မြန်မာ အရပ်ဘက်သုံးလေယာဉ်ကို ဆင်းသက်ခွင့်ပေးခြင်းနှင့်ပတ်သက်ပြီး ထိုင်းအစိုးရ တုံ့ပြန်ပြောဆို

 3023

ဂျန်ဇက် (NP News) - ဧပြီ ၈

ထိုင်းနိုင်ငံ မဲဆောက်မြို့ နိုင်ငံတကာလေဆိပ်ကို မြန်မာနိုင်ငံပိုင်အရပ်ဘက် သုံးလေယာဉ်များ ဆင်းသက်ခွင့်ပေးခဲ့ ခြင်းနှင့်ပတ်သက်ပြီး သတိပေးမှုများ ရှိခဲ့သော်လည်း ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောဆိုခဲ့ ကြောင်း သိရသည်။

ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ရှေ့သို့ချီပါတီ ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော 'Kanwee' က ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူရန် မြန်မာလေယာဉ်များ ဆင်းသက်ခွင့်ပေးခြင်းကို သတိထားဆောင်ရွက်စေလိုကြောင်း ဧပြီ ၈ ရက်က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

Aek Kiattisak Mae Sot အကောင့်အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးက "ဧပြီ ၇ ရက် ညပိုင်း ၈ နာရီ ၃ဝ မိနစ် လောက်မှာ မြန်မာနိုင်ငံရဲ့ခရီးသည်တင်လေယာဉ်တစ်စီးဟာ မဲဆောက်နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ခဲ့ တယ်။ ည ၁ဝ နာရီလောက်မှာ မြန်မာခရီးသည်တင်လေယာဉ်ဟာ မဲဆောက်နိုင်ငံတကာ လေဆိပ်ကနေ မြန်မာ နိုင်ငံဘက်ခြမ်းကို ဦးတည်ပျံသန်းသွားတယ်" ဟု ရေးသားဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ Chai Watcharong က "အရပ်သားတွေကို လူသားချင်းဆိုင် ရာစာနာမှုအကူအညီပေးဖို့ အဖွဲ့အစည်းအားလုံး သဘောတူညီထားတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တစ်ဖက် တည်းအတွက် ရွေးချယ်စရာမရှိဘူး" ဟု X (Twitter) တွင် ရေးသားဖော်ပြခဲ့သည်။ မြန်မာအစိုးရသည် မြန်မာတပ်မတော်သားအရာရှိများ အပါအဝင် မြန်မာနိုင်ငံသား ၆ဝဝ ကျော်ကို ပြန်လည်ခေါ်ယူနိုင်ရန်အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကို မြန်မာလေယာဉ်များ သုံးရက်ကြာ ဆင်းသက်ခွင့်ပေးရန် ထိုင်းအစိုးရထံ ခွင့်ပြုချက်တောင်းခံထားသည်ဆိုသောသတင်းများလည်း ထွက်ပေါ်နေသည်။

Zawgyi Version;
ျမန္မာ အရပ္ဘက္သုံးေလယာဥ္ကို ဆင္းသက္ခြင့္ေပးျခင္းႏွင့္ပတ္သက္ၿပီး ထိုင္းအစိုးရ တုံ႔ျပန္ေျပာဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ ႏိုင္ငံတကာေလဆိပ္ကို ျမန္မာႏိုင္ငံပိုင္အရပ္ဘက္ သုံးေလယာဥ္မ်ား ဆင္းသက္ခြင့္ေပးခဲ့ ျခင္းႏွင့္ပတ္သက္ၿပီး သတိေပးမႈမ်ား ရွိခဲ့ေသာ္လည္း ထိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးက တုံ႔ျပန္ေျပာဆိုခဲ့ ေၾကာင္း သိရသည္။

ထိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သလို ေရွ႕သို႔ခ်ီပါတီ ၏ ေခါင္းေဆာင္တစ္ဦးျဖစ္ေသာ 'Kanwee' က ထိုင္းအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံသားမ်ား ျပန္လည္ေခၚယူရန္ ျမန္မာေလယာဥ္မ်ား ဆင္းသက္ခြင့္ေပးျခင္းကို သတိထားေဆာင္႐ြက္ေစလိုေၾကာင္း ဧၿပီ ၈ ရက္က သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။

Aek Kiattisak Mae Sot အေကာင့္အမည္ျဖင့္ Facebook သုံးစြဲသူတစ္ဦးက "ဧၿပီ ၇ ရက္ ညပိုင္း ၈ နာရီ ၃ဝ မိနစ္ ေလာက္မွာ ျမန္မာႏိုင္ငံရဲ႕ခရီးသည္တင္ေလယာဥ္တစ္စီးဟာ မဲေဆာက္ႏိုင္ငံတကာ ေလဆိပ္ကို ဆင္းသက္ခဲ့ တယ္။ ည ၁ဝ နာရီေလာက္မွာ ျမန္မာခရီးသည္တင္ေလယာဥ္ဟာ မဲေဆာက္ႏိုင္ငံတကာ ေလဆိပ္ကေန ျမန္မာ ႏိုင္ငံဘက္ျခမ္းကို ဦးတည္ပ်ံသန္းသြားတယ္" ဟု ေရးသားေဖာ္ျပခဲ့သည္။

ထိုင္းဝန္ႀကီးခ်ဳပ္႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သူ Chai Watcharong က "အရပ္သားေတြကို လူသားခ်င္းဆိုင္ ရာစာနာမႈအကူအညီေပးဖို႔ အဖြဲ႕အစည္းအားလုံး သေဘာတူညီထားတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ တစ္ဖက္ တည္းအတြက္ ေ႐ြးခ်ယ္စရာမရွိဘူး" ဟု X (Twitter) တြင္ ေရးသားေဖာ္ျပခဲ့သည္။ ျမန္မာအစိုးရသည္ ျမန္မာတပ္မေတာ္သားအရာရွိမ်ား အပါအဝင္ ျမန္မာႏိုင္ငံသား ၆ဝဝ ေက်ာ္ကို ျပန္လည္ေခၚယူႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ေလဆိပ္ကို ျမန္မာေလယာဥ္မ်ား သုံးရက္ၾကာ ဆင္းသက္ခြင့္ေပးရန္ ထိုင္းအစိုးရထံ ခြင့္ျပဳခ်က္ေတာင္းခံထားသည္ဆိုေသာသတင္းမ်ားလည္း ထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.