တူးဖော်ခြင်းမပြုရသေးသည့် ကျောက်လွှာစဥ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေ

 2203

ယွန်း(NP News) - ဧပြီ ၇

တူးဖော်ခြင်းမပြုရသေးသည့် ကျောက်လွှာစဥ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ရှိ ရတနာခန်းမတွင် ကျင်းပခဲ့သည့် စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

စွမ်းအင်အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် Green Energy အရင်းအမြစ်များကို ပြောင်းလဲသုံးစွဲကြရ မည်ဖြစ်ပြီး Clean Energy ဟု သတ်မှတ်သည့် သဘာဝဓာတ်ငွေ့ကို ကြားခံအဆင့်တစ်ခုအဖြစ် မဖြစ်မနေ သုံးစွဲရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးထားသည်။

ထို့ပြင် ရုပ်ကြွင်းလောင်စာများဖြစ်သည့် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အနက် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုအနည်းဆုံးမှာ သဘာဝဓာတ်ငွေ့ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများကိုအသုံးပြု၍ လက်ရှိထုတ်လုပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် တူးဖော်ခြင်း မပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက် နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များကို ကုန်းတွင်းနှင့် ကမ်းလွန်နေရာနှစ်ခုလုံးတွင် ရှာဖွေဖော်ထုတ် ရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရေး ကိုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version;
တူးေဖာ္ျခင္းမျပဳရေသးသည့္ ေက်ာက္လႊာစဥ္စုမ်ားမွ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ားထုတ္ယူႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ေန
ယြန္း(NP News) - ဧၿပီ ၇

တူးေဖာ္ျခင္းမျပဳရေသးသည့္ ေက်ာက္လႊာစဥ္စုမ်ားမွ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ားထုတ္ယူႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ စြမ္းအင္ဝန္ႀကီးဌာန ႐ုံးအမွတ္ (၆) ရွိ ရတနာခန္းမတြင္ က်င္းပခဲ့သည့္ စြမ္းအင္ဖူလုံေရးႏွင့္ စြမ္းအင္အသြင္ကူးေျပာင္းေရး အလုပ္႐ုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

စြမ္းအင္အသြင္ကူးေျပာင္းေရး ေဆာင္႐ြက္ရာတြင္ Green Energy အရင္းအျမစ္မ်ားကို ေျပာင္းလဲသုံးစြဲၾကရ မည္ျဖစ္ၿပီး Clean Energy ဟု သတ္မွတ္သည့္ သဘာဝဓာတ္ေငြ႕ကို ၾကားခံအဆင့္တစ္ခုအျဖစ္ မျဖစ္မေန သုံးစြဲရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးထားသည္။

ထို႔ျပင္ ႐ုပ္ႂကြင္းေလာင္စာမ်ားျဖစ္သည့္ ေက်ာက္မီးေသြး၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕တို႔အနက္ ကာဗြန္ဒိုင္ ေအာက္ဆိုက္ ထုတ္လႊတ္မႈအနည္းဆုံးမွာ သဘာဝဓာတ္ေငြ႕ျဖစ္ၿပီး ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္၏ သဘာဝဓာတ္ေငြ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ နည္းလမ္းေပါင္းစုံသုံး၍ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ သဘာဝဓာတ္ေငြ႕တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးအတြက္ ေခတ္မီနည္းပညာမ်ားကိုအသုံးျပဳ၍ လက္ရွိထုတ္လုပ္ေနေသာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ေျမမ်ားမွ တိုးတက္ထုတ္လုပ္ႏိုင္ေရးႏွင့္ တူးေဖာ္ျခင္း မျပဳရေသးေသာ ေက်ာက္လႊာစဥ္စုမ်ားမွ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ား ထုတ္ယူရရွိႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

ထို႔ျပင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ေျမအသစ္မ်ားကို ကုန္းတြင္းႏွင့္ ကမ္းလြန္ေနရာႏွစ္ခုလုံးတြင္ ရွာေဖြေဖာ္ထုတ္ ရန္ မျဖစ္မေန ႀကိဳးပမ္းေဆာင္႐ြက္ေရး ကိုလည္း ၎က တိုက္တြန္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.