ထိုင်ဝမ်နှင့်ပေါင်းစည်းရေးကို မည်သူကမှတားဆီးနိုင်မည်မဟုတ်ဟု တရုတ်သမ္မတပြော

 1148

Pika (NP News) - ဧပြီ ၁၁

ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို ပြည်ပမှဝင်ရောက်စွက်ဖက်မှုများက တားဆီးနိုင်မည်မဟုတ်ကြောင်း နှင့် နှစ်ဖက်စလုံးကြားတွင် ဆွေးနွေး၍မရနိုင်သော ပြဿနာများမရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou ကို ဧပြီလ(၁၀)ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Ma Ying-jeou သည် ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့ပြီး ယခုတစ်ကြိမ်သွားရောက်လည်ပတ်မှုမှာ ၎င်း၏ဒုတိယမြောက် လည်ပတ်မှုခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ Ma Ying-jeou သည် ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် စင်ကာပူနိုင်ငံ၌ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ဖူးခြင်းဖြစ်ကြောင်းသိရသည်။

ရှီကျင့်ဖျင်သည် တရုတ်ထိပ်တန်းအရာရှိများနှင့် နိုင်ငံခြားခေါင်း ဆောင်များ ဆွေးနွေးပွဲများလုပ်ဆောင်လေ့ရှိသည့် ဘေဂျင်းမြို့ရှိ Great Hall of the People ခန်းမတွင် Ma Ying-jeou နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးရှိလူများမှာ တရုတ်လူမျိုးများဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောဆိုခဲ့သည်။ ရှီကျင့်ဖျင်က 'ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေဟာ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးကလူတွေဟာ တရုတ်လူမျိုးတွေဖြစ်ပါတယ်။ကျွန်တော်တို့ကြားမှာ မဖြေရှင်းနိုင်တဲ့ပြဿနာတွေ မရှိပါဘူး။ ဘယ်အရာကမှ ကျွန်တော်တို့ကို ခွဲခြားလို့မရပါဘူး။”ဟုပြောဆိုခဲ့သည်။

zawgyi version
ထိုင္ဝမ္ႏွင့္ေပါင္းစည္းေရးကို မည္သူကမွတားဆီးႏိုင္မည္မဟုတ္ဟု တ႐ုတ္သမၼတေျပာ
Pika (NP News) - ဧၿပီ ၁၁

ထိုင္ဝမ္ႏွင့္ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရးကို ျပည္ပမွဝင္ေရာက္စြက္ဖက္မႈမ်ားက တားဆီးႏိုင္မည္မဟုတ္ေၾကာင္း ႏွင့္ ႏွစ္ဖက္စလုံးၾကားတြင္ ေဆြးေႏြး၍မရႏိုင္ေသာ ျပႆနာမ်ားမရွိေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က ထိုင္ဝမ္သမၼတေဟာင္း Ma Ying-jeou ကို ဧၿပီလ(၁၀)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

၂၀၀၈ ခုႏွစ္မွ ၂၀၁၆ခုႏွစ္အထိ ထိုင္ဝမ္သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ Ma Ying-jeou သည္ ၿပီးခဲ့သည့္ႏွစ္တြင္ တ႐ုတ္ႏိုင္ငံသို႔ ပထမဆုံးအႀကိမ္သြားေရာက္လည္ပတ္ခဲ့ၿပီး ယခုတစ္ႀကိမ္သြားေရာက္လည္ပတ္မႈမွာ ၎၏ဒုတိယေျမာက္ လည္ပတ္မႈခရီးစဥ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ Ma Ying-jeou သည္ ၂၀၁၅ ခုႏွစ္ေႏွာင္းပိုင္းတြင္ စင္ကာပူႏိုင္ငံ၌ တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့ဖူးျခင္းျဖစ္ေၾကာင္းသိရသည္။

ရွီက်င့္ဖ်င္သည္ တ႐ုတ္ထိပ္တန္းအရာရွိမ်ားႏွင့္ ႏိုင္ငံျခားေခါင္း ေဆာင္မ်ား ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ေလ့ရွိသည့္ ေဘဂ်င္းၿမိဳ႕ရွိ Great Hall of the People ခန္းမတြင္ Ma Ying-jeou ႏွင့္ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ထိုင္ဝမ္ေရလက္ၾကား ႏွစ္ဖက္စလုံးရွိလူမ်ားမွာ တ႐ုတ္လူမ်ိဳးမ်ားျဖစ္ေၾကာင္း ရွီက်င့္ဖ်င္ကေျပာဆိုခဲ့သည္။ ရွီက်င့္ဖ်င္က 'ျပည္ပက ဝင္ေရာက္စြက္ဖက္မႈေတြဟာ ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရးကို တားဆီးႏိုင္မွာ မဟုတ္ပါဘူး။ ထိုင္ဝမ္ေရလက္ၾကား ႏွစ္ဖက္စလုံးကလူေတြဟာ တ႐ုတ္လူမ်ိဳးေတြျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ၾကားမွာ မေျဖရွင္းႏိုင္တဲ့ျပႆနာေတြ မရွိပါဘူး။ ဘယ္အရာကမွ ကြၽန္ေတာ္တို႔ကို ခြဲျခားလို႔မရပါဘူး။”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.