နှစ်ဆန်းတစ်ရက်နေ့မှလွဲ၍ ကျန်ရက်များတွင် ပုံမှန်ရုံးဖွင့်ရက်များအတိုင်း ရုံးဖွင့်၍ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အသိပေး

 538

ယွန်း (NP News) - ဧပြီ ၈

နှစ်ဆန်းတစ်ရက်နေ့မှလွဲ၍ ကျန်ရက်များတွင် ပုံမှန်ရုံးဖွင့်ရက်များအတိုင်း ရုံးဖွင့်၍ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပြီးခဲ့သည့် ဧပြီ (၅)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ဆိပ်ကမ်းအသီးသီး၌ သင်္ဘောများဝင်ရောက် ဆိုက်ကပ်/ထွက်ခွာခြင်း အပါအဝင် ကုန်တင်/ ကုန်ချလုပ်ငန်းများနှင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းလုပ်ငန်းများ မပျက်ဆောင်ရွက်နိုင်ရန်အတွက် ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ကိုယ်စားလှယ်လုပ်ငန်းဌာနအနေဖြင့် မြန်မာ့နှစ်ကူးရုံးပိတ်ရက်ကာလအတွင်း တာဝန်ကျများချထားပြီး လုပ်ငန်းများအရှိန်မဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)မှအပ ဧပြီ(၁၅)ရက်နေ့မှ (၁၉)ရက်အထိ ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အကောက်ခွန်ဦးစီးဌာနသည်လည်း ရေကြောင်း/ လေကြောင်းများမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော ဧပြီ(၁၃)ရက်၊ (၁၈)ရက်နှင့် (၂၀)ရက်များတွင် ရုံးချိန်ပြည့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်ဆန်း(၁)ရက်မှအပ ကျန်ရက်များတွင် အချိန်ပို(Overtime) ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သည့် Deposit ငွေလုံလောက်စွာထားရှိရန်နှင့် သင်္ကြန်ပိတ်ရက်များတွင် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုမှုအား ဧပြီ(၁၂)ရက်နေ့ နေ့လည်(၂)နာရီထက် နောက်မကျဘဲ ညွှန်ကြားရေးမှူး(ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)၊ ညွှန်ကြားရေးမှူး(ကာကွယ်ရေးဌာနခွဲ)တို့ထံ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။

zawgyi version
ႏွစ္ဆန္းတစ္ရက္ေန႔မွလြဲ၍ က်န္ရက္မ်ားတြင္ ပုံမွန္႐ုံးဖြင့္ရက္မ်ားအတိုင္း ႐ုံးဖြင့္၍ လုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ အသိေပး

ယြန္း (NP News) - ဧၿပီ ၈

ႏွစ္ဆန္းတစ္ရက္ေန႔မွလြဲ၍ က်န္ရက္မ်ားတြင္ ပုံမွန္႐ုံးဖြင့္ရက္မ်ားအတိုင္း ႐ုံးဖြင့္၍ လုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္က အသိေပးထားသည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္မွ ၿပီးခဲ့သည့္ ဧၿပီ (၅)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာ့ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလအတြင္း ဆိပ္ကမ္းအသီးသီး၌ သေဘၤာမ်ားဝင္ေရာက္ ဆိုက္ကပ္/ထြက္ခြာျခင္း အပါအဝင္ ကုန္တင္/ ကုန္ခ်လုပ္ငန္းမ်ားႏွင့္ ကုန္ပစၥည္းရွင္းလင္းထုတ္ယူျခင္းလုပ္ငန္းမ်ား မပ်က္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ၿပီးခဲ့သည့္ ဧၿပီ(၂)ရက္ေန႔က အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ကိုယ္စားလွယ္လုပ္ငန္းဌာနအေနျဖင့္ ျမန္မာ့ႏွစ္ကူး႐ုံးပိတ္ရက္ကာလအတြင္း တာဝန္က်မ်ားခ်ထားၿပီး လုပ္ငန္းမ်ားအရွိန္မဟုန္မပ်က္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဧၿပီ ၁၇ ရက္(ႏွစ္ဆန္းတစ္ရက္ေန႔)မွအပ ဧၿပီ(၁၅)ရက္ေန႔မွ (၁၉)ရက္အထိ ႐ုံးဖြင့္ရက္မ်ားအတိုင္း ဖြင့္လွစ္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ အေကာက္ခြန္ဦးစီးဌာနသည္လည္း ေရေၾကာင္း/ ေလေၾကာင္းမ်ားမွတစ္ဆင့္ တင္သြင္း/တင္ပို႔မည့္ ကုန္ပစၥည္းမ်ားအား မဟာသၾကၤန္႐ုံးပိတ္ရက္ျဖစ္ေသာ ဧၿပီ(၁၃)ရက္၊ (၁၈)ရက္ႏွင့္ (၂၀)ရက္မ်ားတြင္ ႐ုံးခ်ိန္ျပည့္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ ႏွစ္ဆန္း(၁)ရက္မွအပ က်န္ရက္မ်ားတြင္ အခ်ိန္ပို(Overtime) ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာန၏ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ကုမၸဏီမ်ားအေနျဖင့္ တင္သြင္း/တင္ပို႔လိုေသာ ကုန္ပစၥည္းမ်ားႏွင့္ပတ္သက္၍ အေကာက္ခြန္ဦးစီးဌာနတြင္ က်သင့္ခြန္ႏွင့္ပတ္သက္သည့္ Deposit ေငြလုံေလာက္စြာထားရွိရန္ႏွင့္ သၾကၤန္ပိတ္ရက္မ်ားတြင္ အခ်ိန္ပိုလုပ္ငန္းေဆာင္႐ြက္လိုမႈအား ဧၿပီ(၁၂)ရက္ေန႔ ေန႔လည္(၂)နာရီထက္ ေနာက္မက်ဘဲ ၫႊန္ၾကားေရးမႉး(ထုတ္ကုန္သြင္းကုန္ႀကီးၾကပ္ေရးဌာနခြဲ)၊ ၫႊန္ၾကားေရးမႉး(ကာကြယ္ေရးဌာနခြဲ)တို႔ထံ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.