ဟောင်ကောင်ရှိ အဆောက်အဦးတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၅)ဦးသေဆုံးကာ (၁၁)ဦးထိခိုက်ဒဏ်ရာရ

 303

Pika(NP News)
ဟောင်ကောင်ရှိ အဆောက်အဦးတစ်ခုတွင် ဧပြီလ(၉)ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အဆောက်အဦးအတွင်းရှိ လူများထံမှ အကူအညီပေးရန် ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဧပြီလ(၉)ရက်နေ့ နံနက်(၇)နာရီ(၅၃)မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ကာ မီးငြှိမ်းသတ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါအဆောက်အဦးသည် Jordanရပ်ကွက်ရှိ New Lucky House ဆိုသည့် အဆောက်အဦးဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုအတွင်း အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုသည် အဆောက်အဦး၏ ပထမထပ်ရှိ အားကစားရုံတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အဲရစ်ချန်က ပြောကြားခဲ့သည်။

Zawgyi Version

ေဟာင္ေကာင္ရွိ အေဆာက္အဦးတစ္ခုတြင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၅)ဦးေသဆုံးကာ (၁၁)ဦးထိခိုက္ဒဏ္ရာရ

Pika(NP News)
ေဟာင္ေကာင္ရွိ အေဆာက္အဦးတစ္ခုတြင္ ဧၿပီလ(၉)ရက္ေန႔ နံနက္ပိုင္းက မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၅)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၁)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

မီးေလာင္ကြၽမ္းမႈျဖစ္ပြားၿပီးေနာက္ အေဆာက္အဦးအတြင္းရွိ လူမ်ားထံမွ အကူအညီေပးရန္ ဖုန္းေခၚဆိုမႈမ်ားကို လက္ခံရရွိဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

ဧၿပီလ(၉)ရက္ေန႔ နံနက္(၇)နာရီ(၅၃)မိနစ္တြင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားေနေၾကာင္း ဖုန္းေခၚဆိုမႈကို လက္ခံရရွိခဲ့ၿပီးေနာက္ မီးသတ္တပ္ဖြဲ႕မ်ားသည္ အခင္းျဖစ္ပြားရာေနရာသို႔ ခ်က္ခ်င္းသြားေရာက္ကာ မီးျငႇိမ္းသတ္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အဆိုပါအေဆာက္အဦးသည္ Jordanရပ္ကြက္ရွိ New Lucky House ဆိုသည့္ အေဆာက္အဦးျဖစ္ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ မီးေလာင္ကြၽမ္းမႈအတြင္း အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ မီးေလာင္ကြၽမ္းမႈသည္ အေဆာက္အဦး၏ ပထမထပ္ရွိ အားကစား႐ုံတြင္ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ားကေဖာ္ျပခဲ့သည္။

မီးေလာင္ကြၽမ္းမႈျဖစ္ပြားရသည့္ အေၾကာင္းအရင္းမ်ားကို စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႕အႀကီးအကဲ အဲရစ္ခ်န္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.