မြန်မာ့အရေးနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများကို ရုရှားအစိုးရဝေဖန်ပြစ်တင်

 6943

ဂျန်ဇက် (NP News) - ဧပြီ ၆

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာ၊ အာဏာပိုင်နက် နှင့် လွတ်လပ်ရေးကိုအဓိက ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vasily Nebenzya ကထုတ်ဖော်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး ဆွေး နွေးခဲ့ရာ ရုရှားသံအမတ်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက "ရုရှားနိုင်ငံဟာ မြန်မာအစိုးရနဲ့ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ပူးပေါင်းဆေင်ရွက်တာ၊ အပြုသဘောဆောင်တဲ့စေ့စပ်ဆွေးနွေးတာတွေလုပ်ဆောင်မယ်။ ရခိုင်ပြည်နယ် နဲ့ပတ်သက်ပြီး အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့ပေးမှုတိုးမြှင့်လုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အနောက်အုပ်စု ရဲ့ ပထဝီနိုင်ငံရေး အစီစဉ်တွေထဲ ဦးစားပေးတာမျိုးမဟုတ်ဘဲ ဘက်လိုက်မှုမရှိတဲ့ ချဉ်းကပ်မှုလုပ်ဆောင်ရမယ်။"ဟု ပြောသည်။

အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံနှင့်ပတ် သက်ပြီး ၎င်းတို့၏ neo-colonial ရည်မှန်းချက်များရရှိစေရန်နှင့် အခြေအနေများမတည်ငြိမ်စေရန်အတွက် လက်နက်ကိုင်အုပ်စုများကို ကူညီထောက်ပံ့ပေးနေကြောင်းရုရှားသံအမတ်ကြီးက ထပ်မံပြောဆိုခဲ့သည်။ ၎င်းက "အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့ရဲ့ neo-colonial ရည်မှန်းချက်တွေရယူနိုင်အောင်အစိုးရကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့သက်သေတွေရရှိထားပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ၎င်းတို့ရဲ့မဟာမိတ်နိုင်ငံတွေဟာ မြန်မာအစိုးရကို ဖိအာပေးဖို့တောင်းဆိုခဲ့တယ်။ အဲဒီလိုတောင်းဆိုခြင်းရဲ့နောက်ကွယ်မှာ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ မတည်ငြိမ်စေဖို့နဲ့ နေရပ်စွန့်ခွာသူတွေအခြေအနေတွေပိုမိုးဆိုးရွားလာအောင်လုပ်ဆောင်တာမျိုးဖြစ်တယ်။"ဟု ပြောသည်။

zawgyi version
ျမန္မာ့အေရးႏွင့္ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ားကို ႐ုရွားအစိုးရေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဧၿပီ ၆

႐ုရွားႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာ၊ အာဏာပိုင္နက္ ႏွင့္ လြတ္လပ္ေရးကိုအဓိက ဦးစားေပးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Vasily Nebenzya ကထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝးအတြင္း ျမန္မာႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး ေဆြး ေႏြးခဲ့ရာ ႐ုရွားသံအမတ္ႀကီးက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ၎က "႐ုရွားႏိုင္ငံဟာ ျမန္မာအစိုးရနဲ႔ပူးေပါင္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သက္ဆိုင္သူအားလုံးနဲ႔ပူးေပါင္းေဆင္႐ြက္တာ၊ အျပဳသေဘာေဆာင္တဲ့ေစ့စပ္ေဆြးေႏြးတာေတြလုပ္ေဆာင္မယ္။ ရခိုင္ျပည္နယ္ နဲ႔ပတ္သက္ၿပီး အေျခအေနေတြကို ေျဖရွင္းႏိုင္ဖို႔ ႏိုင္ငံတကာရဲ႕ကူညီေထာက္ပံ့ေပးမႈတိုးျမႇင့္လုပ္ေဆာင္ရမယ္။ ျမန္မာႏိုင္ငံေရးအခက္အခဲကိုေျဖရွင္းဖို႔ ႀကိဳးပမ္းရာမွာ အေနာက္အုပ္စု ရဲ႕ ပထဝီႏိုင္ငံေရး အစီစဥ္ေတြထဲ ဦးစားေပးတာမ်ိဳးမဟုတ္ဘဲ ဘက္လိုက္မႈမရွိတဲ့ ခ်ဥ္းကပ္မႈလုပ္ေဆာင္ရမယ္။"ဟု ေျပာသည္။

အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ျမန္မာႏိုင္ငံႏွင့္ပတ္ သက္ၿပီး ၎တို႔၏ neo-colonial ရည္မွန္းခ်က္မ်ားရရွိေစရန္ႏွင့္ အေျခအေနမ်ားမတည္ၿငိမ္ေစရန္အတြက္ လက္နက္ကိုင္အုပ္စုမ်ားကို ကူညီေထာက္ပံ့ေပးေနေၾကာင္း႐ုရွားသံအမတ္ႀကီးက ထပ္မံေျပာဆိုခဲ့သည္။ ၎က "အေနာက္အုပ္စုႏိုင္ငံေတြဟာ သူတို႔ရဲ႕ neo-colonial ရည္မွန္းခ်က္ေတြရယူႏိုင္ေအာင္အစိုးရကိုဆန႔္က်င္ေနတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြကို ကူညီေထာက္ပံ့ေပးေနတဲ့သက္ေသေတြရရွိထားပါတယ္။ အေမရိကန္၊ ၿဗိတိန္ နဲ႔ ၎တို႔ရဲ႕မဟာမိတ္ႏိုင္ငံေတြဟာ ျမန္မာအစိုးရကို ဖိအာေပးဖို႔ေတာင္းဆိုခဲ့တယ္။ အဲဒီလိုေတာင္းဆိုျခင္းရဲ႕ေနာက္ကြယ္မွာ ရခိုင္ျပည္နယ္မွာ အေျခအေနေတြ မတည္ၿငိမ္ေစဖို႔နဲ႔ ေနရပ္စြန႔္ခြာသူေတြအေျခအေနေတြပိုမိုးဆိုး႐ြားလာေအာင္လုပ္ေဆာင္တာမ်ိဳးျဖစ္တယ္။"ဟု ေျပာသည္။

Related news

© 2021. All rights reserved.