NLD အစိုးရလက်ထက် ဦးဖြိုးမင်းသိန်းဝယ်ယူခဲ့သော ဘီလျံ(၃၀)ကျော်တန် မီးစက်ကြီးက တစ်နာရီလျှင် ကျပ်သိန်း(၂၀ဝ)ခန့် ကုန်ကျနေ

 46884

ယွန်း (NP News) - ဧပြီ ၁၁

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်‌အဖြစ် ဦးဖြိုးမင်းသိန်း တာဝန်ယူခဲ့စဉ်က ပြည်ထောင်စုရန်ပုံငွေဖြင့်ဝယ်ယူခဲ့သော ဘီလျံ(၃၀)ကျော်တန် မီးစက်ကြီးကို လျှပ်စစ်ဓာတ်အားအရေး ပေါ်လိုအပ်ချိန်များတွင် အသုံးပြုနေကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ဖြေကြားသည်။

NLD အစိုးရလက်ထက်က ဝယ်ယူခဲ့သော အထက်ပါ မီးစက်ကြီးကို လက်ရှိတွင် မည်သို့အသုံးပြု နေကြောင်း NP News က မေးမြန်းသည့်အပေါ် ဝန်ကြီးဌာနတာဝန်ရှိသူက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"လျှပ်စစ်ဓာတ်အားအရေးပေါ်လိုအပ်သည့် အချိန်များနှင့် နွေရာသီကာလတွင် ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မောင်းနှင် ထုတ်လုပ်ပေးလျက်ရှိပါသည်"ဟု အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားထားသည်။

အဆိုပါမီးစက်ကို GE ကုမ္ပဏီမှထုတ်လုပ်ထားပြီးTM 2500 အမျိုးအစားဖြစ်ကာ ဓာတ် အား ၂၅ မဂ္ဂါဝပ်ထွက်ရှိသော ဂက်စ်နှင့် ဒီဇယ်နှစ်မျိုးအသုံးပြုနိုင်သည့်အပြင်‌ ရွေ့လျားသယ် ဆောင် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်သောTrailer-Mounted Gas Turbine Generator အမျိုးအစားဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှသိရသည်။ လက်ရှိတွင်ယင်းဓာတ် အားပေးစက်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နယ်ရှိ သာကေတ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ထားရှိအသုံးပြုနေကြောင်းလည်းသိရသည်။

"ဂက်စ်နဲ့ ဒီဇယ် နှစ်မျိုးသုံးမီးစက်ပေါ့။ ဘယ်နေရာကိုမဆို‌ရွှေ့လို့ရတယ်။ ထွက်တာတော့ ၂၅ မဂ္ဂါ ဝပ်တောင် ထွက်တယ်။ သာမန်မြို့လေးတစ်မြို့ဆိုရင် တော့ အသာလေးပဲ တစ်မြို့လုံးထွန်းထားလို့ရတယ်။ ကျွန်တော်တို့သိတာကျတော့ ရန်ကုန်တိုင်းကနေ ဒီဘက်ကိုလွှဲပေးတာတော့ ၂၀၁၈ လောက်မှာပေါ့။ လက်ရှိမှာတော့ သာကေတဝန်းထဲမှာရှိပါတယ်။ နွေရာသီမှာအဓိကသုံးတာပေါ့။ (၁၀)တန်းစာ‌‌မေးပွဲ ဖြေတဲ့အချိန်တို့လိုမျိုး အရေး‌ပေါ်အချိန်တွေမှာသုံး နေတာပေါ့။ ပြီးရင် နွေရာသီမှာ ဓာတ်အားလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့ မောင်းနှင်ထုတ်လုပ်ပေး လျက်ရှိပါတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါမီးစက်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း NP News ၏ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

