တွမ်ဟော်လန် ပါဝင်သရုပ်ဆောင်ထားတဲ့ Romeo And Juliet Broadway လက်မှတ်အရာင်းတက်ဖို့ ခန့်မှန်းထား

 226

ရောင်နီ (NP News) - ဧပြီ ၉

Marvel ပင့်ကူလူသား မင်းသားချော တွမ်ဟော်လန် ဟာ ၎င်း Romeo အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ William Shakespeare ရဲ့ နာမည်ကျော်ပြဇာတ် Romeo And Juliet ကို နောက်လမှစ လန်ဒန်မှာ စတင်ဖျော်ဖြေတော့မယ်လို့ သိရပါတယ်။

ဒီအတွက် တွမ်ရဲ့ပရိသတ်တွေကြောင့် လက်မှတ် ဝယ်လိုအား အလွန်များပြားနေတယ်လို့ သိရပါတယ်။

Romero and Juliet Broadway ဖျော်ဖြေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒါရိုက်တာ ဂျာမီလော့က ဇာတ်ဝင်ခန်း ဂန္ထဝင်စာသားတွေကို အနည်းငယ် လိုက်လျောညီထွေဖြစ် အောင် ပြောင်းလဲဖန်တီးမယ်လို့ သိရပါတယ်။

"ပရိသတ်တွေက Marvel ဟီးရိုးရဲ့အနီးကပ်သရုပ်ဆောင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနိုင်ဖို့ ပေါင် ၂၀၀ ဝန်းကျင်ရှိတဲ့လက်မှတ်တွေကို ဝယ်ယူဖို့ စိတ်အားထက်သန်ကြတယ်။ မယုံနိုင်လောက်စရာကောင်းတဲ့ ဝင်ငွေပဲ" လို့ ၎င်းက ဆိုပါတယ်။

အဆိုပါပြဇာတ်ကို လန်ဒန်ရှိ Duke of York's Theatre မှာ မေလ ၁၁ ရက်မှ သြဂုတ်လ ၃ ရက်အထိ ဖျော်ဖြေ ပြသမယ်လို့ သိရပါတယ်။

Zawgyi Version;
တြမ္ေဟာ္လန္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Romeo And Juliet Broadway လက္မွတ္အရာင္းတက္ဖို႔ ခန္႔မွန္းထား
ေရာင္နီ (NP News) - ဧၿပီ ၉

Marvel ပင့္ကူလူသား မင္းသားေခ်ာ တြမ္ေဟာ္လန္ ဟာ ၎ Romeo အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ William Shakespeare ရဲ႕ နာမည္ေက်ာ္ျပဇာတ္ Romeo And Juliet ကို ေနာက္လမွစ လန္ဒန္မွာ စတင္ေဖ်ာ္ေျဖေတာ့မယ္လို႔ သိရပါတယ္။

ဒီအတြက္ တြမ္ရဲ႕ပရိသတ္ေတြေၾကာင့္ လက္မွတ္ ဝယ္လိုအား အလြန္မ်ားျပားေနတယ္လို႔ သိရပါတယ္။

Romero and Juliet Broadway ေဖ်ာ္ေျဖမယ့္ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ဒါ႐ိုက္တာ ဂ်ာမီေလာ့က ဇာတ္ဝင္ခန္း ဂႏၴဝင္စာသားေတြကို အနည္းငယ္ လိုက္ေလ်ာညီေထြျဖစ္ ေအာင္ ေျပာင္းလဲဖန္တီးမယ္လို႔ သိရပါတယ္။

"ပရိသတ္ေတြက Marvel ဟီး႐ိုးရဲ႕အနီးကပ္သ႐ုပ္ေဆာင္မႈေတြကို ကိုယ္တိုင္ကိုယ္က် ၾကည့္ရႈႏိုင္ဖို႔ ေပါင္ ၂၀၀ ဝန္းက်င္ရွိတဲ့လက္မွတ္ေတြကို ဝယ္ယူဖို႔ စိတ္အားထက္သန္ၾကတယ္။ မယုံႏိုင္ေလာက္စရာေကာင္းတဲ့ ဝင္ေငြပဲ" လို႔ ၎က ဆိုပါတယ္။

အဆိုပါျပဇာတ္ကို လန္ဒန္ရွိ Duke of York's Theatre မွာ ေမလ ၁၁ ရက္မွ ၾသဂုတ္လ ၃ ရက္အထိ ေဖ်ာ္ေျဖ ျပသမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.