ထိုင်ဝမ်ကျွန်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေ

 496

Pika (NP News) - ဧပြီ ၅

ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းရိုးတန်းတွင် ဧပြီလ(၃)ရက်နေ့က ပြင်းအား(၇ ဒသမ ၂)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလ(၅)ရက်နေ့တွင် ပျောက်ဆုံးနေသူ(၁၈)ဦးကို ထိုင်ဝမ်ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။

ဧပြီလ(၃)ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် Hualien မြို့တွင် အနည်းဆုံးလူ(၁၀)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁)ထောင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့ပြင် အမျိုးသားဥယျာဉ်တစ်ခုတွင် မြေပြိုကျမှုများကြောင့် လမ်းများပိတ်ဆို့သွားခဲ့ပြီး လူရာချီ ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။ လမ်းများပိတ်ဆို့မှုကြောင့် Taroko Gorge အမျိုးသားဥယျာဉ်ရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် ပိတ်မိနေသော လူ(၄၀၀)ခန့်မှာ ဘေးကင်းကြောင်း ကယ်ဆယ်ရေးသမားများက အတည်ပြုခဲ့သည်။ ကယ်ဆယ်ရေးပစ္စည်းများကို Taroko Gorge အမျိုးသားဥယျာဉ်အတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ထုတ်ခဲ့ကြောင်းလည်းသိရသည်။ Kaohsiung မြို့ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် Su Yu-ming က'ဒီနေ့ မိုးရွာနိုင်ခြေကို ကျွန်တော်တို့ အကဲဖြတ်ထားပါတယ်။ အဲဒါကြောင့်မလို့ ရှာဖွေကယ်ဆယ်ရေးသမားတွေကို မိုးရေစိုခံတဲ့ ကိရိယာတွေ တပ်ဆင်ပေးထားမှာပါ။ ဒါပေမဲ့လည်း မိုးရွာသွန်းတာဟာ လက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ကျောက်ဆောင်ပြိုကျခြင်းနဲ့ မြေပြိုခြင်းအန္တရာယ်တွေကို တိုးမြင့်စေပါတယ်။ ပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ် ဆောင်ဖို့အတွက် လိုအပ်တဲ့ရက်အရေအတွက် အတိအကျကို ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး'ဟု ပြောဆိုခဲ့သည်။

အဆိုပါငလျင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကျွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် အင်အားအပြင်းဆုံးငလျင်တစ်ခုဖြစ်ကြောင်း ဗဟိုမိုးလေဝသစီမံခန့်ခွဲရေး မြေငလျင်ဆိုင်ရာစင်တာ အကြီးအကဲ Wu Chien-fu က ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များတွင် ငလျင်လှုပ်ခတ်ပြီးနောက် အထပ်မြင့်အဆောက်အအုံအများအပြားသည် အခြားတစ်ဖက်သို့စောင်းသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

zawgyi version
ထိုင္ဝမ္ကြၽန္းတြင္ အင္အားျပင္းငလ်င္လႈပ္ခတ္ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေန
Pika (NP News) - ဧၿပီ ၅

ထိုင္ဝမ္ကြၽန္း အေရွ႕ဖက္ကမ္း႐ိုးတန္းတြင္ ဧၿပီလ(၃)ရက္ေန႔က ျပင္းအား(၇ ဒသမ ၂)မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ဧၿပီလ(၅)ရက္ေန႔တြင္ ေပ်ာက္ဆုံးေနသူ(၁၈)ဦးကို ထိုင္ဝမ္ကယ္ဆယ္ေရးသမားမ်ားက လိုက္လံရွာေဖြေနဆဲျဖစ္ေၾကာင္းသိရသည္။

ဧၿပီလ(၃)ရက္ေန႔က လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ Hualien ၿမိဳ႕တြင္ အနည္းဆုံးလူ(၁၀)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၁)ေထာင္ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။ထို႔ျပင္ အမ်ိဳးသားဥယ်ာဥ္တစ္ခုတြင္ ေျမၿပိဳက်မႈမ်ားေၾကာင့္ လမ္းမ်ားပိတ္ဆို႔သြားခဲ့ၿပီး လူရာခ်ီ ပိတ္မိေနဆဲျဖစ္ေၾကာင္းသိရသည္။ လမ္းမ်ားပိတ္ဆို႔မႈေၾကာင့္ Taroko Gorge အမ်ိဳးသားဥယ်ာဥ္ရွိ ဇိမ္ခံဟိုတယ္တစ္ခုတြင္ ပိတ္မိေနေသာ လူ(၄၀၀)ခန႔္မွာ ေဘးကင္းေၾကာင္း ကယ္ဆယ္ေရးသမားမ်ားက အတည္ျပဳခဲ့သည္။ ကယ္ဆယ္ေရးပစၥည္းမ်ားကို Taroko Gorge အမ်ိဳးသားဥယ်ာဥ္အတြင္းသို႔ ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ကယ္ထုတ္ခဲ့ေၾကာင္းလည္းသိရသည္။ Kaohsiung ၿမိဳ႕ ကယ္ဆယ္ေရးႏွင့္ ရွာေဖြေရးအဖြဲ႕ ေခါင္းေဆာင္ Su Yu-ming က'ဒီေန႔ မိုး႐ြာႏိုင္ေျခကို ကြၽန္ေတာ္တို႔ အကဲျဖတ္ထားပါတယ္။ အဲဒါေၾကာင့္မလို႔ ရွာေဖြကယ္ဆယ္ေရးသမားေတြကို မိုးေရစိုခံတဲ့ ကိရိယာေတြ တပ္ဆင္ေပးထားမွာပါ။ ဒါေပမဲ့လည္း မိုး႐ြာသြန္းတာဟာ လက္ရွိကြၽန္ေတာ္တို႔ရင္ဆိုင္ေနရတဲ့ အႀကီးဆုံးစိန္ေခၚမႈတစ္ခုျဖစ္တဲ့ ေက်ာက္ေဆာင္ၿပိဳက်ျခင္းနဲ႔ ေျမၿပိဳျခင္းအႏၲရာယ္ေတြကို တိုးျမင့္ေစပါတယ္။ ၿပီးေတာ့ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ ေဆာင္ဖို႔အတြက္ လိုအပ္တဲ့ရက္အေရအတြက္ အတိအက်ကို ကြၽန္ေတာ္တို႔ အတည္မျပဳႏိုင္ေသးပါဘူး'ဟု ေျပာဆိုခဲ့သည္။

အဆိုပါငလ်င္သည္ ၁၉၉၉ ခုႏွစ္ေနာက္ပိုင္း ထိုင္ဝမ္ကြၽန္းတြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္မ်ားထဲတြင္ အင္အားအျပင္းဆုံးငလ်င္တစ္ခုျဖစ္ေၾကာင္း ဗဟိုမိုးေလဝသစီမံခန႔္ခြဲေရး ေျမငလ်င္ဆိုင္ရာစင္တာ အႀကီးအကဲ Wu Chien-fu က ေျပာၾကားခဲ့သည္။ ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္မ်ားတြင္ ငလ်င္လႈပ္ခတ္ၿပီးေနာက္ အထပ္ျမင့္အေဆာက္အအုံအမ်ားအျပားသည္ အျခားတစ္ဖက္သို႔ေစာင္းသြားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။

Related news

© 2021. All rights reserved.