အီရန်က အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့ အမြဲတမ်းလိုလားနေတဲ့နိုင်ငံဖြစ်ကြောင်း အမေရိကန်သမ္မတ ပြော

 661

ဂျန်ဇက် (NP News) - ဧပြီ ၁၈

အမေရိကန်သမ္မတက အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့အမြဲတမ်း ရည်ရွယ်ချက်ရှိနေတဲ့နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်အောက်လွှတ်တော်အနေနဲ့ ယူကရိန်းနဲ့အစ္စရေးနိုင်ငံ ကူညီထောက်ပံ့ပေးဖို့ မူကြမ်းကို ခွင့်ပြုပေးစေလို ကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ မိုက်ဂျွန်ဆင်က ယူကရိန်းနဲ့ အစ္စရေးနိုင်ငံတို့ကို အကူအညီများ ပေးနိုင် ဖို့ နှောင့်နှေးလျက်ရှိနေတဲ့ မူကြမ်းကို မဲခွဲဆုံးဖြတ်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတ က "အစ္စရေးနဲ့ ယူကရိန်းနိုင်ငံတို့ဟာ သူတို့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်နိုင်စွမ်းရှိနေပါတယ်။ ဒါပေမယ့် အဲဒီနှစ်နိုင်ငံစလုံးဟာ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် အမေရိကန်ရဲ့အကူအညီတွေ ရရှိနိုင်တဲ့ အပေါ် မူတည်နေပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတက "အီရန်အစိုးရဟာ အစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်ဖို့ အမြဲတမ်းလိုလားနေတယ်။ အီရန်ဟာ အစ္စရေးနိုင်ငံကို ကမ္ဘာမြေပုံတည်းက ဖျောက်ပစ်ဖို့ လိုလားနေတယ်။ အီရန်ဟာ ဟားမက်လက်နက်ကိုင် အုပ်စု၊ ဟစ်ဘိုလာအုပ်စုတွေ အပြင် အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အခြားလက်နက်ကိုင်အုပ်စုတွေကို နှစ်ပေါင်းများစွာကြာ ကူညီထောက်ပံ့ပေးပြီး အစ္စရေးနိုင်ငံကို တိုက်ခိုက်စေခဲ့တယ်။ လက်ရှိအချိန်မှာတော့ အီရန် နိုင်ငံဟာ အစ္စရေးကို ကိုယ်တိုင်တိုက်ခိုက်လာခဲ့တယ်။ အစ္စရေးကို တိုက်ခိုက်မှုအောင်မြင်လာမယ်ဆိုရင်တော့ အီရန်ဟာ အမေရိကန်နိုင်ငံကို တိုက်ခိုက်လာဖွယ်ရှိနေတယ်" လို့ ပြောပါတယ်။

အမေရိကန်ဟာ အီရန်နိုင်ငံကို လက်တုံ့ပြန်မယ့် အစ္စရေးရဲ့အစီအစဉ်တွေထဲ ပါဝင်မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပေမယ့် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
အီရန္က အစၥေရးႏိုင္ငံကို ဖ်က္ဆီးဖို႔ အၿမဲတမ္းလိုလားေနတဲ့ႏိုင္ငံျဖစ္ေၾကာင္း အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈

အေမရိကန္သမၼတက အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို ဖ်က္ဆီးဖို႔အၿမဲတမ္း ရည္႐ြယ္ခ်က္ရွိေနတဲ့ႏိုင္ငံျဖစ္ေၾကာင္း၊ အေမရိကန္ေအာက္လႊတ္ေတာ္အေနနဲ႔ ယူကရိန္းနဲ႔အစၥေရးႏိုင္ငံ ကူညီေထာက္ပံ့ေပးဖို႔ မူၾကမ္းကို ခြင့္ျပဳေပးေစလို ေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ျဖစ္သူ မိုက္ဂြၽန္ဆင္က ယူကရိန္းနဲ႔ အစၥေရးႏိုင္ငံတို႔ကို အကူအညီမ်ား ေပးႏိုင္ ဖို႔ ေႏွာင့္ေႏွးလ်က္ရွိေနတဲ့ မူၾကမ္းကို မဲခြဲဆုံးျဖတ္ေပးဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေတာင္းဆိုခဲ့ပါတယ္။ အေမရိကန္ သမၼတ က "အစၥေရးနဲ႔ ယူကရိန္းႏိုင္ငံတို႔ဟာ သူတို႔ ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို ကာကြယ္ႏိုင္စြမ္းရွိေနပါတယ္။ ဒါေပမယ့္ အဲဒီႏွစ္ႏိုင္ငံစလုံးဟာ စစ္လက္နက္ပစၥည္းေတြ အပါအဝင္ အေမရိကန္ရဲ႕အကူအညီေတြ ရရွိႏိုင္တဲ့ အေပၚ မူတည္ေနပါတယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္သမၼတက "အီရန္အစိုးရဟာ အစၥေရးႏိုင္ငံကို ဖ်က္ဆီးပစ္ဖို႔ အၿမဲတမ္းလိုလားေနတယ္။ အီရန္ဟာ အစၥေရးႏိုင္ငံကို ကမာၻေျမပုံတည္းက ေဖ်ာက္ပစ္ဖို႔ လိုလားေနတယ္။ အီရန္ဟာ ဟားမက္လက္နက္ကိုင္ အုပ္စု၊ ဟစ္ဘိုလာအုပ္စုေတြ အျပင္ အေရွ႕အလယ္ပိုင္းေဒသအတြင္းမွာ အျခားလက္နက္ကိုင္အုပ္စုေတြကို ႏွစ္ေပါင္းမ်ားစြာၾကာ ကူညီေထာက္ပံ့ေပးၿပီး အစၥေရးႏိုင္ငံကို တိုက္ခိုက္ေစခဲ့တယ္။ လက္ရွိအခ်ိန္မွာေတာ့ အီရန္ ႏိုင္ငံဟာ အစၥေရးကို ကိုယ္တိုင္တိုက္ခိုက္လာခဲ့တယ္။ အစၥေရးကို တိုက္ခိုက္မႈေအာင္ျမင္လာမယ္ဆိုရင္ေတာ့ အီရန္ဟာ အေမရိကန္ႏိုင္ငံကို တိုက္ခိုက္လာဖြယ္ရွိေနတယ္" လို႔ ေျပာပါတယ္။

အေမရိကန္ဟာ အီရန္ႏိုင္ငံကို လက္တုံ႔ျပန္မယ့္ အစၥေရးရဲ႕အစီအစဥ္ေတြထဲ ပါဝင္မွာမဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာဆိုခဲ့ေပမယ့္ အစၥေရးႏိုင္ငံကို ကူညီေထာက္ပံ့ေပးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.