကာင္းေနတာက တည့္တည့္မက်ဘဲ ဟိုမေရာက္ဒီမေရာက္ေတြ ျပဳတ္က်တာေၾကာင့္ စစ္ သည္ေတြ ထိခိုက္ေသဆုံးမရွိတာ"ဟု သတင္းရင္းျမစ္ က ေျပာသည္။ အနန္းကြင္းဗ်ဴဟာကို အၿပီးသတ္ရရွိ ေစေရးအတြက္ DKBA ဗိုလ္ေအဝမ္းက ေနာက္ ကြယ္မွ ေထာက္ပံ့ေပးထားၿပီး KNLA အယ္ေစးဝါး ႏွင့္လည္း အက်ိဳးစီးပြားညႇိႏႈိင္းထားမႈမ်ား ရွိေနသည္ ဟု ဆိုသည္။ အထူးသျဖင့္ ဘုရားသုံးဆူဘက္မွတစ္ ဆင့္ တရားမဝင္ကုန္စည္မ်ား သယ္ယူပို႔ေဆာင္ေရး တြင္ အနန္းကြင္းဗ်ဴဟာက အေရးႀကီးေသာေနရာ၌ ရွိေနသည့္အတြက္ ဗိုလ္ေအဝမ္းႏွင့္ အယ္ေစးဝါးက လိုအပ္ေနျခင္းလည္း ျဖစ္သည္။
အနန္းကြင္းေက်း ႐ြာသည္ အိမ္ေျခေပါင္း(၄၀ဝ)ခန႔္ရွိၿပီး ယခင္အစိုးရ လက္ထက္က ဆိုလာလွ်ပ္စစ္မီးေပးျခင္းလုပ္ငန္းမ်ား လုပ္ကိုင္ရန္စတင္ခြင့္ျပဳထားေသာ ေနရာျဖစ္သည္။ သို႔ေသာ္လည္း တိုးတက္လာရမည့္အစား စစ္ပြဲမ်ား ေၾကာင့္ ေက်း႐ြာေဒသခံ(၉၀) ရာခိုင္ ႏႈန္းထက္မနည္းက ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနရသည္ မွာ သုံးလနီးပါးရွိၿပီဟု သိရသည္။