ပြည်တွင်း၌ 'ဝ'ဥ စားသုံးမှု မြင့်တက်ရေးနှင့် ပြည်တွင်းဈေးကွက်ရရှိရေး ဆောင်ရွက်နေ

 869

ယွန်း (NP News) - ဧပြီ ၁၈

ပြည်တွင်း၌ ဝဥစားသုံးမှုမြင့်တက်ရေးနှင့် ပြည်တွင်းဈေးကွက်ရရှိရေးကို ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံ ဝဥ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများ အသင်းထံမှသိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများကို တရုတ် နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော်လည်း ကိုဗစ် (၁၉)ရောဂါဖြစ်ပွားပြီးသည့် နောက်ပိုင်းမှစ၍ ဝယ်လိုအားကျဆင်းခဲ့ကြောင်းသိရသည်။ ဝဥကို တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ အပါအဝင် အာရှနိုင်ငံများတွင် စားသုံးမှုမြင့်မားသော်လည်း ပြည်တွင်း၌ စားသုံးမှုနည်းပါးနေခြင်းကြောင့် စားသုံးမှုမြင့်တက်လာရေးနှင့် ပြည်တွင်းဈေးကွက်ရရှိနိုင်ရေးတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

‘ပြည်တွင်းမှာဝဥစားသုံးမှုက တခြား တရုတ်တို့၊ ဂျပန်နိုင်ငံတွေနဲ့ယှဉ်ရင် အရမ်းနည်းတယ်။ တောင်ကိုရီးယားတို့ဘာတို့ဆို ဝဥစားသုံးမှု အရမ်းမြင့်တက်တယ်။ ပြီးတော့ ဝဥကလည်း အာဟာရ တန်ဖိုးနဲ့ရော ကျန်းမာရေးနဲ့ရော ညီညွတ်တဲ့အစားအ သောက်ဖြစ်တော့ စားကြတယ်။ မြန်မာနိုင်ငံမှာကျ တော့ ဝဥစားသုံးမှုရော ဝဥနဲ့ပတ်သက်တဲ့ စားသုံးကုန်ထုတ်လုပ်မှုရော နည်းနေသေးတယ်။ မြန်မာ နိုင်ငံမှာ ဝဥစားသုံးမှုမြင့်တက်လာရေးနဲ့ ပြည်တွင်းဈေးကွက်ရရှိနိုင်ရေးအတွက် အသင်းအနေနဲ့ကြိုး စားနေပါတယ်’ဟု မြန်မာနိုင်ငံ ဝဥစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်းမှအတွင်းရေးမှူး ကိုပြည့်သာစံက NP News ကိုပြောသည်။

ထို့ပြင် အသင်းအနေဖြင့် လက်ရှိတွင် တရုတ်နိုင်ငံသို့ ဝဥတင်ပို့မှုပြန်လည်မြင့်တက်လာရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ထံမှ လက်မှတ် (General Administration of Customs of China-GACC) ရရှိရေးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ‘Export မှာက အရင်က ဝဥကို ကျွန်တော်တို့က အဓိကအား ဖြင့် တရုတ်ပြည်ဘက်ကိုပို့တယ်။ ဝဥအခြောက်ရှိတယ်။ ဝဥအမှုန့်ရှိတယ်။ ဝဥအစိုလည်းရှိတယ်။ များသောအားဖြင့် အခြောက်ကို‌ရောင်းတာများတယ်။ ဒါပေမဲ့ အခုကာလမှာတော့ တရုတ်က GACC လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုချမှတ်တယ်။ GACC လက်မှတ်ရတဲ့ပစ္စည်းတွေကိုပဲ သူတို့နိုင်ငံကိုပို့ဖို့ခွင့်ပြု တယ်။ အဲဒီတော့ ဝဥကို GACC ရဖို့အတွက် အသင်းအနေနဲ့ကြိုးစားနေတယ်။ GACC မရတဲ့အခါမှာ ဝဥကို ပြည်ပတင်ပို့မှုအားကနည်းသွားတယ်။ GACC ရဖို့ကို သက်ဆိုင်ရာဌာနတွေနဲ့ အသင်းနဲ့ပူးပေါင်းပြီး ကြိုးစားနေပါတယ်’ဟု ကိုပြည့်သာစံက ပြောသည်။

မြန်မာနိုင်ငံ၌ ဝဥနှင့်ပတ်သက်၍ ထုတ်လုပ်ထားသည့် စားသောက်ကုန်များအနက် ဝဥခေါက်ဆွဲ နှင့် ဝဥကိုသုပ်စားခြင်းအပါအဝင် အခြားစားသုံးမှု အနည်းငယ်ရှိနေသော်လည်း အာရှိဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက စားသုံးမှုနည်းပါးနေသေးကြောင်း သိရသည်။

zawgyi version
ျပည္တြင္း၌ 'ဝ'ဥ စားသုံးမႈ ျမင့္တက္ေရးႏွင့္ ျပည္တြင္းေဈးကြက္ရရွိေရး ေဆာင္႐ြက္ေန
ယြန္း (NP News) - ဧၿပီ ၁၈

ျပည္တြင္း၌ ဝဥစားသုံးမႈျမင့္တက္ေရးႏွင့္ ျပည္တြင္းေဈးကြက္ရရွိေရးကို ေဆာင္႐ြက္ေန ေၾကာင္း ျမန္မာႏိုင္ငံ ဝဥ စိုက္ပ်ိဳး၊ ထုတ္လုပ္၊ ေရာင္းခ်သူမ်ား အသင္းထံမွသိရသည္။

ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ဝဥမ်ားကို တ႐ုတ္ ႏိုင္ငံသို႔ အဓိကတင္ပို႔လ်က္ရွိေသာ္လည္း ကိုဗစ္ (၁၉)ေရာဂါျဖစ္ပြားၿပီးသည့္ ေနာက္ပိုင္းမွစ၍ ဝယ္လိုအားက်ဆင္းခဲ့ေၾကာင္းသိရသည္။ ဝဥကို တ႐ုတ္ ႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ေတာင္ကိုရီးယားႏိုင္ငံ အပါအဝင္ အာရွႏိုင္ငံမ်ားတြင္ စားသုံးမႈျမင့္မားေသာ္လည္း ျပည္တြင္း၌ စားသုံးမႈနည္းပါးေနျခင္းေၾကာင့္ စားသုံးမႈျမင့္တက္လာေရးႏွင့္ ျပည္တြင္းေဈးကြက္ရရွိႏိုင္ေရးတို႔ကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

‘ျပည္တြင္းမွာဝဥစားသုံးမႈက တျခား တ႐ုတ္တို႔၊ ဂ်ပန္ႏိုင္ငံေတြနဲ႔ယွဥ္ရင္ အရမ္းနည္းတယ္။ ေတာင္ကိုရီးယားတို႔ဘာတို႔ဆို ဝဥစားသုံးမႈ အရမ္းျမင့္တက္တယ္။ ၿပီးေတာ့ ဝဥကလည္း အာဟာရ တန္ဖိုးနဲ႔ေရာ က်န္းမာေရးနဲ႔ေရာ ညီၫြတ္တဲ့အစားအ ေသာက္ျဖစ္ေတာ့ စားၾကတယ္။ ျမန္မာႏိုင္ငံမွာက် ေတာ့ ဝဥစားသုံးမႈေရာ ဝဥနဲ႔ပတ္သက္တဲ့ စားသုံးကုန္ထုတ္လုပ္မႈေရာ နည္းေနေသးတယ္။ ျမန္မာ ႏိုင္ငံမွာ ဝဥစားသုံးမႈျမင့္တက္လာေရးနဲ႔ ျပည္တြင္းေဈးကြက္ရရွိႏိုင္ေရးအတြက္ အသင္းအေနနဲ႔ႀကိဳး စားေနပါတယ္’ဟု ျမန္မာႏိုင္ငံ ဝဥစိုက္ပ်ိဳး၊ ထုတ္လုပ္၊ ေရာင္းခ်သူမ်ားအသင္းမွအတြင္းေရးမႉး ကိုျပည့္သာစံက NP News ကိုေျပာသည္။

ထို႔ျပင္ အသင္းအေနျဖင့္ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသို႔ ဝဥတင္ပို႔မႈျပန္လည္ျမင့္တက္လာေရး အတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အေကာက္ခြန္ အေထြေထြအုပ္ခ်ဳပ္မႈ အာဏာပိုင္ အဖြဲ႕ထံမွ လက္မွတ္ (General Administration of Customs of China-GACC) ရရွိေရးကို သက္ဆိုင္ရာဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ‘Export မွာက အရင္က ဝဥကို ကြၽန္ေတာ္တို႔က အဓိကအား ျဖင့္ တ႐ုတ္ျပည္ဘက္ကိုပို႔တယ္။ ဝဥအေျခာက္ရွိတယ္။ ဝဥအမႈန႔္ရွိတယ္။ ဝဥအစိုလည္းရွိတယ္။ မ်ားေသာအားျဖင့္ အေျခာက္ကို‌ေရာင္းတာမ်ားတယ္။ ဒါေပမဲ့ အခုကာလမွာေတာ့ တ႐ုတ္က GACC လို႔ေခၚတဲ့ စည္းမ်ဥ္းတစ္ခုခ်မွတ္တယ္။ GACC လက္မွတ္ရတဲ့ပစၥည္းေတြကိုပဲ သူတို႔ႏိုင္ငံကိုပို႔ဖို႔ခြင့္ျပဳ တယ္။ အဲဒီေတာ့ ဝဥကို GACC ရဖို႔အတြက္ အသင္းအေနနဲ႔ႀကိဳးစားေနတယ္။ GACC မရတဲ့အခါမွာ ဝဥကို ျပည္ပတင္ပို႔မႈအားကနည္းသြားတယ္။ GACC ရဖို႔ကို သက္ဆိုင္ရာဌာနေတြနဲ႔ အသင္းနဲ႔ပူးေပါင္းၿပီး ႀကိဳးစားေနပါတယ္’ဟု ကိုျပည့္သာစံက ေျပာသည္။

ျမန္မာႏိုင္ငံ၌ ဝဥႏွင့္ပတ္သက္၍ ထုတ္လုပ္ထားသည့္ စားေသာက္ကုန္မ်ားအနက္ ဝဥေခါက္ဆြဲ ႏွင့္ ဝဥကိုသုပ္စားျခင္းအပါအဝင္ အျခားစားသုံးမႈ အနည္းငယ္ရွိေနေသာ္လည္း အာရွိေဒသတြင္း ႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက စားသုံးမႈနည္းပါးေနေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.