မန္တလေးတွင် လေးပြင်းတိုက်ခက်မှုများဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံးကာ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်

 2694

သန့်ဇင်(NP News) - ဧပြီ ၈

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် လေးပြင်းတိုက်ခတ်မှုကြောင့် လမ်းဖြတ်မုဒ်ဦးတစ်ခုပြိုကျသွားခဲ့ရာ ကားတစ်စီးထိခိုက် ပျက်စီးသွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဧပြီလ ၇ရက်)၊ ည ၇နာရီဝန်းကျင်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၆လမ်းနှင့် ၇၃လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က လေပြင်းတိုက်ပြီးတော့ အဲဒီမုဒ်ဦး တစ်ခြမ်းစောင်းပြီး ပြိုကျတာပါ။ လေကထင်သလောက်ကြီးလည်း အရမ်းမပြင်းပေမယ့် မုဒ်ဦးကကိုမခိုင်လို့ပြုကျတာပါ။ အဲဒီမုဒ်ဦးက အရင်ကတည်းက ပြည်ထောင်စုနေ့တို့နဲ့ အခြားနေ့တွေမှာ လုပ်တဲ့လမ်းဖြတ်မုဒ်ဦးပါ။ အခုမှ မခိုင်လို့ပြုတ်ကျတာပါ”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ မုဒ်ဦးပြိုကျမှုဖြစ်စဉ်တွင် လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်စီးကား(၂)စီးသည်လည်း ထိခိုက်ပျက်စီးမှုများရရှိခဲ့ကြောင်း သိရသည်။ အလားတူ အဆိုပါနေ့တွင် မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာတွင်လည်း လေပြင်းတိုက်ခက်မှုကြောင့် အမြင့်ပေ(၄၀)၊ အနံ(၁၀)ပေခန့်ရှိ လက်ပံပင်တစ်ပင်လဲပြိုခဲ့ရာ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လေတိုက်ပြီး လက်ပံပင် ပိတဲ့အဖွားကတော့ ခေါင်းထိပြီးဆုံးသွားတယ်။ အဖွားက အဲဒီလက်ပံပင်အောက်မှာ တဲထိုးပြီးနေတာ။ အဲဒီဘက်မှာပဲ တဲ(၃)လုံး ပြိုပြီး ကျားတစ်ဦးနဲ့ မတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်။ နောက်ပြီး ပြည်ကြီးတံခွန်ဘက်က ထရမ်စဖာလည်း ပြုတ်ကျတယ်လို့ကြားမိတယ်။ မနေ့လေက နည်းနည်းတော့ ကြမ်းသွားတယ်”ဟု လှိုင်းမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ ေလးျပင္းတိုက္ခက္မႈမ်ားျဖစ္ပြားခဲ့ၿပီး အဖြားအိုတစ္ဦး ေသဆုံးကာ အေဆာက္ အဦးတစ္ခ်ိဳ႕ ထိခိုက္ပ်က္စီးမႈျဖစ္ေပၚ
သန႔္ဇင္(NP News) - ဧၿပီ ၈

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ေလးျပင္းတိုက္ခတ္မႈေၾကာင့္ လမ္းျဖတ္မုဒ္ဦးတစ္ခုၿပိဳက်သြားခဲ့ရာ ကားတစ္စီးထိခိုက္ ပ်က္စီးသြားခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၇ရက္)၊ ည ၇နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၂၆လမ္းႏွင့္ ၇၃လမ္းၾကား၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မေန႔က ေလျပင္းတိုက္ၿပီးေတာ့ အဲဒီမုဒ္ဦး တစ္ျခမ္းေစာင္းၿပီး ၿပိဳက်တာပါ။ ေလကထင္သေလာက္ႀကီးလည္း အရမ္းမျပင္းေပမယ့္ မုဒ္ဦးကကိုမခိုင္လို႔ျပဳက်တာပါ။ အဲဒီမုဒ္ဦးက အရင္ကတည္းက ျပည္ေထာင္စုေန႔တို႔နဲ႔ အျခားေန႔ေတြမွာ လုပ္တဲ့လမ္းျဖတ္မုဒ္ဦးပါ။ အခုမွ မခိုင္လို႔ျပဳတ္က်တာပါ”ဟု နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ မုဒ္ဦးၿပိဳက်မႈျဖစ္စဥ္တြင္ လူ(၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အိမ္စီးကား(၂)စီးသည္လည္း ထိခိုက္ပ်က္စီးမႈမ်ားရရွိခဲ့ေၾကာင္း သိရသည္။ အလားတူ အဆိုပါေန႔တြင္ မတၱရာၿမိဳ႕နယ္၊ မင္းကန္ေက်း႐ြာတြင္လည္း ေလျပင္းတိုက္ခက္မႈေၾကာင့္ အျမင့္ေပ(၄၀)၊ အနံ(၁၀)ေပခန႔္ရွိ လက္ပံပင္တစ္ပင္လဲၿပိဳခဲ့ရာ အသက္(၆၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေလတိုက္ၿပီး လက္ပံပင္ ပိတဲ့အဖြားကေတာ့ ေခါင္းထိၿပီးဆုံးသြားတယ္။ အဖြားက အဲဒီလက္ပံပင္ေအာက္မွာ တဲထိုးၿပီးေနတာ။ အဲဒီဘက္မွာပဲ တဲ(၃)လုံး ၿပိဳၿပီး က်ားတစ္ဦးနဲ႔ မတစ္ဦး ထိခိုက္ဒဏ္ရာ ရခဲ့ေသးတယ္။ ေနာက္ၿပီး ျပည္ႀကီးတံခြန္ဘက္က ထရမ္စဖာလည္း ျပဳတ္က်တယ္လို႔ၾကားမိတယ္။ မေန႔ေလက နည္းနည္းေတာ့ ၾကမ္းသြားတယ္”ဟု လႈိင္းေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို မတၱရာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.