"ပြည် ထောင်စုရန်ပုံငွေနဲ့ ဝယ်ခဲ့တာ။ အဲဒီတုန်းကတော့ စစချင်းဆိုတော့ သူပြောတာကို အကုန်သဘောတူကြ တယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၁၇ ခုနှစ် ဧပြီ လအတွင်းကနေစခဲ့လိုက်တာ ၃၀ ဘီလျံချပေးလိုက် တဲ့အခါ အဲဒီမီးစက်ကြီးကိုဝယ်ခဲ့တယ်ပေါ့ဗျာ။ ဝယ်တဲ့အခါကျတော့ အဲဒီမှာနိုင်ငံတော်သမ္မတကြီးရဲ့ တင်ဒါစည်းမျဉ်း ၂၀၁၇ခုနှစ်၊ ဧပြီမှာထွက်တယ်။ သင်္ကြန်မတိုင်ခင်ပေါ့။ အတည်ပြုလိုက်ပြီး နိုင်ငံ တော်သမ္မတက လက်မှတ်ထိုးလိုက်တယ်။ လက်မှတ် ထိုးလိုက်တော့ အတည်ဖြစ်သွားတာပေါ့"ဟု အထက် ပါ သတင်းအရင်းအမြစ်က ပြောသည်။

ပြည်တွင်း၌ ရေအားအပါအဝင် သဘာဝဓာတ် ငွေ့၊ နေရောင်ခြည်နှင့် ကျောက်မီးသွေးဟူသည့် စွမ်းအင်အမျိုးအစား(၄)မျိုးဖြင့် စက်ရုံပေါင်း (၆၄) ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေပြီး နေ့စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား(၃၀ဝဝ)မဂ္ဂါဝပ်ခန့် ထုတ်လုပ် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ပြည်တွင်း၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ ပြည်သူလူထုအနေဖြင့် လျှပ်စစ်မီး ပြတ် တောက်မှုကို ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီး မတ်လမှစတင် ကာ လျှပ်စစ်မီးကို အုပ်စု(အေ)နှင့် အုပ်စု(ဘီ)ခွဲ၍ အချိန်ဇယားဖြင့်သာ ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အချိန်ဇယားအရ နေ့စဉ်လျှပ်စစ်မီးကို အလှည့်ကျ ပေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်မှုသည် ပိုမိုဆိုးရွားလာခြင်းကြောင့် လူထု၏လုပ်ငန်းပိုင်းဆိုင်ရာများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

လက်ရှိပေါက်ဈေးအရ ဒီဇယ်တစ်ဂါလန်လျှင် ငွေကျပ် ၁၁၀ဝ၀ ကျော်ရှိရာ အဆိုပါမီးစက်ကို လည် ပတ်မည်ဆိုပါက တစ်နာရီလျှင် ဒီဇယ်ဂါလန် (၁၆၈၀) ကုန်ကြောင်း အထက်ပါ သတင်းရင်းမြစ်က သုံးသပ်ပြောကြားထားသည့်အတွက် ဆီဖိုးအတွက် တစ်နာရီကုန်ကျစရိတ်သည် ငွေကျပ်သိန်း(၂၀ဝ)နီးပါးကုန်ကျမည်ဖြစ်ကြောင်း တွက်ချက်သိရှိရသည်။

zawgyi version
NLD အစိုးရလက္ထက္ ဦးၿဖိဳးမင္းသိန္းဝယ္ယူခဲ့ေသာ ဘီလ်ံ(၃၀)ေက်ာ္တန္ မီးစက္ႀကီးက တစ္နာရီလွ်င္ က်ပ္သိန္း(၂၀ဝ)ခန႔္ ကုန္က်ေန
ယြန္း (NP News) - ဧၿပီ ၁၁

NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္‌အျဖစ္ ဦးၿဖိဳးမင္းသိန္း တာဝန္ယူခဲ့စဥ္က ျပည္ေထာင္စုရန္ပုံေငြျဖင့္ဝယ္ယူခဲ့ေသာ ဘီလ်ံ(၃၀)ေက်ာ္တန္ မီးစက္ႀကီးကို လွ်ပ္စစ္ဓာတ္အားအေရး ေပၚလိုအပ္ခ်ိန္မ်ားတြင္ အသုံးျပဳေနေၾကာင္း လွ်ပ္စစ္ စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျဖၾကားသည္။

