နိုင်ငံတော်က ဆီစက်ကဏ္ဍအတွက်ထုတ်ချေးနေသည့်ချေးငွေမှာ အမှန်တကယ် စက်ရုံလည်ပတ်နိုင်ရေးအတွက် အပြည့်အဝလုံလောက်မှုမရှိဟုဆို

 566

ယွန်း (NP News) - ဧပြီ ၁၈

ဆီစက်ကဏ္ဍအတွက် နိုင်ငံတော်ကထုတ်ချေး နေသည့် ချေးငွေမှာ အမှန်တကယ်စက်ရုံလည်ပတ်နိုင်ရေးအတွက် အပြည့်အဝလုံလောက်မှုမရှိကြောင်း ပြည်တွင်းရှိ စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

နစကမှ ပြီးခဲ့သည့်လပိုင်းက ဆီစက်လုပ်ငန်း များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာမှုရှိသည့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း အသိပေးထားသည်။ ထိုသို့ ထုတ်ချေးရာတွင် လုပ်ငန်းသုံး လှည့်ပတ်ရင်းနှီးငွေ (Working Capital) ချေးငွေအတွက် အနည်းဆုံး ကျပ်သိန်း (၁၀ဝ)မှ အများဆုံးကျပ် သိန်း (၃၀ဝဝ) အထိနှင့် မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေကို အနည်းဆုံး ကျပ်သိန်း (၂၀ဝ)မှ အများဆုံး ကျပ် သိန်း(၃၀ဝဝ)အထိ ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ ချေးငွေများသည် ဆီစက်တစ်ခု အမှန် တကယ် လည်ပတ်ရန်အတွက် လုံ လောက်သည့် ပမာဏမဟုတ်ကြောင်း ဆီလုပ်ငန်းရှင်များအကြား သုံးသပ်ပြောဆိုမှုများရှိနေသည်။

"ထုတ်‌ပေးတဲ့ပမာဏက လုံလောက်လားဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဆီစက်ကဏ္ဍဆိုတာ ချေးငွေလိုအပ်ချက်ကတော့ များတာပေါ့။ ဒါကြောင့် ချေးငွေကတော့ လုံလောက် တယ်လို့ လုပ်ငန်းရှင်တွေကတော့ မရှိပါဘူး။ အဲဒီမှာမှ ဘာတွေ တွေ့ရလဲဆိုတော့ ချေးငွေချပေး တဲ့အပေါ်မှာ များများရစေချင်တာပေါ့။ လူများများ ရစေချင်တော့ သိန်း(၃၀ဝဝ) အများဆုံးလို့ သတ် မှတ်ချက်ရှိတယ်။ တကယ်ပြောရရင်တော့ ခေတ်မီ စက်ပစ္စည်းတွေ ဝယ်ပြီးတော့ စက်ရုံလည်ပတ်ဖို့ ဆိုတာတော့ ပမာဏက နည်းတာပေါ့။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း လိုအပ်ချက်တွေရှိလာမှာစိုးလို့ ကျွန်တော်တို့က အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်း အဝေးပွဲတွေတော့ လုပ်ဖို့လမ်းòန်ထားပါတယ်'ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးသန့်က NP News ကိုပြောသည်။

သို့သော် ဆီစက်ချေးငွေများ၏အတိုးနှုန်းကို တစ်နှစ်လျှင် (၅)ရာခိုင်နှုန်းသာသတ်မှတ်ထားခြင်းကြောင့် လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များ ရရှိနိုင်ပြီး အထောက်အပံ့များလည်း ရရှိနိုင်ကြောင်း ၎င်းကပြောသည်။ မြေကွက်ဈေးများအပါအဝင် စက်ရုံတည်ဆောက်မှုအပြင် လျှပ်စစ်မီးရရှိမှုများအရ တစ်ပိုင်တစ်နိုင် အသေးစားဆီစက်ရုံတည်ထောင် မည့်သူများအတွက် အရင်းအနှီးလိုအပ်ချက်မှာ သိန်း(၁၀ဝဝ)ဝန်းကျင် လိုအပ်ပြီး အလတ်စား စက်ရုံ များအနေဖြင့် သိန်း(၃၀ဝဝ) မှ သိန်း(၄၀ဝဝ)နှင့် အကြီးစားဆီစက်ကြီးများအတွက် လိုအပ်သည့် ငွေပမာဏမှာ သိန်း(၅၀ဝဝ)မှ သိန်း(၂၀ဝဝဝ)ကြား လိုအပ်လျက်ရှိကြောင်း သိရသည်။

"ထုတ်ပေးတဲ့နေရာမှာ အဓိက တချို့နေရာ တွေမှာ ပိုက်ဆံတွေထုတ်ပေးပြီးတော့ အရောင်းအ ဝယ်မကောင်းဘဲနဲ့ ဝန်ပိသွားတာတွေရှိတယ်ပေါ့နော်။ ဘာပဲပြောပြောဈေးကွက်မှာ တကယ်တမ်းရောင်း အားတက်နေတယ်၊ အကျိုးအမြတ်ရှိတဲ့ဟာကို သေချာစိစစ်ပြီးတော့ တကယ်မှန်ကန်တဲ့သူကို မြေ တောင်မြှောက်ပေးရင် ကောင်းတာပေါ့။ ဆီစက်က အလုံး(၁၀ဝ)ရှိပေမယ့် အလုံး(၁၀ဝ)လုံး အလုပ် မဖြစ်တာရှိတယ်လေ။ အလုံး(၁၀ဝ)လုံး ဖောက် သည်နဲ့ မှန်မှန်ကန်ကန်အမြဲတမ်းရောင်းနေရတဲ့ စက်ကမရှိဘူး'ဟု မကွေးတိုင်းရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ချေးငွေများထုတ်ပေးရာတွင် နိုင်ငံတော်အနေဖြင့် ‌စိစစ်မှုများကို မှန်ကန်စွာလုပ် ဆောင်ပြီးမှသာ ထုတ်ချေးသင့်ကြောင့် ဆီလုပ်ငန်းရှင်များက အကြံပြုပြောကြားထားသည်။

zawgyi version
ႏိုင္ငံေတာ္က ဆီစက္က႑အတြက္ထုတ္ေခ်းေနသည့္ေခ်းေငြမွာ အမွန္တကယ္ စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ အျပည့္အဝလုံေလာက္မႈမရွိဟုဆို
ယြန္း (NP News) - ဧၿပီ ၁၈

ဆီစက္က႑အတြက္ ႏိုင္ငံေတာ္ကထုတ္ေခ်း ေနသည့္ ေခ်းေငြမွာ အမွန္တကယ္စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ အျပည့္အဝလုံေလာက္မႈမရွိေၾကာင္း ျပည္တြင္းရွိ စားသုံးဆီထုတ္လုပ္သည့္ လုပ္ငန္းရွင္မ်ားထံမွ စုံစမ္းသိရွိရသည္။

နစကမွ ၿပီးခဲ့သည့္လပိုင္းက ဆီစက္လုပ္ငန္း မ်ားသို႔ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြမွ မတည္ထူေထာင္ထားသည့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရး ေခ်းေငြရန္ပုံေငြမွ အတိုးႏႈန္းသက္သာမႈရွိသည့္ ေခ်းေငြမ်ားကို ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း အသိေပးထားသည္။ ထိုသို႔ ထုတ္ေခ်းရာတြင္ လုပ္ငန္းသုံး လွည့္ပတ္ရင္းႏွီးေငြ (Working Capital) ေခ်းေငြအတြက္ အနည္းဆုံး က်ပ္သိန္း (၁၀ဝ)မွ အမ်ားဆုံးက်ပ္ သိန္း (၃၀ဝဝ) အထိႏွင့္ မတည္ရင္းႏွီးေငြ (Fixed Capital) အတြက္ ေခ်းေငြကို အနည္းဆုံး က်ပ္သိန္း (၂၀ဝ)မွ အမ်ားဆုံး က်ပ္ သိန္း(၃၀ဝဝ)အထိ ထုတ္ေခ်းမည္ ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ အဆိုပါ ေခ်းေငြမ်ားသည္ ဆီစက္တစ္ခု အမွန္ တကယ္ လည္ပတ္ရန္အတြက္ လုံ ေလာက္သည့္ ပမာဏမဟုတ္ေၾကာင္း ဆီလုပ္ငန္းရွင္မ်ားအၾကား သုံးသပ္ေျပာဆိုမႈမ်ားရွိေနသည္။

"ထုတ္‌ေပးတဲ့ပမာဏက လုံေလာက္လားဆိုေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆီစက္က႑ဆိုတာ ေခ်းေငြလိုအပ္ခ်က္ကေတာ့ မ်ားတာေပါ့။ ဒါေၾကာင့္ ေခ်းေငြကေတာ့ လုံေလာက္ တယ္လို႔ လုပ္ငန္းရွင္ေတြကေတာ့ မရွိပါဘူး။ အဲဒီမွာမွ ဘာေတြ ေတြ႕ရလဲဆိုေတာ့ ေခ်းေငြခ်ေပး တဲ့အေပၚမွာ မ်ားမ်ားရေစခ်င္တာေပါ့။ လူမ်ားမ်ား ရေစခ်င္ေတာ့ သိန္း(၃၀ဝဝ) အမ်ားဆုံးလို႔ သတ္ မွတ္ခ်က္ရွိတယ္။ တကယ္ေျပာရရင္ေတာ့ ေခတ္မီ စက္ပစၥည္းေတြ ဝယ္ၿပီးေတာ့ စက္႐ုံလည္ပတ္ဖို႔ ဆိုတာေတာ့ ပမာဏက နည္းတာေပါ့။ ဒါေပမဲ့လည္း တစ္ဖက္ကလည္း လိုအပ္ခ်က္ေတြရွိလာမွာစိုးလို႔ ကြၽန္ေတာ္တို႔က အလုပ္႐ုံေဆြးေႏြးပြဲေတြ၊ အစည္း အေဝးပြဲေတြေတာ့ လုပ္ဖို႔လမ္းòန္ထားပါတယ္'ဟု ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီစက္လုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠ႒ ကိုပိုင္ၿဖိဳးသန႔္က NP News ကိုေျပာသည္။

သို႔ေသာ္ ဆီစက္ေခ်းေငြမ်ား၏အတိုးႏႈန္းကို တစ္ႏွစ္လွ်င္ (၅)ရာခိုင္ႏႈန္းသာသတ္မွတ္ထားျခင္းေၾကာင့္ လုပ္ငန္းရွင္မ်ားအတြက္ အက်ိဳးခံစားခြင့္မ်ား ရရွိႏိုင္ၿပီး အေထာက္အပံ့မ်ားလည္း ရရွိႏိုင္ေၾကာင္း ၎ကေျပာသည္။ ေျမကြက္ေဈးမ်ားအပါအဝင္ စက္႐ုံတည္ေဆာက္မႈအျပင္ လွ်ပ္စစ္မီးရရွိမႈမ်ားအရ တစ္ပိုင္တစ္ႏိုင္ အေသးစားဆီစက္႐ုံတည္ေထာင္ မည့္သူမ်ားအတြက္ အရင္းအႏွီးလိုအပ္ခ်က္မွာ သိန္း(၁၀ဝဝ)ဝန္းက်င္ လိုအပ္ၿပီး အလတ္စား စက္႐ုံ မ်ားအေနျဖင့္ သိန္း(၃၀ဝဝ) မွ သိန္း(၄၀ဝဝ)ႏွင့္ အႀကီးစားဆီစက္ႀကီးမ်ားအတြက္ လိုအပ္သည့္ ေငြပမာဏမွာ သိန္း(၅၀ဝဝ)မွ သိန္း(၂၀ဝဝဝ)ၾကား လိုအပ္လ်က္ရွိေၾကာင္း သိရသည္။

"ထုတ္ေပးတဲ့ေနရာမွာ အဓိက တခ်ိဳ႕ေနရာ ေတြမွာ ပိုက္ဆံေတြထုတ္ေပးၿပီးေတာ့ အေရာင္းအ ဝယ္မေကာင္းဘဲနဲ႔ ဝန္ပိသြားတာေတြရွိတယ္ေပါ့ေနာ္။ ဘာပဲေျပာေျပာေဈးကြက္မွာ တကယ္တမ္းေရာင္း အားတက္ေနတယ္၊ အက်ိဳးအျမတ္ရွိတဲ့ဟာကို ေသခ်ာစိစစ္ၿပီးေတာ့ တကယ္မွန္ကန္တဲ့သူကို ေျမ ေတာင္ေျမႇာက္ေပးရင္ ေကာင္းတာေပါ့။ ဆီစက္က အလုံး(၁၀ဝ)ရွိေပမယ့္ အလုံး(၁၀ဝ)လုံး အလုပ္ မျဖစ္တာရွိတယ္ေလ။ အလုံး(၁၀ဝ)လုံး ေဖာက္ သည္နဲ႔ မွန္မွန္ကန္ကန္အၿမဲတမ္းေရာင္းေနရတဲ့ စက္ကမရွိဘူး'ဟု မေကြးတိုင္းရွိ ဆီစက္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ထို႔ေၾကာင့္ ေခ်းေငြမ်ားထုတ္ေပးရာတြင္ ႏိုင္ငံေတာ္အေနျဖင့္ ‌စိစစ္မႈမ်ားကို မွန္ကန္စြာလုပ္ ေဆာင္ၿပီးမွသာ ထုတ္ေခ်းသင့္ေၾကာင့္ ဆီလုပ္ငန္းရွင္မ်ားက အႀကံျပဳေျပာၾကားထားသည္။

Related news

© 2021. All rights reserved.