(၃)လအတွင်း YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု အပါအဝင် အမှုပေါင်း (၁၈၀၀၀)ကျော်ကို ဖမ်းဆီးအရေးယူထား

 304

စော (NP News) - ဧပြီ ၇

(၃)လအတွင်း YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု အပါအဝင် အမှုပေါင်း (၁၈၀၀၀)ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC) ထံမှ သိရသည်။

YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယခုရက်ပိုင်းအတွင်း YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ YBS ယာဉ်မောင်းများ ဖမ်းဆီးအရေးယူခံရသည့် အမှုပေါင်း (၁၈၄၂၄)မှုရှိခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီလိုမျိုး ဖမ်းဆီးတာကတော့ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ YBS ယာဉ်တွေ၊ ယာဉ်မောင်းတွေ စည်းကမ်းတကျမောင်းဖို့၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းအောင်မောင်းဖို့အတွက် ဒီလိုမျိုး ဖမ်းဆီးတာဖြစ်ပါ တယ်။ ဒီလိုမျိုး ဖမ်းဆီးတဲ့အခါမှာ မီးနီဖြတ်မောင်းတို့ ဘာတို့ဆိုရင် (၃)ကြိမ်ဖြတ်ရင် YBS မောင်းနှင်ခွင့်ကို အမြဲတမ်းပိတ်သိမ်းလိုက်တယ်” ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

အဆိုပါအမှုများမှာ မှတ်သားဖမ်းဆီးမှု (၁၆၆၀၂) မှု၊ တိုင်ကြားမှု (၂၂၉)မှု၊ Facebook အမှု (၂)မှု၊ မီးနီဖြတ်မောင်းမှု (၅၈)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၉၁၀)မှု နှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၁၆၅)တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဆင်မခြင်မောင်းနှင်မှု (၁၀၀)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၈၆)မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှု (၁၈၉)မှု၊ မချေမငံပြောဆိုမှု (၁)၊ Complain Centerမှ Viberသို့ တိုင်ကြားမှု (၂)မှု နှင့် အခြားအမှု (၈၀)မှုတို့ဖြစ် ကြောင်း သိရသည်။

“ဒီလိုမျိုး ယာဉ်တိုက်ခိုက်မှုတွေ ဖြစ်တဲ့အတွက်ကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး နှင့် စစ်ဆေးရေးဌာနကနေ ပြီးတော့ အဖွဲ့ (၉)ဖွဲ့ ဖွဲ့ပြီးတော့ လမ်းကြောင်း (၁၀)ကြောင်း၊ လိုက်လံစစ်ဆေးပြီးတော့ ကျွန်တော်တို့ ဆောင်ရွက် လေ့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီလ မှ ဧပြီ ၃ ရက်အထိ YBS ယာဉ် မတော်တဆမှုဖြစ်စဉ်များတွင် သေဆုံးသူ(၁၃)ဦး၊ ဒဏ်ရာရသူ (၃၂)ဦး ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
(၃)လအတြင္း YBS ယာဥ္ေမာင္းမ်ား သတ္မွတ္ကီလိုမီတာအထက္ ေက်ာ္လြန္ေမာင္းႏွင္မႈ အပါအဝင္ အမႈေပါင္း (၁၈၀၀၀)ေက်ာ္ကို ဖမ္းဆီးအေရးယူထား
ေစာ (NP News) - ဧၿပီ ၇

(၃)လအတြင္း YBS ယာဥ္ေမာင္းမ်ား သတ္မွတ္ကီလိုမီတာအထက္ ေက်ာ္လြန္ေမာင္းႏွင္မႈ အပါအဝင္ အမႈေပါင္း (၁၈၀၀၀)ေက်ာ္ကို ဖမ္းဆီးအေရးယူထားေၾကာင္း ရန္ကုန္တိုင္း ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ(YRTC) ထံမွ သိရသည္။

YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ယခုရက္ပိုင္းအတြင္း YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ မတ္လအထိ YBS ယာဥ္ေမာင္းမ်ား ဖမ္းဆီးအေရးယူခံရသည့္ အမႈေပါင္း (၁၈၄၂၄)မႈရွိခဲ့ ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး ဖမ္းဆီးတာကေတာ့ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ YBS ယာဥ္ေတြ၊ ယာဥ္ေမာင္းေတြ စည္းကမ္းတက်ေမာင္းဖို႔၊ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းေအာင္ေမာင္းဖို႔အတြက္ ဒီလိုမ်ိဳး ဖမ္းဆီးတာျဖစ္ပါ တယ္။ ဒီလိုမ်ိဳး ဖမ္းဆီးတဲ့အခါမွာ မီးနီျဖတ္ေမာင္းတို႔ ဘာတို႔ဆိုရင္ (၃)ႀကိမ္ျဖတ္ရင္ YBS ေမာင္းႏွင္ခြင့္ကို အၿမဲတမ္းပိတ္သိမ္းလိုက္တယ္” ဟု YRTC မွတြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။

အဆိုပါအမႈမ်ားမွာ မွတ္သားဖမ္းဆီးမႈ (၁၆၆၀၂) မႈ၊ တိုင္ၾကားမႈ (၂၂၉)မႈ၊ Facebook အမႈ (၂)မႈ၊ မီးနီျဖတ္ေမာင္းမႈ (၅၈)မႈ၊ သတ္မွတ္ကီလိုမီတာအထက္ ေက်ာ္လြန္ေမာင္းႏွင္မႈ (၉၁၀)မႈ ႏွင့္ သတ္မွတ္လမ္းေၾကာင္းအတိုင္း မေမာင္းႏွင္မႈ (၁၆၅)တို႔ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ မဆင္မျခင္ေမာင္းႏွင္မႈ (၁၀၀)မႈ၊ ရပ္နားခ်ိန္ၾကာျမင့္မႈ (၈၆)မႈ၊ ယာဥ္တစ္စီးႏွင့္တစ္စီး ယွဥ္ၿပိဳင္ေမာင္းႏွင္မႈ (၁၈၉)မႈ၊ မေခ်မငံေျပာဆိုမႈ (၁)၊ Complain Centerမွ Viberသို႔ တိုင္ၾကားမႈ (၂)မႈ ႏွင့္ အျခားအမႈ (၈၀)မႈတို႔ျဖစ္ ေၾကာင္း သိရသည္။

“ဒီလိုမ်ိဳး ယာဥ္တိုက္ခိုက္မႈေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႏွင့္ စစ္ေဆးေရးဌာနကေန ၿပီးေတာ့ အဖြဲ႕ (၉)ဖြဲ႕ ဖြဲ႕ၿပီးေတာ့ လမ္းေၾကာင္း (၁၀)ေၾကာင္း၊ လိုက္လံစစ္ေဆးၿပီးေတာ့ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ ေလ့ ရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ဇန္နဝါရီလ မွ ဧၿပီ ၃ ရက္အထိ YBS ယာဥ္ မေတာ္တဆမႈျဖစ္စဥ္မ်ားတြင္ ေသဆုံးသူ(၁၃)ဦး၊ ဒဏ္ရာရသူ (၃၂)ဦး ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.