NLD အစိုးရလက္ထက္က ဝယ္ယူခဲ့ေသာ အထက္ပါ မီးစက္ႀကီးကို လက္ရွိတြင္ မည္သို႔အသုံးျပဳ ေနေၾကာင္း NP News က ေမးျမန္းသည့္အေပၚ ဝန္ႀကီးဌာနတာဝန္ရွိသူက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

"လွ်ပ္စစ္ဓာတ္အားအေရးေပၚလိုအပ္သည့္ အခ်ိန္မ်ားႏွင့္ ေႏြရာသီကာလတြင္ ဓာတ္အားလိုအပ္ ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ေမာင္းႏွင္ ထုတ္လုပ္ေပးလ်က္ရွိပါသည္"ဟု အီးေမးလ္မွတစ္ဆင့္ ျပန္လည္ေျဖၾကားထားသည္။

အဆိုပါမီးစက္ကို GE ကုမၸဏီမွထုတ္လုပ္ထားၿပီးTM 2500 အမ်ိဳးအစားျဖစ္ကာ ဓာတ္ အား ၂၅ မဂၢါဝပ္ထြက္ရွိေသာ ဂက္စ္ႏွင့္ ဒီဇယ္ႏွစ္မ်ိဳးအသုံးျပဳႏိုင္သည့္အျပင္‌ ေ႐ြ႕လ်ားသယ္ ေဆာင္ ဓာတ္အားထုတ္လုပ္ ျဖန႔္ျဖဴးႏိုင္ေသာTrailer-Mounted Gas Turbine Generator အမ်ိဳးအစားျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနထံမွသိရသည္။ လက္ရွိတြင္ယင္းဓာတ္ အားေပးစက္ကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕နယ္ရွိ သာေကတ အပူစြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံတြင္ ထားရွိအသုံးျပဳေနေၾကာင္းလည္းသိရသည္။

"ဂက္စ္နဲ႔ ဒီဇယ္ ႏွစ္မ်ိဳးသုံးမီးစက္ေပါ့။ ဘယ္ေနရာကိုမဆို‌ေ႐ႊ႕လို႔ရတယ္။ ထြက္တာေတာ့ ၂၅ မဂၢါ ဝပ္ေတာင္ ထြက္တယ္။ သာမန္ၿမိဳ႕ေလးတစ္ၿမိဳ႕ဆိုရင္ ေတာ့ အသာေလးပဲ တစ္ၿမိဳ႕လုံးထြန္းထားလို႔ရတယ္။ ကြၽန္ေတာ္တို႔သိတာက်ေတာ့ ရန္ကုန္တိုင္းကေန ဒီဘက္ကိုလႊဲေပးတာေတာ့ ၂၀၁၈ ေလာက္မွာေပါ့။ လက္ရွိမွာေတာ့ သာေကတဝန္းထဲမွာရွိပါတယ္။ ေႏြရာသီမွာအဓိကသုံးတာေပါ့။ (၁၀)တန္းစာ‌‌ေမးပြဲ ေျဖတဲ့အခ်ိန္တို႔လိုမ်ိဳး အေရး‌ေပၚအခ်ိန္ေတြမွာသုံး ေနတာေပါ့။ ၿပီးရင္ ေႏြရာသီမွာ ဓာတ္အားလိုအပ္ခ်က္ ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ေမာင္းႏွင္ထုတ္လုပ္ေပး လ်က္ရွိပါတယ္"ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

အဆိုပါမီးစက္ကို ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္ ၂၀၁၇ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း NP News ၏ ယုံၾကည္စိတ္ခ်ရသည့္ သတင္းအရင္းအျမစ္တစ္ဦးကေျပာသည္။

"ျပည္ ေထာင္စုရန္ပုံေငြနဲ႔ ဝယ္ခဲ့တာ။ အဲဒီတုန္းကေတာ့ စစခ်င္းဆိုေတာ့ သူေျပာတာကို အကုန္သေဘာတူၾက တယ္။ ျပည္ေထာင္စုလႊတ္ေတာ္ကေန ၂၀၁၇ ခုႏွစ္ ဧၿပီ လအတြင္းကေနစခဲ့လိုက္တာ ၃၀ ဘီလ်ံခ်ေပးလိုက္ တဲ့အခါ အဲဒီမီးစက္ႀကီးကိုဝယ္ခဲ့တယ္ေပါ့ဗ်ာ။ ဝယ္တဲ့အခါက်ေတာ့ အဲဒီမွာႏိုင္ငံေတာ္သမၼတႀကီးရဲ႕ တင္ဒါစည္းမ်ဥ္း ၂၀၁၇ခုႏွစ္၊ ဧၿပီမွာထြက္တယ္။ သၾကၤန္မတိုင္ခင္ေပါ့။ အတည္ျပဳလိုက္ၿပီး ႏိုင္ငံ ေတာ္သမၼတက လက္မွတ္ထိုးလိုက္တယ္။ လက္မွတ္ ထိုးလိုက္ေတာ့ အတည္ျဖစ္သြားတာေပါ့"ဟု အထက္ ပါ သတင္းအရင္းအျမစ္က ေျပာသည္။

ျပည္တြင္း၌ ေရအားအပါအဝင္ သဘာဝဓာတ္ ေငြ႕၊ ေနေရာင္ျခည္ႏွင့္ ေက်ာက္မီးေသြးဟူသည့္ စြမ္းအင္အမ်ိဳးအစား(၄)မ်ိဳးျဖင့္ စက္႐ုံေပါင္း (၆၄) ႐ုံမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေနၿပီး ေန႔စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား(၃၀ဝဝ)မဂၢါဝပ္ခန႔္ ထုတ္လုပ္ ျဖန႔္ျဖဴးေပးေနေၾကာင္း သိရသည္။

ျပည္တြင္း၌ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏွစ္စပိုင္းမွ စတင္ကာ ျပည္သူလူထုအေနျဖင့္ လွ်ပ္စစ္မီး ျပတ္ ေတာက္မႈကို ဆိုး႐ြားစြာႀကဳံေတြ႕ခဲ့ရၿပီး မတ္လမွစတင္ ကာ လွ်ပ္စစ္မီးကို အုပ္စု(ေအ)ႏွင့္ အုပ္စု(ဘီ)ခြဲ၍ အခ်ိန္ဇယားျဖင့္သာ ေပးခဲ့ျခင္းျဖစ္သည္။ အဆိုပါ အခ်ိန္ဇယားအရ ေန႔စဥ္လွ်ပ္စစ္မီးကို အလွည့္က် ေပးခဲ့ေသာ္လည္း ယခုရက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈသည္ ပိုမိုဆိုး႐ြားလာျခင္းေၾကာင့္ လူထု၏လုပ္ငန္းပိုင္းဆိုင္ရာမ်ားတြင္ အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိသည္။

လက္ရွိေပါက္ေဈးအရ ဒီဇယ္တစ္ဂါလန္လွ်င္ ေငြက်ပ္ ၁၁၀ဝ၀ ေက်ာ္ရွိရာ အဆိုပါမီးစက္ကို လည္ ပတ္မည္ဆိုပါက တစ္နာရီလွ်င္ ဒီဇယ္ဂါလန္ (၁၆၈၀) ကုန္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က သုံးသပ္ေျပာၾကားထားသည့္အတြက္ ဆီဖိုးအတြက္ တစ္နာရီကုန္က်စရိတ္သည္ ေငြက်ပ္သိန္း(၂၀ဝ)နီးပါးကုန္က်မည္ျဖစ္ေၾကာင္း တြက္ခ်က္သိရွိရသည္။

Related news

© 2021. All rights reserved.