လူသတ်မှု၊ မုဒိမ်းမှု၊ အဂတိမှုများဖြင့် ပြစ်ဒဏ်ကျခံရနေသည့် အကျဉ်းသားများမှအပ အကျဉ်းသား (၃၃၀၃)ဦးကို လွတ်ငြိမ်းခွင့်ပေး

 1525

မြူနစ် (NP News) - ဧပြီ ၁၇
လူသတ်မှု၊ မုဒိမ်းမှု၊ အဂတိမှုများဖြင့် ပြစ်ဒဏ်ကျခံရနေရသည့် အကျဉ်းသားများမှအပ အကျဉ်းသား (၃၃၀၃)ဦးကို နစကမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဧပြီ ၁၇ ရက်)တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား/သူ (၃၃၀၃)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါအကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ်လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများသည် ယခုလွတ်ငြိမ်းခွင့်တွင် မပါဝင်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများဖြင့် ကျခံနေရသည့် အကျဉ်းသား/သူများသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ကြောင်း သိရသည်။

ဆက်လက်ပြီး ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံသားအကျဉ်းသားများနှင့် သီရိလင်္ကာနိုင်ငံသားအကျဉ်းသားများကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version

လူသတ္မႈ၊ မုဒိမ္းမႈ၊ အဂတိမႈမ်ားျဖင့္ ျပစ္ဒဏ္က်ခံရေနသည့္ အက်ဥ္းသားမ်ားမွအပ အက်ဥ္းသား (၃၃၀၃)ဦးကို လြတ္ၿငိမ္းခြင့္ေပး

ျမဴနစ္ (NP News) - ဧၿပီ ၁၇
လူသတ္မႈ၊ မုဒိမ္းမႈ၊ အဂတိမႈမ်ားျဖင့္ ျပစ္ဒဏ္က်ခံရေနရသည့္ အက်ဥ္းသားမ်ားမွအပ အက်ဥ္းသား (၃၃၀၃)ဦးကို နစကမွ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ေၾကာင္း သိရသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ဧၿပီ ၁၇ ရက္)တြင္ ျမန္မာႏွစ္သစ္မဂၤလာအခါသမယအထိမ္းအမွတ္အားျဖင့္လည္းေကာင္း၊ ျပည္သူလူထုႏွလုံးစိတ္ဝမ္းေအးခ်မ္းေစရန္ႏွင့္ လူမႈေရးအရငဲ့ညႇာေထာက္ထားေသာအားျဖင့္ အက်ဥ္းေထာင္/အခ်ဳပ္ေထာင္/စခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံေနေသာ အက်ဥ္းသား/သူ (၃၃၀၃)ဦးကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

အဆိုပါအက်ဥ္းသား/သူမ်ားကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ ေနာက္တစ္ႀကိမ္ျပစ္မႈ ထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

၂၀၂၄ ခုႏွစ္ ဧၿပီ ၁၇ ရက္ေန႔မတိုင္မီ လူသတ္မႈ၊ မုဒိမ္းမႈ၊ ေပါက္ကြဲေစတတ္ေသာဝတၳဳပစၥည္းမ်ားအက္ဥပေဒအရျပစ္မႈမ်ား၊ မတရားအသင္းမ်ားအက္ဥပေဒအရျပစ္မႈမ်ား၊ ၁၈၇၈ ခုႏွစ္လက္နက္မ်ားအက္ဥပေဒပုဒ္မ ၁၉(စ)အရ ျပစ္မႈမ်ား၊ ၁၉၄၉ ခုႏွစ္လက္နက္(အေရးေပၚျပစ္ဒဏ္စီရင္မႈ)(ယာယီ)အက္ဥပေဒအရျပစ္မႈမ်ား၊ ၁၉၅၁ ခုႏွစ္လက္နက္(ယာယီျပင္ဆင္ခ်က္)အက္ဥပေဒအရျပစ္မႈမ်ားျဖင့္ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသားမ်ားသည္ ယခုလြတ္ၿငိမ္းခြင့္တြင္ မပါဝင္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ၁၉၂၄ ခုႏွစ္ ရွမ္းျပည္နယ္လက္နက္အမိန႔္အရျပစ္မႈမ်ား၊ ၂၀၂၃ ခုႏွစ္ လက္နက္ဥပေဒအရျပစ္မႈမ်ား၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ ျပစ္မႈမ်ား၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ ျပစ္မႈမ်ား၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရျပစ္မႈမ်ားႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ ျပစ္မႈမ်ားျဖင့္ က်ခံေနရသည့္ အက်ဥ္းသား/သူမ်ားသည္လည္း လြတ္ၿငိမ္းခ်မ္းသာခြင့္တြင္ မပါဝင္ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ယေန႔တြင္ အင္ဒိုနီးရွားႏိုင္ငံသားအက်ဥ္းသားမ်ားႏွင့္ သီရိလကၤာႏိုင္ငံသားအက်ဥ္းသားမ်ားကိုလည္း ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳကာ ျပည္ႏွင္ဒဏ္ေပးလိုက္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.