အမျိုးသမီးများအနေဖြင့် စစ်မှုထမ်းရန် ပြင်ဆင်ထားသင့်ကြောင်း ယူကရိန်းအစိုးရပြော

 634

Pika (NP News) - ဧပြီ ၁၁

ယူကရိန်းအစိုးရအနေဖြင့် ယခင်က စိတ်ဓာတ်ဟောင်းများကို ချန်ထားခဲ့ကာ စစ်တပ်တွင် စစ်မှန်သော တန်းတူညီမျှမှုကို အကောင်အထည်ဖော်သင့်ကြောင်း ယူကရိန်း၏ ကျားမရေးရာပြဿနာများအတွက် စစ်ဘက်အကြံပေးအကြီးအကဲ Oksana Grigorieva က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းသည် လက်ရှိအချိန်တွင် ၎င်း၏စစ်မှုထမ်းစနစ်ကို ပြန်လည်ပြင်ဆင်နေကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမျိုးသမီးများ စစ်မှုထမ်းရမည့် အစီအစဉ်များမရှိသေးသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အကြံပေးမှုများရှိခဲ့ကြောင်းသိရသည်။ Oksana Grigorieva က 'ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယူကရိန်းမြေကို ကာကွယ်ဖို့ နိုင်ငံသားတိုင်းရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေလည်း စစ်မှုထမ်းသင့်ပါတယ်။ ဒီတိုင်းနေရုံနဲ့ ရုရှားကပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အစ္စရေးလိုပဲ ကျွန်မတို့လည်း စစ်ပွဲအတွက်အဆင်သင့်ဖြစ်စေဖို့ အမျိုးသားနဲ့အမျိုးသမီးတွေကို လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။"ဟုပြောဆိုခဲ့သည်။

ယူကရိန်းသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ခဲယမ်းမီးကျည်ပြတ်လပ်မှုများ၊ တပ်ဖွဲ့ဝင်နည်းပါးမှုများကို ကြုံတွေ့နေရကြောင်း ယူကရိန်းထိပ်တန်း စစ်ဘက်အရာရှိအများအပြားက ဝန်ခံပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ယူကရိန်းစစ်တပ်၌ အမျိုးသမီး (၄၅၀၀၀)ကျော် တာဝန်ထမ်းဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

zawgyi version
အမ်ိဳးသမီးမ်ားအေနျဖင့္ စစ္မႈထမ္းရန္ ျပင္ဆင္ထားသင့္ေၾကာင္း ယူကရိန္းအစိုးရေျပာ
Pika (NP News) - ဧၿပီ ၁၁

ယူကရိန္းအစိုးရအေနျဖင့္ ယခင္က စိတ္ဓာတ္ေဟာင္းမ်ားကို ခ်န္ထားခဲ့ကာ စစ္တပ္တြင္ စစ္မွန္ေသာ တန္းတူညီမွ်မႈကို အေကာင္အထည္ေဖာ္သင့္ေၾကာင္း ယူကရိန္း၏ က်ားမေရးရာျပႆနာမ်ားအတြက္ စစ္ဘက္အႀကံေပးအႀကီးအကဲ Oksana Grigorieva က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယူကရိန္းသည္ လက္ရွိအခ်ိန္တြင္ ၎၏စစ္မႈထမ္းစနစ္ကို ျပန္လည္ျပင္ဆင္ေနေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ အမ်ိဳးသမီးမ်ား စစ္မႈထမ္းရမည့္ အစီအစဥ္မ်ားမရွိေသးေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အႀကံေပးမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ Oksana Grigorieva က 'ကြၽန္မတို႔ရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ယူကရိန္းေျမကို ကာကြယ္ဖို႔ ႏိုင္ငံသားတိုင္းရဲ႕တာဝန္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြလည္း စစ္မႈထမ္းသင့္ပါတယ္။ ဒီတိုင္းေန႐ုံနဲ႔ ႐ုရွားကေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး။ အစၥေရးလိုပဲ ကြၽန္မတို႔လည္း စစ္ပြဲအတြက္အဆင္သင့္ျဖစ္ေစဖို႔ အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြကို ေလ့က်င့္သင္ၾကားေပးသင့္ပါတယ္။"ဟုေျပာဆိုခဲ့သည္။

ယူကရိန္းသည္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တြင္ ခဲယမ္းမီးက်ည္ျပတ္လပ္မႈမ်ား၊ တပ္ဖြဲ႕ဝင္နည္းပါးမႈမ်ားကို ႀကဳံေတြ႕ေနရေၾကာင္း ယူကရိန္းထိပ္တန္း စစ္ဘက္အရာရွိအမ်ားအျပားက ဝန္ခံေျပာဆိုခဲ့သည္။ လက္ရွိအခ်ိန္တြင္ ယူကရိန္းစစ္တပ္၌ အမ်ိဳးသမီး (၄၅၀၀၀)ေက်ာ္ တာဝန္ထမ္းေဆာင္ေနေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္လတြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.