ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့အမှုကို စစ်ဆေးကြားနားဖို့ ရွှေ့ဆိုင်းထားဟုဆို

 336

ဂျန်ဇက် (NP News) - ဧပြီ ၁၀
ထိုင်းရှေ့နေချုပ်ရုံးဟာ ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းသက်ဆင်အပေါ် စုံစမ်းစစ်ဆေးမယ့်အစီစဉ်ကို ရွှေ့ဆိုင်းထားကြောင်း ၎င်းရဲ့ရှေ့နေ့ဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် တရားစွဲဆိုခံခဲ့ရကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ရှေ့နေဖြစ်သူ Winyat Chartmontri က " ထိုင်းရှေ့နေချုပ်ရုံးဟာ သက်ဆင်ရဲ့အမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ သက်ဆင်ရဲ့ပြောဆိုချက်တွေဟာ ထိုင်းဘုရင်စနစ်ကိုဝေဖန်တိုက်ခိုက်ခဲ့ခြင်းမျိုးဟုတ်မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်"လို့ ပြောပါတယ်။

ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေလ ၂၉ရက်နေ့မှာ ကြားနာသွားဖွယ်ရှိနေကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ သက်ဆင်ရဲ့ရှေ့နေဖြစ်သူက " သက်ဆင်ရဲ့ပြောဆိုချက်တွေကိုအမှုတည်ဆောက်နေတုန်းပါပဲ၊ အပြီးသတ် လုပ်ဆောင်ရတာမျိုးမရှိဘူး၊ အမှုမြောက်မမြောက်ဆိုတာကိုစစ်ဆေးနေတာပါ"လို့ပြောပါတယ်။

သက်ဆင်ဟာ ပြည်ပြေးအဖြစ် ၁၅နှစ်ကြာနေထိုင်ခဲ့ပြီး ပြီးခဲ့တဲနှစ်က ထိုင်းနိုင်ငံကို ပြန်လာကာ ပြစ်မှုတွေကို ပြန်လည်ခံယူခဲ့ပေမယ့်၂၀၂၄ခုနှစ်ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ထိုင်းစစ်တပ်က သက်ဆင်ဟာ ၂၀၁၅ခုနှစ်တုန်းကနိုင်ငံခြားမီဒီယာတစ်ခုနဲ့ပြုလုပ်တဲ့အင်တာဗျူးအစီစဉ်မှာ ထိုင်းဘုရင်စနစ်ကိုဝေဖန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

Zawgyi Version

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕အမႈကို စစ္ေဆးၾကားနားဖို႔ ေ႐ႊ႕ဆိုင္းထားဟုဆို

ဂ်န္ဇက္ (NP News) - ဧၿပီ ၁၀
ထိုင္းေရွ႕ေနခ်ဳပ္႐ုံးဟာ ထိုင္းဘုရင္စနစ္ကို ေဝဖန္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္အေပၚ စုံစမ္းစစ္ေဆးမယ့္အစီစဥ္ကို ေ႐ႊ႕ဆိုင္းထားေၾကာင္း ၎ရဲ႕ေရွ႕ေန႔ျဖစ္သူက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

သက္ဆင္ဟာ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ထိုင္းဘုရင္စနစ္ကို ေဝဖန္တိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ တရားစြဲဆိုခံခဲ့ရေၾကာင္း သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕ေရွ႕ေနျဖစ္သူ Winyat Chartmontri က " ထိုင္းေရွ႕ေနခ်ဳပ္႐ုံးဟာ သက္ဆင္ရဲ႕အမႈကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္။ သက္ဆင္ရဲ႕ေျပာဆိုခ်က္ေတြဟာ ထိုင္းဘုရင္စနစ္ကိုေဝဖန္တိုက္ခိုက္ခဲ့ျခင္းမ်ိဳးဟုတ္မဟုတ္ဆိုတာ စုံစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္"လို႔ ေျပာပါတယ္။

ထိုင္းဘုရင္စနစ္ကို ေဝဖန္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ေမလ ၂၉ရက္ေန႔မွာ ၾကားနာသြားဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။ သက္ဆင္ရဲ႕ေရွ႕ေနျဖစ္သူက " သက္ဆင္ရဲ႕ေျပာဆိုခ်က္ေတြကိုအမႈတည္ေဆာက္ေနတုန္းပါပဲ၊ အၿပီးသတ္ လုပ္ေဆာင္ရတာမ်ိဳးမရွိဘူး၊ အမႈေျမာက္မေျမာက္ဆိုတာကိုစစ္ေဆးေနတာပါ"လို႔ေျပာပါတယ္။

သက္ဆင္ဟာ ျပည္ေျပးအျဖစ္ ၁၅ႏွစ္ၾကာေနထိုင္ခဲ့ၿပီး ၿပီးခဲ့တဲႏွစ္က ထိုင္းႏိုင္ငံကို ျပန္လာကာ ျပစ္မႈေတြကို ျပန္လည္ခံယူခဲ့ေပမယ့္၂၀၂၄ခုႏွစ္ေဖေဖာ္ဝါရီလမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္ခဲ့သူျဖစ္ပါတယ္။ ထိုင္းစစ္တပ္က သက္ဆင္ဟာ ၂၀၁၅ခုႏွစ္တုန္းကႏိုင္ငံျခားမီဒီယာတစ္ခုနဲ႔ျပဳလုပ္တဲ့အင္တာဗ်ဴးအစီစဥ္မွာ ထိုင္းဘုရင္စနစ္ကိုေဝဖန္ခဲ့ေၾကာင္း စြပ္စြဲထားပါတယ္။

Related news

© 2021. All rights reserved.