ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကာ အဆိုပါလမ်းပိုင်းတွင် လူစီးရထားများ ပြေးဆွဲမည့်အခြေအနေကို မနက်ဖြန်ဆုံးဖြတ်မည်

 592

စော(NP News)-ဧပြီ ၁၀
ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကာ အဆိုပါလမ်းပိုင်းတွင် လူစီးရထားများ ပြေးဆွဲမည့်အခြေအနေကို မနက်ဖြန်ဆုံးဖြတ်မည် ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကNP Newsကိုပြောသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁၀ ရက်)၊ နံနက် (၇)နာရီဝန်းကျင်အချိန်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ရထားလမ်း၊သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိမ်ဆိပ်နဲ့ဒုံဝန်းဘူတာကြားမှာပါ။ ပျက်စီးသွားတာက ရှေ့က မိုင်းခံတွဲက ဘီးတွေ အကုန်ပြုတ်ထွက်ကုန်တယ်။ နောက်က စက်ခေါင်းကလည်း ရထားလမ်း ဘေးကို ထိုးကျသွားတယ်။ ရှေ့က မိုင်းခံတွဲရယ်၊ စက်ခေါင်းရယ်၊ နောက်က ကျောက်တွဲ ၂တွဲရယ် ပျက်စီးသွားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ ရထားတွင်သာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ကတော့ ရထားခရီးစဉ်တွေက မဖျက်သိမ်းသေးဘူး။ (ဒီနေ့ မီးရထားစီး)ခရီးသည်တွေကို သထုံဘူတာနဲ့ ကျိုက်ထိုဘူတာကို ကားနဲ့ ရွေ့ပြောင်းပေးမှာ။ လူကြီးတွေက သွားရောက်စစ်ဆေးနေတုန်း၊ သူတို့သွားရောက်စစ်ဆေးပြီးမှ မနက်ဖြန်ရထားထွက်မထွက်က သူတို့က လှမ်းပြီးတော့ အကြောင်းကြားပေးမှာ ဖျက်သိမ်းတယ်/မဖျက်သိမ်းဘူးဆိုတာ သိရမှာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မတ်လ (၁၈)ရက်က မော်လမြိုင်-ရထားလမ်းပိုင်း၌ ကျောက်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီးနောက် မတ်လ(၁၉)ရက်မှစကာ အမှတ် (၈၂) အစုန် မော်လမြိုင်- ရန်ကုန်ရထားခရီးစဥ် နှင့် အမှတ် (၈၁) အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်များကို ယာယီဖျက်သိမ်းခဲ့ကာ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် မတ်လ (၂၅)ရက်တွင် ပြန်လည်ပြေးဆွဲခဲ့သည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ယခုအချိန်အထိ အကြမ်းဖက်သမားများသည် ရထားများ နှင့် ရထားသံလမ်းများကို မိုင်းခွဲဖျက်ဆီးမှု မကြာခဏဆိုသကဲ့သို့ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version

ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း၌ ေက်ာက္တင္ရထားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရကာ အဆိုပါလမ္းပိုင္းတြင္ လူစီးရထားမ်ား ေျပးဆြဲမည့္အေျခအေနကို မနက္ျဖန္ဆုံးျဖတ္မည္

ေစာ(NP News)-ဧၿပီ ၁၀
ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း၌ ေက်ာက္တင္ရထားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရကာ အဆိုပါလမ္းပိုင္းတြင္ လူစီးရထားမ်ား ေျပးဆြဲမည့္အေျခအေနကို မနက္ျဖန္ဆုံးျဖတ္မည္ ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးကNP Newsကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၁၀ ရက္)၊ နံနက္ (၇)နာရီဝန္းက်င္အခ်ိန္က မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း၊သိမ္ဆိပ္ဘူတာႏွင့္ ဒုံဝန္းဘူတာၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိမ္ဆိပ္နဲ႔ဒုံဝန္းဘူတာၾကားမွာပါ။ ပ်က္စီးသြားတာက ေရွ႕က မိုင္းခံတြဲက ဘီးေတြ အကုန္ျပဳတ္ထြက္ကုန္တယ္။ ေနာက္က စက္ေခါင္းကလည္း ရထားလမ္း ေဘးကို ထိုးက်သြားတယ္။ ေရွ႕က မိုင္းခံတြဲရယ္၊ စက္ေခါင္းရယ္၊ ေနာက္က ေက်ာက္တြဲ ၂တြဲရယ္ ပ်က္စီးသြားတယ္”ဟု ၎ကဆိုသည္။

အဆိုပါျဖစ္စဥ္တြင္ လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ဘဲ ရထားတြင္သာ ပ်က္စီးဆုံးရႈံးမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဒီေန႔ကေတာ့ ရထားခရီးစဥ္ေတြက မဖ်က္သိမ္းေသးဘူး။ (ဒီေန႔ မီးရထားစီး)ခရီးသည္ေတြကို သထုံဘူတာနဲ႔ က်ိဳက္ထိုဘူတာကို ကားနဲ႔ ေ႐ြ႕ေျပာင္းေပးမွာ။ လူႀကီးေတြက သြားေရာက္စစ္ေဆးေနတုန္း၊ သူတို႔သြားေရာက္စစ္ေဆးၿပီးမွ မနက္ျဖန္ရထားထြက္မထြက္က သူတို႔က လွမ္းၿပီးေတာ့ အေၾကာင္းၾကားေပးမွာ ဖ်က္သိမ္းတယ္/မဖ်က္သိမ္းဘူးဆိုတာ သိရမွာ”ဟု ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ (၁၈)ရက္က ေမာ္လၿမိဳင္-ရထားလမ္းပိုင္း၌ ေက်ာက္ရထားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရၿပီးေနာက္ မတ္လ(၁၉)ရက္မွစကာ အမွတ္ (၈၂) အစုန္ ေမာ္လၿမိဳင္- ရန္ကုန္ရထားခရီးစဥ္ ႏွင့္ အမွတ္ (၈၁) အဆန္ ရန္ကုန္- ေမာ္လၿမိဳင္ရထားခရီးစဥ္မ်ားကို ယာယီဖ်က္သိမ္းခဲ့ကာ ျပင္ဆင္မႈမ်ား ျပဳလုပ္ၿပီးေနာက္ မတ္လ (၂၅)ရက္တြင္ ျပန္လည္ေျပးဆြဲခဲ့သည္။

၂၀၂၁ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ကာ ယခုအခ်ိန္အထိ အၾကမ္းဖက္သမားမ်ားသည္ ရထားမ်ား ႏွင့္ ရထားသံလမ္းမ်ားကို မိုင္းခြဲဖ်က္ဆီးမႈ မၾကာခဏဆိုသကဲ့သို႔ ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.