ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်

 738

Pika (NP News) - ဧပြီ ၆

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဧပြီလ(၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းအတွက် အန်တိုနီယိုဂူတာရက်စ်ကို ကျေးဇူးတင်ကြောင်း ဂျူလီဘစ်ရှော့က ပြောကြားခဲ့ပြီး ယခင်မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟောင်း နိုလန်ဟေဇာ၏ ရာထူးကို ဆက်ခံခဲ့ကြောင်းသိရသည်။ ထို့ပြင် ဂျူလီဘစ်ရှော့သည် ကျယ်ပြန့်သော နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနှင့် အကြီးတန်းခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိသူဖြစ်ကြောင်းလည်းသိရသည်။ ဂျူလီဘစ်ရှော့သည် ဩစတြေးလျအစိုးရထံတွင် အဆင့်မြင့်ရာထူးပေါင်းများစွာကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။ ဂျူလီဘစ်ရှော့သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေး၊ သိပ္ပံနှင့်လေ့ကျင့်ရေးအစိုးရအဖွဲ့ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းသိရသည်။

ဂျူလီဘစ်ရှော့သည် ၁၉၉၈ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဩစတြေးလျလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဂျူလီဘစ်ရှော့သည် ၎င်း၏အသက်မွေးဝမ်းကျောင်းကာလတစ်လျှောက်အတွင်း ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုအားကောင်းလာစေခဲ့ပြီး နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးကြိုးပမ်းမှုများကို ဦးဆောင်ခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဂျူလီဘစ်ရှော့သည် ဩစတြေးလျအမျိုးသားတက္ကသိုလ်၏ အဓိပတိဖြစ်ပြီး ဩစတြေးလျနိုင်ငံ Adelaideတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိထားသူဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္အျဖစ္ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဂ်ဴလီဘစ္ေရွာ့ကို ခန႔္အပ္
Pika (NP News) - ဧၿပီ ၆

ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္အျဖစ္ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဂ်ဴလီဘစ္ေရွာ့ကို ခန႔္အပ္လိုက္ေၾကာင္း ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က ဧၿပီလ(၅)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္အျဖစ္ ခန႔္အပ္ျခင္းအတြက္ အန္တိုနီယိုဂူတာရက္စ္ကို ေက်းဇူးတင္ေၾကာင္း ဂ်ဴလီဘစ္ေရွာ့က ေျပာၾကားခဲ့ၿပီး ယခင္ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ေဟာင္း ႏိုလန္ေဟဇာ၏ ရာထူးကို ဆက္ခံခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဂ်ဴလီဘစ္ေရွာ့သည္ က်ယ္ျပန႔္ေသာ ႏိုင္ငံေရး၊ ဥပေဒေရးရာ၊ စီမံခန႔္ခြဲမႈႏွင့္ အႀကီးတန္းေခါင္းေဆာင္မႈဆိုင္ရာ အေတြ႕အႀကဳံမ်ားစြာရွိသူျဖစ္ေၾကာင္းလည္းသိရသည္။ ဂ်ဴလီဘစ္ေရွာ့သည္ ဩစေၾတးလ်အစိုးရထံတြင္ အဆင့္ျမင့္ရာထူးေပါင္းမ်ားစြာကို ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ေၾကာင္းလည္း သိရသည္။ ဂ်ဴလီဘစ္ေရွာ့သည္ ၂၀၁၃ ခုႏွစ္မွ ၂၀၁၈ခုႏွစ္အထိ ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ပညာေရး၊ သိပၸံႏွင့္ေလ့က်င့္ေရးအစိုးရအဖြဲ႕ဝန္ႀကီးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးေၾကာင္းသိရသည္။

ဂ်ဴလီဘစ္ေရွာ့သည္ ၁၉၉၈ခုႏွစ္မွ ၂၀၁၉ခုႏွစ္အထိ ဩစေၾတးလ်လႊတ္ေတာ္အဖြဲ႕ဝင္တစ္ဦးျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ဂ်ဴလီဘစ္ေရွာ့သည္ ၎၏အသက္ေမြးဝမ္းေက်ာင္းကာလတစ္ေလွ်ာက္အတြင္း ေဒသတြင္းမိတ္ဖက္ႏိုင္ငံမ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈကို ပိုမိုအားေကာင္းလာေစခဲ့ၿပီး ႏိုင္ငံတကာေစ့စပ္ညႇိႏႈိင္းေရးႀကိဳးပမ္းမႈမ်ားကို ဦးေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဂ်ဴလီဘစ္ေရွာ့သည္ ဩစေၾတးလ်အမ်ိဳးသားတကၠသိုလ္၏ အဓိပတိျဖစ္ၿပီး ဩစေၾတးလ်ႏိုင္ငံ Adelaideတကၠသိုလ္မွ ဥပေဒဘြဲ႕ရရွိထားသူျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.