ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို လေးစားလိုက်နာရန် အမေရိကန်ကို တရုတ်အစိုးရတိုက်တွန်း

 380

Pika (NP News) - ဧပြီ ၈

အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို နိုင်ငံရေးသဘောအရ မလုပ်ဆောင်ရန် နှင့် ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို လေးစားလိုက်နာရန် တရုတ်အစိုးရက တိုက်တွန်းခဲ့ကြောင်းသိရသည်။

တရုတ်ဝန်ကြီးချုပ် လီချန်း နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်တို့သည် ဧပြီလ(၇)ရက်နေ့တွင် ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်တွန်းမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြားဆက်ဆံရေးမှာ တည်ငြိမ်နေသော်လည်း ပြဿနာအများအပြားကို လက်ရှိအချိန်အထိ ဖြေရှင်းနိုင်ခြင်းမျိုးမရှိသေးကြောင်း လီချန်းနှင့်ဂျဲနက်ယဲလင်တို့ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ဆုံခဲ့ပြီးနောက် ဂျဲနက်ယဲလင်၏ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျဲနက်ယဲလင်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုများနှင့်ပတ်သက်ပြီး အကောင်းမြင်မှုများကို နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း သိသာသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ပုံမပေါ်ကြောင်းလည်း သိရသည်။ ဂျဲနက်ယဲလင်က 'နောက်ထပ်လုပ်စရာတွေ အများကြီးရှိနေပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ နှစ်နိုင်ငံကြားဆက်ဆံရေးကို ပိုမိုတည်ငြိမ်အောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်'ဟုပြောဆိုခဲ့သည်။ ထို့ပြင် ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို လိုက်နာရန် ဂျဲနက်ယဲလင်ကိုလီချန်းက တိုက်တွန်းခဲ့သဖြင့် တရုတ်နိုင်ငံသည် အမေရိကန်၏ကုန်သွယ်မှုအလေ့
အထများကို တရားမျှတမှုမရှိဟု ရှုမြင်နေပုံပေါ်သည်။ လီချန်းက 'အမေရိကန်နိုင်ငံဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးပြဿနာတွေကို နိုင်ငံရေး ဒါမှမဟုတ် လုံခြုံရေးပြဿနာတွေအဖြစ် ပြောင်းလဲခြင်းမှရှောင်ကြဥ်ပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှုနဲ့ ပွင့်လင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ဈေးကွက်စီးပွားရေးရဲ့ အခြေခံစံနှုန်းတွေကို လေးစားလိုက်နာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ထိပ်တန်းခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တည်ငြိမ်စပြုနေပြီဖြစ်ကြောင်း လီချန်းကထပ်မံပြောဆိုခဲ့သည်။ နောက်ဆုံးတွင် နှစ်နိုင်ငံစလုံးသည် ရန်ဘက်များဖြစ်လာမည့်အစား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နှင့် win-win ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် မိတ်ဖက်နိုင်ငံများဖြစ်လာနိုင်မည်ဟု မျှော်လင့်မိကြောင်း လီချန်းက ထပ်မံပြောဆိုခဲ့သည်။

zawgyi version
ေဈးကြက္စီးပြားေရး၏ အေျခခံစံႏႈန္းမ်ားကို ေလးစားလိုက္နာရန္ အေမရိကန္ကို တ႐ုတ္အစိုးရတိုက္တြန္း
Pika (NP News) - ဧၿပီ ၈

အေမရိကန္ႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈကို ႏိုင္ငံေရးသေဘာအရ မလုပ္ေဆာင္ရန္ ႏွင့္ ေဈးကြက္စီးပြားေရး၏ အေျခခံစံႏႈန္းမ်ားကို ေလးစားလိုက္နာရန္ တ႐ုတ္အစိုးရက တိုက္တြန္းခဲ့ေၾကာင္းသိရသည္။

တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္း ႏွင့္ အေမရိကန္ဘ႑ာေရးဝန္ႀကီး ဂ်ဲနက္ယဲလင္တို႔သည္ ဧၿပီလ(၇)ရက္ေန႔တြင္ ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုကဲ့သို႔ တိုက္တြန္းမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးမွာ တည္ၿငိမ္ေနေသာ္လည္း ျပႆနာအမ်ားအျပားကို လက္ရွိအခ်ိန္အထိ ေျဖရွင္းႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း လီခ်န္းႏွင့္ဂ်ဲနက္ယဲလင္တို႔ကေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္တို႔ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေတြ႕ဆုံခဲ့ၿပီးေနာက္ ဂ်ဲနက္ယဲလင္၏ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္သည့္ ခရီးစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။

ဂ်ဲနက္ယဲလင္၏ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးတိုးတက္ေကာင္းမြန္မႈမ်ားႏွင့္ပတ္သက္ၿပီး အေကာင္းျမင္မႈမ်ားကို ႏွစ္ဘက္စလုံးက ထုတ္ေဖာ္ေျပာဆိုခဲ့ၾကေသာ္လည္း သိသာေသာ ေအာင္ျမင္မႈရလဒ္မ်ား ရရွိခဲ့ပုံမေပၚေၾကာင္းလည္း သိရသည္။ ဂ်ဲနက္ယဲလင္က 'ေနာက္ထပ္လုပ္စရာေတြ အမ်ားႀကီးရွိေနေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို ပိုမိုတည္ၿငိမ္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ကြၽန္မယုံၾကည္ပါတယ္'ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ေဈးကြက္စီးပြားေရး၏ အေျခခံစံႏႈန္းမ်ားကို လိုက္နာရန္ ဂ်ဲနက္ယဲလင္ကိုလီခ်န္းက တိုက္တြန္းခဲ့သျဖင့္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္၏ကုန္သြယ္မႈအေလ့
အထမ်ားကို တရားမွ်တမႈမရွိဟု ရႈျမင္ေနပုံေပၚသည္။ လီခ်န္းက 'အေမရိကန္ႏိုင္ငံဟာ စီးပြားေရးနဲ႔ ကုန္သြယ္ေရးျပႆနာေတြကို ႏိုင္ငံေရး ဒါမွမဟုတ္ လုံၿခဳံေရးျပႆနာေတြအျဖစ္ ေျပာင္းလဲျခင္းမွေရွာင္ၾကဥ္ၿပီး တရားမွ်တတဲ့ ယွဥ္ၿပိဳင္မႈနဲ႔ ပြင့္လင္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ အပါအဝင္ ေဈးကြက္စီးပြားေရးရဲ႕ အေျခခံစံႏႈန္းေတြကို ေလးစားလိုက္နာမယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္'ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးသည္ ထိပ္တန္းေခါင္းေဆာင္မ်ား၏ လမ္းၫႊန္မႈေအာက္တြင္ တည္ၿငိမ္စျပဳေနၿပီျဖစ္ေၾကာင္း လီခ်န္းကထပ္မံေျပာဆိုခဲ့သည္။ ေနာက္ဆုံးတြင္ ႏွစ္ႏိုင္ငံစလုံးသည္ ရန္ဘက္မ်ားျဖစ္လာမည့္အစား အျပန္အလွန္ေလးစားမႈ၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး ႏွင့္ win-win ပူးေပါင္းေဆာင္႐ြက္မႈတို႔ျဖင့္ မိတ္ဖက္ႏိုင္ငံမ်ားျဖစ္လာႏိုင္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း လီခ်န္းက ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.