ဇန်နဝါရီလနောက်ပိုင်းကတည်းက ယူကရိန်းတပ်ဖွဲ့ဝင် (၈၀၀၀၀)ကျော် ဆုံးရှုံးခဲ့ကြောင်း ရုရှားစစ်တပ်ပြော

 959

ဂျန်ဇက် (NP News) - ဧပြီ ၂

ဇန်နဝါရီလနောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ယူကရိန်းတပ်ဖွဲ့ဝင် အရေအတွက် ၈၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ရုရှားစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်ကျော်လာနေပြီး လက်ရှိအချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ရာ နှစ်ဖက်စလုံးထိခိုက်ဆုံးရှုံးမှုမြင့်တက်နေပြီးစစ်လက်နက်ပစ္စည်းများကုန်ခမ်းနေကြောင်းသိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဟာ ဇန်နဝါရီလနောက်ပိုင်းကတည်းက တင့်ကားနဲ့သံချပ်ကာအစီးရေ ၁၂၀၀ ကျော် ထိခိုက်ဆုံးရှုံးခဲ့ကြောင်းဆိုပါတယ်။ ရုရှားစစ်တပ်က ၎င်းတို့ဟာ ရန်သူဖြစ်တဲ့ ယူကရိန်းရဲ့တိုက်ခိုက်မှုအလားအလာတွေကိုလျော့ချနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေကြောင်းသိရပါတယ်။

ယူကရိန်းဟာ အနောက်အုပ်စုနိုင်ငံတွေထံကနေ စစ်ရေးအကူညီတွေရယူပြီး ရုရှားကို ရင်ဆိုင်ခဲ့ပေမယ့် မျှော်လင့်သလောက် ရလဒ်မကောင်းဘဲ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယူကရိန်းကိုစစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ အစိုးရနဲ့လွှတ်တော်ကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ အမေရိကန်ဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံနဲ့ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်အစိုးရဟာ ယူကရိန်းကို အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကျော်ထပ်မံကူညီပေးဖို့ စီစဉ်ထားပေမယ့်အောက်လွှတ်တော်က ကန့်ကွက်မှုများရင်ဆိုင်နေရကြောင်းသိရပါတယ်။

ယူကရိန်းအစိုးရက အမေရိကန်ရဲ့အကူအညီတွေထပ်မံမရဘူးဆိုရင် စစ်ပွဲရှုံးနိမ့်မှာဖြစ် ကြောင်း ဝန်ခံပြောဆိုထားပါတယ်။ ယူကရိန်းနဲ့ ရုရှားစစ်တပ်ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်စလုံးဟာ တပ်ဖွဲ့ဝင်အရေအတွက် သိန်းနဲ့ချီပြီး ထိခိုက်ဆုံးရှုံးထားကြောင်းသိရပါတယ်။

zawgyi version
ဇန္နဝါရီလေနာက္ပိုင္းကတည္းက ယူကရိန္းတပ္ဖြဲ႕ဝင္ (၈၀၀၀၀)ေက်ာ္ ဆုံးရႈံးခဲ့ေၾကာင္း ႐ုရွားစစ္တပ္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂

ဇန္နဝါရီလေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ ယူကရိန္းတပ္ဖြဲ႕ဝင္ အေရအတြက္ ၈၀၀၀၀ ေက်ာ္ ဆုံးရႈံးခဲ့ရတယ္လို႔ ႐ုရွားစစ္တပ္က သတင္းထုတ္ျပန္ထားပါတယ္။

႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၂ ႏွစ္ေက်ာ္လာေနၿပီး လက္ရွိအခ်ိန္အထိ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ေနဆဲျဖစ္ရာ ႏွစ္ဖက္စလုံးထိခိုက္ဆုံးရႈံးမႈျမင့္တက္ေနၿပီးစစ္လက္နက္ပစၥည္းမ်ားကုန္ခမ္းေနေၾကာင္းသိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ယူကရိန္းဟာ ဇန္နဝါရီလေနာက္ပိုင္းကတည္းက တင့္ကားနဲ႔သံခ်ပ္ကာအစီးေရ ၁၂၀၀ ေက်ာ္ ထိခိုက္ဆုံးရႈံးခဲ့ေၾကာင္းဆိုပါတယ္။ ႐ုရွားစစ္တပ္က ၎တို႔ဟာ ရန္သူျဖစ္တဲ့ ယူကရိန္းရဲ႕တိုက္ခိုက္မႈအလားအလာေတြကိုေလ်ာ့ခ်ႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

ယူကရိန္းဟာ အေနာက္အုပ္စုႏိုင္ငံေတြထံကေန စစ္ေရးအကူညီေတြရယူၿပီး ႐ုရွားကို ရင္ဆိုင္ခဲ့ေပမယ့္ ေမွ်ာ္လင့္သေလာက္ ရလဒ္မေကာင္းဘဲ သိမ္းပိုက္ခံထားရတဲ့နယ္ေျမေတြကို ျပန္လည္ရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။ ယူကရိန္းကိုစစ္လက္နက္ပစၥည္း ေထာက္ပံ့ေပးမႈနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံမွာ အစိုးရနဲ႔လႊတ္ေတာ္ၾကား သေဘာထားကြဲလြဲမႈေတြရွိေနပါတယ္။ အေမရိကန္ဟာ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို အေမရိကန္ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္အစိုးရဟာ ယူကရိန္းကို အကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၆၀ ဘီလ်ံေက်ာ္ထပ္မံကူညီေပးဖို႔ စီစဥ္ထားေပမယ့္ေအာက္လႊတ္ေတာ္က ကန႔္ကြက္မႈမ်ားရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။

ယူကရိန္းအစိုးရက အေမရိကန္ရဲ႕အကူအညီေတြထပ္မံမရဘူးဆိုရင္ စစ္ပြဲရႈံးနိမ့္မွာျဖစ္ ေၾကာင္း ဝန္ခံေျပာဆိုထားပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားစစ္တပ္ၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ႏွစ္ဖက္စလုံးဟာ တပ္ဖြဲ႕ဝင္အေရအတြက္ သိန္းနဲ႔ခ်ီၿပီး ထိခိုက္ဆုံးရႈံးထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.