တောင်ကြီးမြို့နယ်တွင် တွဲကားတစ်စီး ဘရိတ်ပေါက်ကာ ကား(၃)စီးကို ဝင်တိုက်မှုကြောင့် လူ(၄)ဦး သေဆုံး

 645

သန့်ဇင် (NP News) - ဧပြီ ၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် တွဲကားတစ်စီး ဘရိတ်ပေါက်ကာ ကား(၃)စီးကို ဝင်တိုက်မှုကြောင့် လူ(၄)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၇ရက်)၊ ညနေ ၆နာရီ ၂၅မိနစ်အချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ အဆင်းလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းအတိုင်းမောင်းနှင်လာသည် ဒေါင်ဖန်းအမျိုးအစား(၂၂)ဘီးတွဲကားသည် ဘရိတ်ပေါက်၍ တစ်ဖက်ယာဥ်ကြောမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ကား(၃)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စုစုပေါင်း(၁၂)ဦးအနက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦးသေဆုံးသွားခဲ့ပြီး ကျန်(၈)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို အေးမေတ္တာလူမှုကူညီရေးအသင်းနှင့် ရွှေညီအကိုလူမှုကူညီရေးအသင်းတို့က တောင်ကြီးမြို့၊ စပ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေတာင္ႀကီးၿမိဳ႕နယ္တြင္ တြဲကားတစ္စီး ဘရိတ္ေပါက္ကာ ကား(၃)စီးကို ဝင္တိုက္မႈေၾကာင့္ လူ(၄)ဦး ေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၈

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္တြင္ တြဲကားတစ္စီး ဘရိတ္ေပါက္ကာ ကား(၃)စီးကို ဝင္တိုက္မႈေၾကာင့္ လူ(၄)ဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဧၿပီလ ၇ရက္)၊ ညေန ၆နာရီ ၂၅မိနစ္အခ်ိန္ခန႔္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ႀကီး-ေအးသာယာ အဆင္းလမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းအတိုင္းေမာင္းႏွင္လာသည္ ေဒါင္ဖန္းအမ်ိဳးအစား(၂၂)ဘီးတြဲကားသည္ ဘရိတ္ေပါက္၍ တစ္ဖက္ယာဥ္ေၾကာမွ မ်က္ႏွာခ်င္းဆိုင္ ေမာင္းႏွင္လာေသာ ကား(၃)စီးအား ဝင္တိုက္မႈျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ စုစုေပါင္း(၁၂)ဦးအနက္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးေသဆုံးသြားခဲ့ၿပီး က်န္(၈)ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေအးေမတၱာလူမႈကူညီေရးအသင္းႏွင့္ ေ႐ႊညီအကိုလူမႈကူညီေရးအသင္းတို႔က ေတာင္ႀကီးၿမိဳ႕၊ စပ္စံထြန္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.