အမေရိကန်သမ္မတ နဲ့ ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးခြင်းကို တရုတ်အစိုးရ ဝေဖန်ပြစ်တင်

 610

ဂျန်ဇက် (NP News) - ဧပြီ ၁၁

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန် နဲ့ ဂျပန်နိုင်ငံတို့ဟာ တရုတ်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန်ဝါဒဖြန့်ခဲ့သလို ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတဟာ ဖိလစ်ပိုင်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့ရဲ့ ဝန်ကြီး ချုပ်တွေ၊ သမ္မတတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာနင်အိုက "အမေရိကန် နဲ့ ဂျပန်နိုင်ငံတို့ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်တိုက်ခိုက်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခဲ့တယ်။ နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်" လို့ ပြောပါတယ်။

အမေရိကန်သမ္မတ နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရုတ်အစိုးရက ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ဟာ ဂျပန်နိုင်ငံမှာ အမေရိကန်စစ်ဌာနချုပ်တစ်ခု ပြန်လည်တည်ဆောက်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်သမ္မတက တရုတ်နိုင်ငံနဲ့ထိပ်တိုက်တွေ့ဆုံဖို့ မဟာမိတ်တွေဖန်တီးတည်ဆောက်ဖို့ ဆန္ဒမရှိကြောင်း ပြောဆိုထားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဟာ အမေရိကန်သမ္မတ နဲ့ ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံခြင်းကို စိတ်ဆိုးဒေါသဖြစ်နေပြီး အမေရိကန်-တရုတ်ဆက်ဆံရေးက အခြားနိုင်ငံတွေကို ထိခိုက်တာ ဒါမှမဟုတ် ပစ်မှတ်ထားတာမျိုး မဖြစ်သင့်ကြောင်း၊ ဒေသအတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းရေးကို ထိခိုက်စေတာမျိုးလည်း မဖြစ်သင့်ကြောင်း ပြောဆိုထားပါတယ်။

Zawgyi Version;
အေမရိကန္သမၼတ နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္တို႔ေတြ႕ဆုံေဆြးေႏြးျခင္းကို တ႐ုတ္အစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၁

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ ထိပ္သီးအစည္းအေဝးအတြင္း အေမရိကန္ နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ တ႐ုတ္ႏိုင္ငံကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ မဟုတ္မမွန္ဝါဒျဖန႔္ခဲ့သလို ေဝဖန္တိုက္ခိုက္ခဲ့ေၾကာင္း တ႐ုတ္အစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံၾကား ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာ အေမရိကန္သမၼတဟာ ဖိလစ္ပိုင္၊ ဂ်ပန္၊ ၾသစေၾတးလ်ႏိုင္ငံတို႔ရဲ႕ ဝန္ႀကီး ခ်ဳပ္ေတြ၊ သမၼတေတြနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာနင္အိုက "အေမရိကန္ နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို ေဝဖန္တိုက္ခိုက္ခဲ့တယ္။ တ႐ုတ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ခဲ့တယ္။ ႏိုင္ငံတကာဆက္ဆံေရးအေျခခံစည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တယ္" လို႔ ေျပာပါတယ္။

အေမရိကန္သမၼတ နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကီရွီဒါတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက ေဝဖန္ျပစ္တင္ခဲ့ျခင္းျဖစ္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္တို႔ဟာ ဂ်ပန္ႏိုင္ငံမွာ အေမရိကန္စစ္ဌာနခ်ဳပ္တစ္ခု ျပန္လည္တည္ေဆာက္ဖို႔ စီစဥ္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္သမၼတက တ႐ုတ္ႏိုင္ငံနဲ႔ထိပ္တိုက္ေတြ႕ဆုံဖို႔ မဟာမိတ္ေတြဖန္တီးတည္ေဆာက္ဖို႔ ဆႏၵမရွိေၾကာင္း ေျပာဆိုထားပါတယ္။ ဒါေပမယ့္ တ႐ုတ္အစိုးရဟာ အေမရိကန္သမၼတ နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္တို႔ေတြ႕ဆုံျခင္းကို စိတ္ဆိုးေဒါသျဖစ္ေနၿပီး အေမရိကန္-တ႐ုတ္ဆက္ဆံေရးက အျခားႏိုင္ငံေတြကို ထိခိုက္တာ ဒါမွမဟုတ္ ပစ္မွတ္ထားတာမ်ိဳး မျဖစ္သင့္ေၾကာင္း၊ ေဒသအတြင္း တည္ၿငိမ္ေရးနဲ႔ ၿငိမ္းေရးကို ထိခိုက္ေစတာမ်ိဳးလည္း မျဖစ္သင့္ေၾကာင္း ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.