သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူများကို မီးပွိုင့်များ၌ တပ်ဆင်ထားသည့် CCTV Camera များမှတဆင့် စောင့်ကြည့်အ‌ရေးယူမည်

 233

စော (NP News) - ဧပြီ ၈

သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူများကို မီးပွိုင့်များ၌ တပ်ဆင်ထားသည့် CCTV Camera များမှတဆင့် စောင့်ကြည့်အ‌ရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယနေ့ (ဧပြီလ ၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ကာလတွင် ရန်ကုန်တိုင်းအတွင်း ယာဉ်မောင်းနှင်သူများအ နေဖြင့် မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူးစည်းကမ်းမဲ့ ပြိုင်မမောင်းရ၊ လုမမောင်းရန်၊ မော်တော်ယာဉ်များတွင် အိတ်‌ဇောပိုက်ဖြုတ်မမောင်းရန်၊ ယာဉ်နံပါတ်ပြားမပါရှိဘဲ မမောင်းရန်၊ ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များ တပ်ဆင်ခြင်းလုံးဝမပြုရန်နှင့် ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရန် အသိပေးထားသည်ကို တွေ့ရသည်။

ထို့ပြင် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင် (ဝှီးတက်)မပါဘဲ မမောင်းရန် ၊ ဖျက်သိမ်းထားသော ယာဉ်အို/ယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးသော ယာဉ်များနှင့် ပြုပြင်ဆဲယာဉ်များမမောင်းရန် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များမှ စီးနင်းခြင်းလုံးဝမပြုရန်နှင့် ပစ်ကပ်ယာဉ်များ( လိုက်ထရပ်/မီနီပစ်ကပ်)သည် သတ်မှတ်ထားသည့် ဝန်အလေးချိန်ထက် ပိုမိုတင်‌ဆောင်မောင်းနှင်ခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နှင့် ယာဉ်မောင်းနှင်သူများကို အရက်သေစာ‌သောက်စားထားခြင်းရှိ/မရှိ အရက်မူးတိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးမည်ဖြစ်ပြီး ချိုးဖောက်ပါက ထိ‌ရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဆိုသည်။

ယခုအခါ အချက်အချာကျသော လမ်းဆုံ/လမ်းခွ မီးပွိုင့်များတွင် CCTV Camera များ တပ်ဆင်ပြီးဖြစ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများအား ၎င်းကင်မရာများဖြင့် ရိုက်ကူးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သၾကၤန္ကာလအတြင္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းခ်ိဳးေဖာက္သူမ်ားကို မီးပြိဳင့္မ်ား၌ တပ္ဆင္ထားသည့္ CCTV Camera မ်ားမွတဆင့္ ေစာင့္ၾကည့္အ‌ေရးယူမည္
ေစာ (NP News) - ဧၿပီ ၈

သၾကၤန္ကာလအတြင္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းခ်ိဳးေဖာက္သူမ်ားကို မီးပြိဳင့္မ်ား၌ တပ္ဆင္ထားသည့္ CCTV Camera မ်ားမွတဆင့္ ေစာင့္ၾကည့္အ‌ေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ယေန႔ (ဧၿပီလ ၈ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားသည္။

ျမန္မာ့႐ိုးရာယဥ္ေက်းမႈသၾကၤန္ကာလတြင္ ရန္ကုန္တိုင္းအတြင္း ယာဥ္ေမာင္းႏွင္သူမ်ားအ ေနျဖင့္ မူးယစ္ေသာက္စားယာဥ္မေမာင္းရန္၊ အေပ်ာ္လြန္က်ဴးစည္းကမ္းမဲ့ ၿပိဳင္မေမာင္းရ၊ လုမေမာင္းရန္၊ ေမာ္ေတာ္ယာဥ္မ်ားတြင္ အိတ္‌ေဇာပိုက္ျဖဳတ္မေမာင္းရန္၊ ယာဥ္နံပါတ္ျပားမပါရွိဘဲ မေမာင္းရန္၊ ယာဥ္နံပါတ္အတုမ်ား၊ အျခားယာဥ္နံပါတ္မ်ား တပ္ဆင္ျခင္းလုံးဝမျပဳရန္ႏွင့္ ယာဥ္၏ေဘးတံခါးမ်ား၊ ေနာက္ဖုံးမ်ားျဖဳတ္၍ ေမာင္းႏွင္ျခင္းမျပဳရန္ အသိေပးထားသည္ကို ေတြ႕ရသည္။

ထို႔ျပင္ ယာဥ္ေမာင္းလိုင္စင္ႏွင့္ ယာဥ္မွတ္ပုံတင္ (ဝွီးတက္)မပါဘဲ မေမာင္းရန္ ၊ ဖ်က္သိမ္းထားေသာ ယာဥ္အို/ယာဥ္ေဟာင္းမ်ား၊ မွတ္ပုံမတင္ရေသးေသာ ယာဥ္မ်ားႏွင့္ ျပဳျပင္ဆဲယာဥ္မ်ားမေမာင္းရန္ ၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္း မည္သည့္ေမာ္ေတာ္ဆိုင္ကယ္၊ ေဘးတြဲဆိုင္ကယ္မ်ားမွ စီးနင္းျခင္းလုံးဝမျပဳရန္ႏွင့္ ပစ္ကပ္ယာဥ္မ်ား( လိုက္ထရပ္/မီနီပစ္ကပ္)သည္ သတ္မွတ္ထားသည့္ ဝန္အေလးခ်ိန္ထက္ ပိုမိုတင္‌ေဆာင္ေမာင္းႏွင္ျခင္းမျပဳရန္ သတ္မွတ္ထားေၾကာင္း သိရသည္။

က်ဴးလြန္ပါက တည္ဆဲဥပေဒအရ ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္း ႏွင့္ ယာဥ္ေမာင္းႏွင္သူမ်ားကို အရက္ေသစာ‌ေသာက္စားထားျခင္းရွိ/မရွိ အရက္မူးတိုင္းကိရိယာျဖင့္ တိုင္းတာစစ္ေဆးမည္ျဖစ္ၿပီး ခ်ိဳးေဖာက္ပါက ထိ‌ေရာက္စြာ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သၾကၤန္ကာလအတြင္း လမ္းလယ္၌ ေမာ္ေတာ္ယာဥ္စက္ပ်က္၍ ရပ္ထားပါက ကရိန္းယာဥ္ျဖင့္ ဆြဲယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ ဆိုသည္။

ယခုအခါ အခ်က္အခ်ာက်ေသာ လမ္းဆုံ/လမ္းခြ မီးပြိဳင့္မ်ားတြင္ CCTV Camera မ်ား တပ္ဆင္ၿပီးျဖစ္၍ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းခ်ိဳးေဖာက္မႈမ်ားအား ၎ကင္မရာမ်ားျဖင့္ ႐ိုက္ကူးၿပီး ထိေရာက္စြာ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.