အညာမှ အပူပိုင်းဒေသဖြစ်သော ရေနံချောင်းမြို့သည် နောင် (၁၅)နှစ်အတွင်း စိမ်းစိုသောအပင်များဖြင့် လူလုပ်အိုအေစစ် ဖြစ်လာနိုင်ဖွယ်ရှိ

 7371

စော (NP News) - ဧပြီ ၁၈

အညာမှ အပူပိုင်းဒေသဖြစ်သော ရေနံချောင်း မြို့သည် လာမည့် (၁၅)နှစ်အတွင်း စိမ်းစို သောအပင်များဖြင့် လူလုပ်အိုအေစစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့ကို တည်ထောင်သူ (ကိုရေနံ့သာဒင်းဂါး)က NP News သို့ ခန့်မှန်းသုံးသပ်ပြောကြားသည်။

ယခုအခါ ရေနံချောင်းမြို့ရှောင်လမ်းတစ်လျှောက်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအပါအဝင် သစ်တောဦးစီးဌာနနှင့် ပရဟိတအဖွဲ့များက သစ်ပင်များကိုစိုက်ပျိုးလာကြပြီး ရေနံ ချောင်းဒေသတွင် သစ်ပင်များပြန်လည်စိုက်ပျိုးနေကြသည့်အနေအထားမှာ အားတက်ဖွယ်အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရေနံချောင်းရဲ့အားသာချက်က နောက်ဆုံး ပိတ်၊ သစ်ပင်ဘက်ဂျက်တွေက ရေနံချောင်းမှာပဲစု ပုံကြတာ။ ခုသစ်တောတို့ ဘာတို့ စိမ်းစိုတို့ကလည်း စိုက်တာဆို တမာပင်တွေကို ဧက ၁၀ဝ၊ အပင် တစ်သိန်း၊ နှစ်သိန်း အဲဒီလိုမျိုး စီမံချက်တွေနဲ့စိုက်နေ တာ။ နောက်ပြီးတော့ တမာပင်က ရေနံချောင်းရဲ့ရာသီဥတုနဲ့ကိုက်ညီတဲ့အပြင် ခုနောက်ပိုင်း သူတို့စိုက်တဲ့ အပင်က တော်တော်ဖြစ်ထွန်းလာတာတွေ့တယ်။ ‌နောင် ၁၀နှစ်၊ ၁၅ နှစ်လောက်ဆိုရင် တခြား နေရာတွေက တဖြည်းဖြည်း သစ်ပင်တွေလျော့သွား ပြီးတော့ ကျွန်တော်တို့ ရေနံချောင်းက တဖြည်းဖြည်း သစ်ပင်တိုးလာမှာ။ ‌‌ရေနံချောင်းအနေအထားက အိုအေစစ်ဖြစ်သွားနိုင်တယ်”ဟု ၎င်းကပြောသည်။

ရေနံချောင်းမြို့သည် အပူပိုင်းဒေသဖြစ်သည့် အတွက် ရေလိုအပ်မှုနည်းပါးသော ညောင်ခြေ‌ထောက်ပင်၊ ညောင်ပင်၊ တမာပင်နှင့် ကုက္ကိုပင် အပါအဝင် အကြမ်းခံအပင်များကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း ၎င်းကပြောသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် အပင်များ ရှင်သန်မှုကို ဦးစားပေးကာ အပူဒဏ်ခံနိုင်သော အပင်များကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ “ဒီရေနံချောင်းဘက်မှာ စိမ်းစိုတို့၊ သစ်တောတို့ စိုက်တာ သူတို့က မရှင်မဖြစ်စနစ်နဲ့ စိုက်သွားတာ။ တော်တော်များများစိုက်တာက ရှင်ကိုရှင်မှာ”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် တာဝန်ရှိသူများအနေဖြင့် သစ်ပင်များစိုက်ပျိုးရာတွင် အပင်အရေအတွက် တစ်ထောင်ကို မိသားစုတစ်စုနှုန်းဖြင့် စောင့်ကြည့်ကာ စိုက်ပျိုးနေခြင်းဖြစ်ပြီး ယခုအတိုင်းဆိုပါက သစ်ပင်များ ရှင်သန်ကြီးထွားရာအတွက် အလားအလာကောင်းသည့် အခြေအနေဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။

zawgyi version
အညာမွ အပူပိုင္းေဒသျဖစ္ေသာ ေရနံေခ်ာင္းၿမိဳ႕သည္ ေနာင္ (၁၅)ႏွစ္အတြင္း စိမ္းစိုေသာအပင္မ်ားျဖင့္ လူလုပ္အိုေအစစ္ ျဖစ္လာႏိုင္ဖြယ္ရွိ
ေစာ (NP News) - ဧၿပီ ၁၈

အညာမွ အပူပိုင္းေဒသျဖစ္ေသာ ေရနံေခ်ာင္း ၿမိဳ႕သည္ လာမည့္ (၁၅)ႏွစ္အတြင္း စိမ္းစို ေသာအပင္မ်ားျဖင့္ လူလုပ္အိုေအစစ္ ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း ေရနံ႔သာဒင္းဂါးညီေနာင္မ်ား သစ္ပင္စိုက္၊ ေရကန္ေဖာ္၊ ဇရပ္ေဆာက္၊ ေရခ်မ္းစင္တည္အဖြဲ႕ကို တည္ေထာင္သူ (ကိုေရနံ႔သာဒင္းဂါး)က NP News သို႔ ခန႔္မွန္းသုံးသပ္ေျပာၾကားသည္။

ယခုအခါ ေရနံေခ်ာင္းၿမိဳ႕ေရွာင္လမ္းတစ္ ေလွ်ာက္တြင္ အပူပိုင္းေဒသစိမ္းလန္းစိုျပည္ေရးဦးစီး ဌာနအပါအဝင္ သစ္ေတာဦးစီးဌာနႏွင့္ ပရဟိတအဖြဲ႕ မ်ားက သစ္ပင္မ်ားကိုစိုက္ပ်ိဳးလာၾကၿပီး ေရနံ ေခ်ာင္းေဒသတြင္ သစ္ပင္မ်ားျပန္လည္စိုက္ပ်ိဳးေနၾကသည့္အေနအထားမွာ အားတက္ဖြယ္အေျခအေနျဖစ္ေၾကာင္း ၎ကဆိုသည္။

“ေရနံေခ်ာင္းရဲ႕အားသာခ်က္က ေနာက္ဆုံး ပိတ္၊ သစ္ပင္ဘက္ဂ်က္ေတြက ေရနံေခ်ာင္းမွာပဲစု ပုံၾကတာ။ ခုသစ္ေတာတို႔ ဘာတို႔ စိမ္းစိုတို႔ကလည္း စိုက္တာဆို တမာပင္ေတြကို ဧက ၁၀ဝ၊ အပင္ တစ္သိန္း၊ ႏွစ္သိန္း အဲဒီလိုမ်ိဳး စီမံခ်က္ေတြနဲ႔စိုက္ေန တာ။ ေနာက္ၿပီးေတာ့ တမာပင္က ေရနံေခ်ာင္းရဲ႕ရာသီဥတုနဲ႔ကိုက္ညီတဲ့အျပင္ ခုေနာက္ပိုင္း သူတို႔စိုက္တဲ့ အပင္က ေတာ္ေတာ္ျဖစ္ထြန္းလာတာေတြ႕တယ္။ ‌ေနာင္ ၁၀ႏွစ္၊ ၁၅ ႏွစ္ေလာက္ဆိုရင္ တျခား ေနရာေတြက တျဖည္းျဖည္း သစ္ပင္ေတြေလ်ာ့သြား ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေရနံေခ်ာင္းက တျဖည္းျဖည္း သစ္ပင္တိုးလာမွာ။ ‌‌ေရနံေခ်ာင္းအေနအထားက အိုေအစစ္ျဖစ္သြားႏိုင္တယ္”ဟု ၎ကေျပာသည္။

ေရနံေခ်ာင္းၿမိဳ႕သည္ အပူပိုင္းေဒသျဖစ္သည့္ အတြက္ ေရလိုအပ္မႈနည္းပါးေသာ ေညာင္ေျခ‌ေထာက္ပင္၊ ေညာင္ပင္၊ တမာပင္ႏွင့္ ကုကၠိဳပင္ အပါအဝင္ အၾကမ္းခံအပင္မ်ားကို အမ်ားဆုံး စိုက္ပ်ိဳးလ်က္ရွိေၾကာင္း ၎ကေျပာသည္။ ထို႔ျပင္ ၎တို႔အေနျဖင့္ အပင္မ်ား ရွင္သန္မႈကို ဦးစားေပးကာ အပူဒဏ္ခံႏိုင္ေသာ အပင္မ်ားကိုသာ အဓိကထား စိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရသည္။ “ဒီေရနံေခ်ာင္းဘက္မွာ စိမ္းစိုတို႔၊ သစ္ေတာတို႔ စိုက္တာ သူတို႔က မရွင္မျဖစ္စနစ္နဲ႔ စိုက္သြားတာ။ ေတာ္ေတာ္မ်ားမ်ားစိုက္တာက ရွင္ကိုရွင္မွာ”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ တာဝန္ရွိသူမ်ားအေနျဖင့္ သစ္ပင္မ်ားစိုက္ပ်ိဳးရာတြင္ အပင္အေရအတြက္ တစ္ေထာင္ကို မိသားစုတစ္စုႏႈန္းျဖင့္ ေစာင့္ၾကည့္ကာ စိုက္ပ်ိဳးေနျခင္းျဖစ္ၿပီး ယခုအတိုင္းဆိုပါက သစ္ပင္မ်ား ရွင္သန္ႀကီးထြားရာအတြက္ အလားအလာေကာင္းသည့္ အေျခအေနျဖစ္ ေၾကာင္းလည္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.