ထိုင်ဝမ်ကျွန်းတွင် ပြင်းအား(၇ ဒသမ ၂)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရ

 1450

Pika (NP News) - ဧပြီ ၃

ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းတွင် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက ပြင်းအား(၇ ဒသမ ၂) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

အဆိုပါငလျင်သည် ဧပြီလ(၃)ရက်နေ့ နံနက်(၇)နာရီ(၅၈)မိနစ်တွင် Hualien ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုင်ပေမြို့အပါအဝင် ထိုင်ဝမ်ကျွန်းတစ်ခုလုံးတွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၉၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် လူအချို့သည် ၎င်းတို့၏ နေအိမ်များထဲတွင် ပိတ်မိနေနိုင်ဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။အဆိုပါငလျင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကျွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် အင်အားအပြင်းဆုံးငလျင်တစ်ခုဖြစ်ကြောင်း ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေး မြေငလျင်ဆိုင်ရာစင်တာ အကြီးအကဲ Wu Chien-fu က ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ခြင်းကြောင့် အထပ်မြင့်အဆောက်အအုံအများအပြားပြိုကျခဲ့ပြီး အခြားဒေသများတွင် မြေပြိုမှုများရှိခဲ့ကြောင်းသိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များတွင် အထပ်မြင့်အဆောက်အအုံအများအပြားသည် အခြားတစ်ဖက်သို့စောင်းသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ Hualien မြို့တွင် အလုပ်နှင့်ကျောင်းများကို ရပ်နားထားပြီး အခြားမြို့များစွာရှိ မြန်နှုန်းမြင့်ရထားဝန်ဆောင်မှုများကိုလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။ ရှန်ဟိုင်းမြို့အပါအဝင် တရုတ်နိုင်ငံရှိ မြို့အများအပြားတွင်လည်း အဆိုပါငလျင်ဒဏ်ကို ခံစားခဲ့ရကြောင်း Global Times သတင်းစာ၏ဖော်ပြချက်အရသိရသည်။ ထို့ပြင် ဂျပန်နိုင်ငံတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ နေရာများအတွက် ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ Naha လေဆိပ်တွင် လေယာဉ်ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

zawgyi version
ထိုင္ဝမ္ကြၽန္းတြင္ ျပင္းအား(၇ ဒသမ ၂)မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီး ဆူနာမီသတိေပးခ်က္ထုတ္ျပန္ခဲ့ရ
Pika (NP News) - ဧၿပီ ၃

ထိုင္ဝမ္ကြၽန္း အေရွ႕ဘက္ကမ္း႐ိုးတန္းတြင္ ဧၿပီလ(၃)ရက္ေန႔ နံနက္ပိုင္းက ျပင္းအား(၇ ဒသမ ၂) မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ျခင္းေၾကာင့္ အေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး ဆူနာမီသတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါငလ်င္သည္ ဧၿပီလ(၃)ရက္ေန႔ နံနက္(၇)နာရီ(၅၈)မိနစ္တြင္ Hualien ကမ္း႐ိုးတန္းမွာ လႈပ္ခတ္ခဲ့ျခင္းျဖစ္ၿပီး တိုင္ေပၿမိဳ႕အပါအဝင္ ထိုင္ဝမ္ကြၽန္းတစ္ခုလုံးတြင္ ငလ်င္လႈပ္ခတ္မႈဒဏ္ကို ခံစားခဲ့ရေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ငလ်င္လႈပ္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၉၇)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထိုင္ဝမ္မီးသတ္ဌာနက ေျပာၾကားခဲ့သည္။ ငလ်င္လႈပ္ခတ္ၿပီးေနာက္ လူအခ်ိဳ႕သည္ ၎တို႔၏ ေနအိမ္မ်ားထဲတြင္ ပိတ္မိေနႏိုင္ဆဲျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။အဆိုပါငလ်င္သည္ ၁၉၉၉ ခုႏွစ္ေနာက္ပိုင္း ထိုင္ဝမ္ကြၽန္းတြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္မ်ားထဲတြင္ အင္အားအျပင္းဆုံးငလ်င္တစ္ခုျဖစ္ေၾကာင္း ဗဟိုမိုးေလဝသ စီမံခန႔္ခြဲေရး ေျမငလ်င္ဆိုင္ရာစင္တာ အႀကီးအကဲ Wu Chien-fu က ေျပာၾကားခဲ့သည္။

ငလ်င္လႈပ္ခတ္ျခင္းေၾကာင့္ အထပ္ျမင့္အေဆာက္အအုံအမ်ားအျပားၿပိဳက်ခဲ့ၿပီး အျခားေဒသမ်ားတြင္ ေျမၿပိဳမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္မ်ားတြင္ အထပ္ျမင့္အေဆာက္အအုံအမ်ားအျပားသည္ အျခားတစ္ဖက္သို႔ေစာင္းသြားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ Hualien ၿမိဳ႕တြင္ အလုပ္ႏွင့္ေက်ာင္းမ်ားကို ရပ္နားထားၿပီး အျခားၿမိဳ႕မ်ားစြာရွိ ျမန္ႏႈန္းျမင့္ရထားဝန္ေဆာင္မႈမ်ားကိုလည္း ရပ္ဆိုင္းထားရေၾကာင္း သိရသည္။ ရွန္ဟိုင္းၿမိဳ႕အပါအဝင္ တ႐ုတ္ႏိုင္ငံရွိ ၿမိဳ႕အမ်ားအျပားတြင္လည္း အဆိုပါငလ်င္ဒဏ္ကို ခံစားခဲ့ရေၾကာင္း Global Times သတင္းစာ၏ေဖာ္ျပခ်က္အရသိရသည္။ ထို႔ျပင္ ဂ်ပန္ႏိုင္ငံေတာင္ပိုင္းႏွင့္ ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္းရွိ ေနရာမ်ားအတြက္ ဆူနာမီသတိေပးခ်က္မ်ားထုတ္ျပန္ခဲ့ရေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံ အိုကီနာဝါစီရင္စုရွိ Naha ေလဆိပ္တြင္ ေလယာဥ္ပ်ံသန္းမႈအားလုံးကